International Campaign for Arakan -USA
International Campaign for Arakan -USA Join us to help ensure human rights for Arakanese-Rakhine, everyone, everywhere! Our mission is to w
09/21/2021
စစ်ကောင်စီကပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို ရခိုင်ပြည်သူများအား ထိုးနှံပေးမည်ဟု AA ပြော
Western News - စက်တင်ဘာလ ၂၁ ရက်
စစ်မှန်သည့် ကိုဗစ်ကာကွယ်ဆေးများပေးမည်ဆိုလျှင် မည်သည့်အဖွဲ့အစည်းကမဆိုလက်ခံသွားမည်ဖြစ်ပြီး စစ်ကောင်စီကပေးမည့် ကိုဗစ်ကာကွယ်ဆေးများကိုလည်း ရခိုင်ပြည်သူများအား ထိုးနှံပေးသွားမည်ဟု ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က ပြောသည်။
ရခိုင်ပြည်နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးမည့် ဦးတည်အုပ်စု ၁၆ စုထဲတွင် ရက္ခိုင့်တပ်တော် AA ၏ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီမှ Western News ကိုပြောဆိုခဲ့သည်။
စစ်ကောင်စီက ရက္ခိုင့်တပ်တော် AA ကိုပေးမည့် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို ရခိုင်က မြို့နယ် ၆ မြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ပရဟိတအဖွဲ့များနှင့် လူထုနှင့် နီးစပ်ဆက်ဆံမှုရှိသူများကို ဦးစားပေးထိုးနှံသွားမည်ဟု ရက္ခိုင့်တပ်တော် AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က Western News ကိုပြောသည်။
“အဲဒီ မြို့နယ် ၆ ခုထဲမှာ ဦးစားပေးထိုးပေးသင့်တဲ့ လူအုပ်စုတွေပေါ့။ ဥပမာပြောရရင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ၊ တခြား ပရဟိတအဖွဲ့တွေ၊ နောက် လူထုကို ဆက်ဆံရေးအမြဲတမ်းလုပ်နေတဲ့ လူအုပ်စုတွေကိုပေါ့။ ဒီလို ဦးစားပေးထိုးပေးသင့်သူတွေကို ကျနော်တို့ အရင်ဆုံးထိုးနှံပေးသွားမယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ကတော့ ကျနော်တို့ပြည်သူတွေ ကျန်းမာရေးဆိုင်ရာ အသက်အန္တရာယ်လုံခြုံဖို့အတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမယ်ဆိုတာကို ကျနော်တို့ဖက်က အရင်ကလည်း ထုတ်ပြန်ပြီးဖြစ်တယ်။ အခုလည်း ဒီအတိုင်းပါပဲ။ စစ်မှန်တဲ့ ကိုဗစ်ကာကွယ်ဆေးများကို ဘယ်လိုရင်းမြစ်ကပဲရရ၊ ဘယ်အဖွဲ့အစည်းကပဲပေးပေး လက်ခံရယူပြီးတော့မှ ကျနော်တို့ရဲ့ပြည်သူတွေကို ထိုးနှံပေးသွားမယ်”ဟုပြောသည်။
စစ်ကောင်စီက ကိုဗစ်ဆေးလုံးရေ ၄၀၀၀၀ ပေးမည်ဆိုလျှင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တော စသည့်မြို့နယ် ၆ ခုမှ ပြည်သူများကို ထိုးပေးရန်လျာထားပြီး ဆေးလုံးအရေအတွက် ယင်းထက်ပိုပေးမည်ဆိုလျှင် နောက်တနည်းဖြင့် စဉ်စားလုပ်ဆောင်သွားမည်ဟု ရက္ခိုင့်တပ်တော် AA က ပြောသည်။
လက်ရှိတွင် ကိုဗစ်ကာကွယ်ထိုးပေးမည့် ကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးနေဆဲဖြစ်ပြီး ရခိုင်ပြည်သူများအား မည့်သည့်ဖက်က ဆေးထိုးပေးမည်ဆိုသည်ကို အတိအကျမသိရသေးသလို AA အနေဖြင့် ရခိုင်ပြည်သူများအတွက် စဉ်းစားကာလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ခိုင်သုခ က ပြောသည်။
