One Myanmar Community

One Myanmar Community Office Hours:
By Appointment Only This Facebook Group and page are used as one of our communication channels only.

http://www.OneMyanmarCommunity.org/

We are dedicated Burmese who want to get united and to use our talents for the welfare of our community, our people and our Motherland. This group was founded in San Francisco Bay Area but intended for all Burmese communities around the world regardless of religious beliefs and ethnic backgrounds. Please contact us to become the official member. Promoting Burme

se Youth Association to the next level, Burmese Youth Association (BYA) has been transformed into One Myanmar Community (OMC) on January 1, 2015.

သနပ်ခါးပုံလေးများ ထပ်မံဖိတ်ခေါ်ခြင်းအားလုံးမင်္ဂလာပါ။ ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်နေ့မှာကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် San Fran...
05/30/2026

သနပ်ခါးပုံလေးများ ထပ်မံဖိတ်ခေါ်ခြင်း

အားလုံးမင်္ဂလာပါ။
၂၀၂၆ ခုနှစ် မေလ ၂၄ ရက်နေ့မှာကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် San Francisco မြန်မာကွန်မြူနီတီ သင်္ကြန်ပွဲတော်ကြီးမှာ ပထမဆုံးအကြိမ် ထည့်သွင်းခဲ့တဲ့ မြန်မာ့ရိုးရာ သနပ်ခါးမဏ္ဍာပ်သို့ စိတ်ပါဝင်စားစွာနဲ့ ယောက်ျားလေး၊ မိန်းကလေး မရွေး လာရောက်လိမ်းခြယ်ကြသူ အများအပြားရှိခဲ့တဲ့အတွက် One One Myanmar Community အနေဖြင့် လွန်စွာဝမ်းမြောက်မိပါသည်။

ဦးဆောင်စီစဥ်ပံ့ပိုးပေးကြသူများကိုလည်း ကျေးဇူးအများကြီးတင်ပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

သို့ရာတွင် ကြိုတင်ကြေညာထားသည့်အတိုင်း ဟု hashtag တွဲကာ facebook ၌ တင်သည့်ပုံများ အလွန်နည်းပါးနေသေးသည့်အတွက် အကယ်၍ ပွဲနေ့တွင် သနပ်ခါးလိမ်းပြီး အလှရိုက်ထားသည့်ပုံများရှိပါက June 5 ရက်နေ့နောက်ဆုံးထား၍ fb ၌တင်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

Like အများဆုံး (သို့)&comment အများဆုံး၊ အလှဆုံးနှင့် အထူးခြားဆုံးပုံများကို ရွေးခြယ်၍ ၂၀၂၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ကျင်းပမည့် OMC ၏သင်္ကြန်ပွဲ ကူညီအလှူရှင်များသို့ ကျေးဇူးတုံ့ပြန်ပွဲတွင် အမှတ်တရဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

စျေးအများဆုံး ရောင်းချ လှူဒါန်းပေးသော အလှူရှင်များကိုလည်း ထို OMC Appreciation Day ၌ တခါတည်းကြေညာကာ ဆုများပေးသွားမည်ဖြစ်ကြောင်းနှင့် ကူညီဝိုင်းဝန်းခဲ့ကြသူအားလုံးကို ဖိတ်ခေါ်ပါကြောင်း ရိုသေစွာ ထပ်လောင်းဖိတ်ကြားအပ်ပါသည် ခင်ဗျာ။

ထပ်ပြောမယ်၊ မမေ့နဲ့နော် သနပ်ခါး..
မှာ အမြန်တင်ကြပါစို့လား..။

A Friendly Reminder to Share Your Thanaka Photos

Hello everyone,

One Myanmar Community (OMC) is delighted that so many people—both men and women—enthusiastically participated in the traditional Myanmar Thanaka Pavilion, which was introduced for the very first time at the 13th San Francisco Myanmar Community Thingyan Festival held on May 24, 2026.

