အချိန် တစ်မိနစ်ခွဲလောက်ပေးပြီး ဗီဒီယိုလေးကြည့်ကြည့်ကြပါ..
မမနှင်းဆီဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကိုပြထားတဲ့ စိတ်အားတက်ရဖွယ် ဗီဒီယို တိုလေးတစ်ခုမျှဝေထားပါတယ်။
မမနှင်းဆီဟာ အသက်ငယ်ငယ်လေးတည်းကနေစပြီး လိင်အကြမ်းဖက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဒါပေမယ့် သူဟာ သူ့ဒါဏ်ရာတွေကို သူများတွေအတွက် အင်အားအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သူဖြစ်ခဲ့တာကိုမျှဝေရင်း တခြားအလားတူကြုံတွေ့နေရတဲ့ အမျိုးသမီးငယ်လေးတွေကို ထုတ်ဖော်ပြောကြားကြဖို့၊ အကူအညီတောင်းကြဖို့နဲ့ ဆိတ်ဆိတ်မနေဖို့ အားပေးနေပါတယ်။
ခုတော့သူဟာ သူ့ဘဝကို အလားတူအမျိုးသမီးလေးတွေကို ကူညီပေးဖို့ မြှုပ်နှံထားပါတယ်။ သူ့အကြောင်းဟာ လူသားတွေရဲ့ စိတ်ဝိညာဉ် ဘယ်လောက်ခွန်အားကြီးတယ်ဆိုတဲ့ သက်သေတစ်ခုပါ။
ဒီဗီဒီယိုကနေ စိတ်အားတက်စရာ
WAAW video with MMR subtitle
ပဋိဇီဝဆေးယဉ်ပါးခြင်းသည် မျက်စိဖြင့် မမြင်နိုင်ပါ။
"ပဋိဇီဝဆေးယဥ်ပါးမှုကင်းစင်ဖို့ ပညာပေးကာမြှင့်တင်လို့ ယနေ့ဆောင်ရွက်ကြပါစို့"
ပဋိဇီဝဆေးယဥ်ပါးမှု တိုက်ဖျက်ရေး ရက်သတ္တပတ်
World AMR Awareness Week 2024
Educate. Advocate. Act now.
Handle antimicrobials with care
#WAAW2024
WHO_DrTedros_Polio short video with Myanmar subtitle
ယနေ့ အောက်တိုဘာလ (၂၄) ရက်မှာ ကျရောက်တဲ့ #WorldPolioDay2024 အထိမ်းအမှတ်အဖြစ် ပိုလီယိုရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ Director General - Dr. Tedros Adhanom Ghebreyesus ပြောကြားထားတဲ့ ဗီဒီယိုတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။
📌 ကလေးငယ်တိုင်း ပိုလီယိုရောဂါကင်းဝေးစေဖို့ အတူတကွ ဆောင်ရွက်ကြပါစို့။
#EndPolio
#WorldPolioDay2024
“ခဲ” နှင့် ပတ်သက်၍ သိထားသင့်သော အချက် (၄) ချက်
၁။ ခဲသည် အဆိပ်သင့်နိုင်ပြီး ကလေးငယ်များကို ကျန်းမာသော အနာဂတ်မှ သွေဖယ်စေနိုင်ပါသည်။
၂။ ခဲ ပါဝင်နိုင်သော အရင်းအမြစ်များစွာရှိပါသည်။
၃။ ကလေးငယ်များအတွက် စိတ်ချစွာ ထိတွေ့နိုင်သည်ဟု သတ်မှတ်ထားသော “ခဲ”ပမာဏ မရှိပါ။
၄။ ခဲအဆိပ်သင့်သော အန္တရာယ်မှ ကင်းဝေးသည့် အနာဂတ်ကို ဖေါ်ဆောင်ရမည့်အချိန်ဖြစ်ပါသည်။
Say no to lead poisoning
“ခဲ” အဆိပ်သင့်ခြင်းကို ငြင်းဆိုကြပါစို့
အပြည်ပြည်ဆိုင်ရာ ခဲအဆိပ်သင့်မှု ကာကွယ်ရေး ရက်သတ္တပတ် (၂၀-၂၆ အောက်တိုဘာ ၂၀၂၄)
💢 တောက်ပတဲ့အနာဂတ်များအတွက် ခဲကင်းစင်ဖို့ စဆောင်ရွက်
#LeadPoisoning
#BanLeadPaint
#ILPPW2024
Vision impairment (Eye care): How spectacles transformed our lives with Myanmar subtitle
မျက်မှန်ကို လူတိုင်းလက်လှမ်းမှီနိုင်သည်ဆိုလျှင် မိမိကိုယ်မိမိ တန်ဖိုးထားရုံသာမက အလုပ်သွား၊ ကျောင်းသွားရာ၊ နေ့စဥ်အလုပ်များကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်ခြင်းအတွက် ကမ္ဘာ့စီးပွားရေးတွင် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားကို တိုးတက်စေမည်ဖြစ်ပါတယ်...
