Smart Power Myanmar

Smart Power Myanmar Electricity for development.

01/10/2025
15/08/2025

ECterra ကုမ္ပဏီ ရဲ့ ကြံခင်းတွေကိုရေသွင်းစိုက်ပျိုးဖို့ရန် ကြာချိန် 15 နာရီလိုအပ်ပါတယ်။ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်က 2 နာရီပဲရတယ်။ ဒါပေမယ့် အခုအရာအားလုံးပြောင်းလဲသွားခဲ့ပါပြီ။

ကျွန်တော်တို့မှာ အခုဆိုလာရှိနေပြီဆိုတော့ သေချာတာတစ်ခုက အထွက်နှုန်းတွေမြင့်မားလာမယ်။ ပတ်ဝန်းကျင်လည်းစိမ်းလန်းစိုပြည်ပြီးတော့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေလည်း တိုးတက်ဖွံ့ဖြိုးလာမယ်။

ကိုထွန်းထွန်း၊ စိုက်ပျိုးရေးပညာရှင်၊ECterraAgriculture Company

ECterra's sugarcane required 15 hours of irrigation. The grid only gave them two. Then everything changed.

“Now that we have , one thing is certain: yields will be high, this area will stay lush and green, and the surrounding villages will develop and prosper.” — Ko Tun Tun, Agronomist, ECterraAgriculture Company.

21/07/2025

Real stories ➡ Real learning ➡ Real impact. ​
This is MEL in action.​

See below.

ဆိုလာမီနီဂရစ်တွေက မထင်မရှား သူရဲကောင်းတွေပါ။မီးမရရှိခဲ့ဖူးတဲ့ ကျေးရွာတွေကို လျှပ်စစ်မီးဖြန့်ဝေပေးခြင်းဖြင့် ဒေသခံစီးပွား...
11/07/2025

ဆိုလာမီနီဂရစ်တွေက မထင်မရှား သူရဲကောင်းတွေပါ။
မီးမရရှိခဲ့ဖူးတဲ့ ကျေးရွာတွေကို လျှပ်စစ်မီးဖြန့်ဝေပေးခြင်းဖြင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းအသစ်များစွာကို ဖန်တီးပေးနေပါတယ်။ မနှင်းဇာလီ ကိုဥပမာကြည့်ပါ။ မီနီဂရစ်ကနေ လျှပ်စစ်မီးရရှိပြီးနောက် သူမဟာမိသားစုဝမ်းစာဖူလုံရေးအတွက် ပူပြင်းတဲ့ရာသီဥတုမှာ အနီးအနားမှာရှိတဲ့ ကျေးရွာတွေဆီကို ရေခဲချောင်းရောင်းချပြီး ကျေးရွာသားတွေကို အပူသက်သာအောင်ကူညီနိုင်ခဲ့ပါတယ်။

"အခြားအမျိုးသမီးတွေကိုလည်း အိမ်မှာနေရင်း အလုပ်လုပ်နိုင်တယ်ဆိုတာ ပြချင်တယ်။ ဒီလိုနည်းနဲ့ သူတို့မှာ ပုံမှန်ဝင်ငွေနဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးတစ်ခု ရှိလာမယ်"

Solar mini-grids are unsung heroes. By energizing previously unelectrified villages, they unlock countless new opportunities for local entrepreneurs. Take Hnin Zarli, for example. With reliable power, she began making and selling ice lollies to nearby villages to support her family while offering the community relief from Myanmar’s relentless heat.

"I want to show other women that they can also work from home. This will allow them to have a steady income and a sustainable business."

In 2023, the SPM team investigated how mini-grid power affects small business owners nationwide. In rural villages without access to utility electricity, sol...

08/07/2025

မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ယခုအချိန်မှာတော့ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့အချိန်ကျရောက်လာပြီ ဖြစ်ပါတယ်။

ဘယ်လိုဖြေရှင်းကြမလဲဆိုတာ သိရအောင် ဒီဗီဒီယိုကို ရှုစားကြည့်လိုက်ပါ။

Myanmar businesses are suffering. The time to act is now.​

Watch to find out why.