However, as previously announced, we have noticed that only a small number of photos have been posted on Facebook using the hashtag . Therefore, if you took any beautiful photos while wearing Thanaka at the festival, we kindly encourage you to upload them to Facebook by June 5, 2026, with the hashtag .

Photos receiving the most likes, most comments, as well as those judged to be the most beautiful and most unique, will be selected for special commemorative awards. The winners will be recognized during OMC’s Thingyan Appreciation Event for Festival Sponsors and Supporters on June 13, 2026.

We would also like to announce that donors who contributed the highest sales and fundraising support will be recognized and awarded during the same OMC Appreciation Day event.

Once again, we warmly invite everyone who contributed, volunteered, and supported the festival to join us for this special gathering.

Again, Don't forget your Thanaka photos!

Let's start posting them now with
and share the beauty of our Myanmar tradition with Everyone!

Congratulations to all the fabulous Crown winners of the 2026 San Francisco Miss Thingyan Pageant! 1. 2026 Miss Thingyan...
05/30/2026

Congratulations to all the fabulous Crown winners of the 2026 San Francisco Miss Thingyan Pageant!

1. 2026 Miss Thingyan Pageant Winner - Samantha Chan

2. 2026 Miss Thingyan 1st Runner-up Winner - Irene Aung

3. 2026 Miss Popular Winner - May Jewel Lin

4. 2026 Miss Talent Winner - Natalie Tha

5. 2026 Miss Photogenic Winner - Phyu Sin Moe Myint

You all have graced the whole Thingyan event with your presence and your participation in the Pageant, the one and only in the Myanmar Community!

Special Thanks to Pageant Organizer and Sponsor - 2014 Miss Thingyan Winner Rosalyn Chu and Aunty Baby Chu!

Also thanks to all judges - Ei Yupar Win, Vivian, Ethel Reddy, Lin Htet and Mark Jason!

Special appreciation to all pageant coordinators - Swe Swe Myint, Valerie, Wai Phyo and 2024 Miss Thingyan winner - Kyal Sin Thaw!

Congratulations again to all the Winners of 2026 SF Thingyan Pageant!!

၂၀၂၆ ဆန်ဖရန်စစ္စကို မဟာအတာသင်္ကြန်နွေအရောက်မှာ တောက်ကြွားတဲ့ ရွှေအိုရောင် ပိတောက် တွေအလား တစ်နှစ်မှတစ်ခါသာ ကျင်းပလေ့ရှိသ...
05/29/2026

၂၀၂၆ ဆန်ဖရန်စစ္စကို မဟာအတာသင်္ကြန်

နွေအရောက်မှာ တောက်ကြွားတဲ့ ရွှေအိုရောင် ပိတောက် တွေအလား တစ်နှစ်မှတစ်ခါသာ ကျင်းပလေ့ရှိသော San Francisco Bay Area ၏ မြန်မာကွန်မြူနီတီ သင်္ကြန်ပွဲတော်ကြီးသည်လည်း ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်နေ့က Hayward ရှိ Tennyson High School ၌ အောင်မြင်ပျော်ရွှင်စွာ ကျင်းပ၍ ပြီးစီးခဲ့ပြန်ပါလေပြီ။ နေရာအသစ်မှာစမ်း၍ စကျင်းပသောနှစ်မို့ အခက်အခဲတွေ တပုံတပင်ကြားမှ စီစဥ်သူများမှာ မအိပ်မနေ အားခဲလို့ ကြိုးစားခဲ့ကြရပါတယ်။

တစ်နှစ်တစ်ခေါက် ဆန်ဖရန်ကို အရောက်တက်လာကြပြီး အမြဲကူညီပေးတတ်ကြသော MC Adrian Zaw တို့အဖွဲ့ကလည်း ဒီနှစ်မှာတော့ ဇွန်ဝသန်ဦးအပြင် မင်းသွေးမြတ်၊ ထွန်းဝီရ စသည့် မျိုးဆက်သစ် အနုပညာရှင်လေးများဖြင့်ပါ အားဖြည့်၍ ယမန်နှစ် Miss Thingyan ပြိုင်ပွဲဝင် ဖူးမြတ်သီရိမွန် နှင့် တွဲဖက်ကာ အခမ်းအနားမှူး များအဖြစ် မြူးမြူးကြွကြွ တာဝန် ကျေခဲ့ကြပြန်ပါလေပြီ။

