United Nations OCHA Myanmar

United Nations OCHA Myanmar The UN Office for the Coordination of Humanitarian Affairs(OCHA) in Myanmar

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)

The United Nations Office for the Coordination of Humanitarian Affairs (OCHA) is the part of the United Nations Secretariat responsible for bringing together humanitarian actors to ensure a coherent response to emergencies in Myanmar and around the world.

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရုံး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းက အရေးပေါ်အခြေအနေများကို ဆီလျော်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများအား စုစည်းပေးသည်။

ပဋိပက္ခ၊ ထပ်ဖန်တလဲလဲ ဖြစ်ပွားနေတဲ့ သဘာ၀ ဘေးအန္တရာယ်နဲ့ နေရပ်စွန့်ခွာထွက်ပြေးရတာတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူသားချင...
24/09/2026

ပဋိပက္ခ၊ ထပ်ဖန်တလဲလဲ ဖြစ်ပွားနေတဲ့ သဘာ၀ ဘေးအန္တရာယ်နဲ့ နေရပ်စွန့်ခွာထွက်ပြေးရတာတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဆက်လက် တိုးပွားလျက်ရှိနေပါတယ်။

ကိန်းဂဏန်းတစ်ခုချင်းစီရဲ့နောက်မှာ လူတွေရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေရှိပါတယ်။

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်အတွင်းမှာလည်း သူတို့ အဖြစ်အပျက်တွေ၊ လိုအပ်ချက်တွေကို မေ့မထားဘဲ ထည့်သွင်းဆွေးနွေးသင့်ပါတယ်။

-

Conflict, recurring disasters and displacement continue to drive humanitarian needs across .

Behind every number are people with their own experiences, needs and hopes for the future.

During , their voices must remain at the centre of the conversation.

23/09/2026

သတင်းခေါင်းစီးတွေထဲမှာ မြန်မာနိုင်ငံ မပါတော့တာဟာ ရှိနေတဲ့ အခက်အခဲ အကျပ်အတည်းတွေ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂွင်(န်)လူးဝစ်(စ်) က မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူသန်းပေါင်းများစွာအတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ပံ့ပိုးကူညီမှုတွေ ဆက်လက် လိုအပ်နေကြောင်း တိုက်တွန်းပြောကြားထားပါတယ်။

-

When is no longer in the headlines, it does not mean the crisis is over.

As world leaders gather for , Humanitarian Coordinator Gwyn Lewis calls for continued international attention and support for millions of people across Myanmar.

22/09/2026
ကမ္ဘာတစ်ဝန်းက အကျပ်အတည်း ပေါင်းစုံဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အာရုံစိုက်မှု လိုအပ်နေချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက ၈၁ ကြိမ်မြ...
22/09/2026

ကမ္ဘာတစ်ဝန်းက အကျပ်အတည်း ပေါင်းစုံဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အာရုံစိုက်မှု လိုအပ်နေချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် စုဝေး ရောက်ရှိနေကြပါပြီ။

မြန်မာနိုင်ငံမှာ လူဦးရေ ၁၆ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိပြီး သန်းပေါင်းများစွာကလည်း နေရပ်စွန့်ခွာ နေထိုင်နေကြရပါတယ်။

ကမ္ဘာ့အရေးတွေထဲကနေ မြန်မာနိုင်ငံဟာ ပျောက်ကွယ် မသွားသင့်ပါဘူး။

-

World leaders are gathering for , with crises around the world competing for attention.

More than 16 million people in need humanitarian assistance and millions have been forced from their homes.

Myanmar cannot be forgotten.

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက စီမံခန့်ခွဲလျက်ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေတွေအတွက် ကူ...
17/09/2026

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက စီမံခန့်ခွဲလျက်ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေတွေအတွက် ကူညီပံ့ပိုးပေးတဲ့ ဩစတြေးလျနိုင်ငံကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလို ရက်ရောစွာ ရန်ပုံငွေထည့်ဝင်ပေးတာကြောင့် ကမ္ဘာတစ်ဝန်းက ထိခိုက်ခံစားနေကြရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက လူမှုဘ၀ရှင်သန်ရေး အကူအညီတွေကို အချိန်မီ ပံ့ပိုးပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

-

Thank you, Australia 🇦🇺, for supporting OCHA's Humanitarian Funds.

Your generosity enables humanitarian partners to deliver timely, life-saving assistance to vulnerable communities around the world.

17/09/2026

By Myaa Aung Thein Kyaw

16/09/2026
၂၀၂၆ ခုနှစ် အလယ်ပိုင်းအထိ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ တစ်ဝန်းရှိ လူဦးရေ ၃ ဒသမ ၁ သန်းအတွ...
14/09/2026

၂၀၂၆ ခုနှစ် အလယ်ပိုင်းအထိ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ တစ်ဝန်းရှိ လူဦးရေ ၃ ဒသမ ၁ သန်းအတွက် လူမှုဘ၀ရှင်သန်ရေး အကူအညီတွေ ပေးအပ်နိုင်ခဲ့ပါတယ်။

၂၀၂၆ ကုန်ဖို့ ၄ လ ခန့် ကျန်ရှိချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်တွက် ရန်ပုံငွေ ၄၇ ရာခိုင်နှုန်းရရှိထားပြီး ဖြစ်ပါတယ်။

ထပ်တိုးရန်ပုံငွေနဲ့ ဘေးကင်းလုံခြုံစွာသွားလာ ကူညီနိုင်ခွင့်တွေ ရရှိခဲ့ပါက အကူအညီ လိုအပ်နေဆဲဖြစ်တဲ့ သန်းပေါင်းများစွာသော လူထုထံ အရေးကြီးတဲ့ အကူအညီတွေ ဆက်လက်ပေးအပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

အသေးစိတ် ကြည့်ရှုရန်- https://bit.ly/4isa5or

-

By mid-2026, partners had reached 3.1M people across with life-saving assistance.

With 4 months remaining, the response was 47% funded.

Increased funding and safer access can help extend critical support to millions still in need.

Learn more: https://bit.ly/4isa5or

Address

No. 5 Kanbawza Street
Yangon

Alerts

Be the first to know and let us send you an email when United Nations OCHA Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to United Nations OCHA Myanmar:

Shortcuts

Share