Civil Rights Movement

Civil Rights Movement Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Civil Rights Movement, Nonprofit Organization, Utica, NY.

ဘာ့ကြောင့် ESS လိုအပ်သလဲ ?---------------------ESS = Emergency Special Session ( အရေးပေါ်အထူးအစည်းအဝေး ) ကို ပြောချင်တာပ...
08/30/2025

ဘာ့ကြောင့် ESS လိုအပ်သလဲ ?
---------------------
ESS = Emergency Special Session ( အရေးပေါ်အထူးအစည်းအဝေး ) ကို ပြောချင်တာပါ ။

ရိုဟင်ဂျာအပါအဝင် သွေးသံရဲရဲ ဒုက္ခရောက်နေရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ကုလသမဂ္ဂအထွေထွေညီလာခံကနေ အရေးပေါ်အထူးအစည်းအဝေးတရပ် ကျင်းပပေးဖို့ မရှိမဖြစ်လိုအပ်လာပါပီ ။

အစုလိုက်အပြုံလိုက်မျိုးဖြုတ်သုတ်သင်ခြင်းခံရအပီး ၁၀ နှစ်နီးပါးရှိလာသည့်တိုင်အောင် ရိုဟင်ဂျာအရေးမှာ ထူးခြားတဲ့ရှေ့တိုးဖြေရှင်းမှု မရှိသလောက်ဖြစ်နေပါပီ ။ ICC နဲ့ ICJ တို့မှာ အမှုဖွင့်ဆောင်ရွက်နေတာ ထက်ပိုပီး နိုင်ငံတကာအသိုင်းအဝိုင်းဟာ ရှေ့တိုးဆောင်ရွက်ပေးရပါမယ် ။

လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားထိခိုက်စေဆုံးမှုတွေရှိနေတဲ့ မြန်မာပြည်တွင်းက အခြေအနေတွေကိုလည်း နိုင်ငံတကာက လျစ်လျူရှု့နေတာများနေပါပီ ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဒီလို ထိခိုက်နစ်နာရမှုတွေကို ဖြေရှင်းဖို့ဖွဲ့စည်းထားတာပါ ။ ဒါပေမဲ့ ဗီတိုကြောင့် ရှေ့ဆက်မတိုးတော့တာတွေလည်း အများအသိပါ ။

ဒါဆို လုံခြုံရေးကောင်စီမှာ ပိတ်ဆို့သွားတာနဲ့တင် ဒီကိစ္စတွေကို ကမ္ဘာဆုံးတိုင် သွေးစိမ်းရှင်ရှင်ထွက်နေစေတော့ ပစ်ထားရမလား ?
လူ့အခွင့်အရေးချိုးဖောက်တဲ့နိုင်ငံတွေဟာ ဗီတိုအကာအကွယ် နဲ့ ထာဝရလူမိုက်လုပ်လို့ရရောလား ?

မဟုတ်ပါဘူး !
လုံခြုံရေးကောင်စီမှာ ပိတ်ဆို့နေရင် အထွေထွေညီလာခံက တဆင့် ဆောင်ရွက်လို့ရတဲ့လမ်းကြောင်းက ကုလသမဂ္ဂဖွဲ့စည်းစဉ်ကတည်းက ရှိပါတယ် ။

ဒီလမ်းကြောင်းက Emergency Special Session ပါပဲ ။ ကိုရီးယားပြည်တွင်းစစ် ဆူးအက်တူးမြောင်းပြဿနာ လိုမျိုး ကြီးမားတဲ့ ကိစ္စတွေကနေ နောက်ဆုံးယူကရိန်းစစ်ပွဲ အထိ ဒီ ESS နဲ့ ကိုင်တွယ်နေပါတယ် ။
ESS နဲ့ ဖြေရှင်းလို့ တချီတည်းပီးပြတ်သွားတာရှိသလို မတရားပြုကျင့်ခံနေရသူတွေ သက်သာရာသက်သာကြောင်းဖြစ်သွားတာလည်း ရှိပါတယ် ။ လုံခြုံရေးကောင်စီမှာ ပိတ်ဆို့နေလို့ ငုပ်တုပ်ထိုင်နေတာထက်တော့ အများကြီးသာပါတယ် ။

ICJ ရှိလည်း ESS လိုအပ်ပါသလား ?
-------------------------
ပိုမိုလိုအပ်ပါတယ် ။ ကိုယ့်ကိစ္စက ICJ မှာအမှုပေါက်ပီး လုံခြုံရေးကောင်စီမှာ ပိတ်ဆို့နေရင် ESS က မရှိမဖြစ်လိုအပ်ပါတယ် ။

