Earth Day Network Myanmar

Earth Day Network Myanmar Earth Day Network is a global NGO that works on environmental issues.

Beginning with the first Earth Day on April 22, 1970, Earth Day Network has grown today to reach out to some 196 countries.

07/17/2020
As habitants of this Earth we rely on nature for our health, our food, our jobs & so much more.This   speak up and tell ...
06/05/2020

As habitants of this Earth we rely on nature for our health, our food, our jobs & so much more.

This speak up and tell the world why action is so critical 🗨️

05/27/2020

Two months of the Coronavirus lockdown have done what successive governments could not do in 25 years with over Rs 5,000 crore at their disposal-clean up the Yamuna river.

05/27/2020

Biodiversitiy ကိုထိန်းသိမ်းဖို့နဲ့ မျိုးစိတ်တွေကိုကာကွယ်ဖို့‌အရေးကြီးကြောင်း ကျနော်တို့စကားဝိုင်းလေးကို YUEC အဖွဲ့ဝင်တွေက အဓိကပါဝင်အားဖြည့်ထားပါတယ်။
-Yangon University Environment Club

05/26/2020
"We share 🌏 with  🐘🐢🦒🦊"May 22 ဟာ Biological Diversity Day ဖြစ်ပြီးMay 23 ဟာ World Turtle Day ဖြစ်ပါတယ်။မကြာခင် World Env...
05/24/2020

"We share 🌏 with 🐘🐢🦒🦊"

May 22 ဟာ Biological Diversity Day ဖြစ်ပြီး
May 23 ဟာ World Turtle Day ဖြစ်ပါတယ်။
မကြာခင် World Envionment Day ရောက်နှင့်ဦးမှာဖြစ်ပါတယ်။

ယခုအချိန်တွင် လူတွေကိုဒုက္ခရောက်စေသည့် Covid-19 သည်လည်း တောရိုင်းတိရစ္ဆာများကိုတရားမဝင်ဖမ်းဆီးရာမှပျံနှံလာခြင်းဖြစ်ပါတယ်။

Biodiversitiy ကိုထိန်းသိမ်းဖို့နဲ့ မျိုးစိတ်တွေကိုကာကွယ်ဖို့‌အရေးကြီးကြောင်း ကျနော်တို့စကားဝိုင်းလေးကို May 27 တွင် live လွှင့်သွားမှာဖြစ်ပါတယ်။

Associated by YUEC, EDN Myanmar and Other Activists.

05/23/2020
05/17/2020

အပင်များဟာ ဖြစ်သင့်တာထက် အဆပေါင်း ၅၀၀ ခန့် ပိုမိုမြန်ဆန်စွာ မျိုးတုန်းနေကြပါတယ်
တကယ်လို့ စာဖတ်သူဟာ အပင်တစ်ပင်ကို ကောင်းကောင်းရှင်သန်အောင် မပျိုးထောင်နိုင်ဘူးဆိုရင် ကိုယ်တစ်ယောက်တည်းပဲလို့ မတွေးလိုက်ပါနဲ့။ Nature Ecology & Evolution ဂျာနယ်မှာ ပြီးခဲ့တဲ့ ဂျွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်ကမ္ဘာလုံးဟာ ဒီလိုပြဿနာမျိုး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အစေ့မှပေါက်တဲ့ အပင်မျိုးစိတ်ပေါင်း ၃၃၀,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာကြည့်တဲ့အခါမှာတော့ ၁၉၀၀ ခုနှစ်ကစလို့ ကမ္ဘာပေါ်မှာ အပင်မျိုးစိတ် ၃ မျိုးခန့်ဟာ နှစ်စဉ်မျိုးတုန်းပျောက်ကွယ်နေတယ်လို့ ဆိုပါတယ်။ ဒီနှုန်းဟာ သဘာဝအတိုင်းဖြစ်ရမယ့် သူတို့ရဲ့ မျိုးတုန်းမှုနှုန်းထက် အဆပေါင်း ၅၀၀ ခန့်ပိုမိုမြန်ဆန်နေတယ်လို့လဲ အဆိုပါ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီထဲမှာ ကျွန်တော်တို့သိတဲ့ သစ်ပင်များ၊ ပန်းများ နဲ့ အခြား သစ်သီးသီးတဲ့ အပင်များပါ ပါဝင်တယ်လို့ဆိုပါတယ်။ သိပ်ပြီးတော့ အံ့သြစရာတော့ မကောင်းပါဘူး။ ဒီမျိုးတုန်းမှုကိုလဲ အရှိန်တိုးမြင့်နေစေတာ ကျွန်တော်တို့ လူသားတွေရဲ့ လက်ချက်ပဲလို့ သိရပါတယ်။

