Thukha Thuta - သုခသုတ

Thukha Thuta - သုခသုတ လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတများ ပြည့်စုံနိုင်ရန်

သုခသုတ စာမျက်နှာမှ အများသိထားသင့်သော ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ ဗဟုသုတများကို မျှဝေပေးလျက် ရှိပါသည်။

08/08/2026

နေ့တိုင်း အလုပ်သွား၊ကျောင်းသွား၊အပြင်သွားတဲ့အချိန် အိမ်မှာကျန်နေခဲ့မယ့် အဖိုး၊အဖွားတွေရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားနေရမလဲ....

02/08/2026

ကိုယ်ဝန်ရှိကြောင်း စသိတဲ့အချိန်မှာ မမဗိုက်တို့ရဲ့ အိမ်က ကျားကျားတို့ ဘယ်လိုတုံ့ပြန်ကြသလဲ ပြောပြခဲ့ပါဦး
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/...
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

ဒီထဲက ဘယ်နည်းလမ်းတွေ သိလဲ???ကိုယ်တိုင်ရော ဘယ်သားဆက်ခြားနည်းလမ်းကို ရွေးချယ်မယ်လို့ စဉ်းစားထားလဲ?————————————ဒီလိုမျိုး က...
23/07/2026

ဒီထဲက ဘယ်နည်းလမ်းတွေ သိလဲ???
ကိုယ်တိုင်ရော ဘယ်သားဆက်ခြားနည်းလမ်းကို ရွေးချယ်မယ်လို့ စဉ်းစားထားလဲ?
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/...
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်

ကလေးအသက် ၆ လ ပြည့်ပြီဆိုတာနဲ့ ဘာဖြည့်စွက်စာ ကျွေးရမလဲဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ဖေဖေ‌၊မေမေ၊ဘိုးဘိုး၊ဘွားဘွား၊ဦးဦး...
18/07/2026

ကလေးအသက် ၆ လ ပြည့်ပြီဆိုတာနဲ့ ဘာဖြည့်စွက်စာ ကျွေးရမလဲဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ဖေဖေ‌၊မေမေ၊ဘိုးဘိုး၊ဘွားဘွား၊ဦးဦး၊ဒေါ််ဒေါ်တွေရှိရင် လက်ညှိုးထောင်....
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/...
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

16/07/2026

လသားအရွယ် ရင်သွေးငယ်တွေရဲ့ မေမေတို့ လုပ်ငန်းခွင် ပြန်ဝင်တဲ့အချိန် အိမ်မှာ ကျန်ခဲ့တဲ့ ဘေဘီလေးတွေကို မိခင်နို့ မတိုက်နိုင်လို့ စိတ်ပူရတာမျိုး မရှိရလေအောင် နည်းလမ်းကောင်းလေးတခု ပြောပြပေးချင်ပါတယ်....
အချင်းချင်းသိအောင် မျှဝေပေးကြပါဦးနော်

မြီးကောင်ပေါက်အရွယ် (Puberty) ဆိုတာ လူကြီးဘဝ မရောက်သေးပေမယ့် ကလေးပိစိလည်း မကတော့တဲ့  ကြားကာလတခု လို့ သတ်မှတ်ကြရ‌‌အောင်။အ...
14/07/2026

မြီးကောင်ပေါက်အရွယ် (Puberty) ဆိုတာ လူကြီးဘဝ မရောက်သေးပေမယ့် ကလေးပိစိလည်း မကတော့တဲ့ ကြားကာလတခု လို့ သတ်မှတ်ကြရ‌‌အောင်။

အဲဒီအချိန်ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ ရုတ်တရက်ကြီး မြင့်တက်လာတော့ အလိုလိုနေရင်း စိတ်ဆိုးတာ၊ဝမ်းနည်းတာ၊စကားနားမထောင်ချင်တာတွေ ဖြစ်ပေါ်လာပါတော့တယ်။အိမ်မှာ အရင်က အေးအေးဆေးဆေးနေတတ်တဲ့ ကလေးတွေတောင်မှ ရုတ်တရက် အပြုအမူတွေ ပြောင်းလဲလာပြီး မိဘနဲ့ သားသမီးကြား နားလည်မှုလွဲတာတွေနဲ့ နေ့တိုင်းလိုလို အိမ်မှာ ဆူညံလို့ပေါ့။

"သမီး ကလေးမဟုတ်တော့ဘူး"၊ "သား ဘာသာ သား လုပ်တတ်တယ်" ဆိုပြီး လူကြီးတွေလို ဝတ်စားဆင်ယင်တာ၊အခန်းတံခါး lock ချထားတာ၊နှုတ်ခမ်းမွှေး ခိုးရိတ်တာ နဲ့ အလှပြင်တာမျိုးတွေက မိဘတွေဖက်ကကြည့်ရင် မျက်စိစပါးမွှေးစူးစရာပေါ့‌လေ။ဒီအချိန်မှာ သူတို့အလိုအပ်ဆုံးက လူကြီးတွေဆီက အသိအမှတ်ပြုမှုလေး တခု တည်းပါပဲ။ကလေးပဲရှိသေးတယ်ဆိုပြီး နှိမ့်ချတာ (ဒါမှမဟုတ်) ဆူပူလှောင်ပြောင်လိုက်တာဆိုရင် ကလေးက မိဘနဲ့ စိတ်ချင်းဝေးသွားပြီး အပြင်လူတွေအပေါ်မှာ ပိုပြီးတွယ်တာသွားတတ်ပါတယ်။

