08/20/2026
Black Star Canyon Falls Hike
ဒီအပတ် Saturday, August 22, 2026 မှာ LA Myanmar Hiking Group နဲ့အတူ Black Star Canyon Falls ကို မနက်ပိုင်း Hiking သွားကြပါမယ်။
📍 Location: Black Star Canyon Falls Trail, Silverado, CA
📅 Date: Saturday, August 22, 2026
⏰ Meeting Time: 6:30 AM
🥾 Start Hiking: 6:40 AM
📏 Distance: About 6.7 miles round trip
⛰️ Elevation Gain: About 830 ft
⏱️ Estimated Hiking Time: 4–5 hours
🏁 Expected Finish: Around 11:30 AM
ဒီ Trail ရဲ့အစပိုင်းက လမ်းကျယ်ပြီး လျှောက်ရတာအတော်လေးအဆင်ပြေပေမယ့် Waterfall နားရောက်ခါနီး နောက်ဆုံးအပိုင်းမှာ creek bed ထဲက ကျောက်တုံးတွေကိုကျော်တာ၊ boulder တွေပေါ်တက်တာနဲ့ scrambling လုပ်ရတာတွေရှိပါတယ်။ ဒါကြောင့် ပုံမှန်လမ်းလျှောက် Hiking ထက် နည်းနည်းပိုခက်ပါတယ်။
August ဖြစ်တဲ့အတွက် နေ့လယ်ပိုင်းမှာ အပူချိန်တက်လာနိုင်လို့ မနက်စောစော 6:40 AM စထွက်ပြီး 11:30 AM လောက်အပြီးပြန်ရောက်နိုင်အောင် စီစဉ်ထားပါတယ်။
ယူလာရန်
ရေ အနည်းဆုံး 2–2.5 Liters, electrolyte, snack/energy bar, hiking shoes ကောင်းကောင်း, hat, sunscreen နဲ့ လိုအပ်တဲ့ personal hiking gear တွေယူလာပေးပါ။
Waterfall က seasonal ဖြစ်တဲ့အတွက် August မှာ ရေရှိမယ်လို့တော့ အာမခံလို့မရပါဘူး။ ဒီခရီးရဲ့အဓိကအရသာက Canyon ထဲဝင်ပြီး rock scrambling adventure လုပ်ရတာပါ။
Meeting Point: Black Star Canyon Falls Trailhead
13333 Black Star Canyon Rd, Silverado, CA 92676
မနက် 6:30 AM အရောက်လာပေးကြပါ။ 6:40 AM မှာ အဖွဲ့လိုက်စထွက်ပါမယ်။
LA Myanmar Hiking Group နဲ့ Saturday morning adventure တစ်ခုအတူတူသွားကြရအောင်။ 🥾⛰️
🚫 Note: L.A Myanmar Hikers is not responsible for any injuries or damages.