Myanmar Unity Movement

Myanmar Unity Movement Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Unity Movement, Community Organization, London.

Oct 3 ရက်နေ့ ကြယ်စင်များနှင့် အလင်းကောင်းကင်5နှစ်ပြည့် ရံပုံငွေပွဲ (၃)  #နွေဦးတော်လှန်ရေး #အရေးတော်ပုံအောင်ရမည်
04/10/2026

Oct 3 ရက်နေ့

ကြယ်စင်များနှင့် အလင်းကောင်းကင်

5နှစ်ပြည့် ရံပုံငွေပွဲ (၃)


#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်

Oct 3 ရက်နေ့ ကြယ်စင်များနှင့် အလင်းကောင်းကင်5နှစ်ပြည့် ရံပုံငွေပွဲမှာMyanmar Unity Movementရဲမေ ရဲဖော်များ၏ တော်လှန်ရေး ...
03/10/2026

Oct 3 ရက်နေ့

ကြယ်စင်များနှင့် အလင်းကောင်းကင်

5နှစ်ပြည့် ရံပုံငွေပွဲမှာ

Myanmar Unity Movement

ရဲမေ ရဲဖော်များ၏ တော်လှန်ရေး သီချင်း သီဆိုဖျော်ဖြေတင်ဆက်မှု (၂)


#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်

ဒီကနေ့ မှာ ကျင်းပသည့်”ကြယ်စင်များရဲ့အလင်းကောင်းကင်” ရံပုံငွေပွဲ မှာMyanmar Unity Movement အနေနဲ့ တလရ ရဲမေရဲဖော် များ ၏ ပ...
03/10/2026

ဒီကနေ့ မှာ ကျင်းပသည့်

”ကြယ်စင်များရဲ့အလင်းကောင်းကင်” ရံပုံငွေပွဲ မှာ

Myanmar Unity Movement အနေနဲ့ တလရ ရဲမေရဲဖော် များ ၏ ပုံရိပ်များ


#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်

Oct 3 ရက်နေ့ ကြယ်စင်များနှင့် အလင်းကောင်းကင်ပွဲမှာMyanmar Unity Movementရဲမေ ရဲဖော်များ၏ တော်လှန်ရေး သီချင်းတင်ဆက်မှု ပု...
03/10/2026

Oct 3 ရက်နေ့

ကြယ်စင်များနှင့် အလင်းကောင်းကင်ပွဲမှာ

Myanmar Unity Movement

ရဲမေ ရဲဖော်များ၏ တော်လှန်ရေး သီချင်းတင်ဆက်မှု

ပုံရိပ်များ


#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်

03/10/2026

ကြယ်စင်များနှင့် အလင်းကောင်းကင်ပွဲမှာ

Myanmar Unity Movement ရဲ့

တော်လှန်ရေး သီချင်း တင်ဆက်မှု

ကြယ်စင်များရဲ့ အလင်းကောင်းကင်ပွဲမှာ Myanmar Unity Movement ရဲ့ တော်လှန်ရေးသီချင်း ၂ပုဒ်ထပ်ပိုသော တေးသရုပ်ဖေါ် ပါဖောင့်မန...
03/10/2026

ကြယ်စင်များရဲ့ အလင်းကောင်းကင်ပွဲမှာ Myanmar Unity Movement ရဲ့ တော်လှန်ရေးသီချင်း ၂ပုဒ်ထပ်ပိုသော တေးသရုပ်ဖေါ် ပါဖောင့်မန့်လေးကိုလဲ ကြည့်ရှုခံစားပေးကြနိူင်ဖို့ ဖိတ်မဏ္ဏကပြုလိုက်ရပါကြောင်း။

