Momtrepreneurs Club Myanmar

Momtrepreneurs Club Myanmar Momtrepreneurs Club Myanmar is Myanmar’s first organization brought to you by Growth Session Myanmar - Maternal Care & Support.

We empower momtrepreneurs, provide a supportive community, resources, and opportunities for mothers to thrive as entrepreneurs.

ဒီနေ့မှာတော့ 𝐌𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐂𝐥𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐩𝐨𝐭𝐥𝐢𝐠𝐡𝐭 ကဏ္ဍကနေ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် နည်းပညာနဲ့ တွေးခေါ်မှု...
01/10/2026

ဒီနေ့မှာတော့ 𝐌𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐂𝐥𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐩𝐨𝐭𝐥𝐢𝐠𝐡𝐭 ကဏ္ဍကနေ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် နည်းပညာနဲ့ တွေးခေါ်မှု စွမ်းရည်တွေကို စနစ်တကျ ပျိုးထောင်ပေးနေတဲ့ " Next Gen Coders " နည်းပညာ သင်တန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 💗

ဒီ သင်တန်းလေးရဲ့ တည်ထောင်သူ မေမေဟာဆိုရင် 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 အတွက် 𝐑𝐞𝐦𝐨𝐭𝐞 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်ယောက်ဖြစ်သလို မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ နည်းပညာနယ်ပယ်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ရင်း "𝐂𝐨𝐝𝐢𝐧𝐠 ဆိုတာ 𝐂𝐨𝐝𝐞 ရေးတတ်ဖို့တင်မဟုတ်ဘဲ စဉ်းစားတတ်၊ ဖန်တီးတတ်၊ ပြဿနာဖြေရှင်းတတ်ဖို့ လေ့ကျင့်ပေးနိုင်တယ်" ဆိုတဲ့ ယုံကြည်ချက်နဲ့ မိမိအိမ်မှာတင် ကလေးအနည်းငယ်ကို စတင်သင်ကြားပေးရာမှ 𝐍𝐞𝐱𝐭 𝐆𝐞𝐧 𝐂𝐨𝐝𝐞𝐫𝐬 (𝐍𝐆𝐂) လေး စတင်ဖြစ်တည်လာခဲ့တာပဲ ဖြစ်ပါတယ်။ 💻✨

စတင်ခဲ့တာ ၇ လကျော်သာ ရှိသေးသော်လည်း လက်ရှိမှာ ကျောင်းသား ၅၀ ကျော်ကို အောင်မြင်စွာ သင်ကြားပေးလျက်ရှိပြီး ကလေးတွေရဲ့ အသက်အရွယ်နဲ့ အဆင့်အလိုက် လေ့လာနိုင်မယ့် သင်ခန်းစာများကတော့ -

💻 𝐒𝐜𝐫𝐚𝐭𝐜𝐡 𝐒𝐞𝐫𝐢𝐞𝐬: 𝐒𝐜𝐫𝐚𝐭𝐜𝐡 𝐉𝐫, 𝐒𝐜𝐫𝐚𝐭𝐜𝐡 𝐄𝐱𝐩𝐥𝐨𝐫𝐞𝐫, 𝐒𝐜𝐫𝐚𝐭𝐜𝐡 𝐂𝐫𝐞𝐚𝐭𝐨𝐫, 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐒𝐜𝐫𝐚𝐭𝐜𝐡
🐍 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 & 𝐖𝐞𝐛: 𝐏𝐲𝐭𝐡𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠, 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
🤖 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐓𝐞𝐜𝐡: 𝐑𝐨𝐛𝐨𝐭𝐢𝐜𝐬, 𝐀𝐈 & 𝐌𝐚𝐜𝐡𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠

ဆိုပြီး လက်တွေ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေ ကိုယ်တိုင် ဖန်တီးရင်း သင်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ 🚀✨

𝐍𝐞𝐱𝐭 𝐆𝐞𝐧 𝐂𝐨𝐝𝐞𝐫𝐬 မှာ ကလေးတွေကို 𝐂𝐨𝐝𝐞 ရေးတတ်ရုံတင် မဟုတ်ဘဲ -

💡 စဉ်းစား → ဖန်တီး → စမ်းသပ် → အမှားရှာ → ပြန်ပြင်

ဆိုတဲ့ လုပ်ငန်းစဉ်ကနေ ကိုယ်တိုင် သင်ယူတတ်လာအောင် အဓိကထား လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ 🧠⚡

