We Will Win

We Will Win We Will Win - ငါတို့ပဲနိုင်မှာ (ဝိုင်းကြီးချုပ်) We are a referral-based WGC group honoring and supporting 600+ CDM heroes since Feb 2021.

All donors and potential beneficiaries should be referred by trusted person(s) or organizations who have been in contact with us.

09/23/2026

သံဇကာတွေခြားလဲ ဒို့အရောက် လာခဲ့ပါမယ် 💪

ခဝေးတွေအကုန်ရှင်းဖို့ ကြိုးနဲ့စွန် ကမ်ပိန်းမှာ ပါဝင်ကူညီပေးကြပါ။ 🙏

"ဝိုင်းချစ်မယ့်တိုင်းစစ်" "တိုင်းပြည်ရဲ့ အနာဂတ်၊ လူငယ်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ မျိုးချစ်စိတ်ဓာတ်တို့ ပေါင်းဆုံရာ... အထူးတ...
09/21/2026

"ဝိုင်းချစ်မယ့်တိုင်းစစ်"

"တိုင်းပြည်ရဲ့ အနာဂတ်၊ လူငယ်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ မျိုးချစ်စိတ်ဓာတ်တို့ ပေါင်းဆုံရာ...
အထူးတိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးဦးဆောင်မှုအောက်မှာ ခွန်အားသစ်တွေနဲ့ ရှေ့ဆက်ကြစို့။

မျက်နှာမှာ ဆေးခြယ်၊ ရင်ထဲမှာ မာန်တင်းပြီး တိုင်းပြည်အတွက် ရပ်တည်နေကြတဲ့ လူငယ်တွေရဲ့ ဇွဲလုံ့လနဲ့ စည်းလုံးညီညွတ်မှုဟာ တိုင်းပြည်အတွက် အားကိုးရာအစစ်အမှန်ပါပဲ။

ဘေးကနေ ဝိုင်းဝန်းချစ်ခင် အားပေးကြတဲ့ ပြည်သူတွေရဲ့ စေတနာ၊ ထောက်ပံ့ကူညီမှုတွေနဲ့အတူ ဒီခရီးလမ်းမှာ အောင်ပွဲဆီသို့ အတူတူချီတက်ကြစို့...။

" ဝိုင်းချစ်မယ့်တိုင်းစစ် " ကမ်ပိန်း

၂၀၂၆ ခုနှစ် - စက်တင်ဘာလ (၁၆)ရက်နေ့ မှ အောက်တိုဘာလ (၃၁)ရက်နေ့ အထိ

တော်လှန်ပြည်သူများအားလုံး ပါဝင်ကူညီ ဝန်းရံပေးကြပါအုံးခင်ဗျာ...

အခုပဲပါဝင်ကူညီပံ့ပိုးပေးနိုင်ပါပြီခင်ဗျာ...

#အထူးတိုင်းစစ်ဌာန
#ဝိုင်းချစ်မယ့်တိုင်းစစ်

#ငါတို့ပဲနိုင်မှာ

အပီအပြင် ကင်ကြမယ်ဟေ့့့့
09/19/2026

အပီအပြင် ကင်ကြမယ်ဟေ့့့့

နှိုးဆော်လွှာ

ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ)

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝေဟင်နည်းပညာပိုင်း အဆင့်မြှင့်တင်မှုများအတွက် ရည်ရွယ် ပြုလုပ်ခဲ့သည့် ကြိုးနဲ့စွန် Campaignတွင် တခဲနက် ထည့်ဝင်လှူဒါန်း ပေးခဲ့ကြသော ပြည်တွင်း၊ ပြည်ပမှ တော်လှန်ပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း ဦးစွာ ပထမ ပြောကြားလိုပါသည်။

၂။ တော်လှန်ပြည်သူများ ပေးအပ်လာသည့် ရန်ပုံငွေများကြောင့် ရန်သူ၏ ဝေဟင်စိုးမိုးမှုကို ကာကွယ်ခြင်း၊ တန်ပြန်ခြင်းတို့သာမက အလစ်အငိုက် ထိုးစစ်ဆင်နိုင်သည့် အခြေအနေသို့ပင် ရောက်ခဲ့ပြီ ဖြစ်ကြောင်းကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝေဟင် နည်းပညာပိုင်း မြှင့်တင်မှုများ လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးနိုင်ရန်နှင့် ပြည်သူ့ ခုခံတွန်းလှန်စစ် တွင် ဝေဟင်စိုးမိုးမှုများ ဆက်လက် ရယူထားနိုင်ပါရန်အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) တွင်လည်း အင်တိုက်အားတိုက် ဆက်လက်ပါဝင်ပေးကြပါရန် တော်လှန်ပြည်သူများအား အသိပေး နှိုးဆော်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

"ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ)" ကမ်ပိန်း စတင်ပါပြီ မကြာသေးခင်က သတင်းတွေမှာ မြင်တွေ့နေရတဲ့ မြေပြင်က အခြေအနေတွေ၊ လေကြော...
09/19/2026

"ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ)" ကမ်ပိန်း စတင်ပါပြီ

မကြာသေးခင်က သတင်းတွေမှာ မြင်တွေ့နေရတဲ့ မြေပြင်က အခြေအနေတွေ၊ လေကြောင်းရန်နဲ့ လိုအပ်ချက်တွေကို ကျော်လွှားနိုင်ဖို့ရာမှာ “ကြိုးနဲ့စွန်” တွေက အရင်ကထက် ပိုပြီး အရေးပါလာပါပြီ။ “လသာတုန်း ဗိုင်းငင်” ဆိုသလို အခွင့်အရေးရတုန်းမှာ လိုအပ်ရာတွေဖြည့်ကြဖို့ ရှေ့တန်းရောက် MOD တပ်ရင်းများအတွက် ရည်ရွယ်တဲ့ “ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ)” ကမ်ပိန်းလေးကို စတင်လိုက်ပါပြီ။

ပြီးခဲ့တဲ့ ကမ်ပိန်းတုန်းက ပြည်သူတွေရဲ့ စုစည်းညီညွတ်မှုနဲ့ အတူတကွ ပန်းတိုင်ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသလို... အခု ကြိုးနဲ့စွန် 2.0 မှာလည်း ဝေဟင်စိုးမိုးရေးအင်အား တိုးချဲ့နိုင်ဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာ ထောက်ပို့လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့အတွက် အားလုံးနဲ့အတူ လက်တွဲပြီး အောင်ပွဲခံယူကြရအောင်ပါ ခင်ဗျာ။

နွေဦးရဲ့ပြည်သူတွေ တွန်းအားကောင်းနေဆဲဆိုတာ ဒီကမ်ပိန်းနဲ့ ဆက်လက် သက်သေပြနေကြသလို မြေပြင်ရဲ့အားထုတ်မှုတွေကလည်း အပြောနဲ့သာမဟုတ် တကယ်အားထုတ်ကြတဲ့ ကျွန်ုပ်တို့ရဲ့ ခရီးလမ်းမှာ ယုံကြည်ချက်အပြည့်နဲ့ ဆက်ချီတက်နေကြတာ အားလုံးမျက်မြင်ကိုယ်တွေ့တွေပဲမို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ MOD ရဲ့ တပ်ရင်းတွေ၊ ရှေ့တန်းရဲဘော်တွေရဲ့ အမိုက်စား စွမ်းဆောင်ရည်တွေနဲ့ တံတားဦး စခ လေဆိပ်ကို ပစ်မှတ်ထား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ သတင်းတွေက အားလုံးကို ရင်ခုန်ကြည်နူးစေခဲ့ပါပြီ။

ဒီလို အောင်ပွဲတွေရဲ့ အရှိန်အဟုန်ကို မလျော့သွားစေဘဲ ရှေ့ဆက်မယ့် ခရီးအတွက် နည်းပညာပိုင်းနဲ့ အင်အားတွေကို ပိုမိုဖြည့်တင်းနိုင်ဖို့အတွက် "ကြိုး နဲ့ စွန်" ရဲ့ အောင်မြင်မှုကို အခြေခံထားတဲ့ "ကြိုး နဲ့ စွန် 2.0 (မီးပုံးပျံပွဲ)" ကမ်ပိန်းအသစ်ကို ဒီယနေ့မှစတင်လိုက်ပါတယ်။