မျက်မှန်လိုအပ်သော ကမ္ဘာ့လူဦးရေကို သင်စိတ်ကူးကြည့်ပါ။ ဤလူဦးရေတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက ကျွန်ုပ်တို့တွင် စွမ်းရည်နှင့်အရည်အချင်းရှိသူ များစွာရှိနေသော်လည်း ၎င်းတို့ကို အနှောင့်အယှက် ဖြစ်စေသောမျက်မှန်မရနိုင်သော အတားအဆီးတစ်ခုရှိနေတဲ့အတွက် ဒါဆို လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မှာ မဟုတ်ဘူး...
ဗီဒီယိုအပြည့်အစုံကို WHO Myanmar YouTube Channel တွင်လည်း
ကြည့်ရှုနိုင်ပါသည်
https://youtu.be/TpQzC0qE_6c
ဗီဒီယိုကြာမြင့်ချိန် 4:20 မိနစ်
World Patient Safety Day
ယခုနှစ်၏ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့ဆောင်ပုဒ် “လူနာများဘေးကင်းဖို့ ရောဂါရှာဖွေတွေ့ရှိမှု ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ကြပါစို့” အရ ကျန်းမာရေးအသိပညာမြှင့်တင်ရန် ရည်ရွယ်၍ ဤဗီဒီယိုအား မျှဝေလိုက်ပါသည်။ ဤဗီဒီယိုကို 2023 World Patient Safety Day တွင် ကျင်းပခဲ့သော panel discussion တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး WHO Myanmar Youtube channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။
This video aims to raise awareness on this year’s theme of “Improving diagnosis for patient safety”. The video is copyrighted to WHO Myanmar (panel discussion on World Patient Safety Day 2023) and full video can be found on YouTube channel.
https://www.youtube.com/watch?v=SDjOXUd-PY4&t=121s
#worldpatientsafetyday
mpox (မျောက်ကျောက်)ရောဂါနှင့် ပတ်သက်သောမေးခွန်းများဖြစ်သည့်
- mpox (မျောက်ကျောက်) ရောဂါ ဘယ်လိုကူးစက်သလဲ
- ဘယ်သူတွေက mpox (မျောက်ကျောက်) ကူးစက်ခံရနိုင်ခြေရှိလဲ
- mpox (မျောက်ကျောက်) ဆိုတာ ဗိုင်းရပ်စ်ရောဂါတစ်ခုအဖြစ်် ဆယ်စုနှစ်များစွာရှိနေပေမယ့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအနေနဲ့ ကြေငြာဖို့အထိဖြစ်လာစေတဲ့ အခုတစ်ခါ ရောဂါဖြစ်ပွားမှုက ဘယ်လိုများ ကွာခြားပါသလဲ
.... အစရှိသည်တို့ကို Science in 5 Series: mpox what you need to know တွင် ဖြေကြားထားပါသည်
ဗီဒီယိုအပြည့်အစုံကို WHO Myanmar YouTube Channel တွင်လည်း
ကြည့်ရှုနိုင်ပါသည်
https://www.youtube.com/watch?v=aZ7WAi5534c
ဗီဒီယိုကြာမြင့်ချိန် 5:27 မိနစ်
#mpox
Dengue Fever with Myanmar subtitle
သွေးလွန်တုပ်ကွေးရောဂါ သိမှတ်ဖွယ်မေးခွန်းနှင့်အဖြေများကို ဤမြန်မာစာတန်းထိုး video တွင် လေ့လာကြည့်ရှုနိုင်ပါတယ်။
Video အပြည့်အစုံကို
WHO Myanmar YouTube channel တွင်လည်း
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
https://youtu.be/-TN1Ueo3nWE
Video ကြာမြင့်ချိန် 4:54 မိနစ်
#dengue
PRS Animation_EngHardcodeSubtitle
🌍 အားနည်းသူများကို အကာအကွယ်ပေးပါ။ လိင်ပိုင်းဆိုင်ရာကျင့်ဝတ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ တာဝန်များ 🌍
လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ကျွန်ုပ်တို့ ကူညီပေးနေရသူများအပေါ် အကာအကွယ်ပေးရန် တာဝန်ရှိပါသည်။ အကူအညီနှင့် အခမဲ့ဝန်ဆောင်မှုများကို အလွဲသုံးစားလုပ်၍ လိင်အမြတ်ထုတ်ခြင်းများ လုံးဝခွင့်မပြုရပါ။
အကောင်းဆုံးသော ကျင့်ဝတ်စံနှုန်းများအတိုင်းလိုက်နာခြင်းဖြင့် အားနည်းသူများအတွက် လုံခြုံသောဝန်းကျင်တစ်ခု ဖန်တီးပေးကြရပါမည်။
🔹 လေးစားပါ။ မိမိတို့အကူအညီပေးနေရသူများ၏ ဂုဏ်သိက္ခာကို လေးစားပါ။