ECterra Agriculture Company Limited ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အစောပိုင်းတွင် ပြောင်း၊ ပဲနှင့် မြေပဲစိုက်ပျ...
27/06/2025

ECterra Agriculture Company Limited ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အစောပိုင်းတွင် ပြောင်း၊ ပဲနှင့် မြေပဲစိုက်ပျိုးခဲ့သော်လည်း၊ နောက်ပိုင်းတွင် မြေအခြေအနေနှင့်လိုက်လျောညီထွေမှုရှိပြီး အနီးရှိ သကြားစက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သော ကြံစိုက်ပျိုးရေးဆီသို့ ကူးပြောင်းခဲ့ပါသည်။ ထိုကြံစိုက်ခင်းအတွက် ပီဗစ် (pivot) ရေဖြန်းစနစ် ၁၁ ခု တပ်ဆင်ထားပြီး၊ တစ်ခုစီသည် ဧက ၁၀၀ ကို ၂၄ နာရီအတွင်း ရေလှည့်လည်ဖြန်းနိုင်ပါသည်။

၂၀၂၁ နှောင်းပိုင်းတွင် ECterra သည် Smart Power Myanmar ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အကြံပေးချက်များကိုလက်ခံရယူခဲ့ပြီး ၁၃၆.၉ kW ဆိုလာစနစ် တပ်ဆင်ကာ ပီဗစ် ၄ ခုအား ဆိုလာစွမ်းအင်ဖြင့် အသုံးပြုနိုင်ခဲ့ပါသည်။

လျှပ်စစ်ဓာတ်အားလိုင်း အခြေအနေ မတည်ငြိမ်မှုကြောင့် ECterra ၏ ကုန်ကျစရိတ်များ မြင့်တက်လာချိန်တွင်၊ SPM ရဲ့ အကူအညီဖြင့် ဆိုလာစနစ် တပ်ဆင်ပြီးနောက် လာမည့် ၂၀ နှစ်အတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ချွေတာနိုင်မည် ဖြစ်ပါသည်။ ဤလုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်ကိုဖြည့်ဆည်းရန် ဒေါ်လာ ၃၀,၀၀၀ ကို ချေးငွေအာမခံအဖြစ် ရယူခဲ့ပါသည်။ ၎င်းသည် အကျိုးရှိသော အရင်းအနှီး၏ သက်ရောက်မှု စွမ်းအား (catalytic capital) ကို ဖော်ပြသည့် ဥပမာတစ်ခုပင်ဖြစ်ပါသည်။

ECterra Agriculture Company Limited was established in 2018 and the company initially grew corn, beans, and peanuts, but later transitioned to sugar cane, which was better suited to the land and met high demand from nearby sugar mills struggling with raw material shortages. The farm currently runs 11 pivot irrigation systems, each requiring a minimum of 24 hours to complete one full cycle over 100 acres. Towards the end of 2021, ECterra connected with Smart Power Myanmar (SPM). SPM provided both technical and financial guidance to ECterra and they decided to install a 136.9 kW solar system to power four pivot irrigation systems. As the grid continued to fail ECterra, their costs skyrocketed. hashtag will now save this SME $2,000 every month for the next 20 years. All it took was a $30K loan guarantee to unlock the financing. This is the power of catalytic capital.

18/06/2025

စွမ်းအင်ကုန်ကျစရိတ်များခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသောမီးခိုးများနှင့် အသံဆူညံခြင်းများကြောင့် 333 PP Woven Bag ကုမ္ပဏီသည်မိမိတို့၏ထုတ်ကုန်ဖြစ်သော စိုက်ပျိုးရေးသုံးပီနံအိတ်များကို နေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။

ယခုအခါတွင် စက်ရုံသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁,၇၀၀ မှ ၂,၀၀၀ အထိ ကုန်ကျစရိတ်သက်သာ လျက်ရှိပါသည်။ ဤလုပ်ငန်းအကြောင်းကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