မိဘတွေအတွက်လည်း အချိန်အဆင်ပြေစေဖို့ 𝐖𝐞𝐞𝐤𝐝𝐚𝐲 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬𝐞𝐬, 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐂𝐥𝐚𝐬𝐬𝐞𝐬 နဲ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬𝐞𝐬 များကို ဖွင့်လှစ်ထားရှိပြီး အင်းစိန်၊ လှိုင်မြို့နယ် နှင့် 𝐎𝐧𝐥𝐢𝐧𝐞 မှလည်း တက်ရောက်နိုင်ပါတယ်ရှင်။ 📍💻

"ကလေးတွေရဲ့ အသက်အရွယ်နဲ့ အဆင့်အလိုက် 𝐂𝐨𝐝𝐢𝐧𝐠 ကို စနစ်တကျ လေ့လာနိုင်ဖို့ 𝐍𝐞𝐱𝐭 𝐆𝐞𝐧 𝐂𝐨𝐝𝐞𝐫𝐬 မှာ ကြိုဆိုပါတယ်" ဆိုတဲ့ မေမေရဲ့ နည်းပညာ မေတ္တာနဲ့ သင်ကြားပေးမှုတွေကို 𝐍𝐞𝐱𝐭 𝐆𝐞𝐧 𝐂𝐨𝐝𝐞𝐫𝐬 𝐏𝐚𝐠𝐞 လေးမှာ သွားရောက်စုံစမ်း အားပေးနိုင်ပါတယ်နော်။ 💌✨

မိခင်တစ်ယောက်ရဲ့ ကျွမ်းကျင်မှုနဲ့ မေတ္တာကို ပေါင်းစပ်ပြီး အနာဂတ် မျိုးဆက်သစ်တွေအတွက် စနစ်တကျ ပံ့ပိုးပေးနေတဲ့ ဘဝတူ မေမေတို့ရဲ့ စီးပွားရေး လုပ်ငန်းလေးများ ရေရှည် အောင်မြင်တိုးတက်စေဖို့ 𝐌𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐂𝐥𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 က အမြဲတမ်း အတူရှိနေပေးသွားပါမယ်။ 💪🏼💗



𝐇𝐄𝐑 𝐂𝐎𝐍𝐍𝐄𝐂𝐓𝐈𝐎𝐍 𝐁𝐊𝐊 🤍🇹🇭Growth Session Myanmar - Maternal Care & Support နဲ့ Momtrepreneurs Club Myanmar တို့ရဲ့ ပထမဆုံး 𝐑...
24/09/2026

𝐇𝐄𝐑 𝐂𝐎𝐍𝐍𝐄𝐂𝐓𝐈𝐎𝐍 𝐁𝐊𝐊 🤍🇹🇭

Growth Session Myanmar - Maternal Care & Support နဲ့ Momtrepreneurs Club Myanmar တို့ရဲ့ ပထမဆုံး 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐢𝐭𝐢𝐨𝐧 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐄𝐯𝐞𝐧𝐭 လေးကို Bangkok မှာ ကျင်းပနိုင်ခဲ့တဲ့အမှတ်တရပုံရိပ်လေးများ 💜

မြန်မာနိုင်ငံမှာ မိခင်တွေနဲ့ အမျိုးသမီးတွေအတွက် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐒𝐮𝐩𝐩𝐨𝐫𝐭, 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 နဲ့ 𝐆𝐫𝐨𝐰𝐭𝐡 အခွင့်အလမ်းတွေကို ဖန်တီးပေးလာခဲ့ပြီးတဲ့နောက် ဒီ Connection တွေကို ပြည်ပရောက် မြန်မာအမျိုးသမီးတွေဆီအထိ ဆက်ပြီးယူဆောင်လာနိုင်ခဲ့ပါပြီ။

𝐇𝐄𝐑 𝐂𝐎𝐍𝐍𝐄𝐂𝐓𝐈𝐎𝐍 𝐁𝐚𝐧𝐠𝐤𝐨𝐤 မှာ မြန်မာအမျိုးသမီး 100 ကျော် ပါဝင်ခဲ့ကြပြီး Entrepreneurs, Business Owners, Professionals, Creatorsတွေ မိခင်တွေနဲ့ ကိုယ့်ရဲ့ Career, Business နဲ့ ကိုယ်ပိုင်လမ်းကြောင်းကို တည်ဆောက်နေကြတဲ့ အမျိုးသမီးတွေအများကြီး တစ်နေရာတည်းမှာ ဆုံတွေ့ခဲ့ကြပါတယ်။

မတူညီတဲ့ နယ်ပယ်တွေက အမျိုးသမီးတွေ မိတ်ဆက်ကြ၊ အတွေ့အကြုံတွေ မျှဝေကြ၊ အမြင်တွေ ဖလှယ်ကြပြီး Connection အသစ်တွေနဲ့ Collaboration အခွင့်အလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။ 🤍

