Blaze Of Dream

Blaze Of Dream Knowledge sharing and education providing

🎸 Guitarist တစ်ယောက်ဖြစ်ချင်တဲ့ လူငယ်တွေအတွက် သတင်းကောင်း!✨သင်က ဂစ်တာတီးတာကို ဝါသနာပါတယ်...Guitarist တစ်ယောက် ဖြစ်ချင်တယ...
20/08/2026

🎸 Guitarist တစ်ယောက်ဖြစ်ချင်တဲ့ လူငယ်တွေအတွက် သတင်းကောင်း!✨

သင်က ဂစ်တာတီးတာကို ဝါသနာပါတယ်...

Guitarist တစ်ယောက် ဖြစ်ချင်တယ်...

ဒါပေမဲ့ ဂစ်တာအကြောင်း ဘာမှမသိသေးဘူး၊ ဘယ်ကနေ ဘယ်လိုစတင်ရမလဲဆိုတာ လမ်းပျောက်နေတယ်ဆိုရင်တော့ ဒါဟာ သင့်အတွက် မရှိမဖြစ် တက်ရောက်သင့်တဲ့ အခွင့်အလမ်းကောင်းတစ်ခုပါပဲ! 😉

ကျွန်မတို့ Blaze of Dream Organization ကနေပြီးတော့ ဂစ်တာနဲ့ ပတ်သက်တဲ့ အခြေခံတွေကို အခမဲ့ လေ့လာခွင့်ရမယ့် "Free Music Webinar Program" လေးကို ကျင်းပပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်ရှင်။ 🎶

🌟 Speaker Profile

ဒီ Webinar လေးကို ဦးဆောင်မျှဝေပေးသွားမယ့်သူကတော့ အဘက်ဘက်က ပြည့်စုံထူးချွန်တဲ့ Guitarist, Tr Yu Mon Aung ပဲဖြစ်ပါတယ်။

Tr ဟာဆိုရင်—

🎸 Freelance Guitarist တစ်ယောက်အဖြစ် လုပ်ကိုင်နေသူ

🎓 University of Taxila မှာ Diploma in ELPT ကို လေ့လာသင်ကြားနေပြီး၊ GED Graduator တစ်ယောက်ဖြစ်သူ

📚 English Teacher (YLE) ၊ GED RLA Online Teacher အဖြစ် ဆရာမ လုပ်သက်ရှိသူ

🏫 Private School တစ်ခုမှာလည်း Music Teacher အဖြစ် စနစ်တကျ သင်ကြားပို့ချပေးနေသူ ဖြစ်ပါတယ်။

အတွေ့အကြုံစုံလင်ပြီး စေတနာအပြည့်ရှိတဲ့ Tr Yu Mon Aung ကိုယ်တိုင် ဦးဆောင်ဆွေးနွေးပေးသွားမှာမို့လို့ ဝါသနာရှင် လူငယ်တွေအနေနဲ့ လက်မလွှတ်တမ်း Join သင့်ပါတယ်နော်! 🚀

💡Webinar မှာ ဘာတွေ လေ့လာရမလဲ?

-What is Music?
-Benefits of Music
-My Music Journey (Tr ရဲ့ ဂီတလမ်းကြောင်းအတွေ့အကြုံများ)
-Guitar Basic for Beginners
- Music Notes & Basic Concepts
-Must-known things to become a Musician or Music Enjoyer
-Effective Practice Tips
-Q&A Session (ဂစ်တာနဲ့ ပတ်သက်ပြီး သိချင်တာတွေကို တိုက်ရိုက် မေးမြန်းနိုင်မယ့် အစီအစဉ်)

Session Info

📅 Date: 28.8.2026 (Fri)
⏰ Time: 8:00 PM - 9:30 PM
📲 Platform:Google Meet

📝 Registration Form:
https://docs.google.com/forms/d/e/1FAIpQLSciLh35iGS5YYYfqFuFH7SKYoBmHyttH3uKqh8T9TuMz9mRFg/viewform?usp=publish-editor

‼️ 100% Free Webinar ဖြစ်လို့ လုံးဝ လက်မလွှတ်သင့်ပါဘူးနော်!

မကြာမီမှာ တက်ရောက်ရန် Registration Link ကို ထပ်မံကြေညာပေးသွားမှာမို့လို့ ကျွန်မတို့ရဲ့ Blaze of Dream Page ကို Follow လုပ်ပြီး အမြဲ စောင့်ကြည့်ပေးကြပါဦးရှင်။ ✨

💭 Blaze of Dream

page Link 🖇
https://www.facebook.com/share/1Bp

🌟Happy International Youth Day! (ဩဂုတ်လ ၁၂ ရက် - အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့)ခေတ်သစ်အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်ကြတဲ့...
12/08/2026

🌟Happy International Youth Day!