ဥပမာ _ ဘော့စ်နီးယားဂျင်နိုဆိုဒ်တုန်းက ICJ ရဲ့ နောက်ဆုံးအပြီးသတ်အမိန့်ဟာ ၂၀၀၇ ခုနှစ်မှ ထွက်လာတာပါ ။ ဘော့စ်နီးယားစစ်ပွဲက ၁၉၉၅ ကတည်းက ပီးဆုံးခဲ့ပီး သတ်တာဖြတ်တာတွေ မရှိတော့တာ ၁၂ နှစ် လောက်ကြာမှ ICJ အမိန့်ထွက်လာတာပါ ။

ဘော့စ်နီးယားကေ့စ်မှာတော့ လုံခြုံရေးကောင်စီဘက်က အတော်အလုပ်လုပ်နိုင်ခဲ့တာမို့ ESS မလိုခဲ့ပေမဲ့ ကျနော်တို့ကေ့စ်မှာတော့ လိုအပ်ပါလိမ့်မယ် ။

ရိုဟင်ဂျာတွေအတွက် လုံခြုံရေးကောင်စီမှာ တရုတ် ရုရှားဖိအားကြီးချက်က resolution ဆုံးဖြတ်ချက်တောင် တင်သွင်းခွင့်မရတဲ့ အခြေအနေပါ ။ ဆုံးဖြတ်ချက်ကို ဗီတိုသုံးမယ် မသုံးဘူးဆိုတဲ့အဆင့်တောင်မရောက်နိုင်ဖြစ်နေပါတယ် ။ 2022 မှာထွက်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာလည်း ရိုဟင်ဂျာအရေးက အဓိက မဟုတ်ခဲ့ ။
လုံခြုံရေးကောင်စီရဲ့ အလုပ်မဖြစ်မှုဟာ သိသာထင်ရှားလွန်းနေပါတယ် ။

ဗီတိုနဲ့ပိတ်မှ ဝိုက်တက်ခွင့်ရှိတာမဟုတ်
-------------------------
လုံခြုံရေးကောင်စီမှာ ဗီတိုနဲ့အပိတ်ခံရပီးမှ ESS ကို ခေါ်ခွင့်ရှိတယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက်မရှိပါဘူး ။ လုံခြုံရေးကောင်စီဟာ အရေးယူဆောင်ရွက်ဖို့သိသာထင်ရှားစွာ ပျက်ကွက်နေကြောင်း ထင်ရှားပေါ်ပေါက်ပါက အထွေထွေညီလာခံတွင်အရေးပါ်အထူးအစည်းအဝေးခေါ်ယူရန် စတင်နိုင်သည် ဆိုတဲ့ မူဝါဒပဲရှိပါတယ် ။ ဗီတိုဆိုတာ လုံခြုံရေးကောင်စီရဲ့ပျက်ကွက်မှုကို ပြဆိုတဲ့ သငေ်္ကတွေထဲကတခုသာဖြစ်ပါတယ် ။ ရိုဟင်ဂျာကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုဟာ သိသာထင်ရှားနေပါပီ ။ တချိန်တည်းမှာပဲ မြန်မာပြည်တွင်း အရပ်သားထိခိုက်နစ်နာနေရမှုတွေအတွက် လုံခြုံရေးကောင်စီရဲ့ပျက်ကွက်မှုဟာ နေ့စဉ်နဲ့အမျှ ထင်ရှားနေပါတယ် ။

ဒါ့ကြောင့် ရိုဟင်ဂျာအပါအဝင်မြန်မာပြည်သူတွေအတွက် အထွေထွေညီလာခံရဲ့ အရေးပေါ်အထူးအစည်းအဝေးတရပ် မရှိမဖြစ်လိုအပ်နေပါတယ် ။

ဒါဆို လိုအပ်နေတဲ့ ESS ခေါ်ဖို့ တခြားနည်းလမ်းရှိလားဆိုရင် အခိုင်အမာရှိပါတယ် ။ လက်တွေ့လှုပ်ရှားရမဲ့လမ်းကြောင်းမို့ လိုင်းပေါ်မှာ လောလောဆယ် တင်ရေးဖို့ သည်းခံရပါမယ် ။ တအားကြီး လျှို့ဝှက်နေတဲ့အရာမဟုတ်ပေမဲ့ နည်းဗျူဟာအရ လျှိုထားသင့်တယ်လို့ ယူဆပါတယ် ။

