Help Each Other Refugees

Help Each Other Refugees အကြောင်းအမျိုးမျိုးကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေး လာကြတဲ့ ဒုက္ခသည်တွေဟာ အကူအညီများ လိုအပ်နေကြပါတယ်။

13/04/2024

ဒီတစ်ခေါက်လည်းဘဲ အလုပ်လည်းရှယ်ခေါ်နေတာနော်။ တက်နိုင်သလောက် အလုပ်တွေကို စုပြီးတင်ထားပေးပါတယ်။ အသေးစိတ်ကိုတော့ လင့်တွေထဲမှာဘဲဖတ်ကြည့်လိုက်ပါ။ အားလုံအဆင်ပြေကြပါစေခဗျာ။

Organisation - Child's Dream (Chiang Mai, Thailand)
Position - Assistant Regional Communication & Marketing Coordinator

Link:https://childsdream.org/wp-content/uploads/2024/04/Assistant-Regional-Com-Marketing-Co_04_2024.pdf

Organization - Mekong Institute (Khon Kaen, Thailand)
Position - Administrative Assistant

Link: https://mekonginstitute.org/wp-content/uploads/2024/04/JobAd_Administrative-Assistant-Receptionist.pdf?fbclid=IwAR3EbM1BAbWRS8mQ4sH5_h6PyBuBVxw7Qui4d7sXPduWOYBtKWofobhk04I_aem_AaicXq9-6wEzrs3rwNc0eXROzyOW5zVG8oC5QSgxCpqXDkjZWt3-6Wpl-3QAmXCh1e_nTEs5yx2laDjNeD-Q7WLD

Organization - KDHW (Mae Sot, Thailand)
Position - Logistics and Procurement Manager
Link: https://web.facebook.com/kdhwnetwork/posts/pfbid0nUmCtr41gBYudTALRR5mZeogyVv3UV7PpRDq58AEkKoGADnPyTLdyeBBiZbQPDsel?_rdc=1&_rdr

Organization - Star Flower Center
Position - Multi Positions

Link: https://web.facebook.com/groups/458936294207006/permalink/6744754638958442/

Organization - IOM
Position - Multi Positions

Link: https://thailand.iom.int/careers?fbclid=IwAR3RpqVbnQ5zfKKXAzdoJ72ngE4hxgU4zlt-no4ty2I58_Ut0Q_raIT6ldc_aem_AaiO2gUepGd3nM9Ec2tjNWksBcgAYqngaao_8kWroIqKawzh_5cbUDTe6mzuS8tZoMe72jf7JULYtvB8suIsQfL1

Organization - Taiwan AID
Program - NGO Fellowship

Link: http://www.taiwanaid.org/en/news/567?fbclid=IwAR1zEkTzU2vub13IjEGb5-y_hY_-kOL3e7ROFPY-twEtskvASU-qzGNw8Hk_aem_Aaimk383oyjts4KfQka6pQV9dMpLplhK6jM_KEiKH5P0kWDSLUQaFUaUCfmYApdleYNKyEkzkta_PxvG0V3P1_t-

11/04/2024

မြဝတီ စကစ ၂၇၅ တပ်ရင်အား ဒီနေ့ မနက်မှာ KNU,KNLA တို့က သိမ်းပိုက်ရရှိလို့ ထိုင်းသတင်းတွေကဖော်ပြနေကြပါတယ်။

29/12/2023

မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ ထိုင်းတောင်ပိုင်းမှာ လူဦးရေသောင်းနှင့်ချီ ရေဘေးသင့်နေ

ဘန်ကောက်၊ ဒီဇင်ဘာလ ၂၇

ထိုင်းနိုင်ငံတောင်ပိုင်းထဲမှာ လူဦးရေ သောင်းဂဏန်းဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ရတဲ့ ရေကြီး ရေလျှံမှုကို ကြုံတွေ့ရင်ဆိုင်နေရတဲ့အပြင် လမ်းအချို့နှင့် ရထားလိုင်းအချို့ကိုလည်း အမိန့်အရ ပိတ်ပစ်ထားရတယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ရာလာနှင့် နာရာထိဝတ်မှာရှိတဲ့ စာသင်ကျောင်း အနည်းဆုံး တစ်ဒါဇင်ကျော်ဟာ ပိတ်ပစ်ထားရပြီး အချို့နေရာတွေမှာတော့ အိမ်များနှင့် ဈေးဆိုင်များအတွင်း ရေဝင်ရောက်နေပြီး ပြည်သူများဟာ နေအိမ်များရဲ့ အပေါ်ထပ်တွင်နေထိုင်ကာ ရေဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပင်လယ်တွင် မိုးသည်းထန်နေတာကြောင့် ထိုပြဿနာတွေဖြစ်ပေါ်နေရသလို ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်တွင် သောကြာနေ့အတွင်းက အနည်းလှေ ၇ စင်း နစ်မြှုပ်ခဲ့တာပါ။

