BAMA BAMA is a a non-profit, non-religion and non-denomination association. Its office is located in Los Angeles, California, USA.

A Nonprofit, Nonpolitical, and Nondenominational Professional Medical Association

Since 1960, physicians who had graduated from Burma had migrated to the USA for postgraduate training. They can only meet each other at social gatherings occasionally and had felt the need for a well-organized association to coordinate the social gatherings and to maintain contact and share information and experi

ences to assist one another for the training and practice and settling down in certain communities. With that common goal in mind, a group of Burma medical graduates gathered at Fullerton, California and held a preliminary meeting to explore the feasibility of the formation of such an organization which should be non-profit in status and tax-exempt, formed purely for the purpose of social, educational gatherings and community service. After several meetings, various temporary committee members were chosen to carry out the drafting of the by-laws and structure of the Board of Directors. On May 8, 1982, the first dinner meeting was held at the Golden Dragon Restaurant in Los Angeles. The President gave a speech explaining the purpose of the organization and stressed the importance of team spirit and unity.

🩸 “ကလေးတွေ နှာခေါင်းသွေး ခဏခဏ လျှံနေတယ်ဆိုတာ… ပုံမှန်လား? ဒါမှမဟုတ် စိုးရိမ်ရမလား?”ကလေးတွေမှာ နှာခေါင်းသွေးလျှံတာ အရမ်းအ...
04/10/2026

🩸 “ကလေးတွေ နှာခေါင်းသွေး ခဏခဏ လျှံနေတယ်ဆိုတာ… ပုံမှန်လား? ဒါမှမဟုတ် စိုးရိမ်ရမလား?”

ကလေးတွေမှာ နှာခေါင်းသွေးလျှံတာ အရမ်းအဖြစ်များပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေမှာ ၃၀% နဲ့ ၅ နှစ်အထက်ကလေးတွေမှာ ၅၀% ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကလည်း စိတ်ပူလွန်စရာ အကြောင်းအရင်းနည်းပါးပါတယ်။

နှာခေါင်းဖွဲ့စည်းတည်ဆောက်ပုံအရ သွေးကြောလေးတွေ အရမ်းများပြားပါတယ်။ အဓိက နှာခေါင်းအရှေ့ပိုင်းလေးမှာ သွေးကြောတွေ စုပုံနေတတ်ပါတယ်။ အဲ့ဒိ့သွေးကြောလေးတွေ ခြောက်သွေ့လို့ဖြစ်စေ၊ မတော်တဆ ထိခိုက်မိလို့ဖြစ်စေ ကွဲအက်သွားရင် နှာခေါင်းသွေးလျှံတတ်ပါတယ်။

အများဆုံးတွေ့ရတာတွေကတော့—
* နှာခေါင်းအတွင်း ခြောက်သွေ့ခြင်း
* နှာခေါင်းနှိုက်တတ်တဲ့အကျင့်ရှိခြင်း
* အအေးမိ / နှာစေး
* စိုထိုင်းဆနည်းပြီး ခြောက်သွေ့တဲ့နေရာဒေသမှာနေထိုင်ခြင်း
* မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း

🚩 ဘယ်အချိန်မှာ စိုးရိမ်ရမလဲ? ဘယ်အချိန်ဆရာဝန်နဲ့ ဆွေးနွေးသင့်သလည်း။
* တစ်ခါလျှံတိုင်း မိနစ်၂၀ ထက်ပိုကြာမယ်။
* သွေးထွက်များလွန်းပြီး မူးဝေ ဖြူဖျော့နေမယ်။
* အကြောင်းအရင်းခိုင်ခိုင်လုံလုံ မရှိပဲ အခြားနေရာတွေလည်း သွေးထွက်မယ်။(ဥပမာ သွားဖုံးယိုမယ်၊ အညိုအမဲ၊ အနီစက်တွေထွက်မယ်)
* မိဘမျိုးရိုးမှာ သွေးနဲ့ပတ်သက်တဲ့ရောဂါမျိုးရှိမယ်။ (ဥပမာ သွေးမတိတ်တဲ့ရောဂါမျိုး)

🏠 အိမ်မှာဘယ်လို သွေးတိတ်အောင်လုပ်မလည်း။
* ကလေးကို ထိုင်ခိုင်းပြီးခေါင်းကို နည်းနည်းငုံထားပါ (ခေါင်းမလှန်ပါနဲ့ ❌)
* နှာခေါင်းရဲ့ အရိုးမဟုတ်ပဲ ပျော့နေတဲ့ နေရာကို လက်နဲ့ အနည်းဆုံး ၁၀မိနစ်လောက် ဖိညှစ်ထားပါ။ ပါးစပ်နဲ့အသက်ရှုပါ။ သွေးမတိတ်သေးရင် ထပ်ပြီး ဖိညှစ်ထားပါ။
* သွေးတိတ်သွားပြီး သွေးခဲရှိရင် မဖယ်ပါနဲ့။ နှာမညှစ်ပါနဲ့။ သွေးပြန်ထွက်တတ်ပါတယ်။

