ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ - မွန်ပြည်နယ်

  • Home
  • Myanmar
  • Thaton
  • ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ - မွန်ပြည်နယ်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ - မွန်ပြည်နယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ - မွန်ပြည်နယ်, Community Organization, Thaton.

၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ (2-3-2026)သထုံမြို့ နောင်ကုလားကျေးရွာရှိပအိုဝ်းအမျိုးသားဗိမ္မာန်တော်တွင် ပြုလုပ်ကျင်းပသော၇၇...
01/03/2026

၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ (2-3-2026)
သထုံမြို့ နောင်ကုလားကျေးရွာရှိ
ပအိုဝ်းအမျိုးသားဗိမ္မာန်တော်တွင်
ပြုလုပ်ကျင်းပသော
၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို
ကျေးရွာတိုင်းရှိ ယဥ်ကျေးမှုအဖွဲ့များ
အခမ်းအနား ကျင်းပမည့်နေရာသို့
မနက် ၇ နာရီအရောက် ကြွရောက်ပေးကြပါရန် ပန်ကြားအပ်ပါသည် ။

Online Voting ကို (1.3.2026) ည(၆)နာရီပိတ်သိမ်းပါမည်။Offline Voting ကိုမူ (1.3.2026)ရက်နေ့ ပွဲစတင်ကျင်းပချိန် နံနက် (၉) န...
28/02/2026

Online Voting ကို (1.3.2026) ည(၆)နာရီပိတ်သိမ်းပါမည်။

Offline Voting ကိုမူ (1.3.2026)ရက်နေ့ ပွဲစတင်ကျင်းပချိန် နံနက် (၉) နာရီမှစတင်၍ voting တစ်စောင်လျှင် (1000ks) နှုန်းထားဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး လက်မှတ်တစ်စောင်ကိုမူ (10)မှတ် နှုန်းဖြင့်​တွက်ချက်မည်ဟုသိရှိရပါသည်။

28/02/2026

ဝိသာခါ ခမ်းကောင်ဒုံ 😍

မွန်ပြည်နယ် သထုံမြို့နယ်နောင်ကုလားကျေးရွာရှိစိန်ရတု ပအိုဝ်းအမျိုးသား ဗိမ္မာန်တွင် ပြုလုပ်ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့ ...
27/02/2026

မွန်ပြည်နယ် သထုံမြို့နယ်
နောင်ကုလားကျေးရွာရှိ
စိန်ရတု ပအိုဝ်းအမျိုးသား ဗိမ္မာန်တွင်
ပြုလုပ်ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအစီအစဥ်

#တပေါင်းလဆန်း ၁၃ ရက်
Miss pao Thuwanakham part (1) နှင့်
ပအိုဝ်းယဥ်ကျေးမှု အက ဖျော်ဖြေရေးကဏ္ဍ

#တပေါင်းလဆန်း ၁၄ ရက်
Miss Pao Thuwanakham part (2)နှင့်
ပအိုဝ်းယဥ်ကျေးမှု အကပြိုင်ပွဲ
သီချင်းဖျော်ဖြေရေး ကဏ္ဍ

#တပေါင်းလပြည့်နေ့
ပအိုဝ်းအမျိုးသားနေ့အခမ်းအနား
အကပြိုင်ပွဲ ဆုပေးပွဲ
Miss Pao Thuwanakham ဆုပေးပွဲ
ပအိုဝ်းယဥ်ကျေးမှုအကဖျော်ဖြေပွဲများ
ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ကြွရောက်အားပေးကြဖို့ ဖိတ်ကြားအပ်ပါသည်။

သထုံဒေသ စိန်ရတု ပအိုဝ်းအမျိုးသား ဗိမ္မာန်တွင် ပြုလုပ်ကျင်းပမည့်၇၇နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းရိုးရာအကများ​...
15/02/2026

