Myanmar Rowing And Canoeing Federation

Myanmar Rowing And Canoeing Federation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Rowing And Canoeing Federation, Nonprofit Organization, Inya Road, Kamayut Township, Yangon.

 # ဒီဇင်ဘာ ၁၉ ရက် ဒုတိယနေ့ Sea Games Dragon Boat ပြိုင်ပွဲ နောက်ဆုံးရက်အဖြစ်ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မီတာ၅၀၀အမျိုးသား၁၀ တက်...
19/12/2025

# ဒီဇင်ဘာ ၁၉ ရက် ဒုတိယနေ့ Sea Games Dragon Boat ပြိုင်ပွဲ နောက်ဆုံးရက်အဖြစ်ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မီတာ၅၀၀အမျိုးသား၁၀ တက်ပြိုင်ပွဲနှင့်မီတာ ၅၀၀ အမျိုးသမီး၁၀ တက်ပြိုင်ပွဲများတွင် တတိယ ကြေးတံဆိပ်ရရှိခဲ့သော လှေလှော်ကစားသမားများအား Jewellery Luck Group of Companies မှကျပ် သိန်း၅၀ နှင့် ကျပ် သိန်း ၁၀၀အသီးသီးဆုချီးမြှင်ခဲ့ကြောင်းသိရှိရသည်။

33rd Sea Games Rowing Beach Spirit CM1X Open Man Solo 🥇Thailand 🥈Myanmar (Wai Yan Moe)🥉Indonesia ပထမဦးဆုံး Sea Games Eve...
19/12/2025

33rd Sea Games
Rowing Beach Spirit
CM1X Open Man Solo
🥇Thailand
🥈Myanmar (Wai Yan Moe)
🥉Indonesia
ပထမဦးဆုံး Sea Games Event အဖြစ်ထည့်သွင်းကျင်းပခဲ့ရာ မြန်မာ Rowing လှေကစားသမား ဝေယံမိုးအနေဖြင့် ပြိုင်ပွဲအတွေ့ကြုံမရှိသော်လည်း အင်ဒိုမှ ကစားသမားအားအကောင်းဆုံးကျော်ဖြတ်အနိုင်ယူခဲ့ပြီး ဖိုင်နယ်တွင် အိမ်ရှင်ထိုင်းအသင်းနှင့်အကြိတ်အနှယ်ယှဉ်ပြိုင်ကာ ဒုတိယဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

၃၃ကြိမ်မြောက် Sea Games Dagon Boat ပြိုင်ပွဲမီတာ၂၀၀ ကျား+မ  တက်၂၀ Dragon Boat နှစ်ကျော့ပေါင်းရလဒ်🥇ပထမ အင်ဒို🥈ဒုတိယ ထိုင်...
18/12/2025

၃၃ကြိမ်မြောက် Sea Games Dagon Boat ပြိုင်ပွဲ

မီတာ၂၀၀ ကျား+မ တက်၂၀ Dragon Boat နှစ်ကျော့ပေါင်းရလဒ်

🥇ပထမ အင်ဒို
🥈ဒုတိယ ထိုင်း
🥉တတိယ မြန်မာ

မီတာ၂၀၀ ကျား ၁၀ တက် Dragon Boat နှစ်ကျော့ပေါင်းရလဒ် #ပထမ အင်ဒို🥇 #ဒုတိယ ထိုင်း🥈 #တတိယ မြန်မာ🥉
18/12/2025

မီတာ၂၀၀ ကျား ၁၀ တက် Dragon Boat နှစ်ကျော့ပေါင်းရလဒ်

#ပထမ အင်ဒို🥇

#ဒုတိယ ထိုင်း🥈

#တတိယ မြန်မာ🥉

ထိုင်း၊မလေးရှားနဲ့အင်ဒိုနီးရှား တို့ကို ကျော်တက်ပြီး မြန်မာ မှ နီလာဝင်း သည်Lightweight Women’s single sculls အပြည်ပြည်ဆိ...
17/12/2025

ထိုင်း၊မလေးရှားနဲ့အင်ဒိုနီးရှား တို့ကို ကျော်တက်ပြီး မြန်မာ မှ နီလာဝင်း သည်Lightweight Women’s single sculls အပြည်ပြည်ဆိုင်ရာလှေ(Rowing)ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိ ခဲ့ရာ Jewellery Luck Group of Companies မှ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်။