⸝
💡 ဘယ်လိုနည်းတွေနဲ့ ကာကွယ်နိုင်မလည်း။
* အိမ်မှာ လေထုထဲ စိုထိုင်းဆများအောင် humidifier သုံးပေးပါ။
* နှာခေါင်းထဲကို saline spray/ drops ၂-၄ ကြိမ်ထိထည့်ပေးနိုင်ပါတယ်။
* နှာခေါင်းထဲ Vaseline (petroleum jelly) ကို Q tip လေးနဲ့ ဖွဖွ လိမ်းပေးနိုင်ပါတယ်။ခြောက်သွေ့ခြင်းကြောင့် သွေးကြောလေးတွေ ကွဲအက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
* ကလေးတွေရဲ့ လက်သည်းလေးတွေကို တိုတို ညှပ်ထားခြင်းဖြင့်လည်း နှာခေါင်းနှိုက်ရင် ထိခိုက်မှုနည်းစေပါတယ်။

❤️ မိဘတွေသိထားသင့်တာ
နှာခေါင်းသွေးလျှံခြင်းရဲ့ ၉၀% က အန္တရာယ်မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါပေမယ့် မကြာခဏ ဖြစ်နေတယ်၊ အချိန်ကြာကြာဖြစ်နေတယ်ဆိုရင်တော့ ပေါ့ပေါ့ဆဆ မယူဘဲ စစ်ဆေးပေးပါနော်။

နှလုံးရောဂါ လက္ခဏာ အကြောင်း သိကောင်းစရာနှလုံးရောဂါ လက္ခဏာ အကြောင်း ကို နှလုံး အထူးကု ဒေါက်တာ ဖူးပွင့်နန္ဒာ နှင့် ဒေါက်တာ...
04/09/2026

နှလုံးရောဂါ လက္ခဏာ အကြောင်း သိကောင်းစရာ

နှလုံးရောဂါ လက္ခဏာ အကြောင်း ကို နှလုံး အထူးကု ဒေါက်တာ ဖူးပွင့်နန္ဒာ နှင့် ဒေါက်တာ သိင်္ဂီဝင်း တို့က စိတ်ဝင်စားဖွယ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကဲ… အတူတူ နားထောင်ကြရအောင်ပါ။ ဒီအစီအစဉ်က ကျန်းမာရေးပညာပေးရည်ရွယ်ချက်သာ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက် မဟုတ်ပါ။ ကိုယ်ပိုင်ကျန်းမာရေးအတွက် မိမိသက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

နှလုံးရောဂါ လက္ခဏာ အကြောင်း ကို နှလုံး အထူးကု ဒေါက်တာ ဖူးပွင့်နန္ဒာ နှင့် ဒေါက်တာ သိင်္ဂီဝင်း တို့က စိတ်ဝင်စ...

🔥 အပူလွန်ကဲခြင်း (Heat Exhaustion) နှင့် အပူဒဏ်ပြင်းထန်ခြင်း (Heat Stroke) အကြောင်းသိကောင်းစရာ 🔥နွေရာသီမှာ အပူချိန်မြင့်...
04/03/2026

🔥 အပူလွန်ကဲခြင်း (Heat Exhaustion) နှင့် အပူဒဏ်ပြင်းထန်ခြင်း (Heat Stroke) အကြောင်းသိကောင်းစရာ 🔥

နွေရာသီမှာ အပူချိန်မြင့်မားမှုကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောဂါတွေကို သိထားဖို့ အရေးကြီးပါတယ်—

🌤️ အပူလွန်ကဲခြင်း (Heat Exhaustion)

- ဖြစ်ရခြင်းအကြောင်းမှာ — နေပူအောက်တွင် အချိန်ကြာကြာနေရခြင်း၊ ရေဓာတ်မလုံလောက်ခြင်း
- လက္ခဏာများ — ခေါင်းမူး၊ မောပန်း၊ ချွေးအလွန်ထွက်၊ အားနည်းခြင်း၊ မူးဝေခြင်း

- ဘာလုပ်သင့်လဲ —
✔️ အေးမြတဲ့နေရာသို့ ရွှေ့ပါ
✔️ ဓာတ်ဆားရည် (electrolyte drink) ကို ရေအပြင် ပိုသောက်ပေးရန်
✔️ပါးလွှာသော အဝတ်အစားကို ဝတ်ပြီး အရိပ်အောက်တွင် အနားယူပါ။