သထုံဒေသ စိန်ရတု ပအိုဝ်းအမျိုးသား ဗိမ္မာန်တွင် ပြုလုပ်ကျင်းပမည့်
၇၇နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းရိုးရာအကများ​​ဖြင့်​​ ကပြယှဥ်ပြိုင်ကြမည့် ယဥ်ကျေးမှုအကအဖွဲ့များအတွက် အကအလှစည်းမျဥ်းစည်းကမ်းများ ကြေညာချက်

✅ စည်းမျဥ်း 1 - ပြိုင်ပွဲဝင်ဦးရေ အနည်းဆုံး ၁၆ယောက်ဖြစ်ရပါမည်။ (မှတ်ချက် - အမျိုးသား/အမျိုးသမီး သီးသန့် ၁၆ ယောက်​ဖြင့်လည်း
ကပြယှဥ်ပြိုင်၍ ရပါသည်။)
✅ စည်းမျဥ်း 2 - ရိုးရာဝတ်စုံပြည့်ဖြစ်ရမည့်အပြင် မျိုးသားများက တိုက်ပုံ ခေါင်းပေါင်း ဆင်တူဖြစ်ရပါမည်။ အမျိုးသမီးများအနေဖြင့် ခေါင်းပေါင်းဆင်တူ/ ဆံထိုးပါပါက ဆင်တူဖြစ်ရမည်။
✅ စည်းမျဥ်း 3- ရိုးရာထုံမောင်းဖြင့် ယှဥ်ပြိုင်ပါက ထုံမောင်းဝိုင်းတွင် လူဦးရေ အနည်းဆုံး ၅ယောက် ဖြစ်ရပါမည်။ ကိုယ်ပိုင်ပအိုဝ်းရိုးရာ သီချင်းဖြင့်လည်း သီဆိုယှဥ်ပြိုင်နိုင်သည်။ သီးချင်းတစ်ပုဒ်ကြာချိန် အနည်း၆ မိနစ်မှအများဆုံး ၁၀ မိနစ် (မှတ်ချက် - ပအိုဝ်းအမျိုးသားနေ့နှင့် သက်ဆိုင်သော သီချင်းများဖြင့်သာ ယှဥ်ပြိုင်ရန်။)

အကပြိုင်ပွဲဝင်မည့်ကျေးရွာများအနေဖြင့်
တပေါင်းလဆန်း (၇)ရက်နေ့ နောက်ဆုံးထား၍
ဆက်သွယ်စာရင်းပေးသွင်းကြပါရန်

ပွဲရက်ကို တပေါင်းလဆန်း ၁၃ ရက် ၁၄ ရက်နှင့် လပြည့်နေ့ သုံးရက်တိုင် ပြုလုပ်ကျင်းပပါမည် (နေ့ဘက်များတွင်သာ)

နန်းသီတာညိုဝင်း 09-7918-66146
ခွန်ချစ်စံဝင်း 09-696-744-966

ခွန်သက်မောင်မောင် 💪💪
21/12/2025

ခွန်သက်မောင်မောင် 💪💪

ပအိုဝ်းဝန်ကြီးလောင်း 😍
18/12/2025

ပအိုဝ်းဝန်ကြီးလောင်း 😍

ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ
ဝင်ရောက်ယှဥ်ပြိုင်မည့်
ဦးချစ်သိန်း (ခ) ဦးခွန်ဒါလီ ၏ ကိုယ်ရေးအကျဥ်း

ဦးချစ်သိန်းသည် သထုံံမြို့၊ ဘင်လှိုင်ရပ်ကွက် ဇာတိဖြစ်ပြီး မူလတန်းပညာကို သထုံမြို့ အ.မ.က(အောက်ကျင်း)၊ အလယ်တန်းနှင့် အထက်တန်းပညာကို ကဝမြို့နယ် အ.ထ.က(တွဲ) ပလေးတို့တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်တိုင်း အ.ထ.က(၄) သင်္ဃန်းကျွန်းတွင် ဒဿမတန်းအောင်မြင်ခဲ့သည်။