ကျောင်းသူကျောင်းသား Volunteer လေးများကလည်း အမြဲတက်ကြွစွာ ချွေးတလုံးလုံးဖြင့် ကူညီပါဝင်နေခဲ့သော မြင်ကွင်းကလည်း မြင်သူအပေါင်းတို့အတွက် စိတ်အားတက်ကြွဖွယ်ရာ။ ကလေးငယ်များနှင့် လူငယ်လူရွယ်များကလည်း သင်္ကြန်ဆိုသည်နှင့် အချိန်မဆွဲဘဲ ကွင်းလယ်က အုန်းလက် ရေကစားမဏ္ဍာပ်မှာ ပျော်ပျော်ပါးပါး ရေကစားနှင့်ပေကြတော့ရာ မြင်သူ့နှလုံးအိမ်ထဲမှာ အကြည်ဓါတ်တို့ကူးစက်သွားပေတော့သည်။

မခင်သက်ဦး၊ ထေရဝါဒ ဓမ္မအသင်း နှင့် မြန်မာ ဆရာဝန်များအသင်းတို့ တို့ဦးဆောင်သော အစဥ်အလာမပျက် သက်ကြီးပူဇော်ပွဲကလည်း အပူဇော်ခံ ဘိုးဘွား ၉၅ ဦးဆိုတော့ မနှစ်ကစံချိန် ၈၀ ကျော်ကို အသာလေးရိုက်ချိုးသွားခဲ့ပြန်ပါသည်။ နောင်နှစ်ဆို ဘိုးဘွား ၁၀၀ ကျော်မည်လားမသိ။ မြန်မာ့အစဥ်အလာမို့ ကြည်နူးစရာပါပေ။

ပထမဆုံးအနေဖြင့် သိကြားမင်းကြီးမှ ပွဲစျေးပတ်လျှောက်၍ သင်္ကြန်ခေါ်ပေးပြီးနောက် မန်းတောင်ရိပ်ခို ဖြင့် စုပေါင်းကပြကြကာ ဖွင့်ပွဲစခဲ့ကြသည်။ Daly City Mayor Glenn Sylvester, Contra Costa County, Alameda County နှင့် San Mateo County မှ District Supervisor များဖြစ်ကြသော John Gioia, David Haubert, David Canepa နှင့် Juslyn Manalo, Union City Council Member Jeff Wang, APA Heritage Committee မှ Rose Chung နှင့် Miss Asian Anerican Foundation မှ Ethel Reddy စသည့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဂုဏ်ပြုအမှာစကားများ ပြောကြားပေးခဲ့ကြပါသည်။ နောက်တော့ စောင်း၊ တယောနှင့် ခြောက်လုံးပတ်ဒိုးတို့ သံပြိုင်တီးခတ်ထားသည့် မြူမှောင်ဝေကင်း၊ ပြီးတော့ အရွယ်လေးသွယ် ကကြမယ့်ယိမ်းများနှင့် ထူးထူးခြားခြား မြန်မာ့သားသားလေးများ၏ ဇော်ဂျီယိမ်းအက..။

