06/05/2026
မစ်ရှီဂန်ပြည်နယ်မှ ဇွန်လ ၂၀၂၆ ကို ရွှေ့ပြောင်းအခြေချသူမျိုးဆက်များအား ဂုဏ်ပြုသောလအဖြစ် ကြေညာ
မစ်ရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး Gretchen Whitmer မှ ဇွန်လ ၂၀၂၆ ကို "ရွှေ့ပြောင်းအခြေချသူမျိုးဆက်များအား ဂုဏ်ပြုသောလ" အဖြစ် တရားဝင် ကြေညာခဲ့သည်ကို ဂုဏ်ယူစွာ မျှဝေလိုပါသည်။
ဤကြေညာချက်သည် ရွှေ့ပြောင်းအခြေချသူများက ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးခဲ့သော အရေးပါသည့် အခန်းကဏ္ဍများကို အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။
Burma Center အနေဖြင့် မစ်ရှီဂန်ပြည်နယ်ကို ပိုမိုအားကောင်းစေသော ရွှေ့ပြောင်းအခြေချသူများနှင့် ဒုက္ခသည်မိသားစုများ၏ ကြံ့ကြံ့ခံနိုင်မှု၊ ခေါင်းဆောင်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုအပ်ပါသည်။
❤️ ပျော်ရွှင်စရာကောင်းသော ရွှေ့ပြောင်းအခြေချသူမျိုးဆက်များအား ဂုဏ်ပြုသောလဖြစ်ပါစေ။
Michigan Proclaims June 2026 as Immigrant Heritage Month
We are proud to share that Governor Gretchen Whitmer has officially proclaimed June 2026 as Immigrant Heritage Month in Michigan, recognizing the contributions immigrants have made to our communities, economy, and culture.
At the Burma Center, we celebrate the resilience, leadership, and achievements of immigrant and refugee families who help make Michigan stronger every day.
❤️ Happy Immigrant Heritage Month!