အမျိုးသားရေးလုပ်ငန်းဆောင်ရွက်ချက်
၁၉၉၇/၉၈ ခုနှစ်မှစ၍
သထုံမြို့နယ် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဖွဲ့စည်းနိုင်ရေးအတွက် စည်းရုံးရေးတာဝန်ခံ အဖြစ်လည်းကောင်း၊
၂၀၁၂/၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ (မွန်ပြည်နယ်)တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း အမျိုးသားရေးတာဝန်များကိုဆောင်ရွက်ခဲ့သည်။ ယနေ့ချိန်ထိ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ (မွန်ပြည်နယ်) နာယကအဖွဲ့ဝင်တစ်ဦးအဖြစ် ပအိုဝ်းအမျိုးသားရေးတာဝန်ကို ထဲထဲဝင်ဝင်​​ဆောင်ရွက်လျှက်ရှိပါသည်။

တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများ၊ ဖွံ့ဖြိုးတိုးတက်စေပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက်

၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်လွှတ်တော် ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိပါသည်။

17/12/2025

ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ
ဝင်ရောက်ယှဥ်ပြိုင်မည့်
ခွန်ခင်လှ ၏ ကိုယ်ရေးအကျဥ်း

ခွန်ခင်လှသည် သထုံံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားရှမ်းရွာ ဇာတိဖြစ်ပြီး အ.လ.က(ရှမ်းရွာ)၊ အ.ထ.က(၁) (သထုံ)တို့တွင် ဒဿမတန်းအထိ ပညာသင်ကြားခဲ့သည်။

၂၀၁၀ မှ ယနေ့ထိ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုအကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

ယခုအခါ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် သထုံမြို့နယ် ဥက္ကဌ တာဝန်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

ဒေသတည်ငြိမ်​အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပြီး ပြည်သူ့အကျိုးပြုနိုင်ရန်အတွက်

၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်(FPTP) ကိုယ်စားလှယ်လောင်းအဖြစ် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆) မှ ဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိပါသည်။

17/12/2025

ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ
ဝင်ရောက်ယှဥ်ပြိုင်မည့်
ဦးသန်းဝေ (ခ) ဦးခွန်မောင်မောင် ၏ ကိုယ်ရေးအကျဥ်း

ဦးသန်းဝေသည် သထုံံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ တံတားဦးရွာ ဇာတိဖြစ်ပြီး အ.မ.က(တံတားဦး)၊ အ.ထ.က(ကျိုက္ကော်)၊ အ.ထ.က(၁) (တောင်ကြီး)တို့တွင် ပညာသင်ယူခဲ့ပြီး တောင်ကြီးဒီဂရီကောလိပ်တွင် မြန်မာစာဘာသာရပ် အဓိကဖြင့် ဒုတိယနှစ်ပညာသင်နှစ်အထိ ပညာသင်ကြားခဲ့သည်။

သထုံမြို့နယ် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအသင်းတွင် တွဲဖက်အတွင်းရေးမှူး အဖြစ်လည်းကောင်း အမျိုးသားရေးတာဝန်ကိုဆောင်ရွက်ခဲ့သည်။

၂၀၁၈ မှ ၂၀၂၅ ခုနှစ်ထိ သထုံမြို့နယ်၊ တံတားဦးကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး ကျေးရွာသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

ယခုအခါ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် တွဲဖက်အတွင်းရေးမှူး(၂)တာဝန်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

ဒေသတည်ငြိမ်​အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပြီး ပြည်သူ့အကျိုးပြုနိုင်ရန်အတွက်

၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် သထုံမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိပါသည်။

17/12/2025

ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မွန်ပြည်နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင...

Address

Thaton

Website

Alerts

Be the first to know and let us send you an email when ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ - မွန်ပြည်နယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share