မေမေတွေအတွက်လည်း Career နဲ့ Business ကို ဆက်လက်တည်ဆောက်ရင်း မိခင်ဘဝကို တစ်ပြိုင်တည်း ဖြတ်သန်းနေကြတဲ့ အမျိုးသမီးတွေအချင်းချင်း တွေ့ဆုံပြီး အတွေ့အကြုံတွေ မျှဝေနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ 💜

𝐇𝐄𝐑 𝐂𝐎𝐍𝐍𝐄𝐂𝐓𝐈𝐎𝐍 ရဲ့ Panel Conversation ကို အဓိပ္ပာယ်ရှိစေခဲ့တဲ့ Ma 𝐂𝐡𝐥𝐨𝐞 𝐙𝐢𝐧 @ The Chloe Condition, 𝐃𝐫. 𝐘𝐞𝐞 𝐌𝐨𝐧 𝐓𝐡𝐚𝐧𝐭 နဲ့ 𝐌𝐚. 𝐊𝐲𝐚𝐰𝐭 𝐒𝐡𝐢𝐧𝐧 𝐓𝐡𝐚𝐧𝐭 𝐙𝐢𝐧 တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ 🤍

ဒီ Event လေးကို အတူတူဖြစ်မြောက်အောင် Support ပေးခဲ့ကြတဲ့ Growth Partners တွေဖြစ်တဲ့ PS Medical Hub and Travels , ယူနီ ဆေးဆိုင် - Unipharma ၊ Community Partners တွေနဲ့ In-kind Partners တွေဖြစ်ကြတဲ့ Yangoods နဲ့ အလှူ့အမ တို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 💜

ဒီ Event လေးကနေ စတင်ခဲ့တဲ့ Connection တွေက ဒီနေ့တစ်ရက်တည်းမှာပဲ ရပ်မသွားဘဲ နောက်ထပ် Conversation တွေ၊ Collaboration တွေ၊ Business နဲ့ Career အခွင့်အလမ်းအသစ်တွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

မြန်မာအမျိုးသမီးတွေ၊ မိခင်တွေ ဘယ်နေရာမှာပဲရှိနေပါစေ အချင်းချင်း ဆက်ပြီးချိတ်ဆက်နိုင်ဖို့ Growth Session Myanmar နဲ့ Momtrepreneurs Club Myanmar ကနေ ဒီလိုအခွင့်အလမ်းတွေကို ဆက်လက်ဖန်တီးပေးသွားပါမယ်။ 💜✨

𝐇𝐄𝐑 𝐂𝐎𝐍𝐍𝐄𝐂𝐓𝐈𝐎𝐍
𝐖𝐡𝐞𝐫𝐞𝐯𝐞𝐫 𝐰𝐞 𝐚𝐫𝐞, 𝐰𝐞 𝐬𝐭𝐚𝐲 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝. 💜✨







🎶 𝐌𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 မေမေ 𝐃𝐫. 𝐓𝐢𝐧 𝐇𝐭𝐞𝐭 𝐊𝐡𝐢𝐧𝐞 ရဲ့ အားတက်စရာ မိခင်ဘဝနဲ့ ခရီးလမ်းလေးတစ်ခု 💖“မေမေဖြစ်တာဟာ ကိုယ့်အိပ်မက်တွေကို ရပ...
22/09/2026

🎶 𝐌𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 မေမေ 𝐃𝐫. 𝐓𝐢𝐧 𝐇𝐭𝐞𝐭 𝐊𝐡𝐢𝐧𝐞 ရဲ့ အားတက်စရာ မိခင်ဘဝနဲ့ ခရီးလမ်းလေးတစ်ခု 💖

“မေမေဖြစ်တာဟာ ကိုယ့်အိပ်မက်တွေကို ရပ်ထားရမယ့် အကြောင်းပြချက် မဟုတ်ပါဘူး။ တကယ်တော့ မေမေဖြစ်လာခြင်းက ကျွန်မကို အရင်ထက် ပိုသန်မာစေခဲ့တယ်၊ ပိုစိတ်ရှည်စေခဲ့တယ်၊ ဘာကြောင့် ကြိုးစားနေရတာလဲဆိုတဲ့ ‘𝐖𝐡𝐲’ ကိုလည်း ပိုပြီး ရှင်းလင်းစေခဲ့ပါတယ်။”