အားရင်စိတ်ဓါတ်ကျမဲ့မာမူတွေအဖို့
------------------------
ပါလက်စတိုင်းအရေးနဲ့ပတ်သတ်ပီး ESS ခေါ်ထားတာ ၁၉၈၀ ကတည်းက ရှိပေမဲ့ အခုထိ သွေးထွက်သံယိုဖြစ်နေတာတွေကို ကြည့်ပီး စိတ်ဓါတ်ကျပြမဲ့ မာမူတွေအတွက်ပါ ။

ESS ခေါ်အပီး ယာဆာအာရာဖသ် အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရအပီး အစ္ဇရေး-ပါလက်စတိုင်း ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာခဲ့ကာ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ပေါင်း ၂၀ ကျော်အထိ ပြန်ဖြစ်လာခဲ့တာ ၁၉၈၀ - ၉၀ ခေတ်သမိုင်းကို သိမှီသူတွေရှိပါတယ် ။
တော်လှန်ရေးမှာ ကိုယ်မှန်ကန်တာနဲ့တင် အနိုင်ရတာမဟုတ် / လိမ္မာပါးနပ်ဖို့လည်းလိုအပ်ပါတယ် _ အာရာဖသ်ဟာ ပါးနပ်မှုမရှိ ။ ပင်လယ်ကွေ့အာရဗ်နိုင်ငံတွေနဲ့ ဆက်ဒမ်ဟူစိန်နဲ့ စစ်ဖြစ်နေတဲ့အချိန် ဆက်ဒမ်နဲ့ သွားပလူးပြခဲ့တဲ့နောက်ပိုင်း ဟ သွားတဲ့ အက်ကြောင်းအတိုင်း အစ္ဇရေးက ထိုးခွင်းပီး ကစားသွားနိုင်ခဲ့လို့ ဒီနေ့ သွေးထွက်သံယိုတွေ မြင်မကောင်းဖြစ်နေရတာ ။
ဒါတောင် ESS ကနေ အစပြုလိုက်တဲ့အရွေ့ကြောင့် ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တွေ ဒီနေ့ထိဆက်ရှိနေဆဲပဲ ။
ဘာမှ လေ့လာမှုမရှိပဲ ဝင်ဆဲဖို့ပဲတတ်တဲ့မာမူတွေကို ပြောချင်တာက ဒီပို့စ်သည် ရိုဟင်ဂျာအပါအဝင်မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအရေးလှုပ်ရှားမှုတရပ် လက်တွေ့ပြုလုပ်ဖို့ရေးတာဖြစ်တယ် / လက်ဘက်ရည်ဆိုင်မှာထိုင်ပီး အာရိုက်ဖို့ရေးတာမဟုတ်ဘူး ။ ပါလက်စတိုင်းကိစ္စကို ထည့်ရေးရတာက ရန်သူ့ဘက်က တန်ပြန်ဝါဒဖြန့်လာမှာကို ကြိုကာတဲ့သဘောနဲ့ထည့်ထားရတာ ။ ရန်သူဘက်ကလည်းတန်ပြန်ဝါဒဖြန့်တာတွေလုပ်လာမှာ_ " ပါလက်စတိုင်းအတွက်လည်း ESS ခေါ်တာပဲ / ဘာထူးလို့လဲ " ဆိုတာမျိုး လာကိုလာမှာ ။

အရေးကြီးတာက မြန်မာနိုင်ငံက ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်များသည် အစ္ဇရေးလို စစ်ရေးအင်အား လော်ဘီအင်အား တောင့်တင်းသူများမဟုတ် ဆိုတာကို ခေါင်းထဲထည့်ထားဖို့ပဲ ။

ESS က ဘာလုပ်နိုင်လဲ ?
-----------------
ကုလသမဂ္ဂတပ်ဖွဲ့ကို ဖြန့်ကျက်နေရာချထားခွင့်ရှိတယ် ။ ဟုတ်တယ် ! ESS က ဦးထုတ်ပြာတပ်ဖွဲ့ချထားပီး safe zone သတ်မှတ်ခွင့်ရှိတယ် ။ အဲ့လိုလုပ်ခဲ့တဲ့ သမိုင်းလည်း အကြိမ်ကြိမ်ရှိတယ် ။ လုံခြုံရေးကောင်စီမှာ တရုတ်ရုရှား ဗီတိုနဲ့ကာပေးနေသရွေ့ ကုလသမဂ္ဂတပ်ဖွဲ့မလာအောင်လုပ်ထားလို့ရတယ်ဆိုတဲ့ အတွေးနဲ့ကြည်နူးနေတဲ့ ရာဇဝတ်ကောင်တွေအတွက်ပါ ။

