မန်းမြေသို့အပြန်

မန်းမြေသို့အပြန် Created by CRPH-OFP Fundraisers: We Are One and We Will Win for fundraising activities to achieve Federal Democracy in Myanmar.

“ကြိုးနဲ့စွန်” ကမ်ပိန်းက မနက်ဖြန်နောက်ဆုံးပါ။အဖိနှိပ်ခံပြည်သူတွေ လေကြောင်းပစ်ခံကြရရင်၊ ရင်နင့်အောင်ခံစားလို့  ဝမ်းနည်းကြ...
30/07/2026

“ကြိုးနဲ့စွန်” ကမ်ပိန်းက မနက်ဖြန်နောက်ဆုံးပါ။

အဖိနှိပ်ခံပြည်သူတွေ လေကြောင်းပစ်ခံကြရရင်၊ ရင်နင့်အောင်ခံစားလို့ ဝမ်းနည်းကြေကွဲ ဒေါသဖြစ်ကြရတယ် မဟုတ်လား။

အဲ့ဒီတော့ …
• လေကြောင်းရန်ကို ကာကွယ်ပေးချင်လား ...
• ရင်ဆိုင်ပွဲတွေမှာ လက်ဦးမှု ရယူချင်လား ...
• မြေပြင်ကကိုယ့်အဖွဲ့သားတွေ နည်းပညာပိုင်းကို တွင်တွင်ကျယ်ကျယ် ပိုသုံးနိုင်တာ မြင်ချင်လား ...
• နှစ်ပေါင်းများစွာ ခွဲခွါနေရတဲ့ "အိမ်" ကိုပြန်ချင်လား ...

အဲ့ဒီဆန္ဒတွေ အမြန်ပြည့်အောင် #ကြိုးနဲ့စွန် ကို အားဖြည့်ထောက်ပို့လိုက်ပါ။

အားလုံးပါမှ အောင်မယ့်ပွဲ 💪🏾💪🏽💪🏼

ဝန်းရံဖို့အတွက် CB မှာ Hi လိုက်ပါ 👋

#ကြိုးနဲ့စွန်

#ငါတို့ပဲနိုင်မှာ

စိတ်စေရာ    သေချာသည့်လမ်း        ပျံသန်းတည့်မတ်             ရပ်တန့်မရ                  တိကျတံခွန်                       ...
19/07/2026

စိတ်စေရာ
သေချာသည့်လမ်း
ပျံသန်းတည့်မတ်
ရပ်တန့်မရ
တိကျတံခွန်
ကြိုးနဲ့စွန်။

ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#ကြိုးနဲ့စွန်




#ငါတို့ပဲနိုင်မှာ

📣📣📣
ထိရောက် ပြင်းထန်
အောင်ပွဲဆီပျံ
ချီတက်ရန်
“ကြိုးနဲ့စွန်" ကမ်ပိန်းလေးမှာ
ပါဝင်ပေးကြဖို့
နှိုးဆော်အပ်ပါတယ် 🙏💪

စိတ်စေရာ
သေချာသည့်လမ်း
ပျံသန်းတည့်မတ်
ရပ်တန့်မရ
တိကျတံခွန်
ကြိုးနဲ့စွန်။

ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#ကြိုးနဲ့စွန်





📣📣📣 ထိရောက် ပြင်းထန်
အကျိုးရှိစေမယ့် “ကြိုးနဲ့စွန် " ကမ်ပိန်းလေးမှာပါဝင်ပေးကြဖို့ နှိုးဆော်အပ်ပါတယ် 🙏💪

တော်လှန်ရေးသက်တမ်းရှည်လာတာနဲ့အမျှ ခေတ်သစ်ဗျူဟာမှာ Economic of Warfare လို့ခေါ်တဲ့ စီးပွါးရေးဗျူဟာကဏ္ဍက ပိုပြီးအရေးပါလာပါ...
13/07/2026

