Generation Tree
Generation Tree Women Organization for Beauty of Diversity
https://m.facebook.com/story.php?story_fbid=190127783518939&id=100075651559328
08/11/2022
https://m.facebook.com/story.php?story_fbid=190127783518939&id=100075651559328
Four Types of Communication Styles
နေ့စဥ်ဘဝမှာ လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံရတာတွေအမြဲရှိနေပါတယ်၊
ဒီလိုပြောဆိုဆက်ဆံတဲ့နေရာမှာ လူတစ်ယောက်စီတိုင်းရဲ့ ပင်ကိုယ် Communication Styles တွေ ရှိတတ်ကြပါတယ်
အဲ့ဒီ့ Communication Styles လေးခုကို ပြောပြပေးသွားပါမယ်
1️⃣ Passive Communication styles
- Passive Communicator တွေဟာ တည့်ပြောရင် ပြဿနာဖြစ်မှာစိုးလို့ သူတို့ရဲ့ စိတ်ခံစားချက်နဲ့အမြင်တွေကို တည့်မပြောတတ်တဲ့ဆက်ဆံရေးပုံစံပဲ ဖြစ်ပါတယ်၊ People Pleaser တွေနဲ့ ပုံစံတူပါတယ်၊
- ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ငယ်ငယ်တည်းက Self Esteem နိမ့်စေတဲ့ ပတ်ဝန်းကျင်က ကြီးပြင်းလာလို့ဖြစ်နိုင်ပါတယ်၊
- Passive Communication အတိုင်းနေပါများတဲ့အခါ သူများအဆင်ပြေဖို့ပဲ ကြည့်တတ်ပြီး ကိုယ့်ကိုယ်ကိုမေ့တတ်တာမို့ ကြာလာရင် စိတ်ဖိစီးတာ၊ စိတ်တိုလွယ်တာတွေဖြစ်နိုင်ပါတယ်၊
2️⃣ Aggressive Communication Styles
Aggressive Communicator တွေဟာ သူတို့ရဲ့အမြင်တွေကို တုံ့ဆိုင်းခြင်းမရှိဘဲ အလွန်ဖော်ပြတတ်သူတွေဖြစ်ပါတယ်၊ ကိုယ့်အတွက်ကိုယ်ကြည့်တတ်တာဟာ အတိုင်းအတာတစ်ခုထိ ကောင်းပေမယ့်
တစ်ဖက်လူအတွက် အဆင်မပြေတဲ့အထိ ပြုမူနေမိတယ်ဆိုရင်တော့ ဆက်ဆံရေးထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်
3️⃣ Passive-Aggressive Communication Styles
- ဒီ Communication Styleကတော့ အပေါ်က ၂ခုကို ပေါင်းထာတာဖြစ်ပါတယ်၊ သူတို့ဟာ ဆက်ဆံရေးထိခိုက်မှာစိုးလို့ တည့်လည်းမပြော​ဖြစ်ဘူး၊ မျိုသိပ်လိုက်ရတဲ့အတွက်လည်း စိတ်ထဲမှာ ဒေါသတွေစုနေတတ်ပါတယ်၊
ဒါကလည်း ပြဿနာကိုဦးတည်စေနိုင်ပါတယ်၊
- သူတို့အနေနဲ့ ဒီဆက်​ဆံရေးမှာ သူတို့ဟာ Lower Power ဖြစ်လို့ ပြောလည်းမထူးပါဘူးဆိုတဲ့အထင်နဲ့ မပြောကြပါဘူး
4️⃣ Assertive Communication Style
- ဒီ Communication Style ဟာ အကောင်းဆုံးလို့ ပြောကြပါတယ်၊ သူတို့ဟာ အပြုသဘောနဲ့ ပွင့်လင်းစွာ ပြောဆိုလေ့ရှိပြီး သူများအမြင်တွေကိုလည်း လက်ခံပေးတတ်ကြပါတယ်၊
- ဒါပေမယ့် အရှိကိုအရှိတိုင်း ဆက်ဆံလွန်းရင်လည်း ပြဿနာဖြစ်စေနိုင်တာကိုလည်း သတိထားဖို့လိုအပ်ပါတယ်
လူကြီးမင်းတို့လည်း ကိုယ်က ဘယ်လို Communication Styleလည်း ကိုယ့်ဘေးကလူတွေလည်း ဘယ်လို Styleလဲ Relate မိကြမယ်လို့ထင်ပါတယ်
💙 ကျွန်မတို့ Passionate Heart မှလည်း လူမှုဆက်ဆံရေးစွမ်းရည်တိုးတက်နိုင်စေမယ့် ''Psychology of Communications''သင်တန်းလေးကို ဖွင့်လှစ်ထားပါတယ်ရှင်
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ ဖတ်ရှုပြီး စာရင်းပေးသွင်းနိုင်ပါတယ်ရှင်👇
https://m.facebook.com/story.php?story_fbid=189708203560897&id=100075651559328
#သင့်စိတ်ကျန်းမာရေးအတွက်
https://www.facebook.com/100050276838496/posts/650969949922227/ဒီနေ့မှာကျွန်တော်တို့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေက စိတ်ခံ...