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။🇲🇲 ထပ်မံအောင်မြင်မှုဖြစ်တဲ့ SEA GAMES Canoeing အမျိုးသားလေးယောက်လှော် (၂၀၀) မီတာပြိုင်ပွဲတွင...
12/12/2025

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။

🇲🇲 ထပ်မံအောင်မြင်မှုဖြစ်တဲ့ SEA GAMES Canoeing အမျိုးသားလေးယောက်လှော် (၂၀၀) မီတာပြိုင်ပွဲတွင် မြန်မာငွေတံဆိပ်ဆု ထပ်မံရရှိ 🇲🇲

▪️ SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားလေးယောက်လှော် ၂၀၀ မီတာ (Men's Canoe Four 200m - C4 200m) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် Kyaw Zaya, Myo Hlaing Win, Htut Khaung Zaw, Thant Zin Oo တို့သည် 35.056 စံချိန်နှင့် ထိုင်းနိုင်ငံမှ လက်ရွေးစင်အားကစားသမားများဖြစ်တဲ့ Sisong Mongkhonchai, Hongkaeo Wittaya, Chaithong Piyawat,
Sisong Mongkhonchai နှင့် Mahawattanangkul Pitpiboon တို့ကို 34.223 စံချိန်မျှသာ ကွာခြားသည့်
ထူးချွန်ပြောင်မြောက်စွာ ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ် (Silver Medal) ဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါသည်။

200m

@ Slalom ကစားနည်း ပြိုင်ပွဲ ( အကွေ့အကောက် အခက်အခဲဖြတ်ကျော်ကစားနည်း)မသိရှိသူများအတွက် ၃လကျော်သာ ပြည်ပသွားရောက်လေ့ကျင့်ပီး ယှဉ်ပြိုင်ခဲ့သည့်မြန်မာ့လှေအားကစားသမားတယောက်ရဲ့ပါဝင်ယှဉ်ပြိုင်မှု။

ဒီဇင်ဘာ ၁၁ရက်ယနေ့ ညနေပိုင်းက Chon Buri မြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center Rayong ၌  ကနူးလှ...
11/12/2025

ဒီဇင်ဘာ ၁၁ရက်

ယနေ့ ညနေပိုင်းက Chon Buri မြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center Rayong ၌ ကနူးလှေ အမျိုးသားနှစ်ယောက်လှော် မီတာ၂၀၀ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စံချိန်၃၉.၆၈၈ဖြင့် ဒုတိယ ငွေတံဆိပ်ဆုကို ရရှိခဲ့ပြီး ၊ ကယက် Slalom အမျိုးသမီးတစ်ယောက်လှော် အတားအဆီး‌အကျာ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။

ကနူးလှေ အမျိုးသား နှစ်ယောက်လှော် မီတာ ၂၀၀ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ မှ ရမှတ် စံချိန် ၃၈.၂၀ ဖြင့် ပထမ ၊ မြန်မာနိုင်ငံမှ မျိုးလှိုင်ဝင်းနှင့် ထွဋ်ခေါင်‌ဇော်တို့က ရမှတ်စံချိန် ၃၉.၅၃၄ဖြင့် ဒုတိယ ၊ အင်ဒိုနီးရှားနိုင်ငံမှရမှတ် စံချိန် ၃၉.၆၈၈ ဖြင့် တတိယ ရရှိခဲ့သည်။

