Myanmar Rowing And Canoeing Federation

Directions

Myanmar Rowing And Canoeing Federation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Rowing And Canoeing Federation, Nonprofit Organization, Inya Road, Kamayut Township, Yangon.

 #မီတာ ၂၀၀၀ ကျား ၁၀ တက် ဖိုင်နယ်  ရုရှား ပထမ  မြန်မာ ဒုတိယ  ယူကရိန်း တတိယ  # Myanmar ဒုတိယ ထပ်မံဆွတ်ခူးရရှိ။ # 3/10/2026
03/10/2026

#မီတာ ၂၀၀၀ ကျား ၁၀ တက် ဖိုင်နယ်
ရုရှား ပထမ
မြန်မာ ဒုတိယ
ယူကရိန်း တတိယ
# Myanmar ဒုတိယ ထပ်မံဆွတ်ခူးရရှိ။
# 3/10/2026

03/10/2026
 # 2026 World Dragon Boat Championships,Hangzhou,China  # မီတာ ၂၀၀၀ ကျား ၈ယောက်လှော် # 30/9/2026  # Russia First  # Spai...
03/10/2026

# 2026 World Dragon Boat Championships,Hangzhou,China

# မီတာ ၂၀၀၀ ကျား ၈ယောက်လှော်
# 30/9/2026
# Russia First
# Spain Second
# Myanmar Third

 #2026 World Dragon Boat Championships,Hangzhou ,China  # ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းကိုနိုင်ပြီး မြန်မာ Dragon Boat အသ...
03/10/2026

#2026 World Dragon Boat Championships,Hangzhou ,China

# ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းကိုနိုင်ပြီး မြန်မာ Dragon Boat အသင်း တတိယ ရရှိ။
#မီတာ ၅၀၀ (ကျား+မ) ၁၀ တက် ပြိုင်ပွဲ
# Russia First🥇
# Hungary Second 🥈
# Myanmar Third 🥉

Olympic Day Movement 2026 လှေလှော်ပြိုင်ပွဲ အားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်ရန်ကုန်၊ ဇွန်လ (၂၃) ရက်။မြန်မာနိုင...
08/07/2026

Olympic Day Movement 2026 လှေလှော်ပြိုင်ပွဲ အားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်

ရန်ကုန်၊ ဇွန်လ (၂၃) ရက်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော "Olympic Day Movement 2026 အထိမ်းအမှတ် Canoe, Rowing and Dragon Boat Competition ပြိုင်ပွဲကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၏ လှေလှော်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများမှာ -

MC1 200m (ပွဲစဉ် FA)
ပထမ - ထွဋ်ခေါင်ဇော်
ဒုတိယ - မျိုးလှိုင်ဝင်း
တတိယ - ကျော်ဇေယျ
စတုတ္ထ - ဟိန်းမင်းလတ်

MC1 200m (ပွဲစဉ် FB)
ပထမ - ပြည်စုံအောင်
ဒုတိယ - တင်ကိုကို
တတိယ - ထွန်းထွန်းလင်း
စတုတ္ထ - ယုယမောင်

WC1 200m
ပထမ - ချိုချိုလွင်
ဒုတိယ - မိုးမိုးအောင်
တတိယ - သဉ္ဇာမြင့်ဇွန်
စတုတ္ထ - မာန်ဟွဲ့ဖောင်

M1X 500m
ပထမ - ဝေယံမိုး
ဒုတိယ - ဖြိုးပြည့်စိုး
တတိယ - ထိုက်သူရ
စတုတ္ထ - စောသိန်းထိုက်မျိုး

MC2 200m
ပထမ - ပြည်စုံအောင်နှင့် ဟိန်းမင်းလတ်
ဒုတိယ - ထွဋ်ခေါင်ဇော်နှင့် ယုယမောင်
တတိယ - ကျော်ဇေယျနှင့် ထွန်းထွန်းလင်း
စတုတ္ထ - စောနိုင်လင်းကျော်နှင့် မျိုးလှိုင်ဝင်း

