Pyit Tine Htaung - UK

Pyit Tine Htaung - UK To support Myanmar through various charitable events.

14/09/2026

အားပေးကြပါဦး

🎶 🇬🇧 CHAN CHAN IN LONDON 🇬🇧✨

ပွဲကျင်းပမည့် အသေးစိတ်အချက်အလက်
📅 နေ့ရက်: ၃၁၊ အောက်တိုဘာ၊ ၂၀၂၆ (စနေနေ့)
📍 နေရာ: Greenwich Borough Hall, London

📌 လှူဒါန်းမှုအစီအစဉ်
ဒီပွဲမှ ရရှိလာသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများ (IDPs) ထံတိုက်ရိုက်ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်၍ ရောက်ရှိလာသူတိုင်း လှပသည့် ကုသိုလ်ပါဝင်ခွင့် ရရှိမည် ဖြစ်ပါတယ်။ 🌟🌼❤️

🎟️ လက်မှတ်ဝယ်ယူရန်:

👉 https://myanmarcharity.org/pages/seating-plan

ဂီတနဲ့ စည်းလုံးကြမယ်။ ပျော်ရွှင်မှုနဲ့ အားဖြည့်ကြမယ်။ တော်လှန်စိတ်ဓာတ်နဲ့ ရှေ့ဆက်ကြမယ်။ ❤️🔥

အောက်တိုဘာ (၃၁) ရက်နေ့ — လန်ဒန်မှာ ဆုံကြမယ်!

#တော်လှန်ဂီတ #တော်လှန်သီတင်းကျွတ် #တော်လှန်ဒေပါဝလီ

https://www.facebook.com/share/v/16AVg9uVLJb/

12/09/2026
♦️UN မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဒါလေးနှိပ်ပြီး Support လုပ်ကြမယ်။♦️Support လုပ်ရ...
09/09/2026

♦️UN မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဒါလေးနှိပ်ပြီး Support လုပ်ကြမယ်။♦️

Support လုပ်ရန်လင့် 👉 https://our-ambassador-our-voice.vercel.app/

လုပ်ဆောင်ရမည့် အဆင့်များ
🎈၁. Link ကို နှိပ်လိုက်ပါ။
🔥၂. "I Support" ဆိုတာကို နှိပ်ပါ။
🍻၃. လေးထောင့် အကွက်ထဲမှာ ဦးကျော်မိုးထွန်းကို ဘာကြောင့် ထောက်ခံသလဲနဲ့ နာမည်ရေးပြီး(မရေးချင်လဲရ) "Add My Support" ကို နှိပ်ပါ။ Thank you လို့ပေါ်ရင် သင့်ရဲ့လုပ်ဆောင်ချက်အောင်မြင်ပါပြီ။

⁨⁨⁨⁨⁨⁨⁨⁨• PRF Official Website စတင် ထုတ်လွှင့်ခြင်း •ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကို ပြည်...
08/09/2026

⁨⁨⁨⁨⁨⁨⁨⁨• PRF Official Website စတင် ထုတ်လွှင့်ခြင်း •

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကို ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်မြောက်အထိမ်းအမှတ်နေ့ဖြစ်သော ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် စတင်ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ PRF ဝက်ဘ်ဆိုဒ်ကို ကမ္ဘာတဝန်းရှိ ထောက်ပို့တပ်သားများ၊ တော်လှန်ပြည်သူများ အနေဖြင့် အချက်အလက်များကို ပွင့်လင်းမြင်သာစွာ တစုတစည်းတည်း ကြည့်ရှုနိုင်စေရန် ရည်ရွယ်ပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