04/11/2022
https://www.facebook.com/100050276838496/posts/650969949922227/
ဒီနေ့မှာကျွန်တော်တို့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေက စိတ်ခံစားချက်တွေ အပြုအမူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှာရှိလဲဆိုတာနဲ့ပတ်သက်ပြီး အနည်းအကျဉ်း မျှဝေပေးသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ Brain Stem, Limbic နဲ့ Cortex ဆိုပြီး အဓိက အစိတ်အပိုင်း (၃)မျိုးရှိပါတယ်။ မြင်သာပြီးနားလည်ရလွယ်အောင် Dr. Dan Siegal ရဲ့ Hand model နဲ့ရှင်းပြပေးသွားပါမယ်။
ကျွန်တော်တို့ ဦးနှောက်မှာ အခြေခံအကျဆုံးကတော့ Brain Stem (Reptilian Brain) ဖြစ်ပါတယ်။ ပုံထဲမှာတော့ လက်ဖဝါးနေရာ (Palm region) ဖြစ်ပါတယ်။ အသက်ရှူတာ နှလုံးခုန်တာ အစာခြေတာ စတဲ့ အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေကို တာဝန်ယူပေးပါတယ်။
Limbic Area (Thumb Region) ကို Mammal Brain လို့လည်းခေါ်ကြပါတယ်။ Limbic area ဟာ Emotion, Social Behaviour နဲ့ attachment တွေကို တာဝန်ယူ လုပ်ဆောင်ပါတယ်။ ဒီareaမှာသင်ကြားမှုနဲ့ မှတ်ဉာဏ်တွေကို တာဝန်ယူထားတဲ့ Hippocampus နဲ့ Emotion တွေကို တာဝန်ယူထားတဲ့ Amygdala ရှိပါတယ်။ ကိစ္စတစ်ခုဖြစ်လာတဲ့အခါမှာ Brain Stem နဲ့ Limbic System လက်တွဲပြီး emotions, memory, motivation နဲ့ Stress တွေ နောက်ကြောင်းပြန်ဖော်တာတွေ ထိန်းညှိပေးတာတွေ လုပ်ပါတယ်။ အန္တရာယ်/ ခြိမ်းခြောက်မှုတွေ/ ဒေါသတွေ/ စိုးရိမ်ပူပန်မှုတွေ/စိတ်ဖိစီးမှုတွေ ကို တုံ့ပြန်ဖို့လိုအပ်တဲ့ ဟော်မှုန်းတွေ ထုတ်ပေးပါတယ်။ အရေးအကြီးဆုံးကတော့ Attachment အတွေ့အကြုံတွေကို စေတာပဲဖြစ်ပါတယ်။
Cortex (Fingers region) ကို Human Brain လို့လည်း ခေါ်ပါတယ်။ Frontal (Association) နဲ့ Prefrontal (Integration) ဆိုပြီး (၂)ပိုင်းခွဲသွားပါတယ်။ Frontal Cortex ဟာ စဉ်းစားတာတွေလုပ်ပေးပြီး prefrontal ဟာ Cortex, Limbic, Brain Stem အပြင် ပြင်ပက Social နဲ့ ပတ်သက်တာတွေကိုပါ ပူးပေါင်းချိတ်ဆက် ပေးပါတယ်။
Stress တွေ Depressionတွေကြောင့် ဒီအစိတ်အပိုင်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု အားနည်းလာ/ ပြတ်တောက်သွားတဲ့အခါမှာ လူတစ်ယောက်ဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ကျလာပြီး ရေရှည်အနေနဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ယိုယွင်းလာမှာဖြစ်ပါတယ်။ ပြင်ပနဲ့ချိတ်ဆက်မှုတွေ လိုက်လျော ညီထွေ ရှိမှုတွေ ပျက်စီးပြီး တင်းမာလာမယ်။ ပေါက်ကွဲမယ်။ လူတွေနဲ့ဝေးရာမှာနေလာမယ်။ PTSD ဖြစ်စေတဲ့ အခြေအနေဟာ ဦးနှောက်ရဲ့ Thinking, Memory နဲ့ Emotion ရှိတဲ့အပိုင်းကိုထိခိုက်စေပြီး… အမြဲတမ်း stress response ကို ခန္ဓာကိုယ်အတွက် ပြင်ဆင်ခိုင်းထားပါတယ်။ ဒီresponse တွေကို PTSD Symptom အနေနဲ့ တွေ့မြင်နိုင်ပါတယ်။
ဘာလို့ဒါတွေ သိသင့်လဲဆိုတော့ အပေါ်မှာပြောခဲ့တဲ့ ဦးနှောက် အစိတ်အပိုင်းတွေက သက်ဆိုင်ရာ တာဝန်ယူကြတာ ဖြစ်တဲ့အတွက် အချင်းချင်း ချိတ်ဆက်နေဖို့ အရေးကြီးပါတယ်။ ဒီလိုချိတ်ဆက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ကျန်းမာသုခ (Well-being)ကို ရရှိစေတဲ့ အဓိက နည်းလမ်းဖြစ်ပါတယ်။
Mindfulness, Awareness, Reflective စတာတွေ ပြုလုပ်ခြင်းဟာ စိတ်နဲ့ခန္ဓာ ကို သတိထားကြည့်ပြီး ဒီ Area တွေအကုန်ကို ချိတ်ဆက် ထိန်းညှိပေးတဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။ ဒီအလေ့အကျင့်တွေက ကျွန်တော်တို့ကို စိတ်ကူးစိတ်သန်းကောင်းစေတယ်။ တီထွင်ကြံဆမှုအားကောင်းစေတယ်။ လူမှုဆက်ဆံရေးတိုးတက်စေတယ်။ အပြောင်းအလဲ နဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး လိုက်လျောညီထွေ သဟဇာတဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်။ ဒီလို ကျွန်တော်တို့ရဲ့ စိတ်၊ ခန္ဓာ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေနိုင်လေ စိတ်ရောကိုယ်ပါ ကျန်းမာသုခ ရလေ ဖြစ်တာကြောင့် Brain Function တွေကို သိရှိနားလည်ဖို့လိုအပ်ကြောင်းပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ် ခင်ဗျာ။
https://www.facebook.com/1168219853329490/posts/2273779842773480/https://m.facebook.com/story.php?story_fbid=22737798427...