ယင်းအပြင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သလို ကာကွယ်ဆေးထိုးနှံသည့်အချိန်နှင့် တပ်ဖွဲ့ဝင်အရေအတွက်အား ခိုင်သုခမှ ဖြေဆိုခြင်းမရှိခဲ့ပေ။
စက်တင်ဘာလ ၂၁ ရက် နေ့တွင် ရခိုင်ပြည်နယ်သို့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁၃၆၀၀၀ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါရောက်ရှိလာမည့် ဆေးများအား ဦးတည်အုပ်စု ၁၆ စုကို ဦးစားပေးထိုးပေးမည်ဖြစ်ကာ ယင်းထဲတွင် ရက္ခိုင့်တပ်တော် AA လည်း ပါဝင်လာခြင်းဖြစ်သည်။
စစ်ကောင်စီက ရက္ခိုင့်တပ်တော် AA ကို ကိုဗစ်ကာကွယ်ဆေးပေးမည့် ကိစ္စနှင့်ပတ်သတ်၍ လက်ရှိတွင် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးရန်ပြင်ဆင်နေပြီး ဆေးထိုးပေးမည့် AA တပ်ဖွဲ့ဝင်အရေအတွက်နှင့် ဆေးလုံးအရေအတွက်ကို မသိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပေဒချုပ် ဦးလှသိန်းက ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်က Western News ကိုပြောဆိုထားသည်။
https://www.western.news/2832
Western News- WN
09/10/2021
07/07/2021
စစ်တွေတွင် စစ်ဘေးရှောင် လင်မယားနှစ်ဦး အစာအဆိပ်သင့်၍ သေဆုံးပြီး ခုနှစ်ဦးအရေးပေါ်ဆေးကုသမှု ခံယူနေရ
DMG ၊ ဇူလိုင် ၇
ရခိုင်ပြည် စစ်တွေမြို့ မင်းဂံအကွက် (၁၇) ဝိဘဇ္ဇတဒီ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း အမှတ် (၁) တွင် နေထိုင်သည့် စစ်ဘေးရှောင် လင်မယားနှစ်ဦးမှာ အစာအဆိပ်သင့်၍ ဇူလိုင် (၆) ရက် ည ၁၀ နာရီကျော်ခန့်တွင် သေဆုံးသွားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) မှ သိရသည်။
စစ်ဘေးရှောင်လင်းမယားနှစ်ဦးသည် ငါးပူတင်းအား ချက်ပြုတ်စားသောက်ပြီးနောက် အဆိပ်မမိစေရန်အတွက် စပါးကြီးသည်းခြေကို စားသောက်ရာတွင် ငန်းသည်းခြေနှင့် မှား၍စားသောက်မိသည့်အတွက် သေဆုံးရခြင်းဖြစ်သည်ဟုသိရကြောင်း အဆိုပါလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။
“မနေ့ သူတို့လင်းမယားနှစ်ဦးဟာ ငါးပူတင်းကို ချက်ပြုတ်စားသောက်ကြတယ်။ အဲဒီငါးပူတင်းကို စားပြီးတော့ အဆိပ်မမိစေဖို့အတွက်ဆိုပြီး စပါးကြီးသည်းခြေကိုစားကြတာမှာ ငန်းသည်းခြေနဲ့ မှားပြီးစားမိတဲ့အတွက် အစာအဆိပ်သင့်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားကြတယ်” ဟု ၎င်းကပြောသည်။
သေဆုံးသွားသည့် စစ်ဘေးရှောင်လင်မယားနှစ်ဦးမှာ ကျောက်တော်မြို့နယ် အောက်မွန်ထောက်ကျေးရွာမှ အသက် (၄၀) အရွယ် ဦးနန်းဦးကျော်နှင့် အသက်( ၃၀ ) အရွယ် ဒေါ်သန်းနုစိန် တို့ဖြစ်ကြသည်။
အလားတူ အဆိုပါ ငါးပူတင်းကိုစားသောက်မိခဲ့ကြသည့် စစ်ဘေးရှောင် ကလေးငါးဦးနှင့် လူကြီးနှစ်ဦးမှာလည်း စစ်တွေမြို့ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