ဒီလိုအချိန် မိဘတွေဘက်က ဇွတ်အမိန့်ပေးတာမျိုးထက်
✨သူတို့ ဖြစ်ချင်တာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတာ
✨သူတို့ privacy တွေကို လေးစားပေးတာနဲ့
✨ကိစ္စတချို့မှာ သူတို့အမြင်ကို တိုင်ပင်ဆွေးနွေးပေးတာတွေ က
သူတို့လေးတွေ ဒီကာလကြီးကို အဆင်ပြေပြေ ကျော်ဖြတ်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးရာ ရောက်ပါတယ်။

ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးပြင်းလာရတဲ့ သဘာဝဖြစ်စဉ်တစ်ခုမို့ နားလည်ပေးခြင်းနဲ့သာ အတူတူ ဝန်းရံပေးကြရအောင်လားဗျာ။🤍

တီဘီရောဂါဆိုတာ လေထုထဲမှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတစ်မျိုးမို့ အိမ်တစ်အိမ်မှာ လူတစ်ယောက် တီဘီ ရောဂါဖြစ်ပြီဆိုရင် အဲ့ဒီလူတစ်ယ...
10/07/2026

တီဘီရောဂါဆိုတာ လေထုထဲမှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတစ်မျိုးမို့ အိမ်တစ်အိမ်မှာ လူတစ်ယောက် တီဘီ ရောဂါဖြစ်ပြီဆိုရင် အဲ့ဒီလူတစ်ယောက်ထဲ ကို ပဲ ကုသရုံနဲ့ မပြီးသေးပါဘူး။သူနဲ့ အနီးကပ်နေထိုင်တဲ့ မိသားစုဝင်တွေကိုလည်း ကူးစက်နိုင်ခြေရှိတာကြောင့် ရောဂါပိုး ရှိ၊မရှိ ချက်ချင်းစစ်ဆေးသင့်ပါတယ်။

တချို့သူတွေ ရောဂါပိုးကူးစက်ခံရပေမယ့် ဘာမှ မခံစားရဘဲ နေကောင်းနေသေးတာ ဘာကြောင့်လဲ လို့ ထူးဆန်းနေစရာ အကြောင်းရှိပါတယ်။

ပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသေးတာလည်း ဖြစ်နိုင်သလို ကိုယ့်ကိုယ်ကိုယ် ရောဂါပိုးရှိနေတာ မသိဘဲ နေနေတာလည်း ဖြစ်နိုင်ပါတယ်။ဒီလိုတွေ မဖြစ်ရလေအောင် တီဘီပိုးကူးစက်ခံရဖို့ အလားအလာရှိတဲ့ အချိန်မှာတင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် TPTဆေးကို သောက်‌သုံးဖို့ ပိုမိုတိုက်တွန်းလာကြပါပြီ။

TPT (Tuberculosis Preventive Treatment) ဆိုတာ တီဘီရောဂါ မဖြစ်ခင် ကြိုတင်ကာကွယ်ပေးတဲ့ ဆေးကုသမှုဖြစ်ပါတယ်။အထူးသဖြင့် ရောဂါပိုး ကူးစက်ခံရသူများ၊တီဘီရောဂါဖြစ်နိုင်ခြေရှိသူများကို ရောဂါဖြစ်ပွားမှုက‌နေ ကာကွယ်ဖို့အတွက် ကြိုတင်ဆေးသောက်သုံးထားခြင်း ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဘယ်လိုလူတွေ သောက်သုံးသင့်လဲ ဆိုရင်တော့

🚨တီဘီပိုးတွေ့ အဆုတ်တီဘီလူနာနဲ့ အတူနေ၅နှစ်အောက်ကလေးများ၊

🚨တီဘီပိုးတွေ့အဆုတ်တီဘီလူနာနဲ့ အတူနေမိသားစုဝင်များ/ ထိတွေ့မှုရှိသူများ

🚨HIV ပိုးရှိသူများ ကုသမှု ခံယူသင့်ပါတယ်။

TB ကို ဖြစ်မှ လပေါင်းများစွာ ကုသရတာထက် မဖြစ်ခင်ကတည်းက ကာကွယ်ထားဖို့ ပိုအရေးကြီးပါတယ်။တီဘီလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့ဖူးသူ၊တစ်အိမ်တည်းနေထိုင်သူဖြစ်ပါက TPT လိုအပ်မလား သိနိုင်ဖို့အတွက် TB-Check မှာ ခုပဲ တိုင်ပင်ဆွေးနွေးလိုက်ပါနော်။