ကယက်ဆလာလွန် Slalom အတားအဆီးကျော် ပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းနိုင်ငံက ရမှတ်စံချိန် ၉၇.၃၇ဖြင့် ပထမ ၊ အင်ဒိုနီးရှားနိုင်ငံက ရမှတ် စံချိန်၁၀၄.၀၈ဖြင့် ဒုတိယ ၊ မြန်မာနိုင်ငံက ရမှတ် စံချိန်၁၁၃.၆၇ဖြင့် တတိယ ရရှိခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဒုတိယဆုရရှိခဲ့သည့် မျိုးလှိုင်ဝင်း နှင့် ထွဋ်ခေါင်ဇော် ၊ တတိယဆု ရရှိခဲ့သည့် ပိုပိုအောင်တို့အား ပြန်ကြားရေးဝန်ကြီးဌာ ၊ ဒုတိယဝန်ကြီးဦးရဲတင့် တိုက ဂုဏ်ပြုချီးမြှင့်ငွေများ ကိုလည်ကောင်း ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နာယက ဦးကျော်စိန် နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း Jewelry Luck Group Of Companies တို့က ဂုဏ်ပြုချီးမြှင့်ငွေ ဒုတိယဆုကို ကျပ်သိန်းတစ်ရာ တတိယဆုကို ငွေကျပ် သိန်းငါးဆယ်တို့ကို အသီးသီးချီးမြှင့်ခဲကြသည်။အလားတူမနေ့က ကျင်းပပြီးစီးခဲ့သည့် ကနူးမီတာ ၅၀၀ ကျား တယောက်လှော်ပြိုင်ပွဲတွင် ဒုတိယ ငွေတံဆိပ်ဆုရ မျိုးလှိုင်ဝင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ကို Jewellery Luck Group of Companies က ချီးမြှင့်ခဲ့သည်။

အဆိုပါ ကယက်ဆလာလွန် Slalom အားကစားနည်းသည် မိမိတို့ တွင် ကစားလေ့ကျင်းရေးကွင်းမရှိသည့်အတွက် ထိုင်းသို့ ၄လတာနီးပါး သွားရောက်လေ့ကျင့်ပီးပြိုင်ပွဲဝင်‌ရောက်ခဲ့ခြင်းဖြစ်သည့်အတွက် အချိန်တိုအတွင်း တတိယဆုတံဆိပ်ကို ပိုပိုအောင်က ရရှိခဲ့သည်။

🥉 သမိုင်းမှတ်တိုင်တစ်ခု.....✨✨▪️မြန်မာ့ပထမဆုံး Women's Kayak Slalom ပြိုင်ပွဲတွင် ပိုပိုအောင် ကြေးတံဆိပ်ဆု ဆွတ်ခူး! 🇲🇲▪️...
11/12/2025

🥉 သမိုင်းမှတ်တိုင်တစ်ခု.....✨✨

▪️မြန်မာ့ပထမဆုံး Women's Kayak Slalom ပြိုင်ပွဲတွင် ပိုပိုအောင် ကြေးတံဆိပ်ဆု ဆွတ်ခူး! 🇲🇲

▪️SEA GAMES Thailand 2025 ဒီဇင်ဘာ (၁၁) ရက်နေ့တွင် ကျင်းပသည့် အမျိုးသမီး တစ်ဦးချင်း ကယက် Slalom (Women's Kayak Single Slalom) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမား ပိုပိုအောင်က ကြေးတံဆိပ် (Bronze Medal) ဆုကို ဆွတ်ခူးရယူနိုင်ခဲ့ပြီ ဖြစ်ပါသည်။

▪️ပထမဆုံးသမိုင်းမှတ်တိုင် Kayak Slalom ပြိုင်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် SEA Games တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သော အားကစားပြိုင်ပွဲအမျိုးအစား ဖြစ်ပါသည်။

▪️ အားကစားသမား ပိုပိုအောင်သည် စိန်ခေါ်မှုများပြည့်နှက်သည့် Kayak Slalom ပြိုင်ပွဲကို (၄) လတာ ကာလသာ လေ့ကျင့်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုကဲ့သို့ ကြေးတံဆိပ်ဆု ရရှိခဲ့ခြင်းသည် အလွန်ပင် ချီးကျူးဂုဏ်ပြုထိုက်သည့်အောင်မြင်မှုတစ်ခု ဖြစ်ပါသည်။

▪️တိုတောင်းသော လေ့ကျင့်ချိန်ဖြင့် နိုင်ငံ့အတွက် သမိုင်းဝင်ဆုကို ဆွတ်ခူးနိုင်ခဲ့သော အားကစားသမား ပိုပိုအောင်၏ စိတ်ဓာတ်ခွန်အားနှင့် ကြိုးပမ်းအားထုတ်မှုကို အထူးပင်ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

#ပိုပိုအောင်

Address

Inya Road, Kamayut Township
Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Rowing And Canoeing Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share