29/09/2026
👉 A condom may be small, but the protection it offers can be life-saving.
Make condoms a part of responsible s*xual behaviour and take a simple step towards preventing HIV and STIs.
Protect yourself.
Protect your partner.
Choose condoms.
🧤 Condom ကို မှန်ကန်စွာ အသုံးပြုနည်း
Condom ကို မှန်ကန်စွာ အသုံးပြုခြင်းက မလိုချင်တဲ့ ကိုယ်ဝန်နဲ့ လိင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ရာမှာ အရေးကြီးပါတယ်။
အောက်ပါအချက်တွေကို လိုက်နာပြီး မှန်ကန်စွာ အသုံးပြုနိုင်ပါတယ်။
✅️ အဆင့် ၁: အသင့်ပြင်ဆင်ခြင်း 📩
• သက်တမ်းစစ်ဆေးပါ၊
Condom ထုပ်ပိုးမှုပေါ်က သက်တမ်းကုန်ဆုံးရက်ကို အမြဲစစ်ဆေးပါ။ သက်တမ်းလွန်ပြီးသား Condom ကို မသုံးပါနဲ့။
• ထုပ်ပိုးမှုကို စစ်ဆေးပါ၊
ထုပ်ပိုးမှုက လေလုံပြီး မပျက်စီးနေဖို့ လိုပါတယ်။ ပေါက်ပြဲနေတဲ့ ဒါမှမဟုတ် ပွင့်နေတဲ့ ထုပ်ပိုးမှုကို မသုံးပါနဲ့။
• မှန်ကန်စွာ ဖွင့်ပါ၊
ထုပ်ပိုးမှုကို သွားနဲ့ ဒါမှမဟုတ် ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ မဖွင့်ပါနဲ့။ ထုပ်ပိုးမှုရဲ့ ဘေးနားမှာရှိတဲ့ ခေါက်ကြောင်းလေးကနေ လက်နဲ့ ညင်သာစွာ ဖွင့်ပါ။
✅️ အဆင့် ၂: Condom စွပ်ခြင်း 🎩
• သဘာဝအခြေအနေ စောင့်ပါ၊
လိင်အင်္ဂါထိပ်ပိုင်းမှာ Condom ကိုတင်ပြီး လိင်တံ တင်းမာနေတဲ့ အချိန်မှာ စွပ်ပါ။
• လေထွက်အောင်လုပ်ပါ၊
Condom ရဲ့ ထိပ်ပိုင်းကို လေထွက်ဖို့ ညှစ်ပေးပါ။ ဒါမှ လေပူဖောင်း မဖြစ်တော့ပဲ သုတ်ရည်အတွက် နေရာကျန်ပါမယ်။
• အောက်သို့ လိပ်ချပါ၊
Condom ကို လိင်တံအောက်ခြေအထိ လှိမ့်ချပြီး အပြည့်အစုံ ဖုံးအုပ်ပါ။
• ချောဆီသုံးပါ၊
ရေအခြေခံ (water-based) ဒါမှမဟုတ် ဆီလီကွန်အခြေခံ (silicone-based) ချောဆီကို သုံးနိုင်ပါတယ်။ ဆီအခြေခံ (oil-based) ချောဆီတွေက Condom ကို ပျက်စီးစေနိုင်တာကြောင့် ရှောင်ကြဉ်ပါ။
✅️ အဆင့် ၃: လိင်ဆက်ဆံပြီးနောက် 🍌
• ချက်ချင်းဖယ်ရှားပါ၊
သုတ်လွှတ်ပြီးနောက်၊ လိင်တံပျော့သွားချိန် မရောက်ခင် ချက်ချင်းထုတ်ပါ။
• အောက်ခြေကို ကိုင်ထားပါ၊
Condom ထိပ်က သုတ်ရည်တွေ မယိုစိမ့်အောင် လိင်တံအောက်ခြေကနေ Condom ရဲ့ အောက်ခြေကို ကိုင်ပြီး ဆွဲထုတ်ပါ။
• Condom ကို ဖြည်းဖြည်းချင်း လှိမ့်ချပါ၊
အသုံးပြုပြီးသား Condom ကို လှိမ့်ချပြီး ဖြုတ်ပါ။
✅️ အဆင့် ၄: စနစ်တကျ စွန့်ပစ်ခြင်း 🗑️
• အမှိုက်ပုံးထဲထည့်ပါ၊
အသုံးပြုပြီးသား Condom ကို တစ်ရှူးနဲ့ ပတ်ပြီး အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။
• အိမ်သာထဲ မထည့်ပါနဲ့၊
အိမ်သာထဲကို Condom တွေ မစွန့်ပစ်ပါနဲ့။ ဒါက ပိတ်ဆို့မှုတွေ ဖြစ်စေနိုင်ပါတယ်။
🚨 အရေးကြီးသောအချက်များ‼️
• ကွန်ဒုံး တခုကို တကြိမ်သာ သုံးပါ။
• မိမိနဲ့ သင့်တော်သော မှန်ကန်တဲ့ အရွယ်အစားကိုသာ ရွေးချယ်ပါ။
• ကွန်ဒုံးကို အသုံးမပြုခင် နေရောင်ခြည်နဲ့ အပူချိန်လွန်ကဲတဲ့ နေရာတွေမှာ မထားပါနဲ့၊ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းပါ။
ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် Condom ကို ထိရောက်စွာနဲ့ ဘေးကင်းစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Photo credit to AIDS Healthcare Foundation