21/10/2022
https://www.facebook.com/1168219853329490/posts/2273779842773480/
https://m.facebook.com/story.php?story_fbid=2273779842773480&id=1168219853329490
ဒီနေ့မှာတော့ Wellbeing ဖြစ်အောင်နေဖို့ အထောက်အကူပြုတဲ့ activities တွေ၊ Balance ဖြစ်ဖို့ ဂရုစိုက်ရမယ့် trigger တွေ ရဲ့ အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
Wellbeing ဖြစ်အောင် ဖြည့်ပေးနိုင်မယ့် activities တွေထဲ ပုံပြင်ပြောခြင်း (Story-telling) နဲ့ မိမိကိုယ်ကို ဂရုစိုက်ခြင်း (self-care) အကြောင်းကို အဓိကထားပြောပြသွားပါမယ် ခင်ဗျာ။
ပုံပြင်ပြောခြင်းဆိုတာ အိပ်ရာဝင်ပုံပြင်မျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းတစ်ခု ပြောသလိုပဲဖြစ်ဖြစ် ဇာတ်ကြောင်းကို တခြားလူတစ်ယောက်ကို ပြန်ပြောပြတာမျိုး ဖြစ်ပါတယ်။ ဒီလိုပြောခြင်းအားဖြင့် ပုံပြင်ထဲက ဇာတ်ကောင်ရဲ့ခံစားချက်တွေကို ပိုမြင်လာမယ်။ ပိုဆက်စပ်မိလာမယ်။ ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ခံစားချက်တွေကို reflect ပိုလုပ်နိုင်ပြီး ကိုယ့်ရဲ့အပြုအမူတွေ အတွေးအခေါ်တွေရဲ့ မူလဇာစ်မြစ်ကို သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။ Anxiety, Depression တွေကို လျော့ကျစေပြီး empathy, decision-making, social skill တွေကို မြင့်စေပါတယ်။
နောက်တစ်ခုကတော့ လူတိုင်းကြားဖူးကြတဲ့ Self-care ပဲဖြစ်ပါတယ်။ ကိုယ်ရဲ့စိတ်ရော ခန္ဓာအတွက်ပါ ကျန်းမာစေမယ့် ခွန်အားဖြစ်စေမယ့် အပြုအမူ အနေအထိုင် အကျင့်စရိုက်တွေ ကျင့်သုံးတာကို Self-care လို့ခေါ်လို့ရပါတယ်။ ရိုးရှင်းတဲ့ Self-care activity လေးတစ်ခုက ကိုယ့်ရဲ့စိတ်ထဲမှာ လေးလံနေတာတွေကို သက်သာသွားစေနိုင်သလို… အမြဲတမ်းကျင့်သုံးနေတဲ့Self-careအလေ့အကျင့်လေးကြောင့် စိတ်ခွန်အားတွေ မြင့်လာပြီး တော်ရုံစိတ်ခံစားချက်တွေ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်စေပါတယ်။ Self-care လုပ်ခြင်းဖြင့်… Anger, Anxiety, Stress နဲ့ Depression တွေကို လျော့ကျစေတယ်။ စိတ်အာရုံပိုစူးစိုက်နိုင်တယ်။ စိတ်ကို ကျေနပ်ပျော်ရွှင်စေပြီး energy တွေကို မြင့်တက်စေပါတယ်။
Wellbeing ဖြစ်ဖို့အတွက် နယ်ပယ်တစ်ခုတည်းကိုသာ ဂရုစိုက်ရမှာမဟုတ်ပါဘူး။ ခံစားချက် (Emotional), အလုပ် (Occupational), ရုပ်ပိုင်းဆိုင်ရာ (Physical), လူမှုဆက်ဆံရေး (Social), ဉာဏဆိုင်ရာ (Intellectual) နဲ့ စိတ်ဝိဉာဉ်ပိုင်း (Spiritual) စတဲ့ trigger တွေကို ဂရုစိုက်ပြီး ဟန်ချက်ညီအောင် ထိန်းနိုင်မှသာ ဘဝကို ကျေနပ်ပြီး စိတ်ကျန်းမာချမ်းသာသုခကို ခံစားရမှာဖြစ်ပါတယ်။
ကျန်းမာချမ်းသာသုခ (Wellbeing) ဆိုတာ ကလေးလူကြီးမရွေးရှိဖိုလိုအပ်တာမို့ မိသားစု၊ လုပ်ငန်းခွင်၊ အိမ်၊ ကျောင်းတွေမှာလည်း ဒီ trigger တွေကို balance ညီအောင်နေဖို့ လိုအပ်ကြောင်းပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
-telling -care
https://www.facebook.com/1205318249552802/posts/5456726414411943/သင်ဟာဘယ်လို Parenting Style ကိုကျင့်သုံးနေတဲ့ မိဘမျိုးလ...
19/10/2022
https://www.facebook.com/1205318249552802/posts/5456726414411943/
သင်ဟာဘယ်လို Parenting Style ကိုကျင့်သုံးနေတဲ့ မိဘမျိုးလဲ ?🤔🤔
(5 Types of Parenting)
ဖေဖေ၊ မေမေတို့ရဲ့ ကိုယ့်သားသမီးကို ပြုစုပျိုးထောင်တဲ့နည်းလမ်း Parenting Style ပေါ်မူတည်ပြီး ကလေးလေးတွေရဲ့ အနာဂတ်၊ စိတ်နေစိတ်ထား၊ တွေးခေါ်ပုံ၊ အမူအကျင့်တွေအားလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။
ပြည့်စုံပြီးမှန်ကန်တဲ့ သားသမီးပျိုးထောင်ခြင်းအနုပညာဆိုတာမရှိပေမယ့် ကိုယ့်အနေနဲ့ သားသမီးကို ဘယ်လိုထိန်းကျောင်းမိနေလဲ၊ ဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးကြမလဲဆိုတာကိုတော့ သားသမီးရှိတဲ့ မိဘတိုင်းလေ့လာထားသင့်ပါတယ်။
မိမိကိုယ်ကိုယ် ဆန်းစစ်နိုင်ဖို့ Parenting ပုံစံတွေနဲ့ တစ်ခုစီအတွက် ကလေးအပေါ်သက်ရောက်နိုင်ပုံတွေကို ဖော်ပြပေးလိုက်တာမို့ တစ်ပုံချင်းစီမှာ အသေးစိတ်ဖတ်ရှုပြီး အကျိုးရှိတယ်ဆိုရင်တော့ တခြားဖေဖေ၊ မေမေတွေလည်းသိရအောင် မျှဝေပေးပါဦးနော်။
🤗🤗
Credit : The Parent’s Toolshop by Jody Johnston Pawel
Translated by U Phyo Wai Hla (CEO of Shichida Myanmar)
  စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခု ကြုံတွေ့နေရသော သင်၏မိတ်ဆွေအား မပြောသင့်သောစကားများ (၁)- - - - - - - - - - - - - - - - - ...
