07/04/2025
ဒီသင်္ကြန် ဘာအစီအစဉ်ရှိလဲ... 🤔🍀
ဒီအချိန်ကြီး ဘာအစီအစဉ်ရှိရမှာလဲကွာ ဆိုရင် မှန်ပါတယ်... တို့တွေ သင်္ကြန်မကျတာ ဒီနှစ်ဆို ၅နှစ်မြောက်လေနော်...
အခုလို ငမ်းငမ်းတက် အုပ်ချုပ်ချင်ပြီး ဘာမှ မပြင်မဆင်တတ်တဲ့ အကြမ်းဖက်အဖွဲ့ကြောင့် ပြည်သူအများကြီး သဘာဝဘေးကြုံရတဲ့ နှစ်ရယ်မှမဟုတ်.. တော်လှန်ရေးစကတည်းက သင်္ကြန်ဆိုတာ ဝေးခဲ့ကြရတဲ့ သူတွေပါပဲ...
ဒါပေမယ်လို့ အပြင်မှာ ပျော်ရွှင်ခုန်ပေါက် မကျင်းပကြပေမဲ့ အွန်လိုင်းမှာတော့ နှစ်သစ်အတွင်း အန္တရာယ်ကင်းစေကြောင်း မေတ္တာတွေပြလို့ ရပါသေးတယ်
သင်္ကြန်လက်ဆောင်လေးတွေကို
🍀 အသက်ရော အနာဂတ်ပါစွန့်ပြီး တော်လှန်နေကြတဲ့ ရဲဘော်တွေ
🍀 အကြမ်းဖက်တပ်အောင် ငုံ့မခံခဲ့တဲ့ စီဒီအမ်ဝန်ထမ်းတွေ
🍀 ကျရာနေရာက ထောက်ပို့မပျက်တဲ့ ထောက်ပို့ပြည်သူမောင်နှမတွေ
🍀 အရင်က ခပ်တန်းတန်းနေခဲ့ပြီး တော်လှန်ရေးကာလကျမှ ရင်ဘတ်ချင်းဆက်နွှယ်ခဲ့ရသူတွေ
🍀 ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ ချစ်ရခင်ရသူတွေ
🍀 လူပီသစိတ် တစ်ခုတည်းနဲ့ အိမ်နဲ့ မိသားစုအဝေးကို ရောက်ပြီး ပြန်စရာအိမ် မရှိကြတော့တဲ့သူတွေ
အကုန်လုံးကို မေတ္တာပေးရင်း နွေးထွေးစေလို့ရပါတယ်
🍀 ထောက်ပို့ထီ ၂စောင် ၄,၀၀၀ ကျပ်နဲ့ ရေဖလား
🍀 ထောက်ပို့ထီ ၅စောင် ၁၀,၀၀၀ ကျပ်နဲ့ ရေပြွတ်
🍀 ထောက်ပို့ထီ ၁၀စောင် ၂၀,၀၀၀ ကျပ်နဲ့ အုန်းလက်မဏ္ဍပ်လေး လက်ဆောင်ပို့ပေးရင်း နှစ်ကူးဆုတောင်း ပေးကြမယ်လေနော်
မနက်ဖြန် ဧပြီ ၈ရက်ကနေ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇အထိ ထီဝယ်ရင်း လက်ဆောင်ကတ်လေးတွေ ဝယ်လို့ရမှာပါရှင့်...
ဘယ်ကိုယ်စားလှယ်ဆီက ဝယ်ထားထား လက်ဆောင်ကတ်လေးတွေကို ထောက်ပို့ထီ ပေ့ချ်မှာ ထုတ်ပေးရမှာပါနော်
ကဲ... ဘယ်သူတွေကို ပေးမလဲ. . ပေးစရာလူမရှိရင် အက်မင်တို့ တစ်ဖွဲ့လုံးရှိတယ်နော် 🤭
#ထောက်ပို့ထီ
#သိန်း၁၀၀၀
#သင်္ကြန်ကမ်ပိန်း
#သင်္ကြန်လက်ဆောင်
https://www.facebook.com/share/p/1BxMhTV8bf/