(ဩဂုတ်လ ၁၂ ရက် - အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့)

ခေတ်သစ်အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်ကြတဲ့ လူငယ်တစ်ယောက်ချင်းစီတိုင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စွမ်းအားနဲ့ ဖန်တီးနိုင်စွမ်းတွေ ကိန်းဝပ်နေကြပါတယ်။ ✨

💡 "အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့" ဆိုတာ ဘာကြောင့် ပေါ်ပေါက်လာတာလဲ?

ကမ္ဘာပေါ်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ အလုပ်လက်မဲ့ပြဿနာ၊ ပညာရေးသင်ယူခွင့်နဲ့ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အလေးထား အသိအမှတ်ပြု ဖြေရှင်းပေးနိုင်ဖို့ ကုလသမဂ္ဂ (UN) က ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်မှာ သတ်မှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ဩဂုတ်လ (၁၂) ရက်နေ့တိုင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ 🌍

🔥 စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲကြမယ်

ဘဝရဲ့ အခက်အခဲ၊ စိန်ခေါ်မှုမျိုးစုံကြားကနေ ကိုယ့်ရဲ့ ရည်မှန်းချက်၊ အိမ်မက်တွေဆီ မရပ်မနား လျှောက်လှမ်းနေကြတဲ့ လူငယ်တိုင်းကို Blaze of Dream မိသားစုက လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ပြုပါတယ်။

အတားအဆီးတွေ ဘယ်လောက်ပဲရှိပါစေ၊ သင်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေက ပိုမိုတောက်ပတဲ့ အနာဂတ်တစ်ခုကို သေချာပေါက် ဖန်တီးပေးနိုင်မှာပါ။

🤝 Blaze of Dream က လူငယ်တွေနဲ့အတူ ရှိနေပါတယ်
လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့နဲ့ မိမိတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့ အသိပညာ၊ ဗဟုသုတနဲ့ ကူညီပံ့ပိုးမှုတွေကို Blaze of Dream မှ အမြဲမပြတ် ဝေမျှကူညီပေးသွားမှာ ဖြစ်ပါတယ်။

လူငယ်တို့ရဲ့ အားမာန်နဲ့အတူ ပိုမိုလှပတဲ့ အနာဂတ်ဆီ အတူတကွ ရှေ့ဆက်တက်လှမ်းကြစို့! 🚀

Content - Hsu Thandar Aung
Graphic - BenNa

💭 Blaze of Dream

page Link 🖇️
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇️
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇️
https://t.me/blazeofdream




AI ကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုမလဲ?ယနေ့လို နည်းပညာတွေ ခေတ်မှီတိုးတက်လာတာနဲ့အမျှကျွန်မတို့ လူငယ်တွေ AI tools တွေကို မဖ...
09/08/2026

AI ကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုမလဲ?

ယနေ့လို နည်းပညာတွေ ခေတ်မှီတိုးတက်လာတာနဲ့အမျှ
ကျွန်မတို့ လူငယ်တွေ AI tools တွေကို မဖြစ်မနေ လေ့လာထားသင့်ပါတယ်။

AI tools တွေကို သေချာစနစ်တကျ သုံးတတ်သွားရင် သင့်ရဲ့ အလုပ်တာဝန်တွေကို ထိထိရောက်ရောက် ပြီးမြောက်အောင်မြင်စေနိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မဖြစ်မနေ သိထားရမယ့် AI tools (3)ခု အကြောင်းကို မျှဝေပေးချင်ပါတယ်။

Grammarly

👉 Grammarly ဆိုတာ English writing ကို grammar, spelling, punctuation, clarity အားလုံးကိုစစ်ပေးတဲ့ AI tool တစ်ခု ဖြစ်ပါတယ်။
Email, essay, caption, CV, assignment စတာတွေ အကုန်သုံးလို့ရပါတယ်။

🧠 AI Features

Grammar correction auto လုပ်ပေးခြင်း၊
sentence rewrite လုပ်ပေးခြင်း၊
tone (formal / friendly / polite) ခွဲပြပေးခြင်း၊
clarity improve လုပ်ပေးခြင်း စသဖြင့် အသုံးဝင်ပါတယ်။

Email writing
Essay / assignment
CV / Resume
Social media caption
English learning practice စတဲ့အရာတွေအတွက် အသုံးပြုနိုင်ပါတယ်။

အသုံးပြုနည်း

App / Chrome extension ထည့်ပါ။
စာရေး (သို့) paste လုပ်ပြီး
Error တွေ auto ပြတာကိုကြည့်ပါ
Suggestion ကို click လုပ်ပြီး ပြင်
Tone (formal / friendly) လည်းစစ်ပေးပါ။

ပြောရရင် grammarly က “English writing ကို အမှားနည်းပြီး ပိုရှင်းအောင်လုပ်ပေးတဲ့ AI tool”ဖြစ်ပါတယ်။