နောက်တမျိုးဆောင်ရွက်ခွင့်ရှိတာကတော့ ကမ္ဘာ့ဘဏ္ဍာရေးစီးကြောင်းတွေကနေ လုံးဝဖယ်ထုတ်တာမျိုးလုပ်ခွင့်ရှိတယ် ။ စူးအက်တူးမြောင်းအရေးအခင်းမှာ အင်္ဂလိပ်နဲ့ပြင်သစ်ကို ဒီနည်းနဲ့ ESS က ကိုင်တွယ်ခဲ့ပီး လက်ရှိအချိန် ရုရှားကို လုံးဝပလစ်ထုတ်ထားတာလည်း ဒါနဲ့ပဲ ။ နယ်မြေကျယ်ဝန်းပီး သံယံဇာတကြွယ်ဝကာ စက်မှုထိပ်သီးနိုင်ငံဖြစ်နေလို့သာ ရုရှားဟာ တောင့်ခံနိုင်နေတာ ။ မြန်မာပြည်ရဲ့ရာဇဝတ်ကောင်များကတော့ တောင့်ခံနိုင်စရာမရှိ ။

ကုန်သွယ်ရေးပိတ်ဆို့ဒဏ်ခတ်မှုအပါအဝင် အထွေထွေသောအရေးယူဆောင်ရွက်မှုတွေကို ESS က ချမှတ်ခွင့်ရှိပါတယ် ။

ESS ဟာ တကြိမ်သာလျှင်စည်းဝေးတဲ့ ညီလာခံမျိုးမဟုတ်ပဲ လိုအပ်ရင်လိုအပ်သလို အကြိမ်ကြိမ် ချိန်းဆိုစည်းဝေးခွင့်ရှိတာမို့ အချိန်ကာလအကန့်အသတ်မရှိသော သံခင်းတမန်ခင်းဖိအားတခုလည်းဖြစ်တယ် ။

တရုတ်ရုရှား ဗီတိုအားကိုးနဲ့ မိုက်လုံးကြီးနေတဲ့ သူတွေကို ဆုံးမဖို့ မြန်မာပြည်အတွက် အထွေထွေညီလာခံအရေးပေါ်အထူးအစည်းအဝေးတရပ် ဖွင့်လှစ်ထားရှိဖို့ မဖြစ်မနေလိုအပ်တယ် ။ အထူးသဖြင့် လူမျိုးတုန်းသတ်ဖြတ်ခံနေရတဲ့ရိုဟင်ဂျာတွေအတွက် ပိုမိုလိုအပ်ပါတယ် ။

ဒါကြောင့် အသင်းအဖွဲ့ မတူညီမှု အစွဲတွေကို ဖျောက်ဖျက်ပီး သံတမန်တော်လှန်ရေးရဲ့ ဘုံသဘောတူညီမှု အနေနဲ့ ESS အသက်ဝင်လာရေး အတွက် ဝိုင်းဝန်း သယ်ပိုးကြဖို့ ကျွန်တော်တို့ CRM က အားလုံးကို မေတ္တာရပ်ခံပါတယ် ။

kyawhlaoo

ဘာ့ေႀကာင့္ ESS လိုအပ္သလဲ ?
---------------------
ESS = Emergency Special Session ( အေရးေပၚအထူးအစည္းအေဝး ) ကို ေျပာခ်င္တာပါ ။

ရိုဟင္ဂ်ာအပါအဝင္ ေသြးသံရဲရဲ ဒုကၡေရာက္ေနရတဲ႕ ျမန္မာျပည္သူျပည္သားေတြအတြက္ ကုလသမဂၢအေထြေထြညီလာခံကေန အေရးေပၚအထူးအစည္းအေဝးတရပ္ က်င္းပေပးဖို႕ မရွိမျဖစ္လိုအပ္လာပါပီ ။

အစုလိုက္အျပံဳလိုက္မ်ိဳးျဖဳတ္သုတ္သင္ျခင္းခံရအပီး ၁၀ နွစ္နီးပါးရွိလာသည့္တိုင္ေအာင္ ရိုဟင္ဂ်ာအေရးမွာ ထူးျခားတဲ႕ေရွ႕တိုးေျဖရွင္းမႈ မရွိသေလာက္ျဖစ္ေနပါပီ ။ ICC နဲ႕ ICJ တို႕မွာ အမႈဖြင့္ေဆာင္ရြက္ေနတာ ထက္ပိုပီး နိုင္ငံတကာအသိုင္းအဝိုင္းဟာ ေရွ႕တိုးေဆာင္ရြက္ေပးရပါမယ္ ။