ဒီနေ့မှာတော့ မိခင်တစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 တစ်ယောက်၊ 𝐋𝐞𝐚𝐝𝐞𝐫 တစ်ယောက်နဲ့ အမြဲမပြတ် လေ့လာသင်ယူနေသူတစ်ယောက်အဖြစ် 𝐑𝐨𝐥𝐞 ပေါင်းများစွာကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့ မေမေ 𝐃𝐫. 𝐓𝐢𝐧 𝐇𝐭𝐞𝐭 𝐊𝐡𝐢𝐧𝐞 ရဲ့ အားတက်စရာ ဘဝဇာတ်လမ်းလေးကို မျှဝေပေးချင်ပါတယ် 💬✨
မေမေ 𝐃𝐫. 𝐓𝐢𝐧 𝐇𝐭𝐞𝐭 𝐊𝐡𝐢𝐧𝐞 ဟာ ဘဝကို ဆရာဝန်တစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး နှစ်ပေါင်းများစွာ အချိန်နဲ့ အားစိုက်မှုတွေ ပေးခဲ့ရတဲ့အတွက် ဒီ 𝐂𝐚𝐫𝐞𝐞𝐫 က သူမ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သမီးလေး မွေးဖွားလာချိန်မှာတော့ ၈ လသမီးလေး အနားမှာ နီးနီးကပ်ကပ် နေပေးနိုင်ဖို့အတွက် ဆရာဝန်အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်လှစ်ခဲ့ပါတယ်။ အချိန်ကို ကိုယ်တိုင်စီမံနိုင်ပေမယ့် ဝင်ငွေပိုင်းဆိုင်ရာ မျှော်လင့်ချက်နဲ့ ကလေးကို အချိန်ပိုပေးချင်တဲ့ စိတ်ဆန္ဒတို့ကြား ကြိုးစားရုန်းကန်ခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐅𝐮𝐭𝐮𝐫𝐞 တစ်ခုကို ဖန်တီးပေးချင်တာကြောင့် 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐂𝐚𝐫𝐞𝐞𝐫 တစ်ခုဖြစ်တဲ့ 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐂𝐚𝐫𝐞𝐞𝐫 ထဲသို့ စတင်ခြေလှမ်းခဲ့ပါတယ်။
ဆရာဝန်တစ်ယောက်အနေနဲ့ အသစ်ကနေ ပြန်လည်သင်ယူရခြင်း၊ 𝐒𝐚𝐥𝐞𝐬 ပိုင်းကို လေ့လာရခြင်းနဲ့ ငြင်းပယ်ခံရမှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် —

“ဆရာဝန်တစ်ယောက်အနေနဲ့ လူတစ်ယောက် နေမကောင်းချိန်မှာ ကျန်းမာရေးအတွက် ကူညီပေးခဲ့သလို၊ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫 တစ်ယောက်အနေနဲ့လည်း မိသားစုတစ်စု မမျှော်လင့်ထားတဲ့ အခက်အခဲကြုံလာချိန်မှာ သူတို့ဘဝ မပြိုလဲသွားအောင် ကြိုတင်ကာကွယ်ပေးနိုင်တယ်”
ဆိုတဲ့ အသိနဲ့ ဒီအလုပ်ကို လုပ်ငန်းတစ်ခုထက် 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 တစ်ခု၊ 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 တစ်ခုအဖြစ် ပြောင်းလဲရှုမြင်ခဲ့ပါတယ်।
ဘဝခရီးလမ်းမှာ 𝐂𝐎𝐕𝐈𝐃-𝟏𝟗 ကာလ သေလုနီးပါး အခြေအနေမှ ပြန်လည်ရှင်သန်ခဲ့ရခြင်း၊ ခြေထောက်အရွတ် (𝐀𝐂𝐋) ပြတ်တောက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရခြင်း၊ အမျိုးသမီးရောဂါကြောင့် သားအိမ်ထုတ်သည့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရခြင်း စသည့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမဲ့ ဘဝကို ရပ်တန့်မသွားစေဘဲ အိမ်အလုပ်၊ ကလေးပညာရေး၊ လုပ်ငန်းဆောင်တာများ၊ 𝐌𝐁𝐀 သင်တန်း တက်ရောက်ခြင်းနှင့် မိမိကိုယ်ကို 𝐒𝐞𝐥𝐟-𝐜𝐚𝐫𝐞 ပြုလုပ်ခြင်းတို့ကို အကောင်းဆုံး ဟန်ချက်ညီအောင် ထိန်းညှိခဲ့ပါတယ်။

သူမအနေနဲ့ သမီးလေးကို “စာကြိုးစား၊ အချိန်ကို အကျိုးရှိရှိ သုံး” လို့ စကားနဲ့တင် မပြောဘဲ—
“ငါ့မေမေက မိသားစုကို ချစ်ခဲ့သလို သူ့ကိုယ်သူလည်း မပျောက်ဆုံးစေခဲ့ဘူး। အခက်အခဲတွေကြားက မရပ်မနားဘဲ သူ့အိပ်မက်တွေကို ဆက်လျှောက်ခဲ့တယ်”