16/10/2022
စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခု ကြုံတွေ့နေရသော သင်၏မိတ်ဆွေအား မပြောသင့်သောစကားများ (၁)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
၁။ စိတ်ထဲထားမနေပါနဲ့။
၂။ အကုန်လုံး ခင်ဗျားစိတ်ကသာဖြစ်နေတာပါဗျာ။
၃။ ဒါပေမယ့် ခင်ဗျားမှာ ပူပင်စရာဘာမှမရှိပါဘူး။
၄။ တစ်ချိန်လုံး ညည်းငြူနေတာတွေ တော်ပါတော့ဗျာ။
၅။ ခင်ဗျားမှာပြဿနာတစ်ခုခုရှိတယ်ဆိုတာ ကျွန်တော်အမြဲသိပြီးသားပါ။
၆။ ခင်ဗျားမှာ ဘာအခက်အခဲမှတောင်ရှိတာမဟုတ်ဘူးလေ။
၇။ အာရုံစိုက်ခံချင်နေတာတွေ ရပ်ပါတော့ဗျာ။
၈။ ခင်ဗျားကြည့်ရတာ စိုးရိမ်ပူပန်တဲ့ပုံ (ဒါမှမဟုတ်) စိတ်ဓာတ်ကျတဲ့ပုံလည်း မပေါ်ပါဘူး။
၉။ ခင်ဗျားကိုယ်ခင်ဗျား သိပ်ဖိအားပေးနေတာမျိုးလည်း မဟုတ်ပါဘူး။
၁၀။ ကြည့်ရတာ ခင်ဗျားတော့ ကြောင်တောင်တောင်ဖြစ်နေပြီထင်တယ်။
၁၁။ နောင်တရတာတွေ တော်သင့်ပြီနော်။
၁၂။ ဘယ်သူကမှ ဘဝက မျှတလိုက်တာလို့ မပြောပါဘူးဗျာ။
၁၃။ ခင်ဗျားကတော့ အမြဲအဆိုးမြင်နေတာချည်းပဲ။
၁၄။ အဲဒါ ခင်ဗျားအမှားပဲလေ။
၁၅။ ကိစ္စတွေက ခင်ဗျားပြောသလောက်လည်း မဆိုးသေးပါဘူး။
၁၆။ ပြောတာထက်တောင် အတော်လေးဆိုးနိုင်ချေရှိသေးသလိုပဲနော်။
၁၇။ ထားလိုက်ပါတော့ဗျာ။ အပိုတွေ ပြောမနေပါနဲ့တော့။
Reference: BELIEVEPHQ
09254470824
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
၁။ စိတ်ထဲထားမနေပါနဲ့။
Reference: BELIEVEPHQ
09254470824
07/10/2022
ကျွန်တော်တို့ နောက်ပိုင်းမှာ အမြဲကြားကြားနေရတဲ့ wellbeing ဆိုတဲ့စကားလုံးအကြောင်း နဲ့ ဘာလို့ Wellbeing ဖြစ်ဖို့ လိုလဲဆိုတာ အနည်းငယ် မျှဝေပေးသွားမှာဖြစ်ပါတယ်။
Wellbeing ဆိုတာကို မြန်မာလို ကျန်းမာချမ်းသာသုခ လို့ ဘာသာပြန်ထားတာ ဖတ်ဖူးပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားချက်ပိုင်း နဲ့ အပြုအမူပိုင်းတွေမှာ ကောင်းမွန်မျှတဖို့ Wellbeing လိုအပ်ပါတယ်။ ကျန်းမာ၊ ကျေနပ်၊ ရောင့်ရဲတင်းတိမ်၊ လက်ခံခြင်း တွေက Wellbeing ရဲ့ အခြေခံအကျဆုံး အချက်တွေဖြစ်ပါတယ်။
Wellbeing မှာ စိတ်ပိုင်းဆိုင်ရာ (mental) နဲ့ ရုပ်ပိုင်းဆိုင်ရာ (physical) (၂)မျိုးရှိပါတယ်။ အပြန်အလှန် အကျိုးပြုနေတာဖြစ်လို့ (၂)ခုလုံးကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
Wellbeing ဖြစ်ဖို့ ကျွန်တော်တို့ရဲ့ စိတ်နဲ့ခန္ဓာ ကို communicate လုပ်ဖို့လိုပါတယ်။ ကိုယ်ခန္ဓာက ပြောပြတာတွေကို နားထောင်ရမယ်။ Psychosomatic လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ကျွန်တော်တို့ ခန္ဓာကိုယ်က တုံ့ပြန်တဲ့အခါမှာပေါ်လာတဲ့ ရောဂါ/နာကျင်မှုတွေ (ဥပမာ− ရင်ဘတ်အောင့်၊ အသက်ရှူကျပ်၊ ကိုယ်အလေးချိန်တက်/ကျခြင်း၊ ချောင်းဆိုးခြင်း၊ အိပ်မပျော်ခြင်း၊ အားကုန်၊ သွေးတိုး၊ အကြောတက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ဝမ်းပျက်/ဗိုက်နာ၊ ခါးနာ၊ ကြွက်သားနာကျင်/ကိုက်ခဲ/ထုံထိုင်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း စသည်) ကို သတိထားရမှာ ဖြစ်ပါတယ်။
ဒီလို ကိုယ့်ရဲ့ခန္ဓာကိုယ်က ပြောနေတာတွေကို လျစ်လျူရှုမိတဲ့အခါမှာ ယာယီစိတ်ဖိစီးမှုကနေ စိတ်မကျန်းမာတဲ့ဆီကို ဦးတည်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် Wellbeing ဖြစ်ဖို့ ဒီလိုလက္ခဏာတွေကို သေချာသတိထားပြီး mind & body ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့စိတ်ကို အစာပြန်ကျွေးပြီး စိတ်ဖိစီးမှု သက်သာစေမယ့် activities တွေ awareness လေ့ကျင့်ခန်းတွေကို အချိန်ပေးပြီး Self-care လုပ်ပေးပါ။ ကျန်းမာစေတဲ့ အစားအသောက် အအိပ်အနေပုံစံကို ကျင့်သုံးပါ။ တခြားလူတွေနဲ့ connect လုပ်ပါ။ သူတစ်ပါးကို တတ်နိုင်သလောက် ကူညီပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ Skills အသစ်လေ့လာပါ။ ကိုယ့်ရဲ့ လက်ရှိ စိတ်ခံစားချက်တွေကို သိအောင်လုပ်ပါ။ လက်ခံပေးပါ။
