16/10/2025
ဉာဏ်ရည်မသန်စွမ်းသူများ၏ မိသားစုဝင်များနှင့် စောင့်ရှောက်သူများအတွက် အလုပ်ရုံဆွေးနွေးပွဲ!
Inclusion Journey (IJ) မှ ဦးဆောင်၍ ရန်ကုန်မြို့ရှိ ဉာဏ်ရည်မသန်စွမ်းသူများ၏ မိသားစုဝင်များနှင့် စောင့်ရှောက်သူများ အတွက် အထူးရည်ရွယ်သော အသိပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပါမည်
ဤ Session သည် စက်တင်ဘာလတွင် UAE၊ Sharjah ၌ ကျင်းပခဲ့သော Inclusion International ၏ World Congress 2025 မှ အဓိက အချက်အလက်များနှင့် အတွေ့အကြုံများကို မျှဝေပေးမည့် "Knowledge and Information Sharing Session" ဖြစ်ပါသည်။
မျှဝေပေးမည့် အဓိက အကြောင်းအရာများ:
Listen, Include, Respect အကြောင်း
Easy Read ၏ အရေးပါသော သက်ရောက်မှု
ဉာဏ်ရည်မသန်စွမ်းသူများအတွက် မိမိကိုယ်ကို ကိုယ့်အားကိုယ်ကိုးခြင်း (Self-Advocacy)
ဉာဏ်ရည် မသန်စွမ်းသူတိုင်းပါဝင်နိုင်သော သုတေသန ပုံစံ (Inclusive Research)
World Congress 2025 မှ ရရှိသော အလုံးစုံ အတွေ့အကြုံများ
အလုပ်ရုံဆွေးနွေးပွဲ အသေးစိတ်
နေ့ရက်: ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် (ကြာသပတေးနေ့)
အချိန်: နံနက် ၉:၃၀ မှ ညနေ ၄:၃၀ အထိ
နေရာ: 3ZERO House, ရန်ကုန် (အမှတ် ၁၆၇, ၄၇ လမ်း, အပေါ်ဘလောက်, ဗိုလ်တထောင် မြို့နယ်)
Google Map Link - https://maps.app.goo.gl/3R5NmB4NRNa4eETM9?g_st=ipc
မဖြစ်မနေ ယူဆောင်လာပေးပါရန်:
ကိုယ်ပိုင်ရေဗူး
ကိုယ်ပိုင် လက်ကိုင်ပုဝါ/သုတ်ပုဝါ
မှတ်စုစာအုပ်နှင့် ဘော်ပင်
ကိုယ်ပိုင် နေ့လည်စာ (ဤအလုပ်ရုံ ဆွေးနွေးပွဲသည် မည်သည့် ပြင်ပ ထောက်ပံ့ အကူအညီ ငွေကြေး တစ်စုံတစ်ရာမှ မပါဝင်ပဲ ပြုလုပ်ပါသောကြောင့် နေ့လည်စာကို မိမိ ကိုယ်တိုင် စီစဉ်ရမည် ဖြစ်ပါသည်)
ကြိုတင်စာရင်းပေးသွင်းလိုပါက
ဒေါ်ဇင်မေအေး ( 09792254629, 09254828723)
ဒေါ်မိုးသူဇာ ( 09253292112)
ထံသို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်