ဆိုတဲ့ အကောင်းဆုံး 𝐋𝐢𝐟𝐞 𝐋𝐞𝐬𝐬𝐨𝐧 လေးကို ကိုယ်တိုင် လုပ်ပြသွားချင်တာဖြစ်ပါတယ်။

💬 မေမေ 𝐃𝐫. 𝐓𝐢𝐧 𝐇𝐭𝐞𝐭 𝐊𝐡𝐢𝐧𝐞 ရဲ့ ခွန်အားဖြစ်ဖွယ် 𝐌𝐞𝐬𝐬𝐚𝐠𝐞 လေး အနေနဲ-
“မိသားစုအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရင်း ကိုယ့်ကိုယ်ကိုလည်း မမေ့ပါနဲ့। သားသမီးတွေရဲ့ အိပ်မက်တွေကို ပံ့ပိုးပေးသလို ကိုယ့်ရဲ့ အိပ်မက်ကိုလည်း နေရာလေးတစ်ခု ပေးထားပါ। ကျန်းမာရေး၊ ကိုယ်ပျော်ရွှင်ရတဲ့အရာတွေနဲ့ ကိုယ့်ရဲ့ 𝐆𝐫𝐨𝐰𝐭𝐡 အတွက်လည်း အချိန်ပေးပါ। အသက် ၃၀၊ ၄၀၊ ၅၀ ဖြစ်ပါစေ... အသစ်တစ်ခုကို စတင်ဖို့ နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး။

”ကျွန်မကလည်း
မေမေတစ်ယောက်အနေနဲ့…
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 တစ်ယောက်အနေနဲ့…
အမျိုးသမီး တစ်ယောက်အနေနဲ့…
ဆက်ပြီး သင်ယူနေတုန်း…
ဆက်ပြီး ကြိုးစားနေတုန်း…
ဆက်ပြီး ခရီးသွားနေတုန်း…
ဆက်ပြီး အိပ်မက်မက်နေတုန်း…
ဆက်ပြီး 𝐆𝐫𝐨𝐰 လုပ်နေတုန်းပါပဲ....
မိသားစုကို ရင်းနှီးစွာ စောင့်ရှောက်ရင်း ကိုယ်ပိုင် တန်ဖိုးနဲ့ အိပ်မက်များကိုလည်း လက်မလွှတ်ဘဲ ဆက်လက် ကြိုးစားနေသည့် မိခင်ပန်းတိုင်ရှင် 𝐃𝐫. 𝐓𝐢𝐧 𝐇𝐭𝐞𝐭 𝐊𝐡𝐢𝐧𝐞 ကို 𝐌𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐂𝐥𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ အလေးအနက် ဂုဏ်ယူ ချီးကျူးလိုက်ရပါတယ်။ 🌸✨

#𝐦𝐨𝐦𝐬𝐭𝐨𝐫𝐲 #𝐦𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 #𝐦𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐜𝐥𝐮𝐛𝐦𝐲𝐚𝐧𝐦𝐚𝐫 #𝐆𝐫𝐨𝐰𝐭𝐡𝐀𝐧𝐝𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧

မိဘများအတွက် 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫 တို့ ပူးပေါင်းစီစဉ်ပြီးထားတဲ့ 𝟐-𝐇𝐨𝐮𝐫 𝐅𝐫𝐞𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛...
17/09/2026

မိဘများအတွက် 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫 တို့ ပူးပေါင်းစီစဉ်ပြီးထားတဲ့ 𝟐-𝐇𝐨𝐮𝐫 𝐅𝐫𝐞𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 🌱

မိဘများအတွက် 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ Counselling Corner တို့ ပူးပေါင်းစီစဉ်ပြီးထားတဲ့ 𝟐-𝐇𝐨𝐮𝐫 𝐅𝐫𝐞𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 🌱

မိသားစုအတွက် အရာရာကို အကောင်းဆုံး ဖန်တီးပေးရင်း ကိုယ့်ကိုယ်ကိုယ် အားအင်တွေ ကုန်ခမ်းပြီး မောပန်းနေပြီလို့ ခံစားနေရပါသလား . . . 😞

😓 အကောင်းဆုံး မိဘတစ်ယောက် မဖြစ်မှာ ကြောက်မိတဲ့ စိုးရိမ်စိတ်တွေနဲ့
😓 အပြစ်တင်ခံရမှာ ကြောက်လို့ ဘယ်သူ့ကိုမှ မပြောပြရဲဘဲ မြိုသိပ်ထားရတဲ့ စိတ်ဖိစီးမှုတွေဟာ မိဘတိုင်းရဲ့ ရင်ထဲမှာ ကြိတ်ပြီး ခံစားနေရလေ့ရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေပဲ ဖြစ်ပါတယ် . . .