အပြင်ဘက် ပွဲခင်းထဲမှာတော့ မြန်မာ့အစားအစာအစုံ ကိုစျေးသည် ၅၀ ခန့်ရောင်းချပေးသည့် မုန့်စျေးတန်းကတော့ အစည်ကားဆုံးဖြစ်တော့သည်။ ဒါပေမယ့် မနက်ကတည်းက လူထောင်ကျော် လာရောက်အားပေးကြသည်မို့ နေ့လည် ၂ နာရီလောက်ကတည်းက စျေးသည်တဝက်လောက်က ရောင်းကုန်နေပေတော့သည်။ Finance and Ticket booth မှာတာဝန်ကျသူတွေကတော့ တနေကုန် မနေမနား စျေးဝယ်လက်မှတ်လေးများ၊ ရေ နှင့် အခြားအသုံးအဆောင်များကို စီစဥ်ရောင်းချရင်း တနေကုန်ဘာမှမစားရဘဲ ပီတိကိုသာစားလို့ အားရှိနေကြတော့၏။

မြန်မာဆရာဝန်များအသင်း(USBMA) ကလည်း ပွဲလာပရိသတ်အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပေတော့သည်။ နတ်မိဖုရားရဲ့ ထူးထူးခြားခြား Tarot ဗေဒင်ခန်းကလည်း ပါသေးသည်။ အဟောမှန်သူတွေကတော့ နောက်နှစ်သင်္ကြန်မှာမေးဖို့အတွက် တစ်နှစ်ကြိုစာရင်းပေးထားကြပြီတဲ့။

Entertainment ပိုင်းမှာလည်း ဝင်းနိုင်စိုး၊ လင်းထက်၊ Mark Jason စသည့် နိုင်ငံကျော်အဆိုတော်များအပြင် နယ်ခံ အဆိုကျော်များနှင့် Sacramento စသည့် အနယ်နယ်အရပ်ရပ် နှင့် ကျောင်းပေါင်းစုံမှ မှ လာရောက် ပူးပေါင်းအားဖြည့် ဖျော်ဖြေမှုများကြောင့် program ပြီးဆုံးသည့် ညနေ ၆ နာရီတိုင်အောင် တနေကုန်ထိုင်ကာ အားပေးသည့် ပရိသတ်တို့၏ ဇွဲက အံ့ချီးဖွယ်ကောင်းလွန်းလှပေတော့သည်။

Sound System တွေကလည်း Bay Area ၏ နာမည်ကျော် Sound ဆရာကြီး ၃ ဦး၏ ပထမအကြိမ် ပူးပေါင်းအားထုတ်မှု..။ နာမည်ကျော် 'ပြောမှသိ ထိမှနာ' သံချပ်အဖွဲ့၏ ဖျော်ဖြေမှုအပြင် ဒီနှစ်မှ ပထမဆုံးပါဝင်လာသည် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး အေးအေးခိုင် နှင့် လူရွှင်တော် ခိုင်ကြီး၊ ကျော်ကြီး၊ နေလေး နှင့် ဖြိုးပါလေးတို့၏ One Myanmar ရွှေသင်္ကြန်အငြိမ့်အဖွဲ့၏ ဖျော်ဖြေမှုကလည်း ထူးထူးခြားခြားမို့ စိတ်ဝင်စားမှု များခဲ့ကြသည်။

ဖျော်ဖြေသူများ အင်အားကောင်းလှသမို့ Indoor ရော၊ Outdoorရော နှစ်ခုခွဲ၍ တပြိုင်နက် ဖျော်ဖြေမှုပေးခဲ့သည့်ပွဲကတော့ ဒီသင်္ကြန်မှာပဲ ရှိလိမ့်မည်လား မပြောတတ်။ အထဲ အပြင် ပရိသတ်အကုန်ကို ထူးထူးခြားခြား ဖျော်ဖြေမှုပေးနိုင်ခဲ့ကြသည်မို့ကျေနပ်စရာပါ။ ဒါ့အပြင် လာရောက်ကြသည့် ဧည့်ပရိသတ်စိတ်ကြိုက် လိမ်းခြယ်နိုင်သည့် မြန်မာ့ရိုးရာ သနပ်ခါး မဏ္ဍာပ်ကလည်း လူစည်ကားလှသည်။ သန်ခါးလိမ်းခြယ်ပြီး လို့ facebookတင်ထားရုံနဲ့ အလှဆုံး၊ လူကြိုက်အများဆုံး ပုံများကို OMC ရဲ့ သင်္ကြန်ကျေးဇူးတုံ့ပြန်ပွဲမှာ ဆုတွေချီးမြှင့်ပေးပါဦးမည်တဲ့။