ရှေ့တန်းက ရဲဘော်တွေဆီ အလင်းရောင်နဲ့ အားမာန်တွေ ပိုမိုပို့ဆောင်ပေးဖို့အတွက် "ကြိုး နဲ့ စွန် 2.0 (မီးပုံးပျံပွဲ)" ကမ်ပိန်းကို အတူတူ ဆက်လက် အကောင်အထည်ဖော်ကြ ချီတက်ကြဖို့ တော်လှန်ပြည်သူညီအစ်ကို မောင်နှမများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

ကမ်ပိန်းကာလ - စက်တင်ဘာ ၁၉ - အောက်တိုဘာ ၂၉

#ဝေဟင်စိုးမိုးရေးအင်အားတိုးချဲ့ရန်နှင့်နည်းပညာမြှင့်တင်ရန်

#ကြိုးနဲ့စွန်2.0
#မီးပုံးပျံပွဲ
-MOD


#ငါတို့ပဲနိုင်မှာ

မကြာသေးခင်က ငါးကင်တွေ၊ ငှက်ကင်တွေရဲ့ သတင်းလေးတွေ ကြည့်မိ၊ ကြားမိကြမယ်ထင်ပါတယ်… ငါးတွေများများ ကင်နိုင်ဖို့ရာငှက်တွေများမ...
09/16/2026

မကြာသေးခင်က ငါးကင်တွေ၊ ငှက်ကင်တွေရဲ့ သတင်းလေးတွေ ကြည့်မိ၊ ကြားမိကြမယ်ထင်ပါတယ်…

ငါးတွေများများ ကင်နိုင်ဖို့ရာ
ငှက်တွေများများ ကင်နိုင်ဖို့ရာ
ကြိုးနဲ့စွန်တွေ အများကြီးလိုအပ်ပါတယ်

“လသာတုန်း ဗိုင်းငင်”
“မီးရဲတုန်း သံပူကင်” ဆိုသလို
အခွင့်အရေးရတုန်းမှာ
“လစ်ရင်ကြုံး” “လိုရင်ဖြည့်” ဖို့လိုအပ်လာပြီမို့

“ကြိုးနဲ့စွန် 2.0” ကမ်ပိန်းလေးမှာ ပါဝင်ကူညီထောက်ကူပေးကြဖို့ ဆန္ဒဖော်၍ နှိုးဆော်လိုက်ရပါတယ်။ 🙏💪

ဝန်းရံဖို့အတွက် CB မှာ Hi လိုက်ပါ 👋


#ကြိုးနဲ့စွန်

#ငါတို့ပဲနိုင်မှာ

📢 “အူတိုင်ဖောက်မယ့် ပိုးသူငယ်" Campaign📢ဒီကာလထဲ ကျွန်တော်တို့တွေဟာ တိုက်ခိုက်ရင်း၊ ရုန်းကန်ရင်းပဲ လေ့လာခြင်း၊ သင်ယူခြင်း...
09/15/2026

📢 “အူတိုင်ဖောက်မယ့် ပိုးသူငယ်" Campaign📢

ဒီကာလထဲ ကျွန်တော်တို့တွေဟာ တိုက်ခိုက်ရင်း၊ ရုန်းကန်ရင်းပဲ လေ့လာခြင်း၊ သင်ယူခြင်း၊ စုဖွဲ့လေ့ကျင်းခြင်းတွေကို တပါတည်း လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

နယ်ပယ်တိုင်းမှာ ရမ်းသမ်းပြီး ရောပါယောင်ပါ လျှောက်လှမ်းနေတဲ့ခရီး မဟုတ်ကြောင်းကိုလည်း တချိန်တည်းမှာပဲ သက်သေပြသွားကြရမှာဖြစ်ပါတယ်။

"သူများသင်္ဘော မငေးမောနဲ့ ငယ်သောတို့လှေ ကြိုးဖြုတ်ဖြေ၍ ညီညီလှော်ခတ်ကြပါစို့" တဲ့။

တော်လှန်စိတ်တခုတည်းရှိနေရုံမဟုတ်ဘဲ ပညာဉာဏ်ရင့်သန်ကြဖို့လည်း လိုပါတယ်။

မေတ္တာလက်ဆောင်ပြန်ပေးမယ့် စိန်ထည်လက်ဝတ်ရတာကပဲ ကာလပေါက်ဈေး ကျပ်သိန်း(၂၀၀)လောက် ရှိတာမလို့ ကူရင်းနဲ့ယူနိုင်ဖို့ page messenger ကနေပါဝင်ပေးကြပါဦးဗျ။