ပတ်ဝန်းကျင်ကို ပြုံးပြနေရပေမယ့် ရင်ထဲမှာ လေးလံနေတယ်ဆိုရင်တော့ မိဘဖြစ်ရတဲ့ ခရီးလမ်းမှာ ခေတ္တခဏ ရပ်နားပြီး ကိုယ့်စိတ်ကလေးကို ပြန်လည် နားခိုခွင့်ပေးဖို့ အချိန်တန်ပါပြီရှင် . . . 🪻

မိဘများအတွက် 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫 တို့ ပူးပေါင်းစီစဉ်ထားတဲ့ 𝟐-𝐇𝐨𝐮𝐫 𝐅𝐫𝐞𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးကိုနွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော် . . . 💌

🌱 𝐙𝐨𝐨𝐦 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 မှတစ်ဆင့် စိတ်ဖိစီးမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုနိုင်မည့် 𝐒𝐚𝐟𝐞 𝐒𝐩𝐚𝐜𝐞 လေးတစ်ခုနဲ့အတူ

🌱 ကျွမ်းကျင် 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫 များနှင့်အတူ ကိုယ့်ရဲ့ ခံစားချက်နှင့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး အချင်းချင်း ဖေးမနှစ်သိမ့်မှုများကို 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှာ စီစဥ်ပေးထားပါတယ်

✨ ဒီ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးမှာ ပါ၀င်ခြင်းအားဖြင့်

🌿 မိဘဖြစ်ရတဲ့ ခရီးလမ်းမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနှင့် စိတ်ပင်ပန်းမှုများ သက်သာစေခြင်း

🌿 စိတ်ခံစားချက်များကို လျှော့ချပေးနိုင်ပြီး စိတ်အေးချမ်းမှု ရရှိစေခြင်း

🌿 မိသားစုအတွက် အမြဲအချိန်ပေးနေတဲ့ မေမေ/ဖေဖေတို့အဖြစ်မှ ကိုယ့်ကိုယ်ကိုယ် ပြန်လည် အားဖြည့် ဂရုစိုက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ် . . .

📅 𝟐-𝐇𝐨𝐮𝐫 𝐅𝐫𝐞𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩

ရက်စွဲ: စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၆

အချိန်: မွန်းလွဲ ၁:၀၀ နာရီ မှ ၃:၀၀ နာရီအထိ

နေရာ: 𝐎𝐧𝐥𝐢𝐧𝐞 𝐯𝐢𝐚 𝐙𝐨𝐨𝐦

စနစ်တကျ ရင်ဖွင့်နိုင်ရန်အတွက် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသွားမှာဖြစ်လို့ မည်သူမဆို အခမဲ့ စာရင်းပေးသွင်းလို့ရပါတယ်ရှင် . . . 📣✨

💬 အခမဲ့ စာရင်းပေးသွင်းရန် - မိသားစုအတွက် အရာရာကို အကောင်းဆုံး ဖန်တီးပေးရင်း ကိုယ့်ကိုယ်ကိုယ် အားအင်တွေ ကုန်ခမ်းပြီး မောပန်းနေပြီလို့ ခံစားနေရပါသလား . . . 😞

😓 အကောင်းဆုံး မိဘတစ်ယောက် မဖြစ်မှာ ကြောက်မိတဲ့ စိုးရိမ်စိတ်တွေနဲ့
😓 အပြစ်တင်ခံရမှာ ကြောက်လို့ ဘယ်သူ့ကိုမှ မပြောပြရဲဘဲ မြိုသိပ်ထားရတဲ့ စိတ်ဖိစီးမှုတွေဟာ မိဘတိုင်းရဲ့ ရင်ထဲမှာ ကြိတ်ပြီး ခံစားနေရလေ့ရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေပဲ ဖြစ်ပါတယ် . . .