နေရောင်ခြည်စွမ်းအင်သုံးစနစ် သို့ ပြောင်းလဲအသုံးပြုခြင်းဖြင့်…
⚡️ စွမ်းအင်ကုန်ကျစရိတ်ကို ၅၄% လျှော့ချနိုင်ခဲ့သည်။
🏦၃ နှစ်ခွဲအတွင်း ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိမည်။
🌍နှစ် ၂၀ အတွင်း ကာဗွန် Xတန် ထုတ်လွှတ်မှုကို ရှောင်ရှားနိုင်မည်။

ဤစီမံကိန်းကို စမတ်ပါဝါမြန်မာ၏ နည်းပညာဆိုင်ရာပံ့ပိုးမှုနှင့် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ RBF အစီအစဉ်မှ ထောက်ပံ့ငွေတို့ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ မြန်မာ နိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် RBF ၏ စဉ်ဆက်မပြတ်ကြိုးပမ်းမှုအတွက်လည်း ကျေးဇူးတင်ရှိပါသည်။

Tired of high energy costs, dirty exhaust, and noise pollution, 333 PP Woven Bag Co. began weaving its agri-bags with . Now, the factory is saving $1,700–$2,000 per month. Watch the story below.

By switching to solar, it…
⚡️ Reduced energy costs by 54%
🏦 Will make back its investment in less than 3.5 years
🌍 Will avert X tons of carbon emissions over 20 years.

This project was made possible by combining SPM’s technical support with a grant from the Ministry of Foreign Affairs of Denmark's RBF program.

Thank you, RBF, for your continued dedication to ’s SMEs.

12/06/2025

ကျွန်တော်တို့ ဘာကြောင့် ဒေသတွင်းဘဏ္ဍာရေးကို ပံ့ပိုး‌ပေးရသလဲ?

မြန်မာနိုင်ငံရဲ့ အနာဂတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က ဒေသတွင်းရှိ ရှိရင်းစွဲအရင်းအမြစ်အပေါ်တွင် မူတည်နေသည်ဆိုတာကို သိပါသလား?

ပြင်ပအကူအညီမပါဘဲ ဘဏ်တွေကနေ ဆိုလာစနစ်တပ်ဆင်ခြင်းအတွက် ချေးငွေဝန်ဆောင်မှုပေးနေခြင်းက စီးပွားရေးလုပ်ငန်းများကို နောင်နှစ်ပေါင်းများစွာ ရေရှည်တည်တံ့သော ဆိုလာစနစ်ကို ရရှိစေရန် အကူအညီပေးနေခြင်းပဲ ဖြစ်ပါတယ်။

Why do we support local finance? See our new video!
Myanmar’s renewable energy future depends on local capacity. As banks lend for solar, financing continues — without external support — ensuring businesses have access to for years to come.

05/06/2025

Shan Orchard သည် ဟဲဟိုးမြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ထောပတ်သီးဆီထုတ်လုပ်သည့် လုပ်ငန်း အဖြစ် လည်ပတ်လျက်ရှိပါသည်။ ဤလုပ်ငန်း၏ အကြီးမားဆုံး စိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အား မရရှိခြင်းပြဿနာ ဖြစ်ပါသည်။ အနီးဆုံး လျှပ်စစ်မီးတိုင်သည် တစ်မိုင်အကွာတွင် ရှိသဖြင့် လက်ရှိတွင် စျေးကြီးသည့် ဒီဇယ်အင်ဂျင်များဖြင့် လုပ်ဆောင်နေရခြင်း ကြောင့် လည်ပတ်စရိတ် အလွန်မြင့်မားလျက်ရှိသည်။

ဤအခြေအနေတွင် Solar စနစ်သို့ ပြောင်းလဲခြင်းသည် အသင့်တော်ဆုံး အဖြေဖြစ်သော်လည်း၊ Solar စနစ်တပ်ဆင်ရန် လုံလောက်သော ငွေကြေးအရင်းအနှီး မရှိခြင်း၊ မြန်မာနိုင်ငံရှိ ဘဏ်များကလည်း Solarစီမံကိန်းများအတွက် ချေးငွေထုတ်ပေးရန် အတွေ့အကြုံနည်းပါးနေခြင်း တို့က အဟန့်အတား ဖြစ်နေခဲ့ပါသည်။