ထိုင်းဘုရင့်နိုင်ငံရဲ့ ရထားကုမ္ပဏီရဲ့ ပြောကြားချက်အရ ရထားလမ်းပြိုကျမှုကြောင့် မလေးရှားနယ်စပ်ကို ဦးတည်သွားနေတဲ့ ရထားတွေဟာ ရာလာမှာ ရပ်တန့်သွားရတယ်လို့လည်း ပါရှိပါတယ်။

အဆိုပါ ထိုင်းတောင်ပိုင်းတွင် နေထိုင်ကြတဲ့ ပြည်သူများကြုံတွေ့နေရတဲ့ ရေလွှမ်းမိုးမှုဟာ ပိုမိုဆိုးရွားလာခဲ့ရင် ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်နိုင်ဖို့ အဆင်သင့်ပြင်ထားကြရန် အာဏာပိုင်တွေက သတိပေးထားပါတယ်။

သတင်း - Border Echo
Ref - AFP

မဲဆောက်သို့လာရာတွင် သတိထားသင့်သည့် အချက်များ============================၁။ ပြည်သူ့ရင်ခွင့်ကို  ဆက်သွယ်ရန် -  ပြည်သူ့ရင်ခ...
21/12/2023

မဲဆောက်သို့လာရာတွင် သတိထားသင့်သည့် အချက်များ
============================
၁။ ပြည်သူ့ရင်ခွင့်ကို ဆက်သွယ်ရန် - ပြည်သူ့ရင်ခွင် Telegram () http://t.me/Myanmarpeople , https://www.facebook.com/PeoplesEmbrace
၂။ အဝတ်အစားရွေးချယ်ရာတွင် ကုန်သည် ပုံစုံ၊ ကျားကျား လျားလျား ပုံစံမျိုး၊ ဂျင်းဘောင်ဘီ၊ quarter ဘောင်းဘီ
ဝတ်ဆင်တာမျိုး၊ ပေါ့ပေါ့ပါးပါး အဝယ်တော် ပုံစံမျိုး ( သို့ ) Shopping & အလည်ပုံစံ ဝတ်ဆင်တာမျိုးစသည်ဖြင့် ဝတ်ဆင်သင့်ပါသည်။
၃။ အိမ်ကအထွက် ကားကွင်းသွားရာ Taxi ဌားရာတွင် စိတ်ချရသော သူကို ကြိုတင် appointmentလုပ်ထားပါ။ ပစ္စည်းကို မြန်မြန် ကားပေါ်ကတင်ပြီး ထွက်ခွာပါ.....လမ်းတွင် ပစ္စည်းအဝယ်ထွက်ရန် ဟန်ပန် အမူအယာမျိုး လုပ်ဆောင်ပါ။ ကားထွက်ခွာဖို့ စောင့်နေရလျှင် စစ်ဆေးဂိတ် တစ် ဂိတ်ချင်းဖြတ်သန်းရန် အတွက် ပြင်ဆင် အားမွေးထားပါ..
၄။ လမ်းရှိ စစ်ဆေးရေးဂိတ်များ -
၁- Zero mile အချိန်ကြာသည်....မျက်နှာလောက်ဘဲ checking လုပ်မည်..ကားသမားမှပေးထားသော စာရင်းကို စစ်မည်..
၂ - ဘုရားကြီး စစ်ဆေးရေးဂိတ် ကားသမားမှ လူစာရင်းပြမည်..စစ်ဆေးရေးမှ ကားပေါ် ကြည့်မည်။ မျက်နှာ ကြည်မည့်။ အထုတ်များ စစ်ဆေးမည်...မသ်ကာလျှင် မှတ်ပုံတင်ပြခိုင်း၊ဘယ်မြို့ကလည်း ၊ အဖေနာမည်မေးမည်.. ဘာသွားလုပ်မှာလည်း..ဘယ်မှာတည်းမှာလည်း...
၃ - ဝေါ ဂိတ် ..ညောင်ခါးဂိတ်.. မုပ္ပလင်.. ကျိုက်ထို... ကားသမားမှ လူစာရင်းပေးမည်..ပိုက်ဆံပေးမည်..
၄- ဘီလင်း..သိမ်ဆိပ် လောက်တွင် ထမင်းစားမည်ဟု ခန့်မှန်းရသည်..ထမင်းစားချိန်တွင် အနီးနားရှိ စစ်ဆေးရေးဂိတ်မှ ရခ၊ လ၀ကများ ထမင်းလာစားတတ်သည်.. လမ်းဆင်းလျောက်ပြီး မှတ်ပုံတင် ပြရသည်..မျက်လုံးချင်း မဆုံမိပါစေနှင့်...
၅ - ကျုံဒိုး..ကောကရိတ်..သက်ညီနောင်..ဂိတ်များတွင် တစ်ခါတစ်ရံ မျက်နှာကြည့် စစ်ဆေးသည်..သံသယ လုံးဝ မဖြစ်ပါစေနှင့်... မှင်သေသေဖြင့် ဖြေပါ..ပြောပါ.. နောက်ဆုံး ရစ်နေလျှင် ကားသမားကိုတိုင်ပင်ပြီး ပိုက်ဆံပေးပါ....