📚 NotebookLM

NotebookLM က Google ရဲ့ AI-powered research & note-taking tool ဖြစ်ပါတယ်။

📌 အလုပ်လုပ်ပုံ

ကိုယ်တင်ထားတဲ့ PDF, Google Docs, Website, YouTube transcript စတဲ့ source တွေကို အခြေခံပြီး အဖြေပေးပါတယ်။

✨ လုပ်နိုင်တာတွေ

• Summary ထုတ်ပေးခြင်း
• Q&A ဖြေပေးခြင်း
• Study Guide / FAQ / Quiz ဖန်တီးပေးခြင်း
• Citation နဲ့ အချက်အလက်ရဲ့ မူရင်းနေရာကို ပြပေးခြင်း
• Audio Overview နဲ့ Podcast ပုံစံ အသံဖြင့် ရှင်းပြပေးခြင်း စသဖြင့် အသုံးဝင်ပါတယ်။

✅ အားသာချက်

• Hallucination (အချက်အလက်မှားထုတ်ခြင်း) နည်းတယ်။
• စာအုပ်၊ PDF နဲ့ Research လုပ်တဲ့အခါ အချိန်ကုန်သက်သာ‌စေနိုင်ပါတယ်။

⚠️ အားနည်းချက်

• Source မတင်ထားရင် အသုံးမပြုနိုင်ပါဘူး။
• အဖြေတွေက တင်ထားတဲ့ source တွေပေါ်မှာပဲ မူတည်ပါတယ်။

📚 Xeropan

Xeropan က AI-powered English learning app တစ်ခုဖြစ်ပြီး အင်္ဂလိပ်စာကို နေ့စဉ်လေ့ကျင့်နိုင်အောင် ဖန်တီး‌ ပေးထားပါတယ်။

📌 လုပ်ဆောင်နိုင်တာတွေ

• AI နဲ့ Speaking Practice လုပ်နိုင်ခြင်း
• Grammar, Vocabulary, Listening, Reading လေ့ကျင့်နိုင်ခြင်း
• အဆင့်အလိုက် (Beginner–Advanced) သင်ခန်းစာများ
• Real-life conversation များဖြင့် လေ့ကျင့်နိုင်ခြင်း
• Gamified lessons နဲ့ နေ့စဉ် Motivation ရစေခြင်း
စသဖြင့် အသုံးပြုနိုင်ပါတယ်။

✅ အားသာချက်

• Speaking Practice အတွက် အသုံးဝင်တယ်။
• Lesson တွေကို ပျင်းစရာမကောင်းအောင် သင်ပေးတယ်။
• ကိုယ့်အဆင့်နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေ ရှိတယ်။

⚠️ အားနည်းချက်

• Feature အချို့ကို Premium ဝယ်မှ အသုံးပြုနိုင်ပါတယ်။
• AI feedback က ဆရာတစ်ယောက်လို အသေးစိတ်မဟုတ်နိုင်ပါဘူး။

Content - Hsu Thandar Aung
Graphic - Ice Maybe-Dustin

💭 Blaze of Dream

page Link 🖇️
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇️
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇️
https://t.me/blazeofdream



Malaysia  University Series (All-in-One) 🎓🇲🇾မလေးရှားနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တွေအကြောင်း တစ်ပတ် (၂) ပုဒ်နှုန်းနဲ့ တ...
08/08/2026

Malaysia University Series (All-in-One) 🎓🇲🇾

မလေးရှားနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တွေအကြောင်း တစ်ပတ် (၂) ပုဒ်နှုန်းနဲ့ တင်ဆက်ပေးခဲ့တဲ့ Malaysia University Series အခုဆိုရင် အစအဆုံး ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ရှာရလွယ်ကူအောင် Series link အားလုံးကို တစ်နေရာတည်းမှာ စုစည်းပေးလိုက်ပါတယ်။

မိမိစိတ်ဝင်စားတဲ့ တက္ကသိုလ်အလိုက် အောက်က Link တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

1. [Series No. 01] University of Technology Malaysia (UTM): https://t.me/blazeofdream/339

2. [Series No. 02] Universiti Kebangsaan Malaysia (UKM): https://t.me/blazeofdream/355

3. [Series No. 03] University of Malaya (UM): https://t.me/blazeofdream/359

4. [Series No. 04] University Putra Malaysia (UPM): https://t.me/blazeofdream/376

5. [Series No. 05] University Sains Malaysia (USM): https://t.me/blazeofdream/378

6. [Series No. 06] Taylor's University: https://t.me/blazeofdream/382

7. [Series No. 07] UCSI University: https://t.me/blazeofdream/384

8.[Series No. 08] Sunway University: https://t.me/blazeofdream/386

9.[Series No. 09] Universiti Utara Malaysia (UUM): https://t.me/blazeofdream/389

10.[Series No. 10] Universiti Teknologi PETRONAS (UTP): https://t.me/blazeofdream/391

