Sasana Ramsi Vihara

Sasana Ramsi Vihara myanmar buddhist centre in London

29/09/2026
သီတင်းကျွတ်လပြည့်  ဖိတ်ကြားခြင်းသာသနရံသီဝိဟာရ သာသနရံသီမြန်မာ ဗုဒ္ဓဘာသာစင်တာကြီးတွင် လန်ဒန်မြို့ စုပေါင်းပဝါရဏာ ပြုပွဲနှင...
28/09/2026

သီတင်းကျွတ်လပြည့် ဖိတ်ကြားခြင်း

သာသနရံသီဝိဟာရ သာသနရံသီမြန်မာ ဗုဒ္ဓဘာသာစင်တာကြီးတွင်

လန်ဒန်မြို့ စုပေါင်းပဝါရဏာ ပြုပွဲနှင့်
၁၃၈၈ခု သီတင်းကျွတ်လပြည့် အဘိဓမ္မာ
အခါတော်နေ့ပူဇော်ပွဲကို စုပေါင်းကျင်းပ ပူဇော်ကြပါမည်။

26/10/ 2026 Monday.

28/09/2026

သီတင်းကျွတ်လပြည့် ဖိတ်ကြားခြင်း

သာသနရံသီဝိဟာရ သာသနရံသီမြန်မာ ဗုဒ္ဓဘာသာစင်တာကြီးတွင်

လန်ဒန်မြို့ စုပေါင်းပဝါရဏာ ပြုပွဲနှင့်
၁၃၈၈ခု သီတင်းကျွတ်လပြည့် အဘိဓမ္မာ
အခါတော်နေ့ပူဇော်ပွဲကို စုပေါင်းကျင်းပ ပူဇော်ကြပါမည်။

26/10/ 2026 Monday.

20/09/2026ဘုရား ကျောင်း သိမ် ရဟန်းမယ်တော်ကြီးဒေါ်လှလှအောင် ၏ (၁)လပြည့်အား ရည်စူးလျှက်သာသနရံသီဝိဟာရဆရာတော် ဦးဥတ္တရနှင့် တ...
20/09/2026

20/09/2026
ဘုရား ကျောင်း သိမ် ရဟန်းမယ်တော်ကြီး
ဒေါ်လှလှအောင် ၏ (၁)လပြည့်အား ရည်စူးလျှက်
သာသနရံသီဝိဟာရဆရာတော် ဦးဥတ္တရနှင့် တပည့် တကာ တကာမများမှ စုပေါင်းနေ့ဆွမ်းလှူဒါန်းကာ
ရေစက်သွန်းချ အမျှပေးဝေခြင်း
********************************************
သာသနရံသီ ဂေါပကအဖွဲနှင့် သာသနရံသီ ဓမ္မမိတ်ဆွေများက စုပေါင်းကာ ဒါယိကာမကြီး ဒေါ်လှလှအားရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မ ပစ္စည်းလေးဖြာ ရည်မှန်း၍ လှူဒါန်းခြင်း၊ အောင်မြင်
ချမ်းသာ မြတ်စွာဘုရားကြီး နှင့် ကျောင်းအလှူ
ငွေ ပဒေသာပင် စိုက်ထူလှူဒါန်းခြင်းတို့ကို ပြုလုပ်ကြပြီး ရေစက်ချ အမျှပေးဝေကြပါသည်။ ဒါယိကာကြီး ဒေါ်လှလှ ကုသိုလ်
အမျှ ရပါစေသတည်း။
ကုသိုလ်ရှင်များအားလုံးတို့သည်လည်း ကျန်းမာ၍ ချမ်းသာကြပါစေသတည်း။

ဆွမ်းသွတ်တရားတော်နာ ဖိတ်ကြားခြင်း
17/09/2026

ဆွမ်းသွတ်တရားတော်နာ ဖိတ်ကြားခြင်း

အသုဘရှု ဘာဝနာ အတွက် အသိပေး ဖိတ်ကြားခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ သာသနရံသီ ဝိဟာရ ဆရာတော်...
22/08/2026

အသုဘရှု ဘာဝနာ အတွက် အသိပေး ဖိတ်ကြားခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ သာသနရံသီ ဝိဟာရ ဆရာတော်၏ ရဟန်းမယ်တော်ကြီးနှင့်
ကျောင်း ဒါယိကာမကြီး ဒေါ်လှလှ၏ နောက်ဆုံးစျာပနခရီး ကူညီပို့ဆောင်ပေးနိုင်ရန် ရပ်ဝေး ရပ်နီးရှိ မိတ်ဆွေသင်္ဂဟများနှင့်
သာသနရံသီ ဓမ္မမိတ်ဆွေများကို ဖိတ်မံ အကြောင်းကြားအပ်ပါသည်။