ေလေႀကာင္းတိုက္ခိုက္မႈအပါအဝင္ အရပ္သားထိခိုက္ေစဆံုးမႈေတြရွိေနတဲ႕ ျမန္မာျပည္တြင္းက အေျခအေနေတြကိုလည္း နိုင္ငံတကာက လ်စ္လ်ဴရႈ႕ေနတာမ်ားေနပါပီ ။

ကုလသမဂၢလံုျခံဳေရးေကာင္စီဟာ ဒီလို ထိခိုက္နစ္နာရမႈေတြကို ေျဖရွင္းဖို႕ဖြဲဲ႕စည္းထားတာပါ ။ ဒါေပမဲ႕ ဗီတိုေႀကာင့္ ေရွ႕ဆက္မတိုးေတာ့တာေတြလည္း အမ်ားအသိပါ ။

ဒါဆို လံုျခံဳေရးေကာင္စီမွာ ပိတ္ဆို႕သြားတာနဲ႕တင္ ဒီကိစၥေတြကို ကမၻာဆံုးတိုင္ ေသြးစိမ္းရွင္ရွင္ထြက္ေနေစေတာ့ ပစ္ထားရမလား ?
လူ႕အခြင့္အေရးခ်ိဳးေဖာက္တဲ႕နိုင္ငံေတြဟာ ဗီတိုအကာအကြယ္ နဲ႕ ထာဝရလူမိုက္လုပ္လို႕ရေရာလား ?

မဟုတ္ပါဘူး !
လံုျခံဳေရးေကာင္စီမွာ ပိတ္ဆို႕ေနရင္ အေထြေထြညီလာခံက တဆင့္ ေဆာင္ရြက္လို႕ရတဲ႕လမ္းေႀကာင္းက ကုလသမဂၢဖြဲ႕စည္းစဥ္ကတည္းက ရွိပါတယ္ ။

ဒီလမ္းေႀကာင္းက Emergency Special Session ပါပဲ ။ ကိုရီးယားျပည္တြင္းစစ္ ဆူးအက္တူးေျမာင္းျပႆနာ လိုမ်ိဳး ႀကီးမားတဲ႕ ကိစၥေတြကေန ေနာက္ဆံုးယူကရိန္းစစ္ပြဲ အထိ ဒီ ESS နဲ႕ ကိုင္တြယ္ေနပါတယ္ ။
ESS နဲ႕ ေျဖရွင္းလို႕ တခ်ီတည္းပီးျပတ္သြားတာရွိသလို မတရားျပဳက်င့္ခံေနရသူေတြ သက္သာရာသက္သာေႀကာင္းျဖစ္သြားတာလည္း ရွိပါတယ္ ။ လံုျခံဳေရးေကာင္စီမွာ ပိတ္ဆို႕ေနလို႕ ငုပ္တုပ္ထိုင္ေနတာထက္ေတာ့ အမ်ားႀကီးသာပါတယ္ ။

ICJ ရွိလည္း ESS လိုအပ္ပါသလား ?
-------------------------
ပိုမိုလိုအပ္ပါတယ္ ။ ကိုယ့္ကိစၥက ICJ မွာအမႈေပါက္ပီး လံုျခံဳေရးေကာင္စီမွာ ပိတ္ဆို႕ေနရင္ ESS က မရွိမျဖစ္လိုအပ္ပါတယ္ ။

ဥပမာ _ ေဘာ့စ္နီးယားဂ်င္နိုဆိုဒ္တုန္းက ICJ ရဲ႕ ေနာက္ဆံုးအျပီးသတ္အမိန္႕ဟာ ၂၀၀၇ ခုနွစ္မွ ထြက္လာတာပါ ။ ေဘာ့စ္နီးယားစစ္ပြဲက ၁၉၉၅ ကတည္းက ပီးဆံုးခဲ႕ပီး သတ္တာျဖတ္တာေတြ မရွိေတာ့တာ ၁၂ နွစ္ ေလာက္ႀကာမွ ICJ အမိန္႕ထြက္လာတာပါ ။

ေဘာ့စ္နီးယားေက့စ္မွာေတာ့ လံုျခံဳေရးေကာင္စီဘက္က အေတာ္အလုပ္လုပ္နိုင္ခဲ႕တာမို႕ ESS မလိုခဲ႕ေပမဲ႕ က်ေနာ္တို႕ေက့စ္မွာေတာ့ လိုအပ္ပါလိမ့္မယ္ ။

