Burma Campaign Denmark

Burma Campaign Denmark Vi ønsker at sætte fokus på Burma gennem debat, information og arrangementer.

21/05/2026

ဗိုလ်နဂါးက တကယ်လက်နက်ချခဲ့တာလား၊ ဒါမှမဟုတ် စစ်ရေးနဲ့မီဒီယာကို ပေါင်...

14/05/2026
14/05/2026

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အာကေးဒီးယား (Arcadia) မြို့၏ မြို့တော်ဝန်ဖြစ်သူ တရုတ်နွယ်ဖွား အမျိုးသမီး အိုင်လင်း ဝမ်သည် တရုတ်အစိုးရအတွက် စပိုင်လုပ်ခဲ့သည်ဟု ဖက်ဒရယ်အစိုးရရှေ့နေများက စွဲချက်တင်ခဲ့ပြီးနောက် မေလ ၁၁ ရက်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

စွဲချက်တွင်ပါဝင်သည့် သဘောတူညီချက်များအရ ၎င်းသည် အပြစ်ရှိကြောင်း ဝန်ခံသွားမည်ဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ခြေရှိသည်။

ဝမ်သည် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှ ၂၀၂၂ ခုနှစ်ကုန်အထိ တရုတ်အစိုးရအရာရှိများ၏ ညွှန်ကြားချက်ဖြင့် တရုတ်လိုလားသော အကြောင်းအရာများကို ဖြန့်ဝေသည့် “U.S. News Center” အမည်ရှိ သတင်းဌာနတစ်ခုအသွင်ဆောင်ထားသည့် အင်တာနက်စာမျက်နှာတစ်ခုကိုတည်ထောင် လုပ်ဆောင်ခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့စာမျက်နှာတွင် တရုတ်လိုလားသော အကြောင်းအရာများကို ဖြန့်ဝေရန် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ တရုတ်နိုင်ငံသား မိုက်စွန်ဆိုသူနှင့် လျှို့ဝှက်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ယောင်နင်းဆွန်ဟုလည်း ခေါ်သည့် မိုက်စွန်သည် ယင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်မှုဖြင့် ဖေဖော်ဝါရီလအတွင်းက ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရသည်။

မှတ်တမ်းများအရ ၎င်းသည် ယခင်က ဝမ်နှင့် စေ့စပ်ထားသူဖြစ်ပြီး မြို့တော်ဝန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် ဘဏ္ဍာရေးမှူးအဖြစ် လုပ်ကိုင်ပေးခဲ့သူဖြစ်သည်။

ယခုအခါ အသက် ၅၈ နှစ်ရှိပြီဖြစ်သော ဝမ်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အာကေးဒီးယားမြို့တော် ကောင်စီဝင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး မြို့တော်ဝန်ရာထူးကို ကောင်စီဝင် ၅ ဦးအကြား အလှည့်ကျစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံအတွင်းမှာ နေထိုင်ပြီး နိုင်ငံခြားအစိုးရတွေရဲ့ အလိုကျ လျှို့ဝှက်လုပ်ဆောင်ပေးနေသူတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ထိခိုက်ပျက်စီးစေပါတယ်” ဟု ကယ်လီဖိုးနီးယား အလယ်ပိုင်းခရိုင် အကူအစိုးရရှေ့နေ ဘီလ် အက်ဆေးလီက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“ဒီဝန်ခံချက်ဟာ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းတွေကို အကျင့်ပျက်အောင်လုပ်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်ရဲ့လုပ်ရပ်တွေကနေ မိခင်နိုင်ငံကို ကာကွယ်စောင့်ရှောက်ရာမှာ ရရှိတဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ အကျိုးစီးပွားများကို အကောင်အထည်ဖော်ရန် အမေရိကန်တစ်ဝှမ်းရှိ ဒေသန္တရ ရွေးကောက်ပွဲများအပေါ် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် တရုတ်နွယ်ဖွား အမေရိကန် လူ့အဖွဲ့အစည်းကို ပစ်မှတ်ထားခဲ့သည်။

ဝမ်သည် တရုတ်နွယ်ဖွား အမေရိကန်များကို ပစ်မှတ်ထားသည့် ဝါဒဖြန့်စာသားများကို ဖြန့်ဝေခဲ့ရာတွင် ရှင်ကျန်းဒေသရှိ လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် အတင်းအဓမ္မလုပ်အားခိုင်းစေမှုများတွင် တရုတ်အစိုးရတွင် အပြစ်မရှိကြောင်း ဝါဒဖြန့်ခဲ့သည်။

ထို့အပြင် ဆွန်နှင့် တရုတ်အစိုးရအကြား ကြားခံလူအဖြစ် ဆောင်ရွက်ခဲ့သူဟု အစိုးရရှေ့နေများက ပြောဆိုထားသည့် အခြားအမျိုးသားတစ်ဦးဖြစ်သူ ဂျွန်ချန်းကိုလည်း စပိုင်လုပ်မှုဖြင့် ၂၀၂၄ ခုနှစ်တွင် ထောင်ဒဏ် ၂၀ လ ချမှတ်ခဲ့သည်။

(အိုင်လင်း ဝမ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ − AFP)

14/05/2026
03/05/2026

53 likes. "ရှင်သန်မှုသင်္ချာနှင့် သစ္စာတရား၏ စျေးကွက် - သင်ဘာမြင်လဲ။"

03/05/2026

19 likes. "၂၀၂၁ ကတည်းက ဆွဲထားတဲ့ Exit Strategy (ခင်ဗျားတို့က စတေးခံတွေပဲ)"

03/05/2026

10 likes. "အင်းတော်ကို သဘောတူ ဆုတ်တာလား။ စစ်ဒေသ ၁ ရဲ့ရည်ရွယ်ချက်က ဘာလဲ။"

01/05/2026

45 likes. "ပုံတစ်ပုံနဲ့ Proof-of-Life မဖြစ်ဘူး။ (Q&A)"

Adresse

Copenhagen

Underretninger

Vær den første til at vide, og lad os sende dig en email, når Burma Campaign Denmark sender nyheder og tilbud. Din e-mail-adresse vil ikke blive brugt til andre formål, og du kan til enhver tid afmelde dig.

Del