09/04/2025
ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ခံစားရချိန်မှာ လူကြီးတွေနည်းတူ ကလေးတွေအနေနဲ့လည်း ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ပျက်ဝမ်းနည်းမှု၊ စိတ်ဖိစီးမှု စတဲ့ ခံစားချက်တွေကို ခံစားရတတ်ပါတယ်။
ကြုံတွေ့လာရတဲ့ အခြေအနေအပေါ်မူတည်ပြီး ကလေးတစ်ဦးချင်းစီရဲ့ တုန့်ပြန်မှုပုံစံ မတူညီနိုင်ပါဘူး။
ဥပမာ -အအိပ်အစား မမှန်ခြင်း၊ ငယ်စဉ်က အမူအကျင့်များ ပြန်ပေါ်လာခြင်း (ဥပမာ - အိပ်ယာထဲ ဆီးသွားခြင်း)၊ အသက်အရွယ် ငယ်လွန်းသော ကလေးငယ်လေးများတွင် ငိုလွယ်ခြင်း၊ ဒေါသထွက်၊ စိတ်ကြီးခြင်း၊ တစ်ယောက်ထဲထား၍ မရခြင်း၊ စိုးရိမ်ပူပန်လာခြင်း စိတ်တိုဒေါသထွက်ပြီး အန္တရာယ်ဖြစ်စေနိုင်သော အပြုအမူများ ပြုလုပ်နိုင်ခြင်း၊ နေ့စဉ်လုပ်နေကျ အလုပ်များကို ယခင်ကဲ့သို့ မလုပ်ဆောင်ခြင်း သို့မဟုတ် လုံးဝမလုပ်ခြင်း၊ အကြောင်းရင်းမရှိဘဲ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတာတွေ ခံစားရလေ့ရှိပါတယ်။
ဒီလိုအချိန်မှာ စိတ်လုံခြုံနွေးထွေးမှုရှိခြင်းက ကလေးတွေအတွက် အရေးကြီးတာကြောင့် မိဘ၊အုပ်ထိန်းသူတွေအနေနဲ့ မိမိကလေးကို ဘယ်လို ဂရုစိုက်ပြီးကူညီပေးနိုင်မလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။
#စိတ်လုံခြုံနွေးထွေးမှုရှိခြင်း