WC2 200m
ပထမ - မာန်ဟွဲ့ဖောင်နှင့် ချိုချိုလွင်
ဒုတိယ - မိုးမိုးအောင်နှင့် သဉ္ဇာမြင့်ဇွန်

MIX 4paddles 200m
ပထမ - ထွန်းထွန်းလင်းနှင့်အဖွဲ့
ဒုတိယ - စောနိုင်လင်းကျော်နှင့်အဖွဲ့
တတိယ - တင်ကိုကိုနှင့်အဖွဲ့
စတုတ္ထ - မျိုးလှိုင်ဝင်းနှင့်အဖွဲ့

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများ၏ အကြိတ်အနယ်ယှဉ်ပြိုင်မှုများအပြီး ဆုရရှိခဲ့ကြသော အားကစားသမားများအား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာကျော်ရဲဟိန်း၊ ဦးအုန်းမြင့်၊ ဒေါက်တာဒေါ်မွန်မွန်ခိုင်၊ အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဘိုဘိုထွန်း၊ ဦးကျော်ကျော်လင်း၊ ဦးသီဟန်စိုးတို့နှင့် တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်းတာဝန်ခံ ဦးထွန်းဝေတို့က ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။



#မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်

Olympic Day Movement 2026 လှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခြင်း ရန်ကုန်၊ ဇွန်လ (၂၃) ရက်။မြန်မာနိုင်ငံလှေလှော်...
07/07/2026

Olympic Day Movement 2026 လှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခြင်း

ရန်ကုန်၊ ဇွန်လ (၂၃) ရက်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော "Olympic Day Movement 2026 အထိမ်းအမှတ် Canoe, Rowing and Dragon Boat Competition" ပြိုင်ပွဲကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်​၏ လှေလှော်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာကျော်ရဲဟိန်း၊ ဦးအုန်းမြင့်၊ ဒေါက်တာဒေါ်မွန်မွန်ခိုင်၊ အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဘိုဘိုထွန်း၊ ဦးကျော်ကျော်လင်း၊ ဦးသီဟန်စိုးတို့နှင့်အတူ တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်းတာဝန်ခံ ဦးထွန်းဝေတို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အားကစားသမားများ၏ အကောင်းဆုံး စွမ်းဆောင်ရည်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

အားကစားသမားများ၏ ကြိုးစားအားထုတ်မှုများအတွက် ဂုဏ်ယူပါကြောင်းနှင့် လှေလှော်အားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။



#မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်

၂၀၂၆ ခုနှစ် အားကစားရာသီ စခန်းဝင်အားကစားသမားများအတွက် ဂုဏ်ပြုညစာစားပွဲ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခြင်းရန်ကုန်၊ ဇွန်...
06/07/2026

၂၀၂၆ ခုနှစ် အားကစားရာသီ စခန်းဝင်အားကစားသမားများအတွက် ဂုဏ်ပြုညစာစားပွဲ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခြင်း

ရန်ကုန်၊ ဇွန်လ (၃၀) ရက်။
မြန်မာ့အားကစားလောက၏ မျိုးဆက်သစ်အားကစားသမားများရဲ့ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုသောအားဖြင့် "၂၀၂၆ ခုနှစ် အားကစားရာသီ စခန်းဝင်အားကစားသမားများအား ဂုဏ်ပြုညစာစားပွဲ" ကို The ERAVATIS Sule Grand Yangon Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌမှအမှာစကားပြောကြားခဲ့ပြီး အားကစားလောကကို အစဉ်တစိုက် ပံ့ပိုးကူညီပေးလျက်ရှိသည့် အားကစားဝါသနာရှင် ဦးချစ်မှ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဆုတံဆိပ် ဆွတ်ခူးခဲ့ကြသည့် အားကစားသမားများအတွက် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ချီးမြှင့်ပေးအပ်ခဲ့သည့် ငွေသားဆုများမှာ -

1️⃣ ကနူး/ကယက်အားကစားနည်းမှ ငွေတံဆိပ်ဆုရှင် (၃) ဦးအား တစ်ဦးလျှင် ကျပ် (၃) သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် (၉) သိန်း။