ပတ်ဝန်းကျင်ကို ပြုံးပြနေရပေမယ့် ရင်ထဲမှာ လေးလံနေတယ်ဆိုရင်တော့ မိဘဖြစ်ရတဲ့ ခရီးလမ်းမှာ ခေတ္တခဏ ရပ်နားပြီး ကိုယ့်စိတ်ကလေးကို ပြန်လည် နားခိုခွင့်ပေးဖို့ အချိန်တန်ပါပြီရှင် . . . 🪻

မိဘများအတွက် 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫 တို့ ပူးပေါင်းစီစဉ်ပြီးထားတဲ့ 𝟐-𝐇𝐨𝐮𝐫 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးကိုနွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော် . . . 💌

🌱 𝐙𝐨𝐨𝐦 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 မှတစ်ဆင့် စိတ်ဖိစီးမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုနိုင်မည့် 𝐒𝐚𝐟𝐞 𝐒𝐩𝐚𝐜𝐞 လေးတစ်ခုနဲ့အတူ

🌱 ကျွမ်းကျင် 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫 များနှင့်အတူ ကိုယ့်ရဲ့ ခံစားချက်နှင့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး အချင်းချင်း ဖေးမနှစ်သိမ့်မှုများကို 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှာ စီစဥ်ပေးထားပါတယ်

✨ ဒီ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးမှာ ပါ၀င်ခြင်းအားဖြင့်

🌿 မိဘဖြစ်ရတဲ့ ခရီးလမ်းမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနှင့် စိတ်ပင်ပန်းမှုများ သက်သာစေခြင်း

🌿 စိတ်ခံစားချက်များကို လျှော့ချပေးနိုင်ပြီး စိတ်အေးချမ်းမှု ရရှိစေခြင်း

🌿 မိသားစုအတွက် အမြဲအချိန်ပေးနေတဲ့ မေမေ/ဖေဖေတို့အဖြစ်မှ ကိုယ့်ကိုယ်ကိုယ် ပြန်လည် အားဖြည့် ဂရုစိုက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ် . . .

📅 𝟐-𝐇𝐨𝐮𝐫 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐧𝐭𝐚𝐥 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩

ရက်စွဲ: စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၆

အချိန်: မွန်းလွဲ ၁:၀၀ နာရီ မှ ၃:၀၀ နာရီအထိ

နေရာ: 𝐎𝐧𝐥𝐢𝐧𝐞 𝐯𝐢𝐚 𝐙𝐨𝐨𝐦

စနစ်တကျ ရင်ဖွင့်နိုင်ရန်အတွက် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသွားမှာဖြစ်လို့ မည်သူမဆို အခမဲ့ စာရင်းပေးသွင်းလို့ရပါတယ်ရှင် . . . 📣✨

💬 စုံစမ်းရန်နှင့် အခမဲ့ စာရင်းပေးသွင်းရန် - https://forms.gle/vpRqbAxunueMqgJL8



“𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬” 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အမှတ်တရပုံရိပ်များ ကိုမေမေတို့ဆီမျှဝေပေးလိုက...
07/09/2026

“𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬” 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အမှတ်တရပုံရိပ်များ ကိုမေမေတို့ဆီမျှဝေပေးလိုက်ပါတယ်။ 📸✨

လုပ်ငန်းရှင်မေမေတို့အတွက် မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ရည်ရွယ်ပြုလုပ်ခဲ့တဲ့ “𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬” 𝐈𝐧-𝐏𝐞𝐫𝐬𝐨𝐧 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ 💗

ဒီ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှာ 𝐆𝐮𝐞𝐬𝐭 𝐒𝐩𝐞𝐚𝐤𝐞𝐫 𝐒𝐚𝐲𝐚𝐫 𝐄𝐭𝐡𝐚𝐧 (𝐀𝐮𝐧𝐠 𝐓𝐡𝐚𝐢𝐤) မှ အသုံးဝင်တဲ့ စီးပွားရေးနှင့် စီမံခန့်ခွဲမှု အသိပညာတွေကို လက်တွေ့ကျကျ 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဆရာမျှဝေပေးခဲ့တဲ့…
📍 𝐎𝐥𝐢𝐠𝐨𝐩𝐨𝐥𝐲 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧: ဈေးကွက်ပြိုင်ဆိုင်မှု အခင်းအကျင်းနှင့် ဈေးနှုန်းလွှမ်းမိုးမှုများ အကြောင်း
📍 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧𝐬: 𝐒𝐚𝐥𝐞𝐬 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠, 𝐅𝐢𝐧𝐚𝐧𝐜𝐞, 𝐇𝐑 နှင့် 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬 တို့၏ အခန်းကဏ္ဍများ
📍 𝐋𝐞𝐯𝐞𝐥 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭: 𝐓𝐨𝐩, 𝐌𝐢𝐝𝐝𝐥𝐞 နဲ့ 𝐅𝐫𝐨𝐧𝐭-𝐥𝐢𝐧𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တို့၏ စီမံခန့်ခွဲမှု အဆင့်ဆင့်

စတဲ့အကြောင်းရာတွေကို သင်ယူတက်ရောက်ခဲ့ကြတဲ့ မေမေတို့အတွက် မိမိတို့ရဲ့ စီးပွားရေးကို စနစ်တကျ အဆင့်မြှင့်တင်နိုင်မည့် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 များနှင့် 𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧 များစွာ ရရှိခဲ့မယ်လို့ ယုံကြည်ပါတယ်။ 🌸