#အူတိုင်ဖောက်မယ့်ပိုးသူငယ်
#ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်

09/14/2026

📌ကြိုး နဲ့ စွန် 2.0 🧵 🪁

Coming Soon‼️

မအိမ်လုံး လက်ကို ထိတွေ့မိသူတွေ မကြာခင် ရှောတာဖဲအာ့ကြောင့် အမြန်ရှောပါစေဖို့ ဆုတောင်းပေးဖို့လိုမယ်များ ထင်နေလား…ဂက်ဟေးပါတ...
09/12/2026

မအိမ်လုံး လက်ကို ထိတွေ့မိသူတွေ မကြာခင် ရှောတာဖဲ

အာ့ကြောင့် အမြန်ရှောပါစေဖို့ ဆုတောင်း

ပေးဖို့လိုမယ်များ ထင်နေလား…

ဂက်ဟေးပါတနာတွေမို့ မကြာခင် ရှောမှာပါ… 😎

အရင်ရက်က ဒီပို့စ်လေး တင်တော့ “စွမ်းမယ်ထင်ရင် လုပ်လေ”၊ “လေအိုးကြီး” ဘာညာနဲ့ အဘရဲ့ ⚽️မလေးတွေက ထုံးစံအတိုင်းပေါ့…အခုတော့ ဘယ...
09/12/2026

အရင်ရက်က ဒီပို့စ်လေး တင်တော့ “စွမ်းမယ်ထင်ရင် လုပ်လေ”၊ “လေအိုးကြီး” ဘာညာနဲ့ အဘရဲ့ ⚽️မလေးတွေက ထုံးစံအတိုင်းပေါ့…

အခုတော့ ဘယ့်နှယ့်ရှိစ…

စိုင်းစိုင်းရေ… အာရုံလွှဲထားပေးလို့ ကျေးဇူးပါ။

နောက်ထပ်ပွဲလေးလုပ်မယ်ဆိုရင်လဲ ကြိုပြောပါဦး 🤣

တံတားဦးမှသည် အေလာဆီသို့ 💪💪💪

မြို့အစွန်မှာ လုပ်မှာဆိုတော့

လွတ်လွတ်လပ်လပ်ရှိမယ်ထင်ရင် ထင်လိုက်ကြပါ…

တစ်နိုင်ငံလုံး စစ်ကျွန်ဘဝရောက်နေတာတောင် ပျော်နေနိုင်ရင် ပျော်လိုက်ကြပါ…

ဘာတွေဖြစ်လာနိုင်မလဲဆိုရင်တော့…

ဘာမှမပြောတတ်ပါဘူး…

မန်းလေးမြို့စွန်ဆိုတော့…

ပေါ်တာလဲဆွဲလ်ို့ကောင်းတယ်…

ကျုပ်တို့ရဲ့ FPV ဒလုန်းတွေကလဲ ဝုန်းလို့ကောင်းတယ်…

မသကာ အတည့်ကြီးကျသွားရင်…

⚽️မ စိုင်းစိုင်းလဲ ဆွမ်းသွတ်စရာ မလိုတော့ဘူးပေါ့့့့

ဒီနေ့မဟုတ်ရင် နောက်နေ့ပေါ့ ငစိုင်းရာ…

🎶 ဒို့ ဒလုန်းလေးများ ကြမ်းတဲ့အခါသူ့အမိုးအောက်ထဲ တန်းလို့သွားနာကြည်းလို့ ကြေကွဲလဲဆက်ပြီး ဝုန်းမှာပဲ 🎵မကြာခင်မှာ နောက်ထပ်စ...
09/11/2026

🎶 ဒို့ ဒလုန်းလေးများ ကြမ်းတဲ့အခါ
သူ့အမိုးအောက်ထဲ တန်းလို့သွား
နာကြည်းလို့ ကြေကွဲလဲ
ဆက်ပြီး ဝုန်းမှာပဲ 🎵

မကြာခင်မှာ နောက်ထပ်စွန်ကမ်ပိန်း အကြီးလေးတစ်ခု ထပ်လာမှာမို့ ဝန်းရံပေးဖို့ ပိုက်ပိုက်တွေစုထားကြပါဦးဗျို့။


#ငါတို့ပဲနိုင်မှာ

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when We Will Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to We Will Win:

Shortcuts

Share