နှစ်စဥ်ကျင်းပမြဲ ကြော့ရှင်းယဥ်သွယ် သင်္ကြန်အလှမယ် ပြိုင်ပွဲကတော့ ပထမပိုင်းမှာ Catwalk နှင့် အမေးအဖြေ ပြုလုပ်ပြီး ဒုတိယပိုင်းမှာတော့အဆိုတော် ဝင်းနိုင်စိုးရဲ့ Hit Song 'ဗာရာဏသီ' သီချင်းကို Live ဆိုကာ အလှမယ်လေးများမှ Group Talent Dance အဖြစ်ပါဝင်ယှဥ်ပြိုင်ကပြဖျော်ဖြေပေးသွားခဲ့ကြပါသည်။ ထို့နောက်တော့ ဒိုင်အဖြစ် ပါဝင်ကူညီပေးသွားခဲ့ကြသည့် Miss Asean 2005 Miss Talent Winner အိရူပါဝင်း၊ Miss Asian American Foundation president Ethel Reddy, Vivian, အဆိုတော် လင်းထက် နှင့် အဆိုတော် Mark Jason တို့ပါဝင်သော အမှတ်ပေးဒိုင် ၅ ဦး၏ အမှတ်များဖြင့် Miss Photogenic Winner အဖြစ် ဖြူစင်မိုးမြင့်၊ Miss Talent Winner အဖြစ် Natalie Tha၊ Miss Popular Winner အဖြစ် (ဧည့်ပရိသတ်တို့၏ Popular vote များဖြင့်) May Jewel Lin၊ Miss Thingyan 1st Runner-up ဒုတိယ Winner ဆု သရဖူကို Irene Aung နှင့် Miss Thingyan Winner Crown ကို Samantha Chan တို့က ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ကြပါသည်။

အမေရိကန်နိုင်ငံ West Coast ၏ တစ်နှစ်တာ နောက်ဆုံးသင်္ကြန်ပွဲကြီးဟု ဆိုထားသည့်အတိုင်း ပထမဆုံးအကြိမ်တင်ဆက်သော ထူးခြားအစီအစဥ် အများအပြားဖြင့် ၂၀၂၆ San Francisco သင်္ကြန်ပွဲကြီးကား ကြေညာထားသည့်အတိုင်း ပရိသတ်တို့၏ အားပေးမှုဖြင့် ညနေစောင်းမှ ပိတ်ပွဲအခမ်းအနားကို ပျော်ပျော်ရွှင်ရွှင် ကျင်းပကာ အားလုံး ဝိုင်းဝန်းသိမ်းဆည်း၍ တချို့လည်း မပြန်ချင့် ပြန်ချင် မိုးချုပ်သည် အထိနှုတ်ဆက်စကားများပြောကာ တစ်နှစ်တာ အောင်မြင်စွာ ပြီးဆုံးရုတ်သိမ်းခဲ့ကြပေတော့သည်..။

xx..အတက်နေ့ရဲ့ နှုတ်ဆက်နေဝင်ချိန်ဟာ ဘာလို့မှန်းမသိ ဝမ်းနည်းမိပါတယ်.. xx

ကံကောင်းထောက်မစွာ နောက်တစ်ရက်က Memorial Day ပိတ်ရက်မို့ အများစုက အနားယူကာ နောက်နှစ်အတွက် ကြိုတင်အားဖြည့်နေခဲ့ကြပါလေပြီ..။ သင်္ကြန်ပွဲကြီးတွင် တထောင့်တနေရာ အဘက်ဘက်မှ ကူညီဝိုင်းဝန်း လှူဒါန်းအားဖြည့် ပါဝင်ပေးကြသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Photo Credit: Milton Myothant Yang, Tommy Kyaw Naing, William Chan, Nicky Khoo Tan, Gary Rocchio, Soe Soe Tun, Shoke Ching Chow , Wai Phyo and Nandi Green