2️⃣အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်းမှ ငွေတံဆိပ်ဆုရှင် (၁) ဦးအတွက် ကျပ် (၃) သိန်းနှင့် ကြေးတံဆိပ်ဆုရှင် (၁) ဦးအတွက် ကျပ် (၂) သိန်း၊ စုစုပေါင်း ကျပ် (၅) သိန်း။

3️⃣ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ်ဆုရှင် (၁၃) ဦးအား တစ်ဦးလျှင် ကျပ် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် (၂၆) သိန်း။

4️⃣အုပ်ချုပ်/နည်းပြ (၁၄) ဦးအား ကျပ် (၃) သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် (၄၂) သိန်း။

✔️ စုစုပေါင်း ကျပ် (၈၂) သိန်းဆုချီးမြှင့်ခဲ့သည်။

ယခုကဲ့သို့ ဂုဏ်ပြုပွဲများ ကျင်းပပေးခြင်းသည် စခန်းဝင်အားကစားသမားများ၏ စိတ်ဓာတ်ခွန်အားကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လာမည့်အားကစားရာသီတွင်ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရန် တွန်းအားတစ်ခုဖြစ်ပါသည်။


 # ဒီဇင်ဘာ ၁၉ ရက် ဒုတိယနေ့ Sea Games Dragon Boat ပြိုင်ပွဲ နောက်ဆုံးရက်အဖြစ်ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မီတာ၅၀၀အမျိုးသား၁၀ တက်...
19/12/2025

# ဒီဇင်ဘာ ၁၉ ရက် ဒုတိယနေ့ Sea Games Dragon Boat ပြိုင်ပွဲ နောက်ဆုံးရက်အဖြစ်ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မီတာ၅၀၀အမျိုးသား၁၀ တက်ပြိုင်ပွဲနှင့်မီတာ ၅၀၀ အမျိုးသမီး၁၀ တက်ပြိုင်ပွဲများတွင် တတိယ ကြေးတံဆိပ်ရရှိခဲ့သော လှေလှော်ကစားသမားများအား Jewellery Luck Group of Companies မှကျပ် သိန်း၅၀ နှင့် ကျပ် သိန်း ၁၀၀အသီးသီးဆုချီးမြှင်ခဲ့ကြောင်းသိရှိရသည်။

33rd Sea Games Rowing Beach Spirit CM1X Open Man Solo 🥇Thailand 🥈Myanmar (Wai Yan Moe)🥉Indonesia ပထမဦးဆုံး Sea Games Eve...
19/12/2025

33rd Sea Games
Rowing Beach Spirit
CM1X Open Man Solo
🥇Thailand
🥈Myanmar (Wai Yan Moe)
🥉Indonesia
ပထမဦးဆုံး Sea Games Event အဖြစ်ထည့်သွင်းကျင်းပခဲ့ရာ မြန်မာ Rowing လှေကစားသမား ဝေယံမိုးအနေဖြင့် ပြိုင်ပွဲအတွေ့ကြုံမရှိသော်လည်း အင်ဒိုမှ ကစားသမားအားအကောင်းဆုံးကျော်ဖြတ်အနိုင်ယူခဲ့ပြီး ဖိုင်နယ်တွင် အိမ်ရှင်ထိုင်းအသင်းနှင့်အကြိတ်အနှယ်ယှဉ်ပြိုင်ကာ ဒုတိယဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

၃၃ကြိမ်မြောက် Sea Games Dagon Boat ပြိုင်ပွဲမီတာ၂၀၀ ကျား+မ  တက်၂၀ Dragon Boat နှစ်ကျော့ပေါင်းရလဒ်🥇ပထမ အင်ဒို🥈ဒုတိယ ထိုင်...
18/12/2025

၃၃ကြိမ်မြောက် Sea Games Dagon Boat ပြိုင်ပွဲ

မီတာ၂၀၀ ကျား+မ တက်၂၀ Dragon Boat နှစ်ကျော့ပေါင်းရလဒ်

🥇ပထမ အင်ဒို
🥈ဒုတိယ ထိုင်း
🥉တတိယ မြန်မာ

Address

Inya Road, Kamayut Township
Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Rowing And Canoeing Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share