“ သူတို့ အခြေအနေက မူးလို့၊ အန်လို့ အဆိပ်မိတဲ့ လက္ခဏာဖြစ်တယ်။ အခုလောလောဆယ်တော့ သူတို့ အခြေအနေကောင်းနေကြပြီဖြစ်တယ်” ဟု ဦးမင်းထည်ဝါက ပြောသည်။
လက်ရှိ အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိသည့် စစ်ဘေးရှောင်ကလေး ငါးဦးမှာ မောင်တောမြို့နယ် အောင်သပြေကျေးရွာမှဖြစ်ပြီး လူကြီးနှစ်ဦးမှာလည်း ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာမှဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/f-ps-2-d-7inj.html
06/27/2021
ချစ်အိလှိုင်
နိရဉ္စရာ၊ ဇွန် ၂၇/ ၂ဝ၂၁
---------------------------------------
Unicode -
ကျောက်တော်တွင် မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူအား AA က ဖမ်းဆီးသွား
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၂၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
အဓမ္မပြုကျင့်ခဲ့သူမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဦးမောင်မြင့်စိုးဖြစ်သည်။
သူသည် ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ အသက် ၂၁ နှစ်အရွယ် မသန်စွမ်း အမျိုးသမီးငယ်တစ်ဦးကို မိသားစုများမရှိစဉ် အဓမ္မကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက်တွင် သူ့ကို ရပ်ကွက်သူ/သားများက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကျူးလွန်ခံရသူ၏ ဦးလေးဖြစ်သူက နိရ ဉ္စရာကို ပြောသည်။
“သူမတို့ရဲဘေးခြံမှာ အလုပ်လာလုပ်တဲ့သူတွေထဲက တစ်ယောက်က ပြုကျင့်ခဲ့တာပါ။ မိန်းကလေးက မသန်စွမ်းပါ။ အမေနဲ့အစ်မဖြစ်သူတို့နဲ့နေတာပါ။ အမေဖြစ်သူက အဲဒီလူတွေကို ကွမ်းယာကျွေးတယ်လို့ပြောတယ်။ ပြီးတော့ ဟင်းခူးဖို့ထွက်သွားခဲ့တာ။ အစ်မဖြစ်သူကလည်း အပြင်ထွက်သွားတော့ သူတစ်ယောက်တည်းကျန်ခဲ့တဲ့အချိန်မှာ ပြုကျင့်ခံရတာပါ။ အစ်မဖြစ်သူ ပြန်လာတော့ ညီမဖြစ်သူလက်ထဲမှာ ငွေလေးထောင့်နှစ်ရာကိုင်ပြီး ဖရိုဖရဲဖြစ်နေတာနဲ့ အဲဒီလူတွေကို မသင်္ကာလို့ ဖမ်းကြတာပါ။ အဲဒီနောက် အဲဒီလူတွေကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းသွားပါတယ်။” ဟုပြောသည်။
အဓမ္မပြုကျင့်ခဲ့သည့် ဦးမောင်မြင့်စိုးသည် ကျူးလွန်ခံရသူ၏ ဘေးချင်းကပ်ခြံတွင် ယင်းခြံပိုင်ရှင်နှင့်အတူ ခြံစည်းရိုးကာရန်နေကြရာမှ ယခုကဲ့သို့ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“အဲဒီ ကျူးလွန်တဲ့လူက ခြံပိုင်ရှင်ဆီက ငွေတောင်းပြီး မိန်းကလေးကို ငွေပေးတဲ့သဘောပါ။ အဲဒီခြံပိုင်ရှင်က အပေါင်းအပါသဘောမျိုးပါ။ ဒါကြောင့် တပ်တော်က သူတို့နှစ်ဦးလုံးကို ဖမ်းသွားခဲ့တာပါ။” ဟု ပြောသည်။
ကျောက်တော်မြို့ခံတစ်ဦးကလည်း ယခုဖြစ်စဉ်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။