PRF Website မှာ
- အဖွဲ့အစည်းရဲ့ နောက်ခံသမိုင်းနှင့် လုပ်ဆောင်ချက်များ၊
- တော်လှန်ရေး သတင်းစကားများနှင့် တရားဝင် သတင်းထုတ်ပြန်ချက်များ၊
- ဘဏ္ဍာရန်ပုံငွေ စီးဆင်းမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် အစီရင်ခံစာများ၊
- တရားဝင် ထောက်ပို့တပ်သား စုဆောင်းရေးမှူးများ၏ အချက်အလက်များ၊
စတဲ့ ကဏ္ဍစုံကို တနေရာတည်းမှာ စုစည်းတင်ပြထားတာဖြစ်လို့ ရဲဘော်တို့ သိရှိလိုတာတွေကို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီ ဖြစ်ပါတယ်။

🌐 ဝင်ရောက်ကြည့်ရှုရန်

🔺 www.prf.modnugmm.org

🔺 www.prf4pdf.org

လာပါ ငါတို့ အတူတူရုန်းမယ်။

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။



#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF⁩⁩⁩⁩⁩⁩⁩

@UK ရောက် မြန်မာမောင်နှမများရေ ….အရေးကြီးလို့ သွေးစည်းကြဖို့ အချိန်ရောက်လာပါပြီတိုင်းပြည်ကို နေ့စဉ်ဗုံးကြဲ လူသတ် ပြည်သူတ...
02/09/2026

@
UK ရောက် မြန်မာမောင်နှမများရေ ….
အရေးကြီးလို့ သွေးစည်းကြဖို့ အချိန်ရောက်လာပါပြီ
တိုင်းပြည်ကို နေ့စဉ်ဗုံးကြဲ လူသတ် ပြည်သူတွေအားလုံး ငတ်ပြတ်နေချိန်မှာ
မအလ ရဲ့ အောက်ဆွဲတသိုက် ပြည့်သူ့ ဘဏ္ဍာကို စိတ်ကြိုက်သုံးလို့ အာရုံပြောင်းဖို့ကြိုးစားနေပါပြီ။
ဒါဟာ ဘယ်လိုမှ လက်သင့်မခံနိုင်တာမို့ UK ရောက် Myanmar diaspora များ အနေဖြင့် Man U ရဲ့ fan group များ page များမှာ မိမိတို့တိုင်းပြည်၏ အခြေအနေမှန်ကို ရှင်းပြပြီး ဒီ အစီအစဉ်ကိုရပ်ဆိုင်းပေးဖို့ ယဉ်ကျေးစွာ နိုင်ငံကြီးသားပီသစွာ တောင်းဆိုပေးကြဖို့မေတ္တာရပ်ခံပါရစေ

Burmese Diaspora in UK အနေနဲ့လည်း တစုတစည်းတည်း လက်မှတ်ထိုးပြီး Manchester United အသင်းကို တောင်းဆိုအကြံပြုလွှာတင်သွင်းမှာဖြစ်ပါတယ်

Credit: Manchesterဟင်းအိုးကြီး

⁨ ⁨"RETIRED" — ငါတို့ တကယ်ပဲ နားလို့ ရပြီလား?PRF မှာ ပုံမှန် ထောက်ပို့တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက်နေတဲ့  Retired ရဲဘော် ...
29/08/2026

⁨ ⁨"RETIRED" — ငါတို့ တကယ်ပဲ နားလို့ ရပြီလား?

PRF မှာ ပုံမှန် ထောက်ပို့တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက်နေတဲ့ Retired ရဲဘော် ပမာဏ ၅သောင်းကျော် ရှိပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ လအတွင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့တဲ့ ထောက်ပို့တပ်သား အရေအတွက်ဖြစ်ပါတယ်။ တာဝန်တွေကို ခေတ္တလွှတ်ချပြီး အနားယူလိုက်တဲ့ ခဏမှာ မြေပြင်က ရဲဘော်တွေဆီကို ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်သွားမလဲဆိုတာ မမေ့မလျော့ သတိပြုမိဖို့ လိုပါတယ်။