၆ - မြဝတီရောက်လျှင် ဂိတ်ဆုံးထိလိုက်ပြီး ဂိတ်တွင် ဆိုင်ကယ်..ကား Taxi ဌားရန် အကူအညီတောင်းနိုင်သည်..ထို့မှ မဟုတ်လျှင် ပွဲစားခေါ်သည့်နေရာကို တိုင်ပင်ညှိနှိုင်းပြီး ရောက်ခါနီးတွင် ဖုန်းကြိုဆက်သွယ်ပြီး..ကားဂိတ်တွင် လာရောက် ကြိုခိုင်းပါ...
၅။ မြဝတီရောက်လျှင် ထိုင်းဆင်းကဒ် ဝယ်ပြီး...ဘတ် ၂၀၀ တန်လောက်..အင်တာနက် တစ်လစာဖြည့်...ဖုံးဘေ..၂၀၀ ဘတ် လောက်ဖြည့်ထားပါ...ထို င်းဖုံးခေါ်နည်း you tube video ကြည့်ထားပါ...
၆။ မြ၀တီရောက်လို့ ညအိပ်ရလျှင်..မဲဆောက်တွင် ပစ္စည်းဝယ်ရန် ပြောပါ..မဲဆောက်ဈေး၊ အပေါ်ဈေး၊ ဟုံလုံကုန်တိုက်၊ Tesco Lotus၊ Markro ကုန်တိုက်၊ လူခံ ကုန်သည် ရှိသည်ဟုပြောပါ...ထိုင်းဘတ်ငွေ အကုန်လဲပါ.. မြန်မာငွေ ယူမလာပါနှင့်..ကမ်းကူးပေးသူများကို လိုရမယ်ရ မုန့်ဖိုး အနည်းငယ်ပေးရန် ဘတ် ၂၀ တန် ၃ လေးရွက် လဲထားပါ.. ပွဲစားကတော့ မလိုဘူးပြောပါတယ်။ မှတ်ပုံတင်ရှိပါက မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ Gate Pass လုပ်၍ ကူးနိုင်ပါသည်။ သို့သော် အလည်သွားသည့်ပုံစံမျိုး ဝတ်ဆင်မှသာ အဆင်ပြေနိုင်ပါသည်။
၈။ အဝတ်အစားကို နောက်မှာ ပို့လျှင် ပို့ကောင်းပါသည်..လူတစ်ဦးတည်း၊ အရင်ကူးလာသင့်ပါသည်.. ပစ္စည်းမှာရန် - https://www.facebook.com/profile.php?id=100086012705612
၉။ အရေးပေါ် ဆက်သွယ်သင့်သည့် လူများ/အဖွဲ့အစည်းများ၏ ဖုံးနံပါတ်ကို Phone contact တွင် ထည့်ထားပါ..
၁၀။ ဖုံးထဲက မလိုအပ်သော data များအားလ့းကို ကြိုတင် ဖျက်သိမ်းထားပါ..
၁၁။ အချို့လူများသည် မဲဆောက်မှတဆင့် ဘန်ကောက်သို့ စိတ်ချရသော ကားဝန်ဆောင်မှုများဖြင့် သွားရောက်နိုင်ကြောင်း တွေ့ရှိ ရပါသည်။
၁၂။ မဲဆောက်မြို့ အလှ movies file link -
https://www.facebook.com/watch/?v=822768726208985
https://fb.watch/nBI9UewlPz/

မဲဆောက်ရှိ အရေးပေါ်ဆိုင်ကယ်..Taxi များ...
၁။ အောင်လေး +66 0943863975
၂။ သူရ ..+66 085 884 8746, +66 090 254 5540

မှတ်ချက်။ ထိုင်းဆင်းကဒ်ဖြင့် ခေါ်ဆိုပါက +66 ခံစရာမလို..

မဲဆောက် UNHCR ရုံး
၁။ + 66 081 937 3251 , +66 081 921 0774 ( အရေးပေါ် ဆက်သွယ်ရန်၊ ထိုင်း ရဲ အဖမ်းခံရလျှင်..)
၂။ email - [email protected] ( မဲဆောက် )
- [email protected] ( ဘန်ကောက် )
၃။ UNHCR website - https://www.unhcr.org/th/

ที่อยู่

Amphoe Mae Sot

เบอร์โทรศัพท์

+66944988840

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Help Each Other Refugees โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์



คุณอาจจะชอบ