💭 Blaze of Dream

page Link 🖇️
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇️
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇️
https://t.me/blazeofdream

ပညာရေးဆိုင်ရာ အချက်အလက်ကောင်းတွေကို လက်မလွတ်စေဖို့ ကျွန်တော်တို့ရဲ့ Blaze Of Dream Page လေးကို See First လုပ်ပြီး Follow ထားဖို့ မမေ့နဲ့ဦးနော်! 🚀💡



[Series No. 10] Universiti Teknologi PETRONAS (UTP) 🇲🇾မလေးရှားနိုင်ငံရဲ့ ထိပ်တန်း စွမ်းအင်ကော်ပိုရေးရှင်း PETRONAS က ၁၉၉...
04/08/2026

[Series No. 10] Universiti Teknologi PETRONAS (UTP) 🇲🇾

မလေးရှားနိုင်ငံရဲ့ ထိပ်တန်း စွမ်းအင်ကော်ပိုရေးရှင်း PETRONAS က ၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး၊ Seri Iskandar, Perak မှာ တည်ရှိတဲ့ ပရီမီယံ ပုဂ္ဂလိက သုတေသနတက္ကသိုလ်ကြီး အကြောင်း သိပြီးပြီလားခင်ဗျာ?

အင်ဂျင်နီယာနှင့် နည်းပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများအတွက် ကမ္ဘာအဝှမ်း လူသိများထင်ရှားပြီး Petroleum Engineering ဘာသာရပ်တွင် ကမ္ဘာ့အဆင့် (၁၆) နေရာထိ ချိတ်ဆွဲထားနိုင်တဲ့ တက္ကသိုလ်ကြီး UTP နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

✨ Highlights & Rankings

World-Class Ranking: QS World Ranking 2027 အရ ကမ္ဘာ့အဆင့် 261 ရှိပြီး၊ Times Higher Education (THE) World University Rankings မှာ အဆင့် 201-250 အတွင်း ရပ်တည်နေပါတယ်။

Global Leader in Engineering: Petroleum Engineering ဘာသာရပ်သည် ကမ္ဘာ့ထိပ်တန်း Top 10 အတွင်း ပါဝင်သည်အထိ အင်ဂျင်နီယာဘာသာရပ်များအတွက် အထူးထင်ရှားပါတယ်။

Premier Research University: နည်းပညာနှင့် သုတေသနကဏ္ဍတွင် အစဉ်အမြဲ ထိပ်တန်းမှ ဦးဆောင်နေသော ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

🚀 Popular Majors (လူကြိုက်များသော မေဂျာများ)

🌟 Petroleum Engineering
🌟 Chemical Engineering
🌟 Mechanical Engineering
🌟 Electrical and Electronic Engineering
🌟 Computer Science and Information Technology
🌟 Civil and Material Engineering

📝 Admission Requirements (ကျောင်းဝင်ခွင့် လိုအပ်ချက်များ)

Academic:
Foundation & A-Level: O-Level/IGCSE သို့မဟုတ် ထို့ထက်ညီမျှသော အထက်တန်းအောင်မြင်ထားရမည်ဖြစ်ပြီး Mathematics, Physics, Chemistry နှင့် အခြားဘာသာရပ် ၂ ခုတွင် အနည်းဆုံး Grade C ရရှိရပါမည်။

Bachelor's Degree (ဘွဲ့သင်တန်း): သက်ဆိုင်ရာ ဘာသာရပ်များတွင် Grade C အနည်းဆုံး ရရှိထားသော A-Level သို့မဟုတ် ညီမျှသော အတန်းအောင်မြင်ထားပြီး CGPA အနည်းဆုံး 3.00 (4.00 Scale) ရှိရပါမည်။

English Proficiency:
IELTS ရမှတ် အနည်းဆုံး 5.5 မှ 6.0 (ရွေးချယ်သည့် Program အပေါ်မူတည်၍)
(သို့မဟုတ်) TOEFL ရမှတ် အနည်းဆုံး 59 မှ 80 ရရှိထားရန် လိုအပ်သည်။

🎓 Support & Scholarships

Undergraduate နှင့် Postgraduate ကျောင်းသားများအတွက် Yayasan UTP Scholarship အပါအဝင် Financial Aid ထောက်ပံ့ကြေးများစွာ ရှိပါတယ်။

🌐 Official Website & Financial Aid Link:
https://www.utp.edu.my/Pages/The-University/YUTP/Types-of-Funds/Scholarship.aspx

💡 UTP ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုတာပဲဖြစ်ဖြစ်၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် comment မှာ မေးမြန်းခဲ့နိုင်သလို Page Messenger ကနေလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်နော်။ 🙌

💭 Blaze of Dream

page Link 🖇
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇
https://t.me/blazeofdream