ဒီအပင်များ မျိုးတုန်းခြင်းဖြစ်စဉ်အသစ်ရဲ့ geographical pattern များဟာ တိရစ္ဆာန်များ မျိုးတုန်းခြင်းဖြစ်စဉ်များနဲ့ အတော်လေးကို ဆင်တူနေတာတွေ့ရပါတယ်လို့ သုတေသီများက သူတို့ရဲ့ စာတမ်းအတွင်းမှာ ရေးသားခဲ့ကြပါတယ်။
မျိုးတုန်းသွားတဲ့ အပင်မျိုးစိတ်အတော်အများဟာ သီးခြားဖြစ်နေတဲ့ ကျွန်းများပေါ်မှာ ဖြစ်ပေါ်တာများတယ်လို့ တွေ့ခဲ့ရပါတယ်။ အဆိုပါ ကျွန်းများမှာဆိုရင် လူသားတို့ရဲ့ လုပ်ရပ်များဟာ အခြား သဘာဝ ecosystem များထက် ပိုမို အကျိုးသက်ရောက်မှု ကြီးမားတတ်ပါတယ်။ ဟာဝိုင်အီကျွန်းဟာဆိုရင် အပင်မျိုးစိတ်များအတွက် အန္တရာယ်အရှိဆုံး နေရာအဖြစ် သတ်မှတ်ခံထားရပြီး ၁၉၀၀ ခုနှစ်ကစလို့ အပင်မျိုးစိတ်ပေါင်း ၇၉ ခုခန့် မျိုးတုန်းပျောက်ကွယ်သွားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခြား အပင်မျိုးတုန်းမှုများပြားတဲ့နေရာများကတော့ တောင်အာဖရိကရဲ့ Cape Provinces ၊ Mauritius, Australia, Brazil နဲ့ India တို့မှ ကျွန်းများပဲဖြစ်ပါတယ်။

သုတေသီများဟာ သူတို့ရဲ့ လေ့လာမှုများကို ကောင်းကောင်းမွန်မွန် သုံးသပ်ချင်တာနဲ့အညီ ယခင်က ပြုလုပ်ခဲ့တဲ့ သက်ဆိုင်ရာ လေ့လာမှုများကို ပြန်လည်မွှေနောက်ခဲ့ကြပါတယ်။ ဒီထဲမှာ သမိုင်းရှေ့ဆောင် ရုက္ခဗေဒပညာရှင် Carl Linnaeus မှ ၁၇၅၃ ခုနှစ်မှာ ပြုစုခဲ့တဲ့ သုတပေါင်းချုပ်(compendium) ကစလို့ IUCS မှ နှစ်စဉ် update ပြုလုပ်နေတဲ့ ကမ္ဘာတစ်ဝန်း မျိုးတုန်းမှုအန္တရာယ်ရင်ဆိုင်နေရသော တိရစ္ဆာန်များနှင့် အပင်များ စာရင်းအထိ ပြန်လည်မွှေနောက်ခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အပင်များအတွက် မျိုးတုန်းမှုနှုန်းဟာ ကမ္ဘာသက်တမ်းတစ်လျှောက် တစ်နှစ်ကို အပင်မျိုးစိတ်ပေါင်း တစ်သန်းမှာ ဝ.၀၅ မှ ဝ.၃၅ အတွင်းနှုန်းနဲ့ မျိုးတုန်းနေတယ်လို့ ဆိုပါတယ်။

