KBZ Brighter Future Myanmar Foundation (BFM) is an award winning philanthropic foundation founded by KBZ Group in 2008. The mission of the foundation is to uplift the lives of the underdeveloped community members at the grass roots level and to eradicate poverty in the long run through its social initiative projects in five important sectors; Disaster Relief and Recovery, Women’s Empowerment and H
ealth, Green Movement, Youth Development and Education Enhancement and Community Development and Engagement. To date, BFM has invested a total of Ks 63 billion in donations and social initiative projects. NGO Reg.No. 2214.
ကမ္ဘောဇအုပ်စု၏ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအားတိုင်းပြည်၏လူမှုစီးပွားဖွံ့ဖြိုးမှုပရဟိတ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇအုပ်စုမှ ၂၀၀၈ ခုနှစ်တွင် မှတ်ပုံတင်ခွင့်ပြုချက်အမှတ် (၂၂၁၄) ဖြင့် တရားဝင် မှတ်ပုံတင်၍ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
“အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း” ကို လူမှုရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ကာလရှည် စီမံကိန်း (၅)ရပ်ဖြစ်သည့် -
• သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊
• အမျိုးသမီးများအတွက်ကျန်းမာရေးစောင့်ရှောက်မှုပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊
• သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ဆောင်ရွက်ရန်၊
• လူငယ်များ၏ပညာရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန်၊
• ဒေသဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်၊
-စသည်ဖြင့် စနစ်တကျချမှတ်ပြီး ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်အစိုးရသစ်လက်ထက် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်၊ ငါးနှစ်တာ သက်တမ်းကာလအတွင်း ငွေကျပ်စုစုပေါင်း (၆၃) ဘီလီယံကို နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြုပ်နှံခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ၂၀၁၄ ခုနှစ်အတွက် လူမှုစီးပွားအကျိုးပြုလုပ်ငန်းထူးချွန်ဆု ရရှိခဲ့ပြီး၊ လက်ရှိတွင် နိုင်ငံတော်အတွက် လူမှုစီးပွားအကျိုးပြုမှုလုပ်ငန်းများကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ထိရောက်စွာ ဆောင်ရွက်လျှက်ရှိပါသည်။