နိုင်ငံရပ်ခြား ပညာရေးလမ်းညွှန်ချက်တွေနဲ့ အခွင့်အလမ်းတွေကို အမြဲစောင့်ကြည့်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Blaze Of Dream Page ကိုလည်း Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးခင်ဗျာ။ ✨

[Series No. 09] Universiti Utara Malaysia (UUM) 🇲🇾မလေးရှားနိုင်ငံရဲ့ (၆) ခုမြောက် အစိုးရတက္ကသိုလ်ဖြစ်ပြီး၊ သာယာလှပတဲ့ သဘ...
30/07/2026

[Series No. 09] Universiti Utara Malaysia (UUM) 🇲🇾

မလေးရှားနိုင်ငံရဲ့ (၆) ခုမြောက် အစိုးရတက္ကသိုလ်ဖြစ်ပြီး၊ သာယာလှပတဲ့ သဘာဝတောတောင်စိမ်းလန်းစိုပြေမှုတွေ ဝန်းရံထားတဲ့ "Green Forest" Campus ကြီးထဲမှာ စီမံခန့်ခွဲမှုပညာရပ်တွေကို အဓိကသင်ကြားပေးနေတဲ့ ကျောင်းကြီးအကြောင်း သိပြီးပြီလားခင်ဗျာ?

AACSB အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဘာသာရပ်တွေမှာ အလွန်နာမည်ကြီးတဲ့ မလေးရှားနိုင်ငံရဲ့ ပရီမီယံ အစိုးရတက္ကသိုလ်ကြီးဖြစ်တဲ့ UUM (Sintok, Kedah) နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

✨ Highlights & Rankings

World-Class Ranking: QS World University Rankings အရ ကမ္ဘာ့အဆင့် 491 ရှိပြီး QS Asia University Rankings တွင် အဆင့် 65 နေရာမှာ ရပ်တည်နေပါတယ်။

Management & Business Specialist: စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များအတွက် အထူးထင်ရှားပြီး နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ရှိပါတယ်။

Lush Green Campus: ရင်သပ်ရှုမောဖွယ် ကောင်းမွန်လှတဲ့ သဘာဝပတ်ဝန်းကျင် ကျောင်းဝင်းကျယ်ကြီးထဲမှာ စိတ်အေးချမ်းသာစွာ ပညာသင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။

🚀 Popular Majors (လူကြိုက်များသော မေဂျာများ)

🌟 Accounting and Finance
🌟 Business Management
🌟 Logistics & Transportation Management
🌟 Hospitality and Tourism
🌟 Computer Science and IT

📝 Admission Requirements (ကျောင်းဝင်ခွင့် လိုအပ်ချက်များ)

Academic: Undergraduate (ဘွဲ့သင်တန်း): အသိအမှတ်ပြု အထက်တန်း/A-Level လက်မှတ် သို့မဟုတ် အနည်းဆုံး (၁၂) တန်း ပညာသင်ကြားမှု ပြီးမြောက်ထားရပါမယ်။

Postgraduate (မာစတာသင်တန်း): အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ CGPA အနည်းဆုံး 2.75 နှင့်အထက်ဖြင့် ဘွဲ့ရရှိထားရပါမယ်။ (အချို့အထူးပြုဘာသာရပ်များအတွက် လုပ်ငန်းအတွေ့အကြုံ လိုအပ်နိုင်ပါသည်)။

English Proficiency: IELTS ရမှတ် အနည်းဆုံး 5.5 (သို့မဟုတ်) TOEFL 53 ရရှိထားရန် လိုအပ်သည်။

🎓 Support & Scholarships

Financial Aid & Scholarships: အစိုးရတက္ကသိုလ်ဖြစ်သည့်အတွက် ကျောင်းလခ အလွန်သက်သာသည့်အပြင် UUM Merit Scholarship၊ အစိုးရထောက်ပံ့ချေးငွေ (PTPTN)၊ နှင့် နိုင်ငံတကာ ကျောင်းသားဖလှယ်ရေး အစီအစဉ်များ (Exchange Programs) အတွက် ထောက်ပံ့ကြေးများစွာ ရှိပါတယ်။

🌐 Official University Website: https://www.uum.edu.my/
Universiti Utara Malaysia

🔰 Scholarships & Fees Link: https://www.uum.edu.my/admissions/fees/financial-aid
UUM Financial Aid

💡 UUM ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုတာပဲဖြစ်ဖြစ်၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် comment မှာ မေးမြန်းခဲ့နိုင်သလို Page Messenger ကနေလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်နော်။ 🙌

💭 Blaze of Dream

page Link 🖇
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇
https://t.me/blazeofdream

နိုင်ငံရပ်ခြား ပညာရေးလမ်းညွှန်ချက်တွေနဲ့ အခွင့်အလမ်းတွေကို အမြဲစောင့်ကြည့်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Blaze Of Dream Page ကိုလည်း Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးခင်ဗျာ။ ✨

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ကြီးဖြစ်တဲ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)...
29/07/2026

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ကြီးဖြစ်တဲ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ဟာ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီးနောက် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ပထမဦးဆုံးသော တရားတော်ဖြစ်တဲ့ "ဓမ္မစကြာတရားတော်" ကို စတင်ဟောကြားတော်မူခဲ့တဲ့ နေ့ထူးနေ့မြတ်ကြီးပဲ ဖြစ်ပါတယ်။

ဒီကနေ့လို ထူးမြတ်လှတဲ့ နေ့ရက်မှာ...