Wellbeingဖြစ်အောင်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာသုခ နဲ့ ပြည့်ဝတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
23/09/2022
ဒီတစ်ပတ်မှာတော့ suicidal ideation တွေကိုဘယ်လိုသတိပြုနိုင်မလဲ suicidal thought ရှိနေပြီ ဆိုရင် ဘာလက္ခဏာတွေကိုကြည့်ပြီးသိနိုင်မလဲ ဒီလိုလူတွေ ဒီလိုအခြေအနေတွေကြုံလာပြီဆိုဘယ်လို support လုပ်မလဲ ဘယ်လိုနားထောင်ပြီး အားပေးကူညီနိုင်လဲဆိုတာတွေကို မျှဝေသွားမှာဖြစ်ပါတယ်။
လောကကြီးကနေထွက်ခွာဖို့ကြံစည်နေတဲ့သူတွေကိုသတိပြုနိုင်ဖို့ လက္ခဏာတချို့ကိုပုံမှာတင်ပေးထားပါတယ်ခင်ဗျာ…
များသောအားဖြင့် သံသယဖြစ်နေရင်တောင် မေးလို့ကောင်းပါ့မလား ငါမေးလိုက်မှ တွန်းအားပေးသလို ဖြစ်သွားမလားလို့ စိုးရိမ်တတ်ကြပါတယ်။ သတ်သေချင်စိတ်ပေါက်တဲ့ထိ စိတ်ဓါတ်ကျနေသူအဖို့ ငါ့ကိုဂရုစိုက်တဲ့လူရှိသေးပါလား ငါတစ်ယောက်တည်း မဟုတ်ပါလား ဆိုတဲ့ အသိလေးက အရမ်းကို စိတ်ခွန်အား ဖြစ်စေပါတယ်။
ဒါကြောင့် Suicidal person ကို ဘယ်လိုဖေးမလို့ရလဲ ဘယ်လိုနားထောင်ပေးလို့ရလဲ ဆိုတာလေး မျှဝေပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ သူစိတ်သက်သာစေမယ့်နေရာ/ တိတ်ဆိတ်တဲ့ပန်းခြံ စတဲ့ စကားအေးဆေးပြောလို့ ရတဲ့နေရာမှာ ပြောနိုင်ပါတယ်။ နင့်ကိုကြည့်ရတာ ခါတိုင်းနဲ့မတူသလိုပဲ။ အဆင်ပြေရဲ့လား? နင်ခက်ခဲတဲ့အချိန်တွေကို ဖြတ်နေရတယ်ဆိုတာ ရိပ်မိတယ်။ ငါဘာကူညီပေးရမလဲ၊ နင်တစ်ယောက်တည်း ရင်ဆိုင်စရာမလိုဘူး။ ငါရှိတယ်။ ဆိုတာမျိုးပြောပေးပါ။ သူပြောတာကို “Active Listening” နဲ့ ဝေဖန်တာတွေမပါပဲ နာကျင်မှုတွေ အကြောက်တရားတွေကို “ကြား”အောင် နားထောင်ပေးပါ။ သူတို့ပြောတာကို ကိုယ်နားလည်လိုက်သလို သူတို့ကိုပြန်ပြောပြပေးပါ။ ချက်ချင်းထုတ်ပြောဖို့ ခက်ခဲနေရင် ကြားဖြတ်မပြောပဲ/ အတင်းမပြောခိုင်းပဲ သူတို့ဘာသာပြောလာတဲ့ အချိန်တစ်ခုထိ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ ဘယ်အချိန်ဖြစ်ဖြစ် သူတို့ပြောချင်တဲ့အခါ ကိုယ်အသင့် ရှိတယ်ဆိုတာ ပြောပေးပါ။
အကယ်၍များ သူဟာ ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်မယ့်ပုံပေါ်နေတယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း မေးဖို့လိုပါတယ်။ ကိုယ့်ဘက်ကမေးလို့ဆွေးနွေးလို့ ကူညီပေးလို့ရတာတွေကို ပုံမှာစုပြီးတင်ပေးထားပါတယ်ခင်ဗျ။
ဒီလိုပြောတဲ့အခါ ရှောင်ရမယ့်အပြုအမူလေးတွေကိုလည်းပုံမှာကြည့်ရှုနိုင်ပါတယ်။
စိတ်ခံနိုင်ရည်ရှိအောင်…ကိုယ့်စိတ်ခံစားချက်တွေကို ထုတ်ပြောပါ။ စိတ်ထွက်ပေါက်ကို သိအောင်လုပ်ပါ။ စိတ်ခွန်အားဖြစ်စေမယ့် အရာတွေလုပ်ပါ။ သတ်သေချင်တဲ့ အတွေးတွေ ပေါ်လာပြီဆိုတာနဲ့ သတိထားပါ။ စိတ်ချယုံကြည်ရသူ/ ပညာရှင်နဲ့ဆွေးနွေးပါ။ ငါပြောလည်း ဘယ်သူမှ နားထောင်မှာ မဟုတ်ပါဘူး ဆိုတာမျိုး မတွေးပါနဲ့။ ဘယ်သူဖြစ်ဖြစ် ခံစားချက်ရှိတယ်။ စိတ်ခွန်အားလိုအပ်တယ် ဆိုတာကို လက်ခံပါ။
ရယ်မောနေတိုင်း ပျော်နေတာ မဟုတ်လို့… တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေလား မေးပေးပါ။ ခံစားချက်တွေနားထောင်ဖို့ အမြဲရှိတယ်ဆိုတာ ပြောပြပြီး အချင်းချင်း Support လုပ်ပြီး Suicidal prevention တွေလုပ်နိုင်ကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ။
အကြောက်တရားဟာ Survival အတွက်လိုအပ်တာအပြင် ကိုယ့်ကို အရမ်းလွှမ်းမိုးနိုင်တဲ့ Emotion ဖြစ်ပါတယ်။ “Anger is Fear in disguis...