တော်လှန်ရေးသက်တမ်းရှည်လာတာနဲ့အမျှ ခေတ်သစ်ဗျူဟာမှာ Economic of Warfare လို့ခေါ်တဲ့ စီးပွါးရေးဗျူဟာကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။ အကျိုးအကြောင်းဆက်စပ်မှုတွေ အများကြီးထဲကနေမှ အနီးစပ်ဆုံးတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ပြည်သူ့ဘဏ္ဏာကို စိတ်တိုင်းကျသုံးခွင့်ရနေတဲ့ အာဏာရှင်တွေကို တော်လှန်ရေးဘက်တော်သားတွေက ဘယ်လိုစျေးအသက်သာဆုံးနဲ့ နိုင်အောင်တိုက်နိုင်မလဲဆိုတဲ့ အကြောင်းက ချန်ထားလို့မရတော့ပါဘူး။ ဒါကြောင့် ဗျူဟာမှာ အရေးပါလာတဲ့ အချိုးမညီတဲ့ စရိတ်ဗျူဟာကို အကောင်အထည်ဖော်ကြရမှာ အင်မတန်အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်လာပါတယ်။

အားလုံးသိကြတဲ့ အတိုင်းယူကရိန်းမှာ အင်အားကြီးပြီး ပစ္စည်းပေါလှပါတယ်ဆိုတဲ့ ရုရှားကို ဒုက္ခပေးနေတာလည်း #ကြိုးနဲ့စွန် တွေပဲ။ တလောက ဒေါ်လာ ဆယ်သန်းကျော်တန်တဲ့ ပုစဉ်းဖျင်ထဲဝင်အောင်းသွားတာလည်း ဒါတွေပဲ။ ချင်းတွင်းမြစ်ထဲက သင်္ဘောစက်ခေါင်းခန်းထဲမှာ တေဇောတွေခကုန်တာလည်း ဒါတွေပါပဲ။

နည်းပညာအရ အတန်အသင့်ပဲခက်ခဲပြီး စျေးနှုန်းသက်သက်သာသာနဲ့၊ တနည်းအားဖြင့်ဆို economic ဖြစ်ဖြစ်နဲ့ အာဏာရှင်တွေ အမြစ်ဖြတ်ဖို့က #ကြိုးနဲ့စွန်တွေ မပါလို့မရပါဘူး။ ဒေါ်လာထောင်ဂဏန်းနဲ့ သိန်းသန်းချီတန်တွေကို ထိုးနှက်နိုင်ပါတယ်။

တနေ့က မကွေးတိုင်းထဲက ရဲဘော်တွေကျဆုံးသွားတာလည်း၊ အာဏာရှင်အုပ်စုက ဒီပစ္စည်းတွေ ဖောဖောသီသီသုံးနိုင်မှုကြောင့်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။

အကျဉ်းချုပ်ရမယ်ဆိုရင် #ကြိုးနဲ့စွန် ဟာ ဗျူဟာမြောက်တယ်၊ ခါချဉ်ကောင်က တောင်ဖြိုနိုင်မယ့် မျှော်လင့်ချက်ပေးတယ်၊ အာဏာရှင်အုပ်စုကို စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုပေးတယ်။ ကန့်သတ်ထိန်းချုပ်မှုမခံရတဲ့ ကြိုတင်သတင်းအချက်အလက်တွေရစေနိုင်တယ်။ ဒါတွေဟာ ကြယ်တွေမကြွေအောင် အားလုံးက ဝိုင်းပြီးလုပ်ပေးနိုင်တဲ့ အရာဖြစ်တယ်။

ကြယ်တွေကြွေမှ ငိုကြမယ့်အစား၊ ကြယ်တွေဆီကို #ကြိုးနဲ့စွန် တွေ အရောက်ပို့ကြအောင်လား။

#ကြိုးနဲ့စွန်




#ငါတို့ပဲနိုင်မှာ

https://www.facebook.com/share/p/1ESzVA2ZCw/

🧵🪁 ကြိုးနဲ့စွန်လက်လုပ်တူမီးကနေ အဆင့်ဆင့်တိုးမြှင့်လာတဲ့ ဒီပွဲမှာ နည်းပညာတွေရဲ့ အကူအညီနဲ့ လေထဲကနေစေလွှတ်လိုက်တဲ့စွန်လေးတွ...
25/06/2026