Blaze of Dream အဖွဲ့သားများအားလုံးကနေပြီးတော့ ချစ်ရတဲ့သူငယ်ချင်းများအားလုံး...

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများအားလုံး ပြည့်ဝကြပါစေကြောင်း ရိုသေစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။


[Series No. 08] Sunway University 🇲🇾မလေးရှားနိုင်ငံရဲ့ အလွန်စည်ကားပြီး သာယာလှပတဲ့ Sunway City မှာ တည်ရှိကာ၊ ကမ္ဘာ့အဆင့်မ...
28/07/2026

[Series No. 08] Sunway University 🇲🇾

မလေးရှားနိုင်ငံရဲ့ အလွန်စည်ကားပြီး သာယာလှပတဲ့ Sunway City မှာ တည်ရှိကာ၊ ကမ္ဘာ့အဆင့်မီ ဗြိတိန်နိုင်ငံက Lancaster University နဲ့ ပူးတွဲတွဲဖက်ဘွဲ့ (Dual Degree) ပေးအပ်တဲ့ နာမည်ကြီးကျောင်းကြီးအကြောင်း သိပြီးပြီလားခင်ဗျာ?

Jeffrey Cheah Foundation ကနေ ဦးဆောင်ပြီး ပရဟိတဦးတည်ချက် (Not-for-profit) ဖြင့် အရည်အသွေးမြင့် ပညာရေးကို ထောက်ပံ့ပေးနေတဲ့ Sunway University နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

✨ Highlights & Rankings

World-Class Ranking: THE World University Rankings အရ ကမ္ဘာ့အဆင့် 301-350 အတွင်းရှိပြီး QS ရာထူးအရ အာရှတွင် အဆင့် 55 ရှိသော ထိပ်တန်းကျောင်း ဖြစ်ပါတယ်။

Graduate Employability: Talentbank ရဲ့ သတ်မှတ်ချက်အရ "မလေးရှားနိုင်ငံရဲ့ နံပါတ် (၁) ဘွဲ့ရပြီး အလုပ်အကိုင်ရရှိမှု အကောင်းဆုံး ပုဂ္ဂလိကတက္ကသိုလ်" အဖြစ် (၄) နှစ်ဆက်တိုက် ရပ်တည်နေပါတယ်။

Elite Global Partnerships: ဗြိတိန်နိုင်ငံရဲ့ နာမည်ကြီး Lancaster University၊ ပြင်သစ်နိုင်ငံရဲ့ Le Cordon Bleu နှင့် အမေရိကန်ရဲ့ Arizona State University တို့လို ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းကြီးများနှင့် ခိုင်မာစွာ ချိတ်ဆက်ထားပါတယ်။

🚀 Popular Majors (လူကြိုက်များသော မေဂျာများ)

🌟 Business & Marketing
🌟 Computing, IT & Data Science
🌟 Psychology
🌟 Engineering Programs

📝 Admission Requirements (ကျောင်းဝင်ခွင့် လိုအပ်ချက်များ)

Academic: Secondary / High School (ဆယ်တန်း သို့မဟုတ် IGCSE, O-Levels သို့မဟုတ် ၎င်းနှင့်ညီမျှသော သက်ဆိုင်ရာ သင်ရိုးများ) တွင် Mathematics နှင့် English အပါအဝင် အနည်းဆုံး Credit ၅ ခု ရရှိထားရပါမယ်။

English Proficiency: IELTS ရမှတ် အနည်းဆုံး 6.0 (သို့မဟုတ်) TOEFL (Paper-based: 600 / Computer-based: 250) အထက် ရှိရန် လိုအပ်သည်။

🎓 Support & Scholarships

Scholarships & Aid: Not-for-profit (အကျိုးအမြတ်မယူသော) တက္ကသိုလ်ဖြစ်သည့်အတွက် ပိုလျှံသမျှသော ရန်ပုံငွေများကို ကျောင်းသားကျောင်းသူများအတွက် စကောလားရှစ်နှင့် အဆောက်အအုံပိုင်းများမှာ ပြန်လည်ရင်းနှီးမြှုပ်နှံပေးသဖြင့် စကောလားရှစ် အခွင့်အလမ်း ပေါများလှပါသည်။