16/09/2022
အကြောက်တရားဟာ Survival အတွက်လိုအပ်တာအပြင် ကိုယ့်ကို အရမ်းလွှမ်းမိုးနိုင်တဲ့ Emotion ဖြစ်ပါတယ်။ “Anger is Fear in disguise.” တခါတရံ ဒေါသဟာ အကြောက်တရားရဲ့ ဆင့်ပွား စိတ်ခံစားချက်လို့လည်း ပြောကြတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာ Fear နဲ့ပတ်သက်တာလေးတွေ အနည်းငယ် မျှဝေပေးသွားပါမယ်ခင်ဗျာ။
ကျွန်တော်တို့ ဘာလို့ ကြောက်ကြလဲ ဆိုတာရဲ့ အခြေခံအကျဆုံးကိုပြောပါဆို မသိလို့ကြောက်ကြပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ခြိမ်းခြောက်တာခံရတဲ့အခါ ကိုယ့်ကို အန္တရာယ်ရှိစေတယ် လို့ယူဆလို့ ကြောက်ကြတယ်။
Dr Karl Albrecht's ရဲ့သီအိုရီအရ အကြောက်တရားကို အခြေခံအားဖြင့် မျိုးသုန်းခြင်း၊ ခန္ဓာကိုယ် ထိခိုက်ပျက်စီးခြင်း၊ လုပ်နိုင်စွမ်း ဆုံးရှုံးခြင်း၊ ခွဲခွာရခြင်း၊ လှောင်ပြောင်ခံရခြင်း ဆိုပြီး (၅) မျိုး ခွဲခြားနိုင်ပါတယ်။ အကျယ်ကို ပုံမှာတင်ပေးထားပါတယ်။ ဒီLink မှာလည်းဖတ်ရှုနိုင်ပါတယ်။
https://www.thecoachingtoolscompany.com/5-types-of-fears-dr-karl-albrecht/
Fear Level အမျိုးမျိုးထဲကမှ phobia လို့ခေါ်တဲ့ အစွန်းရောက် အကြောက်တရားဟာ Danger/ Threat နဲ့ လက်တွေ့ကြုံနေရတာမျိုး မဟုတ်ရင်တောင် တွေးလိုက်တာနဲ့ သည်းမခံနိုင်အောင်ခံစားရတဲ့ Panic Attack ဖြစ်တဲ့ထိ ကြောက်တာမျိုး ဖြစ်ပါတယ်။
ဥပမာ−အမြင့်ကြောက်တယ်ဆိုရင် သူများတွေလို မြင့်တယ် ပြုတ်ကျရင် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့ထိ မဟုတ်ပဲ လှေကား ၂ ထစ် ၃ ထစ်လောက်ကို ဒူးတုန်နေတာမျိုး ဖြစ်ပါတယ်။ တချို့အကြောက်တရားတွေက ကာယကံရှင်ကိုယ်တိုင် လက်တွေ့မဆန်ဘူးဆိုတာ သိပေမယ့် မထိန်းချုပ်နိုင်ပါဘူး။
အများဆုံးမြင်နိုင်ရတဲ့ Phobia တွေကတော့−
1) Social Phobia: သူများဝေဖန်မှာ အပယ်ခံရမှာကြောက်တာ။
2) Arachnophobia: ပင့်ကူကြောက်တာ။
3) Agoraphobia: ဟင်းလင်းပြင် (သို့) လူထူထပ်တဲ့နေရာကိုကြောက်တာ။
4) Claustrophobia: ကျင်းကျပ်တဲ့နေရာတွေကိုကြောက်တာ။
5) Acrophobia: အမြင့်ကိုကြောက်တာ။
ဘယ်လို Fear ဖြစ်ဖြစ် သူများဝင်ပြီး ရင်ဆိုင်ပေးလို့ မရပါဘူး။ ကိုယ်ဘာကိုကြောက်လဲသိပြီဆိုရင် တခြားအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ခြောက်လှန့်နေမယ့်အစား စနစ်တကျ ရင်ဆိုင်နိုင်အောင် ပြုပြင်ပေးဖို့ လိုပါတယ်။ အကြောက်တရားက အသိစိတ်ကိုလွှမ်းမိုးပြီး စိတ်ကျန်းမာရေးထိခိုက်တဲ့ထိမဖြစ်အောင် သူနဲ့ပတ်သက်တာတွေကိုလည်း လေ့လာသင့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ဒီတစ်ပတ်မှာတော့ အကြောက်တရား နဲ့ပတ်သက်တဲ့ တချို့ ခံစားချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ ကိုဗစ်တွေစဖြစ်ချိန...