မော်ကွန်းသွေးသစ်၊ ထွန်းတည်ရစ်ဖို့၊ ထုဆစ်ညီပြီ၊ OMC.. တွဲလက်မြဲညီ၊ ရှေ့ဆင့်ချီကာ
ခရီးတို့ဆက်ကြရပေဦးတော့မည်..။

2026 San Francisco Maha Atar Thingyan

Like the golden Padauk flowers that bloom brilliantly only in summer, the Myanmar community’s annual Thingyan Festival in the San Francisco Bay Area was once again successfully and joyfully celebrated on May 24, 2026, at Tennyson High School in Hayward, California. Since this was the very first year the festival was held at a new venue, the organizers faced countless challenges, yet they worked tirelessly day and night with unwavering dedication to make the event a success.

As always, the MC team led by Adrian Zaw — who faithfully travels to San Francisco every year to support the event — returned once again. This year, they were joined not only by Zun Wathan Oo, but also by rising young artists such as Min Thway Myat and Htun Wira. Together with last year’s Miss Thingyan contestant Phoo Myat Thiri Mon, they energetically fulfilled their roles as masters of ceremony throughout the celebration.

The sight of student volunteers enthusiastically helping out under the hot sun, drenched in sweat yet full of smiles and energy, was truly inspiring to everyone present. Children and young people wasted no time heading straight to the coconut-leaf water pavilions in the center of the grounds, happily splashing water and celebrating together. Their laughter and excitement spread joyful energy throughout the festival.

The annual elder honoring ceremony, traditionally organized by Ma Khin Thet Oo, the Theravada Dhamma Society (TDS) and USBMA also broke records this year. A total of 95 elders were honored, surpassing last year’s record of over 80 participants. Perhaps next year there may even be more than 100 elders attending. It was a heartwarming reflection of Myanmar’s cherished traditions.

The opening ceremony began with “Thagyar Min” together with Thagyar Queen, making a grand round through the festival grounds, officially announcing the arrival of Thingyan. This was followed by a group performance of “Mann Taung Yeik Kho,” then musical performances featuring harp, violin, and the traditional six-drum ensemble in “Myu Hmaung Way Kin.” Special guests such as Daly City Mayor, District Supervisors, Union City Council Member and APA Heritage Committee attended the Opening cerdmony and each gave a brief Congratulatory speech. Audiences were further delighted by graceful traditional dance performances and the uniquely entertaining “Zawgyi” dance performed by young Myanmar boys.

Outside the venue, the food fair quickly became the busiest attraction, with around 50 vendors selling a wide variety of Myanmar traditional foods. However, because more than a thousand people had already arrived since the morning, nearly half of the vendors had sold out by around 2 PM. Finance and Tickets booth was so busy the whole day, selling food tickets, water and other accesdories to the crowd, they even forgot to eat delicious food for themselves. United States Burma Medical Association (USBMA) also participated in the event in many ways, especially taking care of the health of the audience. There was also a Tarot card reading table by the Thagyar Queen!

The entertainment lineup was equally impressive. Famous singers such as Win Naing Soe, Lin Htet, and Mark Jason performed alongside popular local singers and guest performers from Sacramento and various schools and communities. Because of the nonstop performances, audiences remained seated and enthusiastically supportive all the way until the program concluded at 6 PM — a truly remarkable display of dedication from the crowd.

This year’s sound system was also especially notable, marking the very first collaboration of three of the Bay Area’s most respected sound engineers. In addition to performances by the famous “Pyaw Hma Thi, Hti Hma Na” Than Gyat troupe, the audience was especially excited by the debut appearance of actress Aye Aye Khine together with comedians Khine Gyi, Kyaw Gyi, Nay Lin, and Phyo Par Lay as part of the One Myanmar Shwe Thingyan Anyeint troupe.