ရိုဟင္ဂ်ာေတြအတြက္ လံုျခံဳေရးေကာင္စီမွာ တရုတ္ ရုရွားဖိအားႀကီးခ်က္က resolution ဆံုးျဖတ္ခ်က္ေတာင္ တင္သြင္းခြင့္မရတဲ႕ အေျခအေနပါ ။ ဆံုးျဖတ္ခ်က္ကို ဗီတိုသံုးမယ္ မသံုးဘူးဆိုတဲ႕အဆင့္ေတာင္မေရာက္နိုင္ျဖစ္ေနပါတယ္ ။ 2022 မွာထြက္ခဲ႕တဲ႕ ဆံုးျဖတ္ခ်က္မွာလည္း ရိုဟင္ဂ်ာအေရးက အဓိက မဟုတ္ခဲ႕ ။
လံုျခံဳေရးေကာင္စီရဲ႕ အလုပ္မျဖစ္မႈဟာ သိသာထင္ရွားလြန္းေနပါတယ္ ။

ဗီတိုနဲ႕ပိတ္မွ ဝိုက္တက္ခြင့္ရွိတာမဟုတ္
-------------------------
လံုျခံဳေရးေကာင္စီမွာ ဗီတိုနဲ႕အပိတ္ခံရပီးမွ ESS ကို ေခၚခြင့္ရွိတယ္ဆိုတဲ႕ ပံုေသသတ္မွတ္ခ်က္မရွိပါဘူး ။ လံုျခံဳေရးေကာင္စီဟာ အေရးယူေဆာင္ရြက္ဖို႕သိသာထင္ရွားစြာ ပ်က္ကြက္ေနေႀကာင္း ထင္ရွားေပၚေပါက္ပါက အေထြေထြညီလာခံတြင္အေရးပၚအထူးအစည္းအေဝးေခၚယူရန္ စတင္နိုင္သည္ ဆိုတဲ႕ မူဝါဒပဲရွိပါတယ္ ။ ဗီတိုဆိုတာ လံုျခံဳေရးေကာင္စီရဲ႕ပ်က္ကြက္မႈကို ျပဆိုတဲ႕ သေကၤေတြထဲကတခုသာျဖစ္ပါတယ္ ။ ရိုဟင္ဂ်ာကိစၥမွာ လံုျခံဳေရးေကာင္စီရဲ႕ ပ်က္ကြက္မႈဟာ သိသာထင္ရွားေနပါပီ ။ တခ်ိန္တည္းမွာပဲ ျမန္မာျပည္တြင္း အရပ္သားထိခိုက္နစ္နာေနရမႈေတြအတြက္ လံုျခံဳေရးေကာင္စီရဲ႕ပ်က္ကြက္မႈဟာ ေန႕စဥ္နဲ႕အမွ် ထင္ရွားေနပါတယ္ ။

ဒါ့ေႀကာင့္ ရိုဟင္ဂ်ာအပါအဝင္ျမန္မာျပည္သူေတြအတြက္ အေထြေထြညီလာခံရဲ႕ အေရးေပၚအထူးအစည္းအေဝးတရပ္ မရွိမျဖစ္လိုအပ္ေနပါတယ္ ။

ဒါဆို လိုအပ္ေနတဲ႕ ESS ေခၚဖို႕ တျခားနည္းလမ္းရွိလားဆိုရင္ အခိုင္အမာရွိပါတယ္ ။ လက္ေတြ႕လႈပ္ရွားရမဲ႕လမ္းေႀကာင္းမို႕ လိုင္းေပၚမွာ ေလာေလာဆယ္ တင္ေရးဖို႕ သည္းခံရပါမယ္ ။ တအားႀကီး လွ်ိဳ႕ဝွက္ေနတဲ႕အရာမဟုတ္ေပမဲ႕ နည္းဗ်ဴဟာအရ လွ်ိဳထားသင့္တယ္လို႕ ယူဆပါတယ္ ။

အားရင္စိတ္ဓါတ္က်မဲ႕မာမူေတြအဖို႕
------------------------
ပါလက္စတိုင္းအေရးနဲ႕ပတ္သတ္ပီး ESS ေခၚထားတာ ၁၉၈၀ ကတည္းက ရွိေပမဲ႕ အခုထိ ေသြးထြက္သံယိုျဖစ္ေနတာေတြကို ႀကည့္ပီး စိတ္ဓါတ္က်ျပမဲ႕ မာမူေတြအတြက္ပါ ။