မိုးအေးအေးလေးနဲ့ အပူ‌လျော့ လို့ ပျော်စရာကောင်းပေမယ့် မိုးရာသီနဲ့အတူ ကပ်ပါလာတတ်တဲ့ ရောဂါဆိုးတစ်ခုကတော့ "ဝမ်းပျက်ဝမ်းလျှော...
01/07/2026

မိုးအေးအေးလေးနဲ့ အပူ‌လျော့ လို့ ပျော်စရာကောင်းပေမယ့် မိုးရာသီနဲ့အတူ ကပ်ပါလာတတ်တဲ့ ရောဂါဆိုးတစ်ခုကတော့ "ဝမ်းပျက်ဝမ်းလျှောရောဂါ" ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် ကလေးငယ် (၁.၇) သန်းခန့်အထိ အသက်ဆုံးရှုံးနေရတဲ့ ဒီရောဂါဟာ မိုးရာသီ ရေကြီးရေလျှံမှုတွေနဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကြောင့် အဓိက ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဖေဖေ မေမေတို့အနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို ခုဖော်ပြမယ့် နည်းလမ်းတွေကနေ တဆင့် ရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

● ရေကို အထူးသန့်စင်ပါ : မိုးရာသီမှာ ရေထုညစ်ညမ်းမှု အဖြစ်များလို့ ကျိုချက်ထားတဲ့ သန့်စင်ထားတဲ့ ရေကိုပဲ တိုက်သင့်ပါတယ်။

● လမ်းဘေးစာတွေ ရှောင်ပါ : အစားအသောက်ပြင်ဆင်ပုံနဲ့ သုံးစွဲတဲ့ရေ မသန့်ရှင်းတာမျိုး ရှိနိုင်လို့ တတ်နိုင်သမျှ ရှောင်ပေးရပါမယ်။

● သေချာဆေးကြော ချက်ပြုတ်ပါ : အသီးအရွက်တွေကို ရိုးရိုးရေအစား ရှာလကာရည် အနည်းငယ်ထည့်ထားတဲ့ ရေနဲ့ ဆေးတာက ပိုမိုသန့်စင်စေပါတယ်။ အစားအစာတွေကို ချက်ပြုတ်တဲ့အခါမှာလည်း သေချာလေး ကျက်အောင် ချက်ပြုတ်သင့်ပါတယ်။

● ဝမ်းလျှောရင် ရေများများတိုက်ပါ : ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတာက အဓိက ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သန့်စင်တဲ့ရေ (သို့) ဓာတ်ဆားရည် များများတိုက်ပေးရပါမယ်။ [ကော်ဖီ၊ ကဖိန်းဓာတ်ပါတဲ့ အရည်တွေ၊ အချိုရည်နဲ့ ဆိုဒါတွေကိုတော့ လုံးဝမတိုက်ရပါဘူး။]

မိုးရာသီမှာ မိမိတို့ရဲ့ ရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့ အစားအသောက်နဲ့ ရေကို အထူးဂရုစိုက်ကြပါစို့။

လူသားတိုင်းမှာ ကွဲပြားခြားနားတဲ့ ကိုယ်ပိုင်ခံယူချက်လှလှလေးတွေ ရှိတတ်ကြပါတယ်။အဲဒီအထဲမှာ အချစ် က ထိပ်ဆုံးမှာပေါ့။အချစ်ဆိုတ...
28/06/2026

လူသားတိုင်းမှာ ကွဲပြားခြားနားတဲ့ ကိုယ်ပိုင်ခံယူချက်လှလှလေးတွေ ရှိတတ်ကြပါတယ်။

အဲဒီအထဲမှာ အချစ် က ထိပ်ဆုံးမှာပေါ့။

အချစ်ဆိုတာ ဘောင်ခတ်ထားလို့မရတဲ့အရာမို့ ဇွန်လရဲ့ အေးမြတဲ့ မိုး‌ရာသီမှာ LGBTQ+ သူငယ်ချင်း အားလုံးနဲ့ အတူ ချစ်ခြင်းမေတ္တာတွေ၊ပျော်ရွှင်စရာ အခိုက်အတန့်တွေ၊ မိမိကိုယ်ကိုယ် တန်ဖိုးထားမှုတွေကို ဖော််ပြလိုက်ကြရအောင်နော်။

သူငယ်ချင်းတို့ရေ.....
အောက်က comment ထဲမှာ ရောင်စုံ emoji လေးတွေ မန့်ခဲ့ပြီး Pride month ကို support လုပ်ကြောင်း မျှဝေပေးခဲ့ပါဦး။🏳️‍🌈❤️

Address

Yangon
11081

Website

Alerts

Be the first to know and let us send you an email when Thukha Thuta - သုခသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share