01/26/2026
( Feb 8th SUN @ Education Fundraiser Food Bazaar @ Newark Pavilion; 10am-3pm )
* ပညာရေးရံပုံငွေစျေးရောင်းပွဲ * တွင်ပါ၀င်မည့်
စိတ်ကျန်းမာရေးဆိုင်ရာ အထူးဟောပြောပွဲ။ 🎓🧠
အလှူစားရင်းအပြည့်အစုံကြည့်ရန်။ (https://www.facebook.com/nyunt.than.1/posts/10163862875797838)
ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျင်းပမည့် Suu Myat Than Foundation ရန်ပုံငွေဈေးရောင်းပွဲတော်တွင် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုအစီအစဉ်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်ပေးကြမည့် ပညာရှင်များမှာ -
✨ Agnes Mary [Counseling Psychologist & MHPSS Specialist] Serenity Counseling ၏ တည်ထောင်သူဖြစ်ပြီး မြန်မာနိုင်ငံ စိတ်ကျန်းမာရေးကဏ္ဍတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ပညာရှင်တစ်ဦး ဖြစ်ပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University) ၌ အမျိုးသမီးများဆိုင်ရာ စိတ်ကျန်းမာရေးဘာသာရပ်ဖြင့် PhD (ပါရဂူဘွဲ့) ကို တက်ရောက်လေ့လာနေသူ ဖြစ်ပါသည်။
✨ Jue Jue [Mental Health Advocate, Lecturer, & Community Leader] Jue Jue’s Safe Space ကို တည်ထောင်သူဖြစ်ပြီး မြန်မာ၊ ထိုင်း နှင့် ဟာဝိုင်ယီပြည်နယ်တို့တွင် စိတ်ကျန်းမာရေးနှင့် မိမိကိုယ်ကို အဆုံးစီရင်မှု ကာကွယ်ရေး (Su***de Prevention) လုပ်ငန်းများကို အားတက်သရော ဆောင်ရွက်နေသူ ဖြစ်ပါသည်။ University of Hawaii Thompson School of Social Work တွင် ကထိကအဖြစ်လည်းကောင်း၊ Queen’s Medical Center တွင် Social Worker အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသည့် TEDx Speaker တစ်ဦးလည်း ဖြစ်ပါသည်။
📍 နေရာ: Newark Pavilion, Newark, CA 🕒 အချိန်: မွန်းလွဲ ၁:၀၀ နာရီ မှ ၂:၃၀ နာရီ (In-person နှင့် Zoom တို့တွင် တက်ရောက်နိုင်ပါသည်) 💻 Zoom ID: 842 7712 7882 / Password: feb8th
Meet Our Mental Health Experts at the Feb 8 Fundraiser! 🎓🧠
We are honored to introduce our guest speakers for the mental health awareness session at the Suu Myat Than Foundation Food Bazaar. Join us in person or via Zoom for this vital discussion.
✨ Agnes Mary [Counseling Psychologist & MHPSS Specialist] Founder of Serenity Counseling, Agnes Mary is an experienced professional in Myanmar’s mental health sector. She is currently an MHPSS specialist and a PhD candidate at Chiang Mai University, focusing on women’s mental health and trauma-informed care.
✨ Jue Jue [Mental Health Advocate, Lecturer, & Community Leader] Founder of Jue Jue’s Safe Space, Jue Jue is a dedicated TEDx speaker and community leader providing critical su***de prevention and MHPSS services across Myanmar, Thailand, and Hawaii. She serves as a lecturer at the University of Hawaii and a social worker at Queen’s Medical Center.
📍 Location: Newark Pavilion, Newark, CA 🕒 Time: 1:00 PM – 2:30 PM (In-person & Zoom available) 💻 Zoom ID: 842 7712 7882