၁၇၅၃ ခုနှစ်က ပြုစုခဲ့တဲ့ သုတပေါင်းချုပ်ကျမ်းအရ အဆိုပါကာလကနေ အခုလက်ရှိကာလအတွင်းမှာ အစေ့မှပေါက်တဲ့ အပင်မျိုးစိတ်ပေါင်း ၁၃၀၀ ခန့်မျိုးတုန်းပျောက်ကွယ်ပြီးဖြစ်တာကို တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၅၀ အတွင်းမှာ မျိုးတုန်းပျောက်ကွယ်လုပြီးဖြစ်တယ်လို့ စာရင်းသွင်းခံထားရတဲ့ အပင်မျိုးစိတ်ထဲမှ ၄၀၀ ခန့်ကို ပြန်လည်တွေ့ရှိခဲ့ပြီး အခြား ၂၀၀ ခန့်ဟာ အခြားအသွင်တစ်မျိုးနဲ့ ဆက်လက်ရှင်သန်နေတယ်လို့ သုံးသပ်ထားပါတယ်။ ဒါကြောင့် နောက်ဆုံး အမှန်တကယ်မျိုးတုန်းသွားတဲ့ အပင်မျိုးစိတ်ဟာ ၅၇၁ မျိုးကျန်ပါလိမ့်မယ်။ ဒီနှုန်းဟာ တစ်နှစ်ကို အပင်မျိုးစိတ်ပေါင်း တစ်သန်းမှာ ၁၈ ကနေ ၂၆ အတွင်းနှုန်းနဲ့ မျိုးတုန်းပျောက်ကွယ်နေခြင်းလဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ၂၀၁၄ ခုနှစ်က အပင်များ သဘာဝအတိုင်းမျိုးတုန်းနှုန်းကို လေ့လာခဲ့တာထက် လက်တွေ့မှာတော့ အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေတာ တွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ ဦးရေ ၁၀၀၀ လောက်ရှိတဲ့အထဲမှာမှ ၁ ခုပဲကျန်နေသေးတယ်ဆိုရင် သူဟာ မျိုးမတုန်းသေးဘူးလို့ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ ကောင်းတဲ့အချက်တစ်ခုမဟုတ်ဘူးဆိုတာကတော့ အားလုံးသိပါတယ်လို့ သုတေသီများက စာတမ်းအတွင်းမှာ ထည့်သွင်းရေးသားခဲ့ကြပါတယ်။

Credit - Curiosity Myanmar

May 15, 2020"Restore Our Earth"လာမည်နှစ်ရဲ့မြေကမ္ဘာနေ့ Theme ကတော့ Restore Our Earth ဖြစ်ကြောင်း Earth Day Network ‌ကကြေ...
05/16/2020

May 15, 2020

"Restore Our Earth"

လာမည်နှစ်ရဲ့မြေကမ္ဘာနေ့ Theme ကတော့ Restore Our Earth ဖြစ်ကြောင်း Earth Day Network ‌ကကြေညာလိုက်ပါပြီ။

Restore Our Earth ဆိုသည်မှာ ဂေဟစနစ်ကို မှုလအတိုင်းထိန်းသိမ်းပေးသည့် သဘာဝဖြစ်စဉ်နဲ့ ထွန်းသစ်စ Green Technology များကို အဓိကထား ရည်ရွယ်ပါသည်။

