11/10/2026
📖 လျှောက်လမ်းကလေးများ 🤎💛
တစ်ခါတလေ ကိုယ်တစ်ယောက်တည်းပဲ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ထင်မိဖူးလား။ ကိုယ့်ခံစားချက်တွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောဖြစ်ခဲ့တဲ့ အချိန်တွေ၊ နားလည်ပေးမယ့်သူတစ်ယောက်ကို တိတ်တဆိတ် မျှော်လင့်ခဲ့ဖူးတဲ့ နေ့ရက်တွေ ရှိခဲ့ဖူးလား။ 🌱
“လျှောက်လမ်းကလေးများ” ဟာ BIRD ရဲ့ RYPB (Batch 1) သင်တန်းသား၊ သင်တန်းသူတွေရဲ့ ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေကို အခြေခံရေးသားထားတဲ့ စာစုလေးတွေကို စုစည်းထားခြင်းဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရင်တွင်းခံစားချက်တွေနဲ့ ဘဝဖြတ်သန်းမှုတွေကို မျှဝေရင်း အလားတူအတွေ့အကြုံတွေကို ရင်ဆိုင်နေရတဲ့ လူငယ်တွေအတွက် အားပေးမှုနဲ့ နားလည်မှုတစ်စုံတစ်ရာ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ကိုယ်တစ်ယောက်တည်း မဟုတ်ကြောင်း သတိရစေဖို့၊ ကိုယ့်ခံစားချက်တွေကို နားလည်ပေးမယ့်သူတွေ ရှိနေကြောင်း ခံစားရစေဖို့… 💛
“လျှောက်လမ်းကလေးများ” — ကိုယ်တစ်ယောက်တည်း မဟုတ်ကြောင်း သတိရစေမယ့် စာမျက်နှာလေးများ။ 📚
#လျှောက်လမ်းကလေးများ #လူငယ်တို့၏အသံ #ဘဝအတွေ့အကြုံများ