01/12/2024
ရောင်နီမြင်ရဖို့ အတူတူလက်တွဲပါဝင်ကြပါစို့ ☺️
“မြူနှင်းမလွင့်မီ ရောင်နီဆီ”
နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ် အားကုန်သုံးပြီးအာဏာရှင်ကိုတွန်းလှန်ဖို့ Campaign အသစ်လေးနဲ့ပြန်လာပါပြီ👋
ကျွန်တော်တို့အားလုံး 2021မှာ ပျောက်ကွယ်သွားတဲ့ ရောင်နီကို တဖန်ပြန်မြင်ရဖို့ ရည်ရွယ်ရင်း Campaign လေးရဲ့နာမည်ကို “မြူနှင်းမလွင့်မီ ရောင်နီဆီ” လို့ပေးထားပါတယ်။
Campaign ပုံစံလေးကတော့ အားလုံးပဲ လွမ်းနေကြမယ်လို့ထင်တဲ့ ကျွန်တော်တို့ရဲ့ "လက်မှတ်ရောင်းမယ် ဆုတွေပေးမယ်" Campaign လေးပဲ ဖြစ်ပါတယ်။
ဒီ Campaign လေးကိုတော့ တော်လှန်ရဲဘော်တွေနဲ့ ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတို့ကို ကူညီထောက်ပံ့နိုင်ဖို့အတွက်ရည်ရွယ်ပြီး စတင်ခြင်းဖြစ်ပါတယ်။
ဘာတွေပေးမလဲ???
မဲဖောက်ပေးမယ့် ပစ္စည်းတွေက ဘာလေးတွေဖြစ်မလဲဆိုတာလေးကိုတော့ ဆက်လက်စောင့်ကြည့်ပေးပေါ့နော်...😉
လက်မှတ်တစ်စောင်တန်ဖိုးကတော့_
မြန်မာငွေ ၅၀၀၀ ကျပ်ပါပဲ။
ပြည်ပရောက်သူတွေအတွက်ကတော့ အထူးစျေးနှုန်းလေးတွေပြင်ဆင်ထားပါတယ်။
ဘယ်မှာဝယ်ယူလို့ ရနိုင်မလဲဆိုရင်တော့
Page Chat box မှာလာဝယ်ယူလို့ရသလို...
သက်ဆိုင်ရာနီးစပ်ရာ ကိုယ်စားလှယ်တွေဆီမှာ ဆက်သွယ်ဝယ်ယူနိုင်ပြီပဲ ဖြစ်ပါတယ်။
Payment တွေကိုတော့ အကုန်လုံးအဆင်ပြေစေရန် သက်ဆိုင်ရာနိုင်ငံအလိုက်စီစဉ်ပေးထားပါတယ်...
Tickets အကြောင်းအသေးစိတ်လဲ ရှင်းပြပြီးပြီဆိုတော့ ဆုမဲတွေအနေနဲ့ ဘာတွေပါမလဲဆိုတာကို ရင်ခုန်စိတ်ဝင်စားနေလောက်ကြမယ်လို့ထင်ပါတယ်🤭
နောက်ရက်တွေမှာ ဆုမဲအတွက်အသေးစိတ် ဆက်လက်ကြေညာပေးမှာဖြစ်လို့ အဆက်မပြတ် စောင့်ကြည့်ပေးကြပါဦးနော်...
အားလုံးပဲ မည်းနက်ပိန်းပိတ်နေတဲ့ နေ့ရက်တွေကုန်ဆုံးပြီး ရောင်နီပြန်မြင်ရဖို့ ကမ်ပိန်းလေးမှာ အားအင်အသစ်များနဲ့အစွမ်းကုန်ပါဝင်ကြဖို့ မျှော်လင့်ရင်း………❤️
#မြူနှင်းမလွင့်မီရောင်နီဆီ