ဤ Theme သည် ဆိုးရွားပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အတူ လိုက်လျောညီထွေစွာနေထိုင်းခြင်းက တစ်ခုတည်းသောဖြေရှင်းနည်းဆိုတဲ့ အယူအဆ ခြေဖျက်သွားပါမည်။

"Restore Our Earth" Theme သည် COVID-19 ကပ်ဘေးဖြစ်စဉ်နဲ့ဆက်စပ်မှုရှိသည်။ COVID-19 သည် တောရိုင်းတိရစ္ဆာန်များတွင် စတင်ပေါ်ပေါက်ခဲ့ပြီး လူမှတိရစ္ဆာန်များကိုထိတွေ့မှုမှ ပျံ့နှံ့ခဲ့သည်။ ရာသီဥတု ပြောင်းလဲခြင်း၊သစ်တော့ပြုန်းတီးမှုနဲ့ စားကျက်များပျက်စီးခြင်း စသည်တို့က တောရိုင်းတိရစ္ဆာန်များဖမ်းဆီးခြင်းကို ပိုတိုးမြှင့်‌စေပါသည်။

"သိပ္ပံပညာရှင်များကသတိပေးနေပါပြီ။ ဒီကမ္ဘာဂြိုလ်ကို ပိုမိုကောင်းမွန်အောင် မစောင့်ရှောက်လျှင် ယခုရင်ဆိုင်နေရတဲ့ သေစေတတ်သောဗိုင်းရပ်စ်ထက်တောင် လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးနိုင်ပါတယ်" EDN ၏ President Kathleen Rogers မှပြောလိုက်ပါသည်။

ကမ္ဘာဂြိုလ်ဟာ အလွန်တရာများပြားသော ကာဗွန်ပမာဏကို သိုလှောင်ထားနိုင်ပါတယ်။ သမုဒ္ဒရာတွေက အပူကိုစုပ်ယူပြီး ရာသီဥတုပြောင်းလဲခြင်းကိုအတားအဆီးမရှိ ရောက်ရှိနိုင်သလို သစ်တောပြုန်းတီးခြင်းနဲ့အမေဇုန်ဒီရေတောများမီးလောင်ခြင်းက ကာဗွန်ပင်ရင်းအဖြစ်ပြောင်းလဲသွားပါသည်။

Restore The Earth ဆိုသည်မှာ Biodiversity ကိုထိန်းသိမ်းရန်လည်းအဓိပ္ပါယ်ရပါသည်။ UN ထုတ်ပြန်ချက်တစ်ခုအရ မျိုးစိတ်တစ်သန်းခန့်မှာ မျိုးတုံးမယ့်အန္တရာယ်ကြုံ‌တွေ့နေရပြီး Biodiversity ကိုထိန်းသိမ်းခြင်းက ခြိမ်းခြောက်ခံနေရသည့် ဘေးသင့်မျိုးစိတ်များကို ကာကွယ်ပေးရုံသာမက

သန်းပေါင်းများသောမျိုးစိတ်များ ကုန်း၊ရေ၊လေ ကိုအတူမျှဝေလျက် တစ်ခုတည်းသောအိမ် "Earth" ကိုလည်းမှုလအတိုင်းထိန်းသိမ်းရာရောက်သည်။

ယခုအိမ်(Earth) ကိုကာကွယ်ရန် နိုင်ငံတိုင်းအတူတကွလုပ်ဆောင်ရန်လိုအပ်သည်။ ဒီလိုအဖျက်စွမ်းအားကြီးမားတဲ့ Covid-19 (သို့) climate change ကိုတိုက်ဖျက်ရင်း စည်လုံးခြင်းတစ်ခုတည်းကသာလျှင် ရေရှည်မှာ လူသားမျိုးနွယ်နဲ့ ဒီဂြိုလ်ငယ်ရဲ့အနာဂါတ်ကိုကာကွယ်နိုင်ပါမည်။