စွန့်ဦးတီထွင်လုပ်ငန်းရှင် မေမေတို့ကို𝐌𝐨𝐦𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐂𝐥𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ရှေ့လာမယ့် 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩𝐬 များနှင့် 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 များတွင်လည်း အတူတူ ဆက်လက် 𝐆𝐫𝐨𝐰 လုပ်သွားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 💪🌷

👉 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/Vf1z55ACfFAPXjmK9

𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐬𝐨𝐦𝐞 𝐰𝐨𝐧𝐝𝐞𝐫𝐟𝐮𝐥 𝐦𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐟𝐫𝐨𝐦 𝐨𝐮𝐫 𝐬𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐈𝐧-𝐏𝐞𝐫𝐬𝐨𝐧 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩: “𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬.” 💗

𝐎𝐮𝐫 𝐠𝐮𝐞𝐬𝐭 𝐬𝐩𝐞𝐚𝐤𝐞𝐫, 𝐒𝐚𝐲𝐚𝐫 𝐄𝐭𝐡𝐚𝐧 (𝐀𝐮𝐧𝐠 𝐓𝐡𝐚𝐢𝐤), 𝐬𝐡𝐚𝐫𝐞𝐝 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐢𝐧𝐬𝐢𝐠𝐡𝐭𝐬 𝐰𝐢𝐭𝐡 𝐨𝐮𝐫 𝐦𝐨𝐦𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬:

📍 𝐎𝐥𝐢𝐠𝐨𝐩𝐨𝐥𝐲 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧: 𝐌𝐚𝐫𝐤𝐞𝐭 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐦𝐚𝐫𝐤𝐞𝐭 𝐩𝐫𝐢𝐜𝐞 𝐢𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐬
📍 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧𝐬: 𝐂𝐨𝐫𝐞 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧𝐬 𝐨𝐟 𝐒𝐚𝐥𝐞𝐬 & 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠, 𝐅𝐢𝐧𝐚𝐧𝐜𝐞, 𝐇𝐑, 𝐚𝐧𝐝 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬
📍 𝐋𝐞𝐯𝐞𝐥 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭: 𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐓𝐨𝐩, 𝐌𝐢𝐝𝐝𝐥𝐞, 𝐚𝐧𝐝 𝐅𝐫𝐨𝐧𝐭-𝐥𝐢𝐧𝐞 𝐦𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐫𝐨𝐥𝐞𝐬

𝐖𝐞 𝐛𝐞𝐥𝐢𝐞𝐯𝐞 𝐭𝐡𝐢𝐬 𝐬𝐞𝐬𝐬𝐢𝐨𝐧 𝐩𝐫𝐨𝐯𝐢𝐝𝐞𝐝 𝐯𝐚𝐥𝐮𝐚𝐛𝐥𝐞 𝐢𝐧𝐬𝐢𝐠𝐡𝐭𝐬 𝐟𝐨𝐫 𝐚𝐥𝐥 𝐚𝐭𝐭𝐞𝐧𝐝𝐢𝐧𝐠 𝐦𝐨𝐭𝐡𝐞𝐫𝐬 𝐭𝐨 𝐦𝐚𝐧𝐚𝐠𝐞 𝐭𝐡𝐞𝐢𝐫 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬𝐞𝐬 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥𝐥𝐲. 🌸
𝐉𝐨𝐢𝐧 𝐮𝐬 𝐚𝐧𝐝 𝐠𝐫𝐨𝐰 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐰𝐢𝐭𝐡 𝐌𝐨𝐦𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐂𝐥𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫! 💪🌷

👉 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤:
https://forms.gle/Vf1z55ACfFAPXjmK9

#𝐦𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐜𝐥𝐮𝐛𝐦𝐲𝐚𝐧𝐦𝐚𝐫 #𝐰𝐨𝐫𝐤𝐢𝐧𝐠𝐦𝐨𝐦 #𝐢𝐧𝐩𝐞𝐫𝐬𝐨𝐧𝐚𝐜𝐭𝐢𝐯𝐢𝐭𝐲 #𝐦𝐨𝐦𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 #𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬

07/09/2026

မေမေတို့အတွက် စီးပွားရေးဆိုင်ရာဗဟုသုတတွေ၊ လက်တွေ့အသုံးချလို့ရတဲ့နည်းလမ်းတွေကိုမျှဝေပေးခဲ့တဲ့ Saya Ethan နဲ့ Rangoon Success Academy Teamတစ်ခုလုံး ကျေးဇူးတင်ရှိပါတယ်။ ✨

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Momtrepreneurs Club Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share