လန်ဒန် သာသနရံသီ ဆရာတော်နှင့်
ကျန်ရစ်သူမိသားစု

လန်ဒန်မြို့ သာသနရံသီ မြန်မာဗုဒ္ဓဘာသာစင်တာကြီးတွင် ၂၀၂၆ ယခု ဩဂုတ်လ ၁၃ ရက်နေ့မှစတင်၍  အပတ်စဉ် ဝါတွင်း ဥပုသ်နေ့များတွင် တစ်...
09/08/2026

လန်ဒန်မြို့ သာသနရံသီ မြန်မာဗုဒ္ဓဘာသာစင်တာကြီးတွင် ၂၀၂၆ ယခု ဩဂုတ်လ ၁၃ ရက်နေ့မှစတင်၍ အပတ်စဉ် ဝါတွင်း ဥပုသ်နေ့များတွင် တစ်နေ့တာ ဖားအောက်တရားစခန်းကို ပြုလုပ်ပါမည်။ ဓမ္မမိတ်ဆွေယောဂီများများ အနေဖြင့် ကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း သာသနရံသီ ဖေ့စ်ဘုတ် မက်ဆင်ဂျာမှသော်လည်းကောင်း ဆက်သွယ်၍ ပါဝင် အားထုတ် ကုသိုလ် ယူနိုင်ကြပါသည်။
အချိန်ဇယားနှင့် ဆက်သွယ်ရမည့် မက်ဆင်ဂျာ လင့်ကို အောက်တွင်ဖေါ်ပြထားပါသည်။

မေတ္တာဖြင့်
ဆက်သွယ်ရန်
ဆရာတော် ဦးဥတ္တရ
သာသနရံသီ မြန်မာဗုဒ္ဓဘာသာစင်တာကြီး mobile: 07522 046627
ကျောင်းဖုံး 0208 205 0221 ။

ယနေ့ ၂၈/၇/၂၀၂၆ နေ့တွင် ပြုရသော မွေးနေ့အလှူကုသိုလ် အဖို့အစုတို့ကြောင့် ဘုရားတပည့်တော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာ...
28/07/2026

ယနေ့ ၂၈/၇/၂၀၂၆ နေ့တွင် ပြုရသော မွေးနေ့အလှူကုသိုလ် အဖို့အစုတို့ကြောင့် ဘုရားတပည့်တော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်
ချမ်းသာကို ဝဋ်ဘဝတိုတိုဖြင့် ရလွယ်
ရောက်လွယ် မျက်မှောက်ပြုလွယ်ရပါလို၏ မြတ်စွာဘုရား။ ဤ ကောင်းမှုအဖို့ဘာဂတို့ကိုလည်း ကြားကြားသမျှ မြင်မြင်သမျှ ပုဂ္ဂိုလ် အားလုံးတို့အား ကုသိုလ်အမျှပေးဝေငှပါ၏ ကုသိုလ်အမျှ ကိုယ်စီ ရကြပါစေကုန်သတည်း။

မန္တလေးမြို့ တောင်ပြင် ထီးလင်းတိုက် သဲကုန်းကျောင်း မဟာမြတ်မုနိမြတ်စွာဘုရားကြီး၏ မျက်နှာသစ် ရေတော်ဆရာတော်ဘုရားကြီး၏ ကျေးဇူးပြုပေးမှုကြောင့် ဤမွေးနေ့ကုသိုလ်ထူးကို ပြုလုပ်ခွင့် ရရှိပါသဖြင့် ကျေးဇူးအထူးတင် ရိုသေဂါရဝ ရှိခိုးဦးတင် ဂါရဝပြုလိုက်ပါသည် ဆရာတော်ကြီးဘုရား။

ဆရာတော်ဦးဥတ္တရ(လန်ဒန်ဆရာတော်)
သာသနရံသီဝိဟာရ Booth Rood Colindate Lon Don-UK ဝိဇာတမင်္ဂလာကုသိုလ်အဖြစ် မဟာမုနိဘုရားကြီးအား
ညရုံတော်သင်္ကန်း၊ရေခံတော်သင်္ကန်း၊ရွှေသင်္ကန်း(၁၅)ဆိုင်း၊ပန်းကလာပ်(၁)ခု၊သစ်သီးဆွမ်း(၁)ပွဲ၊သောက်တော်ရေသန့်၊မျက်နှာသုတ်ပုဝါ(၁)ဒါဇင်၊ဆေးမျိုးစုံ(၁)ပွဲ၊နံ့သာဖြူ+ကရမက်(၁)စုံ၊သောက်တော်ရေသန့်နှင့်ဘုရားဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပါသည်
ကုသိုလ်ရှင်မိသားစုအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘဝခရီးလမ်းလျှောက်လှမ်းနှိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်မျက်မှောက်ပြုနှိုင်ကြပါစေ။
(၁၃၈၈-ခုဒုတိယဝါဆိုလဆန်း(၁၄)ရက်)
(28-7-2026)အင်္ဂါနေ့

Address

83 Booth Road
London
NW95JU

Alerts

Be the first to know and let us send you an email when Sasana Ramsi Vihara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share