19/07/2026
၁၉ ဇူလိုင် ၂၀၂၆ — အာဇာနည်နေ့
"ဖျောက်ဖို့၊ ဖျက်ဖို့၊ဘယ်လိုပဲ ကြိုးစားကြိုးစား ......ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။"
“လူတစ်ယောက်ရဲ့ အသက်ကို သတ်နိုင်ပေမယ့် သူယုံကြည်ခဲ့တဲ့ အမှန်တရားနဲ့ လွတ်လပ်ရေးစိတ်ဓာတ်ကိုတော့ သတ်လို့မရပါဘူး။”
ဒီနေ့မှာ ကျွန်ုပ်တို့ဟာ နိုင်ငံနဲ့ ပြည်သူအတွက် အသက်ပေးလှူခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ခေါင်းဆောင်ကြီးများကို လေးလေးနက်နက် ဂုဏ်ပြုအောက်မေ့ပါတယ်။
Proof of Life Campaign အနေနဲ့လည်း အသက်ရှင်နေသူတိုင်းရဲ့ အသက်၊ ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ အရေးကြီးကြောင်း ပြန်လည်သတိပေးလိုပါတယ်။
အတိတ်က စွန့်လွှတ်မှုတွေကို အောက်မေ့ရင်း၊ ယနေ့ အသက်ရှင်နေသူတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အနာဂတ်မျှော်လင့်ချက်တွေကိုလည်း ဆက်လက်ကာကွယ်ဖို့ အားလုံးအတူတကွ ရပ်တည်ကြပါစို့။
အာဇာနည်များ၏ စိတ်ဓာတ်ကို ဂုဏ်ပြုရင်း၊ အသက်တိုင်းရဲ့ တန်ဖိုးကို လေးစားကာကွယ်ကြပါစို့။
#အာဇာနည်နေ့ #၁၉ဇူလိုင်