With such a strong lineup of performers, the festival featured simultaneous indoor and outdoor performances — something rarely seen at Thingyan festivals. Audiences both inside and outside the venue were treated to nonstop entertainment throughout the day. Another especially popular attraction was the traditional Thanaka pavilion, where guests could freely apply Myanmar’s beloved natural cosmetic paste. Festival attendees who posted their Thanaka photos on Facebook with the hashtag were also promised prizes for the most beautiful and most popular photos during OMC’s upcoming appreciation event.

The annual Miss Thingyan beauty pageant once again brought elegance and excitement to the festival. In the first round, contestants participated in catwalk and Q&A sessions. In the second round, the contestants performed a group talent dance to singer Win Naing Soe’s live performance of his hit song “Varanasi.”
The judging panel consisted of Miss ASEAN 2005 Miss Talent winner Ei Yupar Win, Miss Asian American Foundation President Ethel Reddy, Vivian, singer Lin Htet, and singer Mark Jason. Based on their scores, the following titles were awarded:

Miss Photogenic: Phyu Sin Moe Myint
Miss Talent: Natalie Tha
Miss Popular (chosen by audience votes): May Jewel Lin
Miss Thingyan 1st Runner-Up: Irene Aung
Miss Thingyan 2026 Winner: Samantha Chan

As the final and largest Thingyan festival of the year on the U.S. West Coast, the 2026 San Francisco Thingyan Festival successfully delivered many first-time special programs and unforgettable experiences. As promised, the celebration concluded joyfully in the evening with enthusiastic support from the audience. Everyone stayed together helping clean up, while many lingered long after sunset exchanging farewells, reluctant to leave as another successful year of Thingyan came to an end.

“..For some reason, the sunset farewell of Thingyan Atet Day always feels a little sad…”
(from Shwin Lan kar Sate Chan Thar Kya Sae song)

Fortunately, the following day was Memorial Day, allowing most people time to rest and recharge in preparation for next year’s celebration. We would also like to sincerely record our deepest gratitude and appreciation to everyone who contributed, volunteered, donated, and supported this event in every possible way.

“Ever Onward our Community,
Hands as One in Unity..”

(One Myanmar Community)

မေ ၂၄ ရက်နေ့ မှာကျင်းပသွားတဲ့ သင်္ကြန်ပွဲကြီးမှာ အမျိုးသမီးဝတ် ကုတ်အင်္ကျီအနက် နဲ့ မျက်မှန်တစ်လက် ကပွဲခန်းမအတွင်း မေ့ကျန...
05/29/2026

မေ ၂၄ ရက်နေ့ မှာကျင်းပသွားတဲ့ သင်္ကြန်ပွဲကြီးမှာ အမျိုးသမီးဝတ် ကုတ်အင်္ကျီအနက် နဲ့ မျက်မှန်တစ်လက် ကပွဲခန်းမအတွင်း မေ့ကျန်သွားသူများရှိလျှင် OMC သို့ဆက်သွယ်၍ ပြန်လည်ရယူနိုင်ပါပြီ။

If you forgot a black female coat and a pair of glasses in the Thingyan Festival Hall on May 24, 2026 event, please contact OMC asap.

05/25/2026

ပြောမှသိ ထိမှနာ သံချပ် အပိုင်း ၄, ၅, ၆

05/25/2026

ပြောမှသိ ထိမှနာ သံချပ် အ ပိုင်း ၁, ၂, ၃

မနှစ်တုန်းက SF Bay Area Thingyan အမှတ်တရ video လေးပါ..။ 2025 SF Thingyan Clip!
05/21/2026

မနှစ်တုန်းက SF Bay Area Thingyan အမှတ်တရ video လေးပါ..။ 2025 SF Thingyan Clip!