🧵🪁 ကြိုးနဲ့စွန်

လက်လုပ်တူမီးကနေ အဆင့်ဆင့်တိုးမြှင့်လာတဲ့ ဒီပွဲမှာ နည်းပညာတွေရဲ့ အကူအညီနဲ့ လေထဲကနေစေလွှတ်လိုက်တဲ့စွန်လေးတွေရဲ့ အခန်းကဏ္ဍ ဆီရောက်နေပါပြီ။

မြေပြင်နဲ့ဝေဟင် ဟန်ချက်ညီမှ ကိုယ့်လူတွေ အသက်ဘေးအန္တရာယ်နည်းလို့ အောင်ပွဲပိုများမှာ သေချာတာမို့ အားလုံးပါဝင်အားဖြည့်နိုင်မယ့် "ကြိုးနဲ့စွန်" ကို ပွဲထုတ်လိုက်ပါပြီ။

ကြိုးရှိမှ စွန် ကောင်းကင်ယံမှာ တည့်တည့်ပျံနိုင်သလို၊ ပြည်သူ့ရဲ့ ပံ့ပိုးကူညီမှုဆိုတဲ့ ကြိုးတစ်မျှင်ရှိမှသာလျှင်၊ တော်လှန်ရေးရဲဘော်တွေ သွားရောက်ရင်ဆိုင်ရမယ့်နေရာဆီကို အရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်မှာပါ။

စွန်ဟာ အရေးပါပါတယ်။ အရာရောက်ဖို့ ကြိုးလည်း လိုအပ်ပါတယ်။ ဒီလိုပါပဲ တော်လှန်ရေးရဲဘော်စွန်လေးတွေလိုရာ ဝဲပျံနိုင်ဖို့ ပြည်သူ့ထောက်ပို့ကြိုးလေးတွေလိုအပ်နေပါပြီ။

ကောင်းကင်ယံရင်ဆိုင်ပွဲမှာ အတူတူပါဝင်ပြီး မတရားမှုကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးတစ်စစီကိုင်ကာ ဝိုင်းဝန်းတော်လှန်ပေးကြပါဦး။ ပွဲရှိန်မြှင့်တင်ဖို့ အားလုံးပူးပေါင်းပေးကြပါရန် လေးနက်စွာ နှိုးဆော်အပ်ပါသည်

ငါ့...စွန်လေးကို
အဝေးထိန်းစက်နှင့် ထိန်းတော့
မင်းတို့က လေလှိုင်းလွှင့်ပြီး
ဖျက်စီးကြတယ်။

အခုတော့
ငါ့စွန်ကို ကြိုးတပ်လိုက်ပြီ
မင်းတို့ပြေးတော့
မင်းတို့ဆီ
ငါတို့ရဲ့စွန်တွေ ပျံလာပြီ။

အားလုံးပါမှနိုင်မယ့်ပွဲ 💪

#ကြိုးနဲ့စွန်


#ငါတို့ပဲနိုင်မှာ

အကွာအဝေးဆိုတာ နှလုံးသားချင်း ထိတွေ့မှုကို မတားဆီးနိုင်ပါ။နေရာဒေသ အကွာအဝေး ဘယ်လောက်ပဲ ဝေးကွာနေပါစေ၊ ကျွန်တော်တို့ ရဲဘော်တ...
12/06/2026

အကွာအဝေးဆိုတာ နှလုံးသားချင်း ထိတွေ့မှုကို
မတားဆီးနိုင်ပါ။

နေရာဒေသ အကွာအဝေး ဘယ်လောက်ပဲ ဝေးကွာနေပါစေ၊ ကျွန်တော်တို့ ရဲဘော်တွေရဲ့ ခြေလှမ်းသစ်အတွက် လိုအပ်တဲ့ ခြေတု၊ လက်တုနဲ့ ဆေးဘက်ဆိုင်ရာ စက်ကရိယာတွေအတွက် တတ်နိုင်သလောက် ပံ့ပိုးကူညီနိုင်ပါတယ်။