ဤပြဿနာကို Smart Power Myanmar က အခက်အခဲမရှိ ဖြေရှင်းပေးနိုင်ခဲ့ပါသည်။
•နည်းပညာပိုင်းဆိုင်ရာ အကူအညီများ
•ချေးငွေအာမခံ
တို့ဖြင့် Shan Orchard ၏Solarစီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ယခုဆိုလျှင် Solarစနစ်၏ အကူအညီဖြင့် ထောပတ်သီးစိုက်ပျိုးသည့် တောင်သူ ၂၅၀ ခန့်သည် ယခင်က အပယ်သီးများအဖြစ် စွန့်ပစ်ခဲ့ရသည့် ထောပတ်သီးများကို ဝင်ငွေရရှိသည့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်ခဲ့ကြပါပြီ။

Shan Orchard is the first Myanmar avocado oil producer in Heho. Their biggest challenge is that there is no grid power available here. The closest pole is one mile away from there. They are operating on diesel fuel, powered generator and that has been costly.

But they didn't have enough in working capital to finance solar project. Myanmar banks are unfamiliar with solar finance.

Smart Power Myanmar bridges the gap. With Smart Power Myanmar's technical expertise and cash guarantee on their solar project.

Now, Through solar, 250 avocado farmers are converting their "garbage" rejected fruit into cash.

03/06/2025

"ကျွန်တော်တို့ solarစနစ်တွေရဲ့ စျေးနှုန်းတွေကို စုံစမ်းခဲ့ကြပါတယ်။ ဒါပေမယ့် မျှော်လင့်ထားတာထက် စျေးကြီးနေတာကြောင့် ဝယ်ယူဖို့ မတတ်နိုင်ခဲ့ဘူး။"

ဒီအကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ အလွန်အဖြစ်များတဲ့ ကိစ္စရပ်တစ်ခုပါ။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အရမ်းလိုချင်နေကြပေမယ့်လည်း အာမခံပစ္စည်း လုံလုံလောက်လောက်မရှိတဲ့ လုပ်ငန်းတွေအတွက် ပံ့ပိုးပေးနိုင်တဲ့ ငွေကြေးဆိုင်ရာ အခြေခံစနစ်ကလည်း မပြည့်စုံသေးပါဘူး။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီမှာ ရှိနေတာပါ။ ကျွန်တော်တို့ရဲ့ ချေးငွေအာမခံနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် solar စွမ်းအင်ရင်းနှီးမြှုပ်နှံမှုတွေမှာ တိုးတက်ပြောင်းလဲစေမည့်အပြင် အဆပေါင်းများစွာ ပိုမိုရရှိနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် လမ်းဖွင့်ပေးနေပါတယ်။

"We inquired about solar prices, But they were unexpectedly high, and we couldn’t afford them."
This story is all too common in Myanmar. SMEs are desperate for renewable energy, but the financial system isn't set up to support strong businesses that lack collateral.
This is why we're here. Our loan guarantees and technical support are catalyzing solar investment for SMEs, unlocking capital many times greater than what we invest.

20/05/2025

မြန်မာနိုင်ငံ၏ စွမ်းအင် ပံ့ပိုးမှုသည် လူဦးရေ ၂၅ သန်းအထိ ရောက်ရှိနေပြီး ၎င်းသည် နိုင်ငံ၏ လူဦးရေတစ်ဝက်နီးပါးဖြစ်သော်လည်း လက်တွေ့တွင် ထိရောက်မှုမရှိသလောက်ဖြစ်နေပါသည်။

ပဋိပက္ခ၊ ဆင်းရဲနွမ်းပါးမှုနှင့် ပြင်းထန်သော ငလျင်ဒဏ်တို့ကို ကျေးရွာလူထုများနှင့် စီးပွားရေးလုပ်ငန်းများက ခံစားနေကြရပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံရန် အလွန်အရေးကြီးပါသည်။

Myanmar’s energy grid reaches 25 million people. That's nearly half of the country's population. But there's a problem: It's nearly useless.

Between conflict, poverty, and a devastating earthquake, communities and businesses are suffering, making investment in renewable energy absolutely critical.

Address

12th Floor, Myanmar Plaza Office Tower #2, 192 Kabar Aye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Smart Power Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Smart Power Myanmar:

Share