🔹 သတင်းပို့ပါ။ အခမဲ့အကူအညီများကို အသုံးချ၍ လိင်အမြတ်ထုတ်နေကြောင်း သံသယရှိသည်နှင့် Myanmar PSEA Helpline ကို သတင်းပို့ပါ။
🔹 ဖေးမကူညီပါ။ နစ်နာသူများကို ဖေးမကူညီပါ။
Myanmar PSEA Helpline - ၀၉ ၄၀၅၁၄၉၆၁၆
WHO နှင့်ပတ်သက်သော သံသယဖြစ်ဖွယ်ရာမ
Cholera: Questions and answers with Myanmar subtitle
"ကာလဝမ်းရောဂါဆိုင်ရာ သိမှတ်ဖွယ်မေးခွန်းနှင့်အဖြေများ" ဤမြန်မာစာတန်းထိုး video တွင် အောက်ပါ မေးခွန်းများ၏ အဖြေများကို ကြည့်ရှုလေ့လာနိုင်ပါသည်။
💢 ကာလဝမ်းရောဂါဆိုတာ ဘာလဲ❓
💢 ကာလဝမ်းရောဂါ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ❓
💢 ကာလဝမ်းရောဂါကို ဘယ်လိုကုသကြမလဲ❓
💢 ကာလဝမ်းရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ❓
💢 ကာလဝမ်းရောဂါ ကာကွယ်ဆေးက ဘေးကင်းထိရောက်ရဲ့လား❓
Video အပြည့်အစုံကို
WHO Myanmar YouTube channel တွင်လည်း
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
https://youtu.be/3KZbpaoahcE
Video ကြာမြင့်ချိန် 2:05 မိနစ်
International Youth Day 2024
နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို နိုင်ငံတကာ လူငယ်များနေ့အဖြစ်သတ်မှတ်ပြီး ရေရှည်တည်တံ့တဲ့ အနာဂတ် ကမ္ဘာကို တည်ဆောက်ရာမှာ အဓိကကျတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဖော်ညွှန်းပြီး ကျင်းပကြတာဖြစ်ပါတယ်
ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ From Clicks to Progress: Youth Digital Pathways for Sustainable Development ဖြစ်ပြီး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေကနေတဆင့် စဉ်ဆက်မပျက် ဖွံ့ဖြိုးမှုပန်းတိုင်တွေကို ရောက်ရှိအောင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။နည်းပညာတိုးတက်ပြောင်းလဲမှုတွေ၊ တီထွင်ဆန်းသစ်မှုတွေဟာ လူငယ်တွေအတွက် ကျန်းမာ၊ ဖွံ့ဖြိုးတဲ့ အနာဂတ်ကို ဖန်တီးပုံဖော်ဖို့ အဓိက ရင်းမြစ်တွေပဲ ဖြစ်ပါတယ်။
“လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုမှသည်ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”#IYD2024
#YouthHealth&Development
#DigitalPathways
#SDG2030
Video created based on insights from 'Youth Digital Innovation for Sustainable Development' by UN DESA.
Read the full article here: https://social.desa.un.org/issues/youth/news/youth-digital-in
WHO Five keys to safer food with Myanmar subtitle
အိမ်မှာ မိမိကိုယ်တိုင်နဲ့မိသားစုဝင်များကို ရောဂါဖြစ်ပွားခြင်းမှကာကွယ်ပါ။ အန္တရာယ်ကင်းသောအစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက်(၅)ချက်မှာ
၁။ ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် သန့်ရှင်းအောင်နေပါ။
၂။ သားစိမ်း၊ ငါးစိမ်းများမှတဆင့် ချက်ပြုတ်ထားသည့် အစားအစာများထံသို့ ရောဂါမကူးစက်စေရန် အသားစိမ်း၊ ငါးအစိမ်းများနှင့် ချက်ပြုတ်ထားပြီးသည့် အစာများကို သီးသန့်ခွဲခြားထားပါ။
၃။ ရောဂါပိုးမွှားများသေစေရန် အစားအစာများကို ကျက်အောင် သေချာချက်ပြုတ်ပါ။
၄။ ဘက်တီးရီးယားရောဂါပိုး ပေါက်ဖွားမှုမှကာကွယ်ရန် အစားအစာများကို သင့်တော်သည့် အပူချိန်တွင် ထားရှိရန်
၅။ ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် သန့်ရှင်းပြီး လတ်ဆတ်သော အစားအစာကုန်ပစ္စည်းများနှင့်ရေကို အသုံးပြုရန်
အန္တရာယ်ကင်းသော အစားအစာရရှိနိုင်ရန်အတွက် အစားအ