02/07/2026
Trainers Introduction
RYPB (Batch 1) Program မှာ ပါ၀င် ကူညီအားဖြည့် ကြမယ့်၊ Trainers များနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။
အဓိပ္ပာယ်ရှိတဲ့ သင်ယူမှုခရီးစဉ်တိုင်းရဲ့ နောက်ကွယ်မှာ မိမိတို့ရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို စေတနာအပြည့်နဲ့ ပေးဆပ်မျှဝေပေးကြတဲ့ ဆရာ၊ ဆရာမတွေ အမြဲရှိနေပါတယ်။
အခုလည်း ကျွန်တော်တို့ရဲ့ "Rural Youth Pathways Bridge Program" (RYPB Batch 1) မှာ ကျေးလက်ဒေသက လူငယ်မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် စိတ်အားထက်သန်စွာနဲ့ ပါဝင်အားဖြည့်ပေးကြတဲ့ လေးစားရတဲ့ Trainers များ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
ကျွန်တော်တို့ရဲ့ ကျောင်းသူ/သားတွေကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသပေးမယ့် ဆရာတို့ရဲ့ စေတနာနဲ့ ပေးဆပ်မှုဟာ သူတို့ရဲ့အနာဂတ်အတွက် တကယ်ကို ရေရှည်အကျိုးရှိစေမှာပါ။ အခုလို အတူတူ အလုပ်လုပ်ခွင့် ရတဲ့အတွက်လည်း ကျွန်တော်တို့ အင်မတန်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ကျွန်တော်တို့နဲ့အတူ ရှိနေပေးလို့ ဆရာတို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
အတူတူ လက်တွဲပြီး လူငယ်တွေအတွက် ကောင်းမွန်တဲ့ သင်ယူမှုပတ်ဝန်းကျင်နဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်အခွင့်အလမ်းတွေကို ဖန်တီးပုံဖော်သွားနိုင်ဖို့ မျှော်လင့်နေပါတယ် ခင်ဗျာ။
Meet Our Respected Trainers | Rural Youth Pathways Bridge Program (RYPB) Batch 1
Behind every meaningful learning journey are inspiring individuals who generously share their knowledge, experience, and passion.
We are truly grateful to our respected trainers for joining the Rural Youth Pathways Bridge Program (RYPB) Batch 1 and for their commitment to empowering the next generation of rural youth in Myanmar.
We are humbly thankful and honored to have you as part of this journey.
Thank you for being with us. Together, we look forward to creating meaningful learning experiences and brighter opportunities for rural youth.