MUM ရဲ့လက်ရာ မုန့်များကိုလဲ အားပေးနိူင်ကြဖို့ရန် လက်တို့လိုက်ရပါတယ်။

စစ်ခွေးပြုတ်ကျရေးပြုလုပ်လို့ စစ်ခွေးအပေါင်းကို အနိူင်တိုက်၍ အောင်ပွဲဆင်နိူင်ဖိူ့ရန်သာ အဓိကပါပဲ မဟုတ်လား။လုပ်နိူင်တာ ရနိူ...
02/10/2026

စစ်ခွေးပြုတ်ကျရေးပြုလုပ်လို့ စစ်ခွေးအပေါင်းကို အနိူင်တိုက်၍ အောင်ပွဲဆင်နိူင်ဖိူ့ရန်သာ အဓိကပါပဲ မဟုတ်လား။

လုပ်နိူင်တာ ရနိူင်တာ ရှိတာတွေထုတ်သုံးပြီး တိုက်ကြဟေ့။

ဒီကနေ့ နေ့ခင်း ၁၂ နာရီမှာ စတင်ကျင်းပမည့်”ကြယ်
စင်များရဲ့အလင်းကောငးကင်” ရံပုံငွေပွဲထဲမှ

Myanmar Unity Movement ရဲ့ မီနူးလေးပါ။

ဆနွင်းမကင်း၊
{ပဲပြုတ် ကြက်သွန်မြိတ်}ရေမုန့်၊
မုန့်လင်မယား ရိုးရိုးနှင့် (ငုံးဥပါ စပါယ်ရှယ် ကုန်
ရင်ထပ်မရလို့ အော်ဒါတင်သူ ဦးစားပေးပါ)၊
လမ်းသူရဲမုန့်၊ အုန်းသီး ခေါက်မုန့်၊
ပဲပြုတ်(၁၅ဗူးခန့်သာ)၊ သရက်သီးရသာပိုသုပ်။ ((အချိန်မှီ နေရာရှိရင် မုန့်ဆီကြော်)။
အဆောမှာသူ အရင်ရပါ့မယ်၊ ယူနိုင်မည့်အချိန်ပြောပေးခြင်းဖြင့် ဖယ်ထါးရန်လအချိန်ကို စီမံဖို့ရန်
အတွက်ပါ။

#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်

🔴 မြန်မာစစ်ခွေးရုံရှေ့ စစ်ခွေးမောင်းပွဲ — သပိတ်စစ်ကြောင်း ဟစ်အော်သံ၊ ပြည်သူတွေရဲ့ ရင်တွင်းကအသံ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉...
29/09/2026

🔴 မြန်မာစစ်ခွေးရုံရှေ့ စစ်ခွေးမောင်းပွဲ — သပိတ်စစ်ကြောင်း ဟစ်အော်သံ၊ ပြည်သူတွေရဲ့ ရင်တွင်းကအသံ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် Myanmar Unity Movement (M.U.M) မှ ဦးစီး၍ UK ရောက် သပိတ်စစ်ကြောင်း ရဲမေ၊ ရဲဘော်များသည် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် စစ်ခွေးမောင်းပွဲ ပြုလုပ်ကာ မြန်မာပြည်သူများ၏ အသံနှင့် သပိတ်စစ်ကြောင်း၏ တောင်းဆိုချက်များကို ထုတ်ဖော်ခဲ့ကြပါသည်။

စစ်အာဏာပိုင်များ၏ အတုအယောင်ရွေးကောက်ပွဲနှင့် တရားမဝင်လွှတ်တော်ကို လက်မခံကြောင်း၊ မတရားစစ်မှုထမ်းစေခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် သတ်ဖြတ်တိုက်ခိုက်မှုများနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုကြွေးကြော်ခဲ့ကြပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန်နှင့် အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်းများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြပါသည်။

📢 သပိတ်စစ်ကြောင်းမှ ကြွေးကြော်ခဲ့သည့် ကြွေးကြော်သံအချို့ —

“အတုယောင်ရွေးကောက်ပွဲ၊ တရားမဝင်လွှတ်တော် …
ပြည်သူ့သမ္မတ မဟုတ်ဘူး၊ ပြည်သူ့အစိုးရ မဟုတ်ဘူး!”

“အမေစုနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး …
ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်!”

“အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေမှုများ …
ချက်ချင်းရပ်၊ ချက်ချင်းရပ်!”

ထို့အတူ ကျွန်ုပ်တို့အားလုံးသည် ရခိုင့်သွေးချင်းများနှင့်အတူ ရှိနေကြောင်း ဖော်ပြသည့်အနေဖြင့် “ရခိုင့်အသံ သန္နိဋ္ဌာန်” သီချင်းကိုလည်း ဖွင့်လှစ်ခဲ့ကြပါသည်။

“အာရက္ခမြေမှ သူရဲကောင်းများ …
ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အောင်မြင်ပါစေ!”

📸 မြန်မာသံရုံးရှေ့ စစ်ခွေးမောင်းပွဲ မှတ်တမ်းဓာတ်ပုံများ


🔴 သပိတ်စစ်ကြောင်း ဟစ်အော်သံ — ပြည်သူတွေရဲ့ ရင်တွင်းကအသံ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် Myanmar Unity Movement (M....
29/09/2026

🔴 သပိတ်စစ်ကြောင်း ဟစ်အော်သံ — ပြည်သူတွေရဲ့ ရင်တွင်းကအသံ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် Myanmar Unity Movement (M.U.M) မှ ဦးစီး၍ UK ရောက် သပိတ်စစ်ကြောင်း ရဲမေ၊ ရဲဘော်များသည် လန်ဒန်မြို့ရှိ တရုတ်သံရုံးနှင့် မလေးရှားသံရုံးရှေ့ တို့တွင် မြန်မာပြည်သူများ၏ အသံနှင့် သပိတ်စစ်ကြောင်း၏ တောင်းဆိုချက်များကို ထုတ်ဖော်ခဲ့ကြပါသည်။

📍 တရုတ်သံရုံးရှေ့

မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများ ရပ်တန့်ရန်၊ စစ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ရန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန် တောင်းဆိုကာ သပိတ်စစ်ကြောင်းမှ

ကြွေးကြော်သံအချို့—

“China China STOP Interfering …
The Myanmar People are Suffering!”

“China China Stay Away …
The Innocent Myanmar are Dying Everyday!”

“China witnessed Sham Elections …
Not People’s President, Not People’s Government!”

“China, China be a Good Neighbour …
Don’t do things that you’ll regret later.”

ဟူ၍ ကြွေးကြော်ခဲ့ကြပါသည်။

📍 မလေးရှားသံရုံးရှေ့

မြန်မာ့အရေးအပေါ် မျက်ကွယ်မပြုရန်၊ စစ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ရန်၊ မြန်မာပြည်သူများ၏ အသံကို အလေးထားရန်နှင့် ASEAN အနေဖြင့် မြန်မာ့အရေးအတွက် ထိရောက်သော လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် တောင်းဆိုကာ သပိတ်စစ်ကြောင်းမှ ကြွေးကြော်သံ အချို့—

“Malaysia, you have Ears and Eyes …
You Must See through Junta’s LIES!”

“Malaysia Malaysia, Don’t Look Away …
Innocents in Myanmar are Dying Everyday!”

“Malaysia, Choose Humanity …
Be on the Right Side of History!”

“ASEAN 5-point Consensus …
Words Alone are Useless, Implement your Consensus!”

“ASEAN please call for the Immediate and Unconditional Release of Daw Aung San Suu Kyi and All Political Prisoners …
Right Now! Right Now!”

ဟူ၍ ကြွေးကြော်ခဲ့ကြပါသည်။

📸 တရုတ်သံရုံးနှင့် မလေးရှားသံရုံးရှေ့ သပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ


#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်



29/09/2026

သပိတ်စစ်ကြောင်းအပြီးအကျွေးအမွေး

Address

London

Alerts

Be the first to know and let us send you an email when Myanmar Unity Movement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share