ESS ေခၚအပီး ယာဆာအာရာဖသ္ အေထြေထြညီလာခံမွာ မိန္႕ခြန္းေျပာခြင့္ရအပီး အစၨေရး-ပါလက္စတိုင္း ေဆြးေႏြးပြဲေတြ ေပၚေပါက္လာခဲ႕ကာ ပါလက္စတိုင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျမိဳ႕ေပါင္း ၂၀ ေက်ာ္အထိ ျပန္ျဖစ္လာခဲ႕တာ ၁၉၈၀ - ၉၀ ေခတ္သမိုင္းကို သိမွီသူေတြရွိပါတယ္ ။
ေတာ္လွန္ေရးမွာ ကိုယ္မွန္ကန္တာနဲ႕တင္ အနိုင္ရတာမဟုတ္ / လိမၼာပါးနပ္ဖို႕လည္းလိုအပ္ပါတယ္ _ အာရာဖသ္ဟာ ပါးနပ္မႈမရွိ ။ ပင္လယ္ေကြ႕အာရဗ္နိုင္ငံေတြနဲ႕ ဆက္ဒမ္ဟူစိန္နဲ႕ စစ္ျဖစ္ေနတဲ႕အခ်ိန္ ဆက္ဒမ္နဲ႕ သြားပလူးျပခဲ႕တဲ႕ေနာက္ပိုင္း ဟ သြားတဲ႕ အက္ေႀကာင္းအတိုင္း အစၨေရးက ထိုးခြင္းပီး ကစားသြားနိုင္ခဲ႕လို႕ ဒီေန႕ ေသြးထြက္သံယိုေတြ ျမင္မေကာင္းျဖစ္ေနရတာ ။
ဒါေတာင္ ESS ကေန အစျပဳလိုက္တဲ႕အေရြ႕ေႀကာင့္ ပါလက္စတိုင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျမိဳ႕ေတြ ဒီေန႕ထိဆက္ရွိေနဆဲပဲ ။
ဘာမွ ေလ့လာမႈမရွိပဲ ဝင္ဆဲဖို႕ပဲတတ္တဲ႕မာမူေတြကို ေျပာခ်င္တာက ဒီပို႕စ္သည္ ရိုဟင္ဂ်ာအပါအဝင္ျမန္မာျပည္သူေတြအတြက္ နိုင္ငံတကာအေရးလႈပ္ရွားမႈတရပ္ လက္ေတြ႕ျပဳလုပ္ဖို႕ေရးတာျဖစ္တယ္ / လက္ဘက္ရည္ဆိုင္မွာထိုင္ပီး အာရိုက္ဖို႕ေရးတာမဟုတ္ဘူး ။ ပါလက္စတိုင္းကိစၥကို ထည့္ေရးရတာက ရန္သူ႕ဘက္က တန္ျပန္ဝါဒျဖန္႕လာမွာကို ႀကိဳကာတဲ႕သေဘာနဲ႕ထည့္ထားရတာ ။ ရန္သူဘက္ကလည္းတန္ျပန္ဝါဒျဖန္႕တာေတြလုပ္လာမွာ_ " ပါလက္စတိုင္းအတြက္လည္း ESS ေခၚတာပဲ / ဘာထူးလို႕လဲ " ဆိုတာမ်ိဳး လာကိုလာမွာ ။

အေရးႀကီးတာက ျမန္မာနိုင္ငံက ဂ်င္နိုဆိုဒ္ရာဇဝတ္ေကာင္မ်ားသည္ အစၨေရးလို စစ္ေရးအင္အား ေလာ္ဘီအင္အား ေတာင့္တင္းသူမ်ားမဟုတ္ ဆိုတာကို ေခါင္းထဲထည့္ထားဖို႕ပဲ ။

ESS က ဘာလုပ္နိုင္လဲ ?
-----------------
ကုလသမဂၢတပ္ဖြဲ႕ကို ျဖန္႕က်က္ေနရာခ်ထားခြင့္ရွိတယ္ ။ ဟုတ္တယ္ ! ESS က ဦးထုတ္ျပာတပ္ဖြဲ႕ခ်ထားပီး safe zone သတ္မွတ္ခြင့္ရွိတယ္ ။ အဲ႕လိုလုပ္ခဲ႕တဲ႕ သမိုင္းလည္း အႀကိမ္ႀကိမ္ရွိတယ္ ။ လံုျခံဳေရးေကာင္စီမွာ တရုတ္ရုရွား ဗီတိုနဲ႕ကာေပးေနသေရြ႕ ကုလသမဂၢတပ္ဖြဲ႕မလာေအာင္လုပ္ထားလို႕ရတယ္ဆိုတဲ႕ အေတြးနဲ႕ႀကည္ႏူးေနတဲ႕ ရာဇဝတ္ေကာင္ေတြအတြက္ပါ ။