2025 Myanmar New Year Thingyan event organized by One Myanmar Commu...

မနက်ကနေ ညနေစောင်းအထိ San Francisco ရဲ့အခုနှစ်အတွက် နောက်ဆုံး သင်္ကြန်ပွဲ..။ စိတ်လှုပ်ရှားစရာ အစီအစဥ်တွေ အပြည့်နဲ့မို့ လှ...
05/19/2026

မနက်ကနေ ညနေစောင်းအထိ San Francisco ရဲ့အခုနှစ်အတွက် နောက်ဆုံး သင်္ကြန်ပွဲ..။
စိတ်လှုပ်ရှားစရာ အစီအစဥ်တွေ အပြည့်နဲ့မို့
လှမ်းလို့သာလာခဲ့ ‌ ပျော်ရွှင်အတူကဲ...။

xx အတက်နေ့ရဲ့ နှုတ်ဆက်နေဝင်ချိန်ဟာ ဘာလို့မှန်းမသိ ဝမ်းနည်းမိပါတယ်..xx
ဆိုတာမဖြစ်ရအောင် စုပေါင်းကြံဆောင်လို့
လာလေအတူပျော်နွှဲ..
ပိတောက်တွေပွင့်သလို တစ်နှစ်မှတစ်ခါထဲ၊
San Franciscoရဲ့ မြန်မာCommunity သင်္ကြန်ပွဲ...။

From morning until late afternoon — the final Thingyan celebration of this year in San Francisco!

Packed with exciting entertainment programs,
so come join us and celebrate together with joy and laughter.

Let’s gather and make unforgettable memories together,
so we won’t have to sadly say,
“Why does the sunset of Thingyan Atat Day always feel so emotional?”

Like Padauk flowers.. Only Once a Year in the Bay Area..
Here comes the San Francisco’s Community Thingyan Festival!!

Welcome to 2026 Myanmar Water Festival!၂၀၂၆ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နောက်ဆုံး သင်္ကြန်ပွဲကြီးမှာ ကလေး၊ လူငယ်၊ လူ...
05/18/2026

Welcome to 2026 Myanmar Water Festival!

၂၀၂၆ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နောက်ဆုံး သင်္ကြန်ပွဲကြီးမှာ ကလေး၊ လူငယ်၊ လူကြီးမရွေး အားပါးတရ ရိုးရာ ရေကစားကြမယ်။

မြန်မာတစ်နိုင်ငံထဲမှာရှိတဲ့ ရိုးရာသနပ်ခါးကို မြှင့်တင်ဖို့ သနပ်ခါးသွေးလိမ်းမဏ္ဍာပ်လေး တစ်ခုလည်း ထားထားမယ်။

ယောက်ျားလေး၊ မိန်းကလေးမရွေး မိမိကြိုက်ရာ သနပ်ခါး design လေးတွေ ရေးခြယ်ပြီး facebook မှာ လို့တွဲပြီးတင်ပေးရင် comment အများဆုံး၊ like အများဆုံး၊ အလှဆုံးပုံလေးတွေ ရွေးချယ်လို့ အမှတ်တရဆုလေးတွေ ပေးမှာမို့ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

Join us at California’s final grand Thingyan celebration of this year, where children, youth, and adults alike can enjoy the excitement of traditional water play activities together!

To promote Myanmar’s unique traditional Thanaka culture, we will also feature a special Thanaka Pavilion where everyone can enjoy applying and decorating with Thanaka designs.

Boys and girls alike are invited to create and proudly wear their favorite thanaka designs and share photos on Facebook with the hashtag .

The most-liked, most-commented, and most beautiful photos will be selected to receive special prizes.

We warmly invite everyone to come and be part of this joyful celebration on May 24th, 2026!


If you see this, you are invited to the One and Only...SF Thingyan!
05/15/2026

If you see this, you are invited to the One and Only...SF Thingyan!

Address

33511 Western Avenue
Union City, CA
94587

Alerts

Be the first to know and let us send you an email when One Myanmar Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to One Myanmar Community:

Share