🚨 အပူဒဏ်ပြင်းထန်ခြင်း (Heat Stroke)

- လက္ခဏာများ — ကိုယ်အပူ 40°C သို့ 104°F နီးပါး/ကျော်၊ ချွေးမထွက်နိုင်တော့ဘဲ၊ အသားအရေခြောက်ပြီး သတိလစ်နိုင်ပါသည်။
- အသက်အန္တရာယ်ရှိနိုင်သည်။

- ဘာလုပ်သင့်လဲ —
❗ ချက်ချင်း ဆေးရုံပို့ပါ
❗ ကိုယ်အပူလျော့ချရန် ရေအေးဖြင့် ရေပတ်တိုက်ပါ။ ယပ်တောင်၊ပန်ကာ၊ အေးသောလေဖြင့် အအေးခံပါ။
ရေခဲထုပ်များကို လည်ပင်း၊ချိုင်း၊ ပေါင်ခြံနေရာများတွင် ကပ်ပေးထားပါ။
ပက်လက်အနေအထား နေပါ။

💧 ကာကွယ်နည်းများ

- ရေ သို့မဟုတ် ဓါတ်ဆား ရည် ကို သောက်ပါ။ ပါးလွှာသော အဝတ်အစားကို ဝတ်ဆင်ပါ။
🔥 အပူဒဏ်အရေးပေါ် လျော့ကျစေရန် ရေအေးဖြင့် ရေပတ်တိုက်ပေးနေစဥ် ပန်ကာဖွင့်အအေးခံစေခြင်း
- နေပြင်းချိန် (နေ့လယ် 11 မှ 3 နာရီအတွင်း) မထွက်ရန် ကြိုးစားပါ။
- ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစား ဝတ်ဆင်ပါ။
- ကလေးများ အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ အထူး ဂရုစိုက်ပါ။

⚠️ မှတ်ချက် — အပူလွန်ကဲခြင်းကို အချိန်မီ မကုသပါက အပူဒဏ်ပြင်းထန်ခြင်းသို့ ပြောင်းလဲပြီး အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

👨‍👩‍👧‍👦 မိမိနှင့် မိသားစုကျန်းမာရေးအတွက် အပူလွန်ကဲခြင်းကို အထူး သတိထားပါ။၊ ဤအချက်များကို မျှဝေပေးပါ။

BAMA Health Talk 2026Hello BAMA members, We’ll be hosting a public health talk at Veterans Memorial Park in Culver City ...
03/25/2026

BAMA Health Talk 2026

Hello BAMA members, We’ll be hosting a public health talk at Veterans Memorial Park in Culver City as part of the Burmese Muslim Community’s Eid celebration. You’re all warmly invited to join us! Please note that due to technical limitations at the park, this will be an in-person–only event. — BAMA EC & Subcommittee

Hello BAMA members, We’ll be hosting a public health talk at Veterans Memorial Park in Culver City as part of the Burmese Muslim Community’s Eid celebration. You’re all warmly invited to join us! P…

RSV ဗိုင်းရပ်စ်ပိုးအကြောင်းသိကောင်းစရာ🦠 *RSV ကူးစက်ရောဂါကို သတိထားပါ! (Respiratory Syncytial Virus)*RSV ဆိုတာက အသက်ရှူလမ...
03/24/2026

RSV ဗိုင်းရပ်စ်ပိုးအကြောင်းသိကောင်းစရာ

🦠 *RSV ကူးစက်ရောဂါကို သတိထားပါ! (Respiratory Syncytial Virus)*

RSV ဆိုတာက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ကလေးငယ်တွေ၊ အသက်ကြီးသူတွေမှာ ပိုပြီးပြင်းထန်နိုင်ပါတယ်။

🔍 *လက္ခဏာများ*

* နှာရည်ယို၊ နှာချေ
* ချောင်းဆိုး၊ အသက်ရှူခက်
* ဖျားခြင်း
* ကလေးငယ်များတွင် နို့မသောက်ချင်၊ အားနည်းလာခြင်း

⚠️ *အန္တရာယ်ရှိနိုင်သူများ*

* အသက် ၅ နှစ်အောက် ကလေးငယ်များ (အထူးသဖြင့် မွေးကင်းစ)
* အသက်ကြီးသူများ
* နှလုံး၊ အဆုတ်ရောဂါရှိသူများ

🛡️ *ကာကွယ်နည်းများ*

* လက်ကို မကြာခဏဆေးပါ
* လူအများနေရာတွင် မျက်နှာဖုံးတပ်ပါ
* ဖျားနေသူများနှင့် နီးကပ်မနေပါနှင့်
* ကလေးငယ်များကို သန့်ရှင်းစွာဂရုစိုက်ပါ

