21/08/2026
#ရာသက်ပန်ပဒေသာပင်အလှူရှင်
@@@@@@@@@@@@@@@
⚜️⚜️အနှိုင်းမဲ့မေတ္တာ အသင်းသို့ လစဉ် လှူဒါန်းပေးပါသော အလှူရှင်များအား
အထူးပင် ကျေးဇူးတင်ရှိပါသည်။
အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီမှုအသင်း(သထုံ)မှ
စေတနာသွေးလှူရှင်များ၊အလှူရှင်များနှင့်ပူးပေါင်းချိတ်ဆက် လှူဒါန်းပေးလျှက်ရှိသော
(သွေး၊အောက်ဆီဂျင်၊ရေ)အလှူတော် လုပ်ငန်းစဉ်များ အစဉ်သဖြင့် ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်
"အနှိုင်းမဲ့မေတ္တာ (သထုံ )ရာသက်ပန် ပဒေသာပင်"
ပဒေသာပင် တစ်ပင်လျှင် (၁၀၀၀၀၀ိ/)တစ်သိန်းကျပ်နှုန်းဖြင့်
မိမိတို့သဒ္ဒါတရားရှိသ၍ ပါဝင်လှူဒါန်းနိူင်ပါသည်။
✨✨ ဒေါ်သန်းလှ၏ (၇၈)ပြည့် မွေးနေ့အလှူ
✨✨အမှတ်(၆၀) ဘူတာလမ်း ၊ အောက်ကျင်းရပ်ကွက် ၊ သထုံမြို့ ။
⚜️⚜️ပဒေသာပင် (၁)ပင် အတွက်
⚜️⚜️အလှူငွေ ( ၁) သိန်း ၁၀၀,၀၀၀ ကျပ်ကို
သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းပေးပါသည်။
အလှူရှင် မိသားစုများ စိတ်ချမ်းသာကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒမှန်သမျှပြည့်ဝပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏
21.8.2026
ပဒေသာပင် လှူဒါန်းမှုမှ ရရှိလာသောအလှူငွေများကို
မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)တွင် စာရင်းသေ (Fixed Deposit)စာရင်းတွင် ထားရှိပြီး
ရရှိမည့် ဘဏ်တိုးဖြင့် အသင်း၏
(သွေး၊အောက်ဆီဂျင်၊ရေ)လှူဒါန်းမှုများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သောကြောင့်
တစ်ကြိမ်တစ်ခါ လှူဒါန်းခြင်းဖြင့် ရာသက်ပန်ကုသိုလ်ပွားစေနိုင်မည်ဖြစ်ပါသည်။
MAB bank account no.0480165048011495013
KBZ bank account no.34230434200068101