20/08/2026
မဲဖေါက်ပေးမယ့် ဆု တွေအကြောင်းပါ။
The Final Battle Campaign Round 2-
အထူးစစ်ဆင်ရေးများ (Special Missions) အတွက်ရန်ပုံငွေအစီအစဉ်မှာ
Australia Dollar 33580 တန်ဖိုးရှိ ရွှေ၊ ငွေ၊ သဘာဝစိန်တို့ဖြင့် သီးသန့်စီမံ ပြုလုပ်ထားတဲ့ ပထမဆု၊ ဒုတိယဆု၊ တတိယဆု (၃)ဆု ၊ စုစုပေါင်း (၅) ဆုအတွက် မဲလက်မှတ်များ(Raffle Tickets) ရောင်းချခြင်း အစီအစဉ်ဖြစ်ပါတယ်။ ရတနာပစ္စည်း လုပ်ငန်းခွင်မှာ လုပ်သက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ABSDF ရဲဘော်ဟောင်းကြီးရဲ့ ကိုယ်ပိုင် ဒီဇိုင်း နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ လက်ရာတွေပါ။
ဆုတံဆိပ် ၅ခုလုံးဟာ 2.18” Diameter size ရှိတဲ့ ရင်ထိုး၊ ဆွဲကြိုး နှစ်မျိုးလုံး သုံးနှိုင်တဲ့ အမှတ်တရဆုများဖြစ်ပါတယ်။ မျက်နှာစာမှာ
“Spring Revolution”, “The Final Battle” စာသားများပါရှိပြီး နောက်ကျောဖက်မှာတော့ “Lucky Winner Supporter for Myanmar “ ဆိုတဲ့ စာကို laser နဲ့ထွင်းထားပါတယ်။
ကံထူးရှင်ထောက်ပို့များအတွက် ဂုဏ်ပြု အမှတ်တရ အဖြစ်ရည်ရွယ်ပါတယ်။
ဆုတံဆိပ်တိုင်းကို ဩစတေးလျှ နိုင်ငံရှိ NCJV (National Council of Jewellery Valuer) ဖြစ်တဲ့ KD DIAMONDS က တန်ဖိုးဖြတ်ပေးထားပြီး ကံထူးရှင်များဆုမဲပေါက်တဲ့အခါ Valuation Certificate တွေကိုပါ တပါတည်း ထည့်သွင်းပေးအပ်သွားမှာဖြစ်ပါတယ်။
ပထမဆုဟာ 18ct ရွှေနဲ့ပြုလုပ်ထားပြီး ရွှေစစ်စစ် မူလအလေးချိန် 18.84 grams (မြန်မာ ၁.၁၅၄ ကျပ်သား) ရှိပါတယ်။ 1.10 mm ရှိတဲ့ သဘာဝစိန်ပွင့်ငယ် ၁၄၁ လုံးပါရှိပြီး 0.85ct အချိန်ရှိပါတယ်။ ဩစတေးလျှ ဒေါ်လာ ၁၈၁၈၀.၀၀ (AUD 18180.00) တန်ကြေးဖြတ်ပေးထားပါတယ်။
ဒုတိယဆုကတော့ ပလက်တီနန်အရောင်တင်ထားတဲ့ငွေသားစစ်စစ် Sterling Silver 925 နဲ့ပြုလုပ်ထားပြီး အလေးချိန် 12.93 grams ရှိပါတယ်။ အရည်အသွေးတူ စိန်အလုံးရေ ၁၄၁ လုံးပါပါတယ်။ ဩစတေးလျှဒေါ်လာ ၈၂၀၀.၀၀ (AUD 8200.00) တန်ကြေးဖြတ်ပေးထားပါတယ်။
တတိယဆု ၃ ခုလုံးဟာ တန်ဖိုးတူ အရွယ်တူတွေဖြစ်ပါတယ်။ ဒုတိယဆု ကဲ့သို့ ပလက်တီနန်အရောင်တင်ထားတဲ့ငွေသားစစ်စစ် Sterling Silver 925 နဲ့ပြုလုပ်ထားတာဖြစ်ပြီး စိန်မပါတာပဲကွာပါတယ်။ တစ်ခုစီကို ဩစတေးလျှဒေါ်လာ ၂၄၀၀.၀၀ (AUD 2400.00) တန်ကြေးဖြတ်ပေးထားပါတယ်။
September 30, 2026 မှာ အရောင်းပိတ်ပါမယ်။ Lucky Draw ကိုတော့ October 3, 2026 USA မှာ Live လွှင့်ပြီးပြုလုပ်ပေးပါ့မယ်။
အားလုံးတတ်နှိုင်တဲ့ဖက်ကပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ဒီအစီအစဉ်ထဲမှာ ယခင် The Final Battle Campaign တုန်းကလိုပဲ အချို့ Fundraisers များအတွက် မိမိထောက်ပို့ချင်တဲ့ အဖွဲ့အစည်းများအတွက် ကိုယ်တိုင်
ဝင်ရောင်း၊ ကိုယ်တိုင်ထောက်ပို့ပေးနှိုင်မယ့်အစီအစဉ် အခန်းကဏ္ဍလည်း အစဉ်အလာမပျက်ထည့်သွင်းထားပါတယ်။
အခုအချိန်မှာ မ တည်ပေးထားတဲ့ Organization တွေနဲ့ချီတက်နေပါတယ်။ ပူးပေါင်းပါဝင်မှု့များကို ဖိတ်ခေါ်လျှက် အဆုံးသတ်မှာ အားလုံးအတူတကွပူးပေါင်းအကောင်အထည်ဖေါ်ခဲ့ကြတဲ့ စုပေါင်း Campaign ကြီးအဖြစ်အောင်မြင်စွာ အဆုံးသတ်ချင်ပါတယ်။ ပူးပေါင်းပါဝင်မယ့် FR များပိုလိုချင်ပါတယ်။ လက်မှတ်များယူရောင်းပေးကြပါ။
The Final Battle Campaign-Round 2 အတွက် အောက်ပါ ပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းပါဝင်ဆောင်ရွက်နှိုင်ပါတယ်။
-Ko Nay Tin Myint +1(347)944-7341(NYCBC)-USA
-Aung Kyaw Myint +1(607)339-7054(UHFNM)USA
- Sawwin Maung -04 4974 9926 (AMDM)-AUS
-Ko Michael Win -04 0341 2960 (AMDM)-AUS
-Ko Soe Htut +1(315)327-8027 (UHFNM)-USA
Ko Zaw Zaw +1(437)992-3417 (MEF)-CANADA