🌐 Official University Website: https://sunwayuniversity.edu.my/
Sunway University

🔰 Scholarships Link: https://scholarship.sunway.edu.my/
Sunway Scholarships

💡 Sunway ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုတာပဲဖြစ်ဖြစ်၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် comment မှာ မေးမြန်းခဲ့နိုင်သလို Page Messenger ကနေလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်နော်။ 🙌

💭 Blaze of Dream

page Link 🖇
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇
https://t.me/blazeofdream

နိုင်ငံရပ်ခြား ပညာရေးလမ်းညွှန်ချက်တွေနဲ့ အခွင့်အလမ်းတွေကို အမြဲစောင့်ကြည့်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Blaze Of Dream Page ကိုလည်း Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးခင်ဗျာ။ ✨

[Series No. 07] UCSI University 🇲🇾မလေးရှားနိုင်ငံရဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ Graduate Employability (ဘွဲ့ရပြီး အလုပ်အက...
24/07/2026

[Series No. 07] UCSI University 🇲🇾

မလေးရှားနိုင်ငံရဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ Graduate Employability (ဘွဲ့ရပြီး အလုပ်အကိုင်ရရှိနိုင်မှု) အားအကောင်းဆုံးနဲ့ သုတေသနပိုင်းမှာ ထိပ်တန်းက ရပ်တည်နေတဲ့ ကျောင်းကြီးအကြောင်း သိပြီးကြပြီလားခင်ဗျာ?

Kuala Lumpur, Kuching နဲ့ Bandar Springhill တို့မှာ ကျောင်းဝင်း (Campuses) များစွာရှိပြီး ကမ္ဘာ့အဆင့်မီ ပညာရေးကို ထောက်ပံ့ပေးနေတဲ့ UCSI University နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

✨ Highlights & Rankings

World-Class Ranking: QS World University Rankings အရ ကမ္ဘာ့အဆင့် 282 ရှိပြီး အာရှရဲ့ ထိပ်တန်း Top 30 တက္ကသိုလ်များထဲတွင် ပါဝင်ပါတယ်။
Employability Leader: ဘွဲ့ရရှိပြီးနောက် လုပ်ငန်းခွင် ချက်ချင်းဝင်ရောက်နိုင်မှုနှုန်း အလွန်မြင့်မားခြင်းကြောင့် နာမည်ကြီးပြီး လက်တွေ့နယ်ပယ်အတွက် အသင့်တော်ဆုံး ကျောင်းတစ်ခု ဖြစ်ပါတယ်။

Top-Notch Research: သုတေသန (Research) လုပ်ငန်းစဉ်များတွင် ထူးချွန်ပြောင်မြောက်ပြီး နည်းပညာနှင့် တီထွင်ဆန်းသစ်မှုပိုင်းတွင် ဦးဆောင်နေပါတယ်။

🚀 Popular Majors (လူကြိုက်များသော မေဂျာများ)

🌟 Performing Arts & Music (ကမ္ဘာ့အဆင့်မီ အနုပညာနှင့် ဂီတဘာသာရပ်များ)
🌟 Art and Design
🌟 Hospitality and Leisure Management
🌟 Engineering (Mechanical, Petroleum, Civil, etc.)
🌟 Marketing & Business Administration
🌟 Education

📝 Admission Requirements (ကျောင်းဝင်ခွင့် လိုအပ်ချက်များ)

Academic: High School / ဆယ်တန်း သို့မဟုတ် ၎င်းနှင့်ညီမျှသော ကျောင်းပြီးဆုံးထားသူများ (GPA အမှတ် 60% နှင့်အထက် ရှိရန် လိုအပ်ပါသည်)။

English Proficiency: IELTS ရမှတ် 5.5 မှ 6.5 အထိ (သို့မဟုတ်) TOEFL iBT 46 မှ 79 အတွင်း (မေဂျာအလိုက် လိုအပ်ချက် ကွာခြားနိုင်ပါသည်)။

🎓 Support & Scholarships

Scholarships: ထူးချွန်ထက်မြက်သော နိုင်ငံတကာကျောင်းသားများအတွက် Foundation, Diploma, Undergraduate နှင့် Postgraduate အဆင့်များအထိ Tuition Fee Waivers (ကျောင်းလခ အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း လျှော့ပေါ့ခွင့်) အခွင့်အလမ်းများစွာ ရှိပါတယ်။

🌐 Official University Website: https://www.ucsiuniversity.edu.my/

🔰 Scholarships Link: https://www.ucsiuniversitytrust.com/scholarship/
UCSI Scholarships

💡 UCSI ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုတာပဲဖြစ်ဖြစ်၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် comment မှာ မေးမြန်းခဲ့နိုင်သလို Page Messenger ကနေလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်နော်။ 🙌

💭 Blaze of Dream

page Link 🖇
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇
https://t.me/blazeofdream