16/09/2022
ဒီတစ်ပတ်မှာတော့ အကြောက်တရား နဲ့ပတ်သက်တဲ့ တချို့ ခံစားချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ကိုဗစ်တွေစဖြစ်ချိန် ဘယ်လိုကာကွယ်ရမလဲ ဘာတွေကြုံရမလဲ မသိချိန်မှာ ခံစားနေရတဲ့ အကြောက်တရားနဲ့ အခုအချိန်မှာ ဒီရောဂါနဲ့ပတ်သက်ပြီးရှိနေတဲ့ အကြောက်တရား Level လုံးဝကွာသွားတာကို သတိထားမိမယ် ထင်ပါတယ်။
ကိုယ့်ဖြစ်တည်မှု/ရှင်သန်မှုကို ခြိမ်းခြောက်နေတယ်။
ကိုယ့်မှာလုံခြုံမှုမရှိဘူး။
ဘာမှသေချာရေရာမှုမရှိဘူး။
ကိုယ်ကြုံလာမယ့် အခြေအနေ/ အရာဝတ္ထု/ သက်ရှိသက်မဲ့တွေနဲ့ ပတ်သက်ပြီး အကာအကွယ်ယူဖို့ လုံလောက်တဲ့ သတင်းအချက်အလက် မရှိဘူး။ စတဲ့အချက်တွေက ကျွန်တော်တို့ကို ကြောက်လန့် စေပါတယ်။
အကြောက်တရားကို သဘာဝအရ တုံ့ပြန်ပုံ (Fear Response) Fight, Flight, Freeze and Frawn ဆိုပြီး (၄)မျိုးရှိပါတယ်။ ပုံမှာ အကျယ် ကြည့်ရှုနိုင်ပါတယ်။
Fear နဲ့ Danger control ဆိုတာကိုလည်း ဒီlink မှာလေ့လာလို့ရပါတယ်။ (https://www.facebook.com/counsellingcornermyanmar/posts/1950155155135952 )
အန္တရာယ်ကြုံမှ Fear Response ဖြစ်တာမဟုတ်ပဲ စဉ်းစားလိုက်ရုံနဲ့ response တွေ ပြနေပြီဆိုရင်တော့ Fear ကနေ Anxiety ကို ဦးတည်သွားပါတယ်။ Anxiety မှာလည်း မျိုးကွဲတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် Social Anxiety ဆိုရင် လူတွေနဲ့ ဆက်ဆံရမှာ စကားပြောရမှာကို ကြောက်တာမျိုးဖြစ်ပါတယ်။ များသောအားဖြင့် Anxiety ကို Therapy တွေ ဆေးဝါးတွေ နဲ့ တခြားကုထုံးတွေနဲ့ ကုသနိုင်ပါတယ်။ အပယ်ခံရမှာ အငြင်းခံရမှာ Reject အလုပ်ခံရမှာ control အလုပ်ခံရမှာ (သို့) Out of control ဖြစ်မှာတွေကို စိုးရိမ်တာတွေလည်း ရှိတယ်။
ဒီ Anxietyတွေ များလာတဲ့အခါ အကြောက်တရားကြီးစိုးပြီး စိတ်ဖိစီးရာကနေ စိတ်ဓါတ်ကျတဲ့ထိ ဦးတည်သွားနိုင်ပါတယ်။ ဒါကို အချိန်မှီသတိမထားမိဘူး မကုသဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းသွားမှာ ဖြစ်ပါတယ်။
Fear Response ဟာ ရုတ်တရက် မပြင်မဆင်နဲ့ဆို ငါကတော့ ဘယ်လိုရင်ဆိုင်လိုက်မယ်ဆိုတာကို တွေးဖို့ထိ အချိန်မရသလို သဘာဝတုံ့ပြန်ချက်ကလည်း အဲ့လိုစဉ်းစားတာထက်ပိုမြန်တာမို့ Mindfulness (သတိရှိခြင်း) ကို ကြိုတင်ပြင်ဆင်ထားတယ်။ ကိုယ်ကြောက်တာနဲ့ပတ်သက်ပြီး ရနိုင်သလောက် လေ့လာထားမယ်။ နားလည်အောင်ကြိုးစားမယ်။ ကိုယ့်တုံ့ပြန်မှုတွေကို သတိထားပြီး Safe ဖြစ်ပြီလို့ လက်ခံနိုင်တဲ့ထိ လိုအပ်တာတွေကို ပြင်ဆင်ထားမယ် ဆိုရင် ကိုယ့်အကြောက်တရားနဲ့ လက်တွေ့ ရင်ဆိုင်ရပြီ ဆိုတာနဲ့ စနစ်တကျ တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။
17/07/2022
"Emotional Abused _ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းဆဲခြင်း"Abused _ နှိပ်စက်ညှဉ်းဆဲခံရခြင်း များတွင် စိတ်ပိုင်းဆိုင်ရာနှင...
17/07/2022
"Emotional Abused _ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းဆဲခြင်း"
Abused _ နှိပ်စက်ညှဉ်းဆဲခံရခြင်း များတွင် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်ဆိုင်ရာဟူ၍ခွဲခြားနိုင်သည်.
ကျမတို့ သတိမထားမိသော အချက်မှာ စိတ်ပိုင်းဆိုင်ရာ Abused _ နှိပ်စက်ညှဉ်းဆဲခံရခြင်း ဖြစ်သည်..
ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းဆဲခံရခြင်းကို မြင်သာထင်ရှားရှိပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းဆဲခံရခြင်းကိုမူ ကျမတို့ မမြင်နိုင်သောကြောင့် သတိမပြု, အရေးတယူဂရုမပြု နိုင်ကြခြင်းဖြစ်နိုင်သည် ..
စိတ်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းဆဲခြင်းဆိုသည်မှာ,
အခြားသူတဦးအား ခြယ်လှယ်ရန် သို့မဟုတ်ထိန်းချုပ်ရန် သူ/သူမ ၏ ခံစားချက်ကို အသုံးပြု ၍ အပြစ်တင်ခြင်း, အရှက်ရရန်, ဝေဖန်ခြင်း နှင့် စိတ်ကျဉ်းကြပ်အ နေခက်အောင် ပြုလုပ်ခြင်း ကိုဆိုလိုပါသည်..