🏥 *ဘယ်အချိန် ဆရာဝန်ကို တွေ့သင့်လဲ?*

* အသက်ရှူခက်လာခြင်း
* ချောင်းဆိုးပြင်းထန်ခြင်း
* နို့မသောက်နိုင်၊ အားနည်းလာခြင်း
* နှာခေါင်းအနား၊ နှုတ်ခမ်းပြာလာခြင်း

💉 RSV ကာကွယ်ဆေးအကြောင်း

ယနေ့တွင် RSV ကာကွယ်ဆေးများကို အသက်ကြီးသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အသုံးပြုနိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များထိုးပါက မွေးလာမည့် ကလေးကိုလည်း ကာကွယ်နိုင်သည်။
ကလေးငယ်များအတွက်လည်း အထူး antibody ဆေးများ (passive immunity) အသုံးပြုနိုင်သည်။
မိမိအတွက် သင့်တော်မှုရှိမရှိ ဆရာဝန်နှင့် တိုင်ပင်ပြီး ထိုးသင့်ပါသည်။

💡 RSV ကို အချိန်မီ သတိထားကာ ကာကွယ်နိုင်ရင် ပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ မိမိနှင့် မိသားစုကို ကာကွယ်ပါ!

#ကျန်းမာရေးအသိပညာ #ကလေးကျန်းမာရေး

The 2026 BAMA Executive Committee, Board of Directors, and committee and subcommittee members held a wonderful gathering...
03/14/2026

The 2026 BAMA Executive Committee, Board of Directors, and committee and subcommittee members held a wonderful gathering and meeting at the President’s residence in San Gabriel on February 28, 2026.

03/01/2026

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ part 3

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD) အကြောင်း ဒေါက်တာ အိသန္တာဟန် Thanda Han နှင့် ဒေါက်တာ အိအိဖြူစိုး EP Soe တို့ အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဗီဒီယို အပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/watch?v=hQGzEjP9-ww

ကျန်းမာရေးအသိပညာတိုးပွားအောင်နောက် ဗီဒီယို အသစ်များအတွက် ယခုချန်နယ်ကို Like, share and Subscribe လုပ်ပေးနိုင်ပါသည်

03/01/2026

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ part 2
ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD) အကြောင်း ဒေါက်တာ အိသန္တာဟန် Thanda Han နှင့် ဒေါက်တာ အိအိဖြူစိုး EP Soe တို့ အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဗီဒီယို အပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/watch?v=hQGzEjP9-ww

ကျန်းမာရေးအသိပညာတိုးပွားအောင်နောက် ဗီဒီယို အသစ်များအတွက် ယခုချန်နယ်ကို Like, share and Subscribe လုပ်ပေးနိုင်ပါသည်

03/01/2026

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ part 1

03/01/2026

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ part 2

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD) အကြောင်း ဒေါက်တာ အိသန္တာဟန် Thanda Han နှင့် ဒေါက်တာ အိအိဖြူစိုး EP Soe တို့ အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဗီဒီယို အပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/watch?v=hQGzEjP9-ww

ကျန်းမာရေးအသိပညာတိုးပွားအောင်နောက် ဗီဒီယို အသစ်များအတွက် ယခုချန်နယ်ကို Like, share and Subscribe လုပ်ပေးနိုင်ပါသည်

02/28/2026

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD) အကြောင်း ဒေါက်တာ အိသန္တာဟန် Thanda Han နှင့် ဒေါက်တာ အိအိဖြူစိုး EP Soe တို့ အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကဲ… အတူတူ နားထောင်ကြရအောင်ပါ။

ဒီအစီအစဉ်က ကျန်းမာရေးပညာပေးရည်ရွယ်ချက်သာ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အစား မဖြစ်နိုင်ပါ။ ကိုယ်ပိုင်ကျန်းမာရေးအတွက် မိမိသက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

https://www.bamausa.org/?p=14945

https://youtu.be/rbQCpr66KFU

https://open.spotify.com/episode/1RSvmOXAxRcMYd8ixoJCk2

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD)ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ...
02/28/2026

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD)

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD) အကြောင်း ဒေါက်တာ အိသန္တာဟန် နှင့် ဒေါက်တာ အိအိဖြူစိုး တို့ အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကဲ… အတူတူ နားထောင်ကြရအောင်ပါ။ ဒီအစီအစဉ်က ကျန်းမာရေးပညာပေးရည်ရွယ်ချက်သာ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အစား မဖြစ်နိုင်ပါ။ ကိုယ်ပိုင်ကျန်းမာရေးအတွက် မိမိသက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD) အကြောင်း ဒေါက်တာ အိသန္တာဟန် နှင့် ဒေါက်တာ အိအ...

Address

Los Angeles, CA

Alerts

Be the first to know and let us send you an email when BAMA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to BAMA:

Share