နိုင်ငံရပ်ခြား ပညာရေးလမ်းညွှန်ချက်တွေနဲ့ အခွင့်အလမ်းတွေကို အမြဲစောင့်ကြည့်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Blaze Of Dream Page ကိုလည်း Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးခင်ဗျာ။ ✨

[Series No. 06] Taylor's University 🇲🇾အစိုးရကျောင်းတွေအပြင် မလေးရှားနိုင်ငံရဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ Ranking အမြင့်ဆ...
21/07/2026

[Series No. 06] Taylor's University 🇲🇾

အစိုးရကျောင်းတွေအပြင် မလေးရှားနိုင်ငံရဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ Ranking အမြင့်ဆုံးနဲ့ Modern အဖြစ်ဆုံး သုံးသပ်ခြင်းခံရတဲ့ ကျောင်းကြီးအကြောင်းကိုကော သိပြီးပြီလား?

Subang Jaya မြို့မှာ တည်ရှိပြီး ခေတ်မီလှပတဲ့ Campus Design၊ လက်တွေ့နယ်ပယ်နဲ့ ချိတ်ဆက်မှု အားကောင်းမှုတွေကြောင့် ကျောင်းသားတွေ အကြိုက်တွေ့ဆုံးဖြစ်တဲ့ Taylor's University နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

✨ Highlights & Rankings

Top Private University: QS World University Rankings 2026 အရ ကမ္ဘာ့အဆင့် ၂၅၃ မှာ ရှိပြီး မလေးရှားရဲ့ ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

Hospitality Leader: အထူးသဖြင့် Hospitality & Leisure Management ဘာသာရပ်ပိုင်းမှာ ကမ္ဘာ့အဆင့် ထိပ်တန်း (Top 20) အတွင်း ဝင်တဲ့အထိ အလွန်နာမည်ကြီးလှပါတယ်။

Modern Facilities: ကျောင်းသားတွေအတွက် Study Spaces၊ ကမ္ဘာ့အဆင့်မီ Lab တွေနဲ့ ကလပ်အသင်းစုံလင်စွာ ရှိပြီး နိုင်ငံတကာ အသိုက်အဝန်း ကျယ်ပြန့်ပါတယ်။

🚀 Popular Majors (လူကြိုက်များသော မေဂျာများ)

🌟 Hospitality, Tourism & Culinary Arts
🌟 Business & Marketing
🌟 Computer Science & Software Engineering
🌟 Communication & Media Studies
🌟 Architecture & Design

📝 Admission Requirements (ကျောင်းဝင်ခွင့် လိုအပ်ချက်များ)
Academic: High School အောင်မြင်ထားသူများ၊ IGCSE/A-Levels သို့မဟုတ် Foundation ပြီးမြောက်ထားသူများ (ပုဂ္ဂလိကကျောင်းဖြစ်၍ GED လက်ခံမှု ပိုမိုပြောင်းလွယ်ပြင်လွယ် ရှိပါသည်)။

English Proficiency: ယေဘုယျအားဖြင့် IELTS 5.0 မှ 6.0 အထက် (သို့မဟုတ်) ၎င်းနှင့်ညီမျှသော အင်္ဂလိပ်စာရမှတ် လိုအပ်သည်။

🎓 Support & Scholarships

Visa & Services: ပုဂ္ဂလိကကျောင်းဖြစ်သည့်အတွက် ကျောင်းလျှောက်ထားမှုနှင့် ဗီဇာလုပ်ငန်းစဉ်များမှာ အလွန်မြန်ဆန်သွက်လက်ပါတယ်။

Scholarships: ထူးချွန်ကျောင်းသားများအတွက် Academic Excellence အပေါ် မူတည်ပြီး Partial Scholarships (ကျောင်းလခ တစ်စိတ်တစ်ပိုင်းလျှော့ပေါ့ခွင့်) အခွင့်အလမ်းများစွာ ရှိပါတယ်။

🌐 Official University Website:
https://university.taylors.edu.my/

💡 UTM ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုတာပဲဖြစ်ဖြစ်၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် ကွန်မန့်မှာ မေးမြန်းခဲ့နိုင်သလို Page Messenger ကနေလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်နော်။🙌🏻

💭 Blaze of Dream

page Link 🖇️
https://www.facebook.com/share/1Bp3njScbx/

TikTok Account Link 🖇️
https://www.tiktok.com/.of.dream?_r=1&_t=ZS-93uJoWgJKFQ

Telegram Channel Link 🖇️
https://t.me/blazeofdream

နိုင်ငံရပ်ခြား ပညာရေးလမ်းညွှန်ချက်တွေနဲ့ အခွင့်အလမ်းတွေကို အမြဲစောင့်ကြည့်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Blaze Of Dream Page ကိုလည်း Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးခင်ဗျာ။ ✨

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Blaze Of Dream posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share