စိတ်ခံစားချက်ညှင်းပန်းနှိပ်စက်ခံရသောသူများသည် ဒဏ်ရာ အနာတရကြီးမားသောကြောင့်
ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းရန် ခံနိုင်ရည်မရှိပင်ပန်းကြပါသော်လည်း ရုန်းထွက်ရန် ကိုမူကြောက်ရွံ့ နေတတ်ကြပါသည်။
အကယ်၍ မ ကြာခဏ တိတ်တပုန်း, လှို့ဝှက်စွာနှိပ်စက်ခြင်း ကို ခံရပါကထို သူသည် မိမိကိုယ်မိမိခံရသောသူကဲ့သို့ မမြင်,လက်မခံနိုင်ကြပါ ..ထို့ အပြင်နှိပ်စက်ခံရခြင်း ကိုရပ်အောင် အရင်ကထက် ပို၍ကောင်းအောင်ကြိုူစား ကြသည်။ထို မျှ မက နှိပ်စက်သောသူနား တွင် ရှိနေရ ခြင်းသည် မိမိအတွတ် အန္တရာယ်ရယ်ရှိသောချောက်ကမ်းပါးတွင်လမ်း လျှောက်နေရ သကဲ့သို့စိုးရီမ်စိတ် များနေတတ်ပြီး မိမိကိုယ်မိမိ အပြစ်တင် စိတ်များ ဖြင့် ဖိစီးမူ့များစွာခံစားစေနိုင်သည်။
စိတ်ပိုင်းဆိုင် နှိပ်စက်ခြင်းအပြုအမူများ မှာ -
၁။ သင့်အပေါ် အလွန်အကဲဖြတ်ခြင်း သို့မဟုတ် အပြစ်တင်ဝေဖန် လွန်ခြင်း၊
၂။ သင့်ကိုယ်ရေးကိုယ်တာ အား ကျူးကျော် ဝင် ရောက်စွက်ဖက် ခြင်း နှင့် စည်း များ ကိုမလေးစားလျစ်လျူရှုခြင်း ၊
၃။ သင်အပေါ် ပိုင်းစိုးပိုင်းနင်း ရုပ်ဝတ္ထုကဲ့သို့ သင်အားထိန်းချုပ် ရန်ကြိုးစားခြင်း၊
၄။ သင်ကိုခြယ်လှယ် လွန် ခြင်း (Manipulative)၊
၅။ သင်ရဲ့ ခံစားချက် နှင့် သင်ကို မကြာခဏ အ‌ရေးမထား နှိမ်ချခြင်း ၊
အထက်ဖော််််ါပြပါ အချက်များ သည် စိတ်ပိုင်းဆိုင် ရာ နှိပ်စက် တတ်သူများ ၏ မြင်သာထင်ရှား သိနိုင်သော အပြုအမှု များဖြစ်သည်။
အကယ်၍သင်သည် စိတ်ပိုင်းဆိုင် နှိပ်စက်ညှင်းပန်းခြင်းခံခဲ့ရပါက အောက်ပါ အပြုအမူ များကို သင်ပြုလုပ် မိနိုင်ပါသည်။
၁။ အဆက်မပျက်တောင်းပန်တတ်ခြင်း/ အားနာလွန်းတတ်ခြင်း( ကိုယ့် အမှား မဟုတ်ပါသော်လည်း)၊
၂။ တခြားသူစိတ်ဆိုးဝမ်းနည်းမှာကြောက်၍ မိမိ၏စိတ်ခံစားချက်ကို ဖုံးကွယ်ထားတတ်ခြင်း၊
၃။သေးငယ်သောသဘောထားကွဲလွဲမူ့များအတွင်းထိန်းချုပ်မရပေါက်ကွဲမည်ကိုစဉ်းစားပြီး ကြောက်ရွံနေတတ်ခြင်း၊
၄။ထပ်ခါတလဲလဲ စိတ်ချ ရသောနှစ်သိမ့်အားပေး စကားများ ကြားရန်လိုအပ်နေခြင်း.၊
၅။ထိပ်တိုင်ရင်ဆိုင်၍ ပြသာနာ​ ဖြေရှင်းခြင်းကို ရှောင်ရှား တတ်ခြင်း၊
၆။ တခြားသူများကို ကျေးပြုတတ်သူ ( pleaser)၊
၇။ တခြားသူတယောက်၏စိတ်ခံစားချက်များကို သိမြင်ခံစားလွယ်ပြီး လျှင်မြန်စွာ တုံပြန် ခံစားလွယ်တတ်ကြသည်၊
စိတ်ပိုင်းဆိုင်နှိပ်စက်ညှဉ်းဆဲခံရသောသူများ သည်
သူတို့၏ခံစားချက်များကို ဝေဖန်ခြင်းထက်,
သူတို့၏ခံစားချက်များကို ကြားသောနားတစ်စုံ,
မြင်ပေးတတ်သောမျက်လုံး နှင့် နားလည်ခံစားပေးသော နှလုံးသား များကို လိုခြင် ကြပါသည်..
အကယ်၍သင်သည် စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခံရခြင်းများကိုခံစားနေရပါက အကူညီယူရန် မရှက် မကြောက်ပါနှင့်...
သင်ရဲ့ အားနည်းချက် အပြစ်မဟုတ် ပါ..
ကျမတို့ပတ်ဝန်ကျင်တွင် ထိုကဲ့သို့ သောသူများရှိနေပါက အကူညီ ပေးရန်မတွန့်ဆုတ်ပါနှင့်...
Counsellor
Pui
Address
Ho Chi Minh City
Opening Hours
Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Website
Alerts
Be the first to know and let us send you an email when Generation Tree posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share