ဒိုဒိုတို့ရဲ့တစ်ဒေါ်လာ၊ တစ်ပေါင်၊ တစ်ယူရို အစရှိတဲ့ ဝန်းရံမှုတိုင်းဟာ ကျွန်တော်တို့ရဲဘော်တွေရဲ့ဘဝကို ပြန်လည်မောင်းနှင်ပေးနိုင်မယ့် အဓိကအင်အားစုတွေပဲ ဖြစ်ပါတယ်။

ဝန်းရံဖို့အတွက် CB မှာ Hi လိုက်ပါ

RCS လေးနဲ့လဲ အတူရှေ့သို့လှမ်း ပေးပါခင်ဗျာ

#ရှေ့သို့လှမ်း

#ငါတို့ပဲနိုင်မှာ
#ငါတို့သည်ကောက်ရိုးမီးမဟုတ်

ရှေ့တန်းက PDF ရဲဘော်များ ရှေ့တန်းအလုပ်လုပ်နိုင်ဖို့အတွက် April လ ရိက္ခာထုပ်ကမ်ပိန်းမှထောက်ပို့မှုအစုစုကို ဖော်ပြလိုက်ရပါ...
12/05/2026

ရှေ့တန်းက PDF ရဲဘော်များ ရှေ့တန်းအလုပ်လုပ်နိုင်ဖို့အတွက် April လ ရိက္ခာထုပ်ကမ်ပိန်းမှထောက်ပို့မှုအစုစုကို ဖော်ပြလိုက်ရပါတယ်။

တဆက်တည်းမှာပဲ
ဒီပဲယင်းဗျူဟာ ၅၃ နဲ့ ရေဦးဗျူဟာ ၅၄ အတွက်
မေလရိက္ခာထုပ်ကမ်ပိန်းမှာ
ဝန်းရံပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ရိက္ခာထုပ်မှသည် အောင်ပွဲဆီသို့


#ငါတို့ပဲနိုင်မှာ
#ရိက္ခာထုပ်

03/05/2026

ဂျပန်ရောက် ညီအကိုမောင်နှမများတို့ရေ…

Mun Awng "Melody of Freedom" Music Concert လက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ ✨

လက်မှတ်အမျိုးအစားကတော့ ၄ မျိုးရှိပါတယ်
- ဝတ်မှုန် ¥15,000
- မိုးလုံးမှိုင်း ¥10,000
- ရင်ခတ်အလွမ်း ¥7,000
- ရိုးရိုးလေး ¥5,000
လက်မှတ်နံမည်ကြားရုံနဲ့ သီချင်းလေးညည်းချင်လာပါပြီနော် ♬

ဝယ်ယူရန် Link:

https://www.facebook.com/share/p/1B6gFQH2GJ/?mibextid=wwXIfr

"ဆီသို့လှမ်းချီ တိုင်းဧရာဝတီ" ကမ်ပိန်းက ဧပြီလ ၂၄ ရက်နေ့အထိလို့ ဆိုခဲ့ပေမယ့် တာဂတ်မပြည့်သေးလို့ မပိတ်သေးပါဘူး…ကျည်ကာဦးထုပ...
29/04/2026

"ဆီသို့လှမ်းချီ တိုင်းဧရာဝတီ" ကမ်ပိန်းက ဧပြီလ ၂၄ ရက်နေ့အထိလို့ ဆိုခဲ့ပေမယ့် တာဂတ်မပြည့်သေးလို့ မပိတ်သေးပါဘူး…

ကျည်ကာဦးထုပ် ၁ လုံး၊ ကျည်ကာပြား ၁ ပြား၊ ကျည်ကာဝတ်စုံ ၁ စုံစာ ကူချင်သူများနဲ့ နိုင်သလောက်ပဲ ကူချင်သူများ တိုင်းဧရာအတွက် ပါဝင်ပေးကြပါဦးနော်။