ကျွန်တော်တို့ ထောက်ပို့တပ်သားတွေရဲ့ အခန်းကဏ္ဍဟာ အရံအင်အား မဟုတ်ပါဘူး။ တော်လှန်ရေးဆိုတဲ့ ယန္တရားကြီး ပုံမှန်လည်ပတ်နေဖို့ မရှိမဖြစ်လိုအပ်တဲ့ အဓိက အစိတ်အပိုင်းတခုဖြစ်ပါတယ်။

🔺 ၅ သောင်းကျော်သော ထောက်ပို့တပ်သားတွေ လက်တွန့်သွားချိန်မှာ.....ရှေ့တန်းမှာ အသက်ပေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရှင်သန်မှုကို ရပ်တန့်သွားစေနိုင်ပါတယ်။
🔺 နောက်တန်းက ၂ လတာ တာဝန်ရပ်နားလိုက်တဲ့အခါ... ငါတို့ အားလုံး မျှော်လင့်နေတဲ့ အောင်ပွဲဟာ ၂ လမက ပိုပြီး ဝေးကွာသွားပါလိမ့်မယ်။

ပန်းတိုင်မရောက်သေးဘဲ တော်လှန်ရေးတာဝန်တွေကနေ အပြီးတိုင်အနားယူလို့ရနေပြီလား။ တာဝန်ဆိုတာ အားလုံး ပခုံးချင်းယှဉ်ပြီး ထမ်းမှ ပေါ့တာပါ။ ဒါကြောင့် အားအင်အသစ်တွေနဲ့ တာဝန်တွေ အတူတူပြန်လည်ထမ်းဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ပန်းတိုင်ရောက်မှ အနားယူစတမ်း... အဆုံးတိုင် အတူတူ ထမ်းရမယ့် တာဝန်ပါ။

လာပါ…ငါတို့ အတူတူရုန်းမယ်။

📌 မှတ်ချက် (Disclaimer):
-Retired Members များသည် လွန်ခဲ့တဲ့ ၂ လကတည်းက တာဝန်ထမ်းဆောင်ခြင်း မရှိတော့သည့် တပ်သားကိုယ်ပိုင်အမှတ်များဖြစ်ပါသည်။
-စာရင်းတွင် System မှ ပယ်ဖျက်ထားသည့် နံပါတ်များ (Void Numbers)၊ ထောက်ပို့တပ်သားတဦးတည်းမှ ကိုယ်ပိုင်အမှတ်များ တခုထက်ပို၍ ထွက်ရှိနေခြင်းများကို စာရင်းမှန်တခုတည်းအဖြစ် ပြန်လည်ပေါင်းစည်း (Merge) ထားပြီးသော နံပါတ်များ ကို စိစစ်ဖယ်ထုတ်ထားပါသည်။⁩

ဩဂုတ်လအတွက် သက်ဆိုင်ရာ Fundraiser ကို ဆက်သွယ်ပြီး တာဝန်ထမ်းဆောင်နိုင်ပါတယ်။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://www.facebook.com/share/p/1AVXcurWuE/

အရေးတော်ပုံ အောင်ရမည်။


#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF⁩⁩

19/08/2026

📣📣📣 Last Chance to buy 21st Century Martyrs sunglasses 📣📣📣

ရဲ့ 21st Century Martyrs revo sunglasses လေးတွေ ကုန်သွားလို့ မဝယ်လိုက်ရသူတွေ ဝယ်လိုက်ပြီး ထပ်လိုချင်တဲ့ သူတွေ ရှိလားဗျို့။ Singapore ကနေ လက်ကျန် ၅ ခု ပို့လိုက်တဲ့ အထဲ က ၂ ခု ရောင်းဖို့ ရှိပါတယ်။ အဲ့ ၂ ခုပြီ:ရင် လုံးဝ လက်ကျန် မရှိတော့ပါဘူး။ တကယ်ကို Last chance to buy ပါ။ PTH CB အမြန်လာပြောပေးနော်။

Address

London

Website

Alerts

Be the first to know and let us send you an email when Pyit Tine Htaung - UK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organisation

Send a message to Pyit Tine Htaung - UK:

Shortcuts

Share