အဓမ္မကျူးလွန်ခံရသူသည် အသက်(၁၂)နှစ်အရွယ်ခန့်က ဖျားနာမှုကြောင့် ခြေထောက်တစ်ဘက်နှင့် လက်တစ်ဘက် မသန်စွမ်းဖြစ်ကာ စကားပြောဆွံ့အပြီး ဦးနှောက်ချို့ယွင်းမှုဝေဒနာခံစားနေရသူဖြစ်သည်။
06/18/2021
ကျောက်တော်နှင့်ပလက်ဝတွင် မိုင်းပေါက်ကွဲမှုကြောင့် ၂ ရက်အတွင်း အမျိုးသမီး ၂ ဦး ဒဏ်ရာရ
DMG ၊ ဇွန် ၁၈
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် မိုင်းနင်းမိသောကြောင့် အမျိုးသမီးနှစ်ဦး ခြေထောက်ပြတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ကျောက်တော်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ အသက် ၄၉ နှစ်အရွယ် ဒေါ်အေးမြမှာ အဖေါ်များနှင့်အတူ မျှစ်ခူးရန်သွားစဉ် မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောသည်။
မိုင်းနင်းမိသဖြင့် ဘယ်ဖက်ခြေကျင်းဝတ် ပြတ်ထွက်သွားပြီး ညာဖက်ပေါင်၊ ခြေသလုံးနှင့် ဝမ်းပိုက်နေရာတို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု ဆိုသည်။
“သူတို့မှာ သားမိနှစ်ယောက်ပဲရှိတာ။ သူ့သမီးကျောင်းတက်နေတဲ့အတွက် မျှစ်ရှာရောင်းချပြီး သမီးကိုကျောင်းထားပေးနေတာ။ မနေ့က နေ့လယ် ၁၂ နာရီကျော်လောက်က အခြားအမျိုးသမီး ၅ ယောက်နဲ့အတူ မျှစ်ရှာဖို့သွားတာ။ လူတွေခွဲပြီးသွားကြတာတဲ့။ အဲဒီမှာ သူတစ်ယောက်တည်းနင်းမိပြီး ဒဏ်ရာရသွားတာပါ။ ” ဟု ဦးအောင်မြင့်က ပြောသည်။
လက်ရှိမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ကျောက်တော်ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေသည်ဟု သမီးဖြစ်သူ မစုပုံချစ်ကပြောသည်။
ယင်းပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ဇွန် ၁၆ ရက်နေ့က အောက်သန်ထောင်ကျေးရွာမှ အသက် ၄၀ ကျော် ဒေါ်ဆိပ်ဟော်မှာ အနီးနားတောင်ပေါ်သို့ မျှစ်ရှာသွားရမှ မိုင်းနင်းမိပြီး ညာဖက်ခြေကျင်းဝတ်တစ်ဖက် ဖြတ်လိုက်ရကြောင်း လက်ရှိတွင် မြောက်ဦးဆေးရုံကြီး၌ ဆေးကုသခံနေရသည်ဟုလည်း မိသားစုဝင်တစ်ဦးဖြစ်သူ ဦးအောင်အောင်သန်းကပြောသည်။
“အခု ဆေးရုံမှာ ဆရာဝန်ကြီးလည်း မရှိဘူး။ အခြားတာဝန်ရှိသူတွေကပဲ ဆေးကုသပေးနေတယ်။ ခြေ ထောက်ဖြတ်လိုက်ရတာကလွဲလို့ ကျန်းမာရေးအခြေနေတော့ စိုးရိမ်စရာမရှိပါဘူး။ ” ဟု ဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ယူထားသည့် စစ်တမ်းများအရ တိုက်ပွဲဖြစ်ပွားသည့်အချိန်မှ ယနေ့အချိန်ထိ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၉ ဦးထိရှိကြောင်း သိရသည်။ ၎င်းထဲတွင် ကလေးငယ်သူငယ် အများဆုံးပါဝင်နေကြောင်း သိရသည်။
ဓါတ်ပုံ - REC
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/plw-n-ktw-mines.html
Address
Washington D.C., DC
94105
Alerts
Be the first to know and let us send you an email when International Campaign for Arakan -USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Organization
Send a message to International Campaign for Arakan -USA:
Featured
Share