13/04/2026
အားလုံး မင်္ဂလာပါ
လိုင်းပေါ်မှာ တွေ့ရှိရသည့်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း MEBSF အဖွဲ့အစည်းမှ ပြောကြားလိုပါသည်။
အဆင်မပြေမှုများ ဖြစ်ပွားခဲ့ပါက အဖွဲ့အစည်းအနေဖြင့်လည်း တောင်းပန်အပ်ပါသည်။
မိမိတို့ဘက်မှ အစားအသောက်များကို တစ်မျိုးတည်းသာ မစားသုံးခဲ့ကြသဖြင့် မည်သည့်အစားအသောက်မှ ဖြစ်ပေါ်လာသည်ကို တိတိကျကျ မသိရှိနိုင်ပါကြောင်း နားလည်ပေးစေလိုပါသည်။
ထိုသို့သော သတင်းများကို ကြားသိရခြင်းသည် လှူဒါန်းပေးသော အလှူရှင်များအတွက်လည်း အဆင်မပြေမှုများ ဖြစ်စေပါသည်။
အလှူရှင်များအနေဖြင့်လည်း အစားအသောက်များကို စနစ်တကျ ပြင်ဆင်ချက်ပြုတ်ပေးခဲ့ကြသဖြင့် ယခုကဲ့သို့ သတင်းများကြားရခြင်းသည် စိတ်မကောင်းဖြစ်စေပါသည်။
ထိုကဲ့သို့ အခြေအနေများ ဖြစ်ပွားပါက လိုင်းပေါ်တွင် တင်ပြခြင်းထက် အဖွဲ့အစည်း၏ Page သို့ တိုက်ရိုက် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ထိုသို့ ပြုလုပ်ပါက နောင်တွင် ပွဲစီစဉ်သူများအနေဖြင့် ပြင်ဆင်နိုင်မည့် အခွင့်အလမ်းများ ရရှိမည် ဖြစ်ပါသည်။
မိမိတို့ဘက်မှလည်း အစားအသောက်များကို မိမိနှင့် အဆင်ပြေမပြေ စစ်ဆေးပြီးမှ စားသုံးကြရန် အသိပေးအပ်ပါသည်။
အစားအသောက်နှင့် ပတ်သက်၍ အဆင်မပြေမှုများရှိပါက အဖွဲ့အစည်း၏ Page မှတဆင့် လာရောက် အသိပေးနိုင်ပါသည်။
လိုင်းပေါ်တွင် တိုက်ရိုက် တင်ပြခြင်းများကို မပြုလုပ်သင့်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။
အဖွဲ့အစည်းအနေဖြင့် စုပေါင်းလုပ်ဆောင်နေသောကြောင့် အမှားအယွင်းများ ပါဝင်နိုင်ပါကြောင်း နားလည်ပေးစေလိုပါသည်။
မိမိတို့ဘက်မှလည်း သန့်ရှင်းမှုနှင့် စံချိန်စံညွှန်းများကို အထူးဂရုစိုက်ဆောင်ရွက်နေပါကြောင်း အသိပေးအပ်ပါသည်။
MEBSF