၁၆ ရာခိုင်နှုန်းလောက်ပဲ လိုတော့တာမို့ပါ။

တသက်လုံး စစ်ကျွန်မဖြစ်ရအောင်

အရွေ့မှာ ဝင်ရုန်းလိုက်ကြရအောင်ပါ

#ဆီသို့လှမ်းချီတိုင်းဧရာဝတီ


#ငါတို့ပဲနိုင်မှာ

တချို့တွေက ပြောကြတယ်…ဧရာဝတီတိုင်းဘက်က ထောက်ပို့ရလောက်အောင် ဘာတွေများရှိလို့လဲ တဲ့။ဟုတ်ကဲ့ပါ။ ဧရာဝတီတိုင်းဆိုတာ လတ်တလောမှ...
07/04/2026

တချို့တွေက ပြောကြတယ်…

ဧရာဝတီတိုင်းဘက်က ထောက်ပို့ရလောက်အောင် ဘာတွေများရှိလို့လဲ တဲ့။

ဟုတ်ကဲ့ပါ။ ဧရာဝတီတိုင်းဆိုတာ လတ်တလောမှာ ကွတ်ခိုင်တို့၊ မိုးကုတ်တို့လောက် သတင်းမတက်ပေမယ့် စစ်ရေးအခြေအနေအရ အရေးပါတဲ့ စစ်တိုင်းတစ်ခုပါ။

မြေပြန့်ဒေသဆိုပေမယ့် စစ်ခဝေးတွေ မြန်မာပြည်အပေါ်ဘက်ကို အာရုံစိုက်နေချိန်မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ တိုက်ပွဲဝင်ရင်း စစ်ရေးအခြေအနေတွေကို တမျိုးတဖုံ ပြောင်းလဲပေးနိုင်မယ့် စစ်တိုင်းတစ်ခုဆိုရင်လဲ မမှားပါဘူး…

မြေပြန့်ဒေသမို့ ဘတပြန်၊ ကျားတပြန် အပြိုင်ဆွဲနိုင်ဖို့ရာ၊ ခြင်းကျားခဝေးတပ်တွေကို အပြိုင်ဗျင်းဖို့ရာ ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ ကျည်ကာဝတ်စုံတွေ လိုအပ်နေတာမို့ “ဆီသို့လှမ်းချီ တိုင်း ဧရာဝတီ” ကမ်ပိန်းလေးမှာ ပါဝင်ကူညီထောက်ပို့ပေးကြဖို့ လေးလေးနက်နက် ဖိတ်ခေါ်အပ်ပါတယ်။

တော်လှန်ရေး‌ရဲ့ အနှစ်သာရက မဆုတ်မနှစ် တွန်းလှန်ခြင်း၊ တော်လှန်ရေးအောင်မြင်ရေးက မဆုတ်မနှစ် ထောက်ပို့ခြင်းဖြစ်တာမို့ ဝန်းရံထောက်ပို့ကြပါဦးနော။


#ငါတို့ပဲနိုင်မှာ

နှိုးဆော်လွှာ

"ဆီသို့လှမ်းချီ တိုင်းဧရာဝတီ" ရန်ပုံငွေရှာဖွေရေးအစီအစဉ်
Road To Irrawaddy
၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့

၁။ တော်လှန်ရေးအစဉ်အလာကြီးသော မြစ်ဝကျွန်းပေါ်သည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း ရှေ့တန်းက ပါဝင်လျက် ရှိကြသည်။

၂။ ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်လျက်ရှိသော တော်လှန်ရေးရဲဘော်များ အကာအကွယ်ဖြစ်ရေး ကျည်ကာတပ်ဆင်ပေးရန် ရည်ရွယ်သည့် ‘’ဆီသို့လှမ်းချီ တိုင်းဧရာဝတီ ‘’ Road To Irrawaddy အစီအစဉ်တွင် တတပ်တအား ပါဝင်ပေးကြပါရန် တော်လှန်ပြည်သူများအား နှိုးဆော်အပ်ပါသည်။

ကာကွယ်​ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်​ရေးအစိုးရ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when မန်းမြေသို့အပြန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share