05/30/2023
စကားတွေတော့ကြားချင်မိတယ်..
MOD ကိုအားမရနေတာတော့ အမှန်ပဲ
ပြည်တော်ဝင်ရဲ့မန်းလေးလွမ်းချင်း
မင်္ဂလာပါ…
မန္တလေးကို ချစ်တဲ့သူတွေ စုပြီး မန်းလေးအကြောင်း ပြောကြမယ်။
စစ်မီးဝိုင်းနေတဲ့ မန္တလေးဟာ စကစရဲ့ နောက်ဆုံးခံတပ်ဖြစ်လာမယ်လို့ စစ်ရေးသုံးသပ်သူတွေရဲ့အဆိုဟာ ခိုင်မာသလောက်ရှိလာပါတယ်။ဒါကို ဒီလတွေမှာ မန္တလေးတဝိုက်ခပ်စိတ်စိတ်ကြားလာရတဲ့ တိုက်ပွဲတွေနဲ့ စကစကျရှုံးသတင်းတွေကသက်သေခံနေကြတယ်။
ဒီတိုက်ပွဲတွေကို ဦးဆောင်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုတွေအားလုံးရဲ့ ဦးတည်ချက်ကတော့ မန္တလေးကိုသိမ်းပိုက်နိုင်ရေးပဲဖြစ်ပါတယ်။ နန်းတွင်းစစ်တပ်ကိုသာ နောက်ဆုံးခံတပ်အနေနဲ့ ဗဟိုပြုလှုပ်ရှားနေရမယ့် စကစကို မြင်ယောင်ကြည့်ကြစမ်းပါ။ ဒီခံတပ်သာ ကျသွားရင် သူတို့မှာ ဆုတ်စရာလမ်းဆိုလို့ သေလမ်းပဲရှိပါတော့မယ်။
ဒီတော့ နောက်ဆုံးခံတပ်ကို ရိုက်ချိုးနိုင်ရေးဟာ MDY-PDF နဲ့ တပ်ပေါင်းစုအားလုံးရဲ့ ပင်မပန်းတိုင်လည်းဖြစ်ပါတယ်။ ဒီပန်းတိုင်ရောက်ဖို့ဟာ ပြည်သူအားလုံးရဲ့ အင်အားနဲ့ဝိုင်းဝန်းကြဖို့လိုပါတယ်။
မန္တလေးရဲ့ လွတ်လပ်ခဲ့တဲ့ ညတွေအကြောင်း ပြောကြမယ်၊ အုပ်ချုပ်သူနဲ့ ပြည်သူ လက်တွဲညီခဲ့စဉ်က Smart City မြို့ကြီးအကြောင်း ဖောက်သည်ချကြမယ်၊ မန်းလေးရဲ့ ရဲရင့်တဲ့ သမိုင်းတွေ အကြောင်း ပြောကြမယ်၊ မန်းလေးဟာ သိပ်လှခဲ့ကြောင်း ပြောကြမယ်၊ စစ်အာဏာရှင်ကို ဖြုတ်ပြီး သိပ်လှလာမယ့် မန်းလေးအကြောင်းတွေ ပြောကြမယ်၊ မန်းလေးအကြောင်း ကဗျာတွေ ရွတ်ကြမယ်၊ မန်းလေးကို ပြန်လည်လှုပ်ရှားလာဖို့၊ ပြန်လည်ရဲရင့်လာဖို့ ပြည်တော်ဝင် Project အကြောင်း ပြောကြဖို့ 30.5.2023 ရက်နေ့ ည၇:၃၀ မှာ ပြုလုပ်မယ့် “မန်းလေးလွမ်းချင်း” Talk Show မှာ မန္တလေးကို ချစ်ကြသူတွေက ဘာတွေ ပြောကြမလဲ ဘာအကြောင်းတွေ ပြောကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရအောင်နော်…
မန်းလေးလွမ်းချင်း မှာ ပါဝင်ပေးမယ့် Speaker တွေကတော့
၁။ ဒေါက်တာ တေဇာဆန်း (ပြည်သူတွေကို ၇၂နာရီ ဂျင်းကနေ လှုပ်နိုးပေးခဲ့သူ၊ မန်းလေးဆေးကျောင်းရှေ့မှာ ဦးဆောင်ဆန္ဒပြခဲ့သူ)
၂။ ဒေါက်တာ ယဉ်ယဉ်နှောင်း (မန္တလေးရဲ့ ဆန္ဒပြပွဲတွေမှာ တောက်လျှောက်ပါဝင်ခဲ့သူ၊ မန်းလေးသူ CDM ဆရာဝန်၊ ၅၀၅ အထုတ်ခံရပြီး မန္တလေးနဲ့ အဝေးဆုံးကို ရောက်နေရသူ)
၃။ ကိုမုန်တိုင်း (MDY-PDF ရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ)
၄။ ဒေါက်တာ စိုးသူရဇော် (Medical Family Mandalay MFM မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ဆရာဝန်၊ ပြီးတော့ MDY-PDF ရဲ့ စစ်ဦးစီး အဖွဲ့ဝင်)
၅။ မောင်ဖြိုးဝေ (သူက မန်းလေးသား ကဗျာဆရာ၊ အခုတော့ MDY-PDF မှာ စစ်သားကြီး (စစ်မြေပြင် ကွပ်ကဲရေးမှူး) ဖြစ်လို့ပေါ့)
၆။ Moderator တွေကတော့ ပန်ထွာ (မန်းလေးသူ၊ MOREC CDM ဝန်ထမ်းတစ်ဦးဖြစ်ပြီး Revo Music, Lucky2PDF တို့ရဲ့ Founder)
၇။ Captain Zero ( CDM ဗိုလ်ကြီး၊ CDM စထွက်လာတော့ မန္တလေးနဲ့ အမှတ်တရများစွာ ရှိသူကြီး)
Speaker တွေကတော့ မန်းလေးလွမ်းချင်း သီကြဖို့ အသင့်ဖြစ်နေပါပြီ မန်းလေးလွမ်းချင်းနဲ့အတူ ပြည်တော်ဝင်မယ့် နေ့ရက်များဆီသို့ ….
မန်းလေးလွမ်းချင်းကို Live လွှင့်မယ့် Page တွေကတော့ CRPH-OFP, Vouce of Mandalay - PDF, သပြေညို၊ ပိတောက်ဖူး၊ Khit Thit Media, Mizzima News in Burmese, Myanmar Now, PVTV, D Day Channel, People’s Spring, Spring Myanmar Society (SMS), Lucky2PDF, Revo Music, AFCC တို့ပဲ ဖြစ်ပါတယ်။
ဒီနေ့ည ၇:၃၀ နာရီ မှာ ဝင်ရောက် နားဆင်ပေးဖို့ ဖိတ်ခေါ်ပါရစေ.
#ပြည်တော်ဝင်
#မန္တလေး
#ပိတောက်ဖူး