Climate Change နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာများသည် သဘာဝစနစ်များကို ကျိုးပျက်စေပြီး သေစေနိုင်သည့် ရောဂါဘယများကို ဦးတည်သွားပါသည်။ ကမ္ဘာလုံးစီးပွားရေး ကျဆင်းခဲ့ရပါသည်။ Climate Change နဲ့ ကိုရိုနာဗိုင်းရပ်စ်သည် ကျွန်ုပ်တို့လုပ်ခဲ့သော အကြောင်းတရားကိုနာကျင်စွာနဲ့ပဲ အမှတ်ရစေပြီး "Restore Our Earth" က ‌ရှေ့မှာ‌ ရောက်နှင့်နေပြီးသား အခွင့်အခါများကိုသတိပေးလျှက်ရှိသည်။

ယခုနှစ် Theme တွင်ပါဝင်လိုပါက အောက်ပါလင့်ကိုနှိပ်ပါ။

Restore Our Earth reminds us of the opportunities that lay ahead. Let's create a planet where humans work with nature, not against it.

Today is   🦒🐘🐢🐋Every action counts and you can help us on our fight to secure a future for the animals on the planet we ...
05/15/2020

Today is 🦒🐘🐢🐋

Every action counts and you can help us on our fight to secure a future for the animals on the planet we all share.

Learn more about our efforts and how you can help here: http://ow.ly/p45k50zDZAk

ဂက်စ်မီးဖိုတွေက လေထုညစ်ညမ်းပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်က လူတွေကိုအိမ်ထဲမှာနေရန်တွန်းအားနေပါပြီ။ ...
05/14/2020

ဂက်စ်မီးဖိုတွေက လေထုညစ်ညမ်းပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လူတွေကိုအိမ်ထဲမှာနေရန်တွန်းအားနေပါပြီ။ လမ်းမပေါ်ရှိကားတွေနဲ့ကောင်းကင်ပေါ်ရှိ လေယဉ်တွေနည်းသွားလို့ outdoor pollution ကတော့ကျဆင်းသွားခဲ့တာအမှန်ပါပဲ။

သို့သော်လည်း indoor pollution ကကျဆင်းမလာပါဘူး။ အထူးသဖြင့် ကပ်ဘေးကာလမှာ လူတွေအားလုံးဟာ အိမ်ထဲမှာပိတ်မိနေပြီး အရင်ကထက်ပိုမိုချက်ပြုတ်လာကြလို့ပဲဖြစ်ပါတယ်။ ဂက်စ်ကနေ နိုက်ထရိုဂျင်အောက်ဆိုက်နဲ့ ကာဗွန်မိုနောက်ဆိုက်လို ‌pollutants တွေထုတ်လွတ်ခြင်းပဲဖြစ်ပါတယ်။

Indoor pollution ကိုဘယ်လိုလျှော့ချနိုင်မလဲ?

တစ်ချို့လေ့လာချက်တွေက ဂက်စ်မီးဖိုကနေ လျှပ်စစ်မီးဖိုသို့အစားထိုးရန်အကြံပြုထားပါတယ်။

တစ်ချို့လေ့လာချက်တွေက HEPA filter တပ်ဆင်ဆင်ပြီး ‌ညစ်ညမ်း‌လေထုကိုစစ်ထုတ်ဖို့နဲ့ တစ်ချို့ကအိမ်တွင်းအလှပင်များစိုက်ပျိုးပြီး လေထုအရည်အသွေးကိုမြှင့်တင်ရန်အကြံပြုထားပါတယ်။

အသေးစိတ်အကြောင်းအရာကိုအောက်တွင်ဖတ်ရှုနိုင်ပါတယ်။

Outdoor air pollution has plummeted with us at home. But tens of millions of Americans are exposed to harmful air pollution indoors due to gas appliances.

Address

1752 N Street NW
Washington D.C., DC
20036

Alerts

Be the first to know and let us send you an email when Earth Day Network Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Earth Day Network Myanmar:

Featured

Share