ေနာက္တမ်ိဳးေဆာင္ရြက္ခြင့္ရွိတာကေတာ့ ကမၻာ့ဘ႑ာေရးစီးေႀကာင္းေတြကေန လံုးဝဖယ္ထုတ္တာမ်ိဳးလုပ္ခြင့္ရွိတယ္ ။ စူးအက္တူးေျမာင္းအေရးအခင္းမွာ အဂၤလိပ္နဲ႕ျပင္သစ္ကို ဒီနည္းနဲ႕ ESS က ကိုင္တြယ္ခဲ႕ပီး လက္ရွိအခ်ိန္ ရုရွားကို လံုးဝပလစ္ထုတ္ထားတာလည္း ဒါနဲ႕ပဲ ။ နယ္ေျမက်ယ္ဝန္းပီး သံယံဇာတႀကြယ္ဝကာ စက္မႈထိပ္သီးနိုင္ငံျဖစ္ေနလို႕သာ ရုရွားဟာ ေတာင့္ခံနိုင္ေနတာ ။ ျမန္မာျပည္ရဲ႕ရာဇဝတ္ေကာင္မ်ားကေတာ့ ေတာင့္ခံနိုင္စရာမရွိ ။

ကုန္သြယ္ေရးပိတ္ဆို႕ဒဏ္ခတ္မႈအပါအဝင္ အေထြေထြေသာအေရးယူေဆာင္ရြက္မႈေတြကို ESS က ခ်မွတ္ခြင့္ရွိပါတယ္ ။

ESS ဟာ တႀကိမ္သာလွ်င္စည္းေဝးတဲ႕ ညီလာခံမ်ိဳးမဟုတ္ပဲ လိုအပ္ရင္လိုအပ္သလို အႀကိမ္ႀကိမ္ ခ်ိန္းဆိုစည္းေဝးခြင့္ရွိတာမို႕ အခ်ိန္ကာလအကန္႕အသတ္မရွိေသာ သံခင္းတမန္ခင္းဖိအားတခုလည္းျဖစ္တယ္ ။

တရုတ္ရုရွား ဗီတိုအားကိုးနဲ႕ မိုက္လံုးႀကီးေနတဲ႕ သူေတြကို ဆံုးမဖို႕ ျမန္မာျပည္အတြက္ အေထြေထြညီလာခံအေရးေပၚအထူးအစည္းအေဝးတရပ္ ဖြင့္လွစ္ထားရွိဖို႕ မျဖစ္မေနလိုအပ္တယ္ ။ အထူးသျဖင့္ လူမ်ိဳးတုန္းသတ္ျဖတ္ခံေနရတဲ႕ရိုဟင္ဂ်ာေတြအတြက္ ပိုမိုလိုအပ္ပါတယ္ ။

ဒါေၾကာင့္ အသင္းအဖြဲ႕ မတူညီမႈ အစြဲေတြကို ေဖ်ာက္ဖ်က္ပီး သံတမန္ေတာ္လွန္ေရးရဲ႕ ဘုံသေဘာတူညီမႈ အေနနဲ႕ ESS အသက္ဝင္လာေရး အတြက္ ဝိုင္းဝန္း သယ္ပိုးၾကဖို႕ ကြၽန္ေတာ္တို႔ CRM က အားလုံးကို ေမတၱာရပ္ခံပါတယ္ ။

kyawhlaoo

09/01/2024

TNLA ကို ခြိမ်းချောက်တာ အတုဖြစ်စေ၊ အစစ်ဖြစ်စေ - တရုတ်ပြည်မကြီးရဲ့ ပဲ ဆိုင်ပါတယ်။ မြန်မာပြည်ဘွား တရုတ်မျိုးနွယ်များနဲ့ မသက်ဆိုင်ပါ။

07/25/2024

အနိုင်ကျင့်ခဲ့သူတွေဟာ- ရှုံးနိမ့်လာရင် မာန်မာနနဲ့တုန့်ပြန်တယ်။ နောက်ဆုံး အကန်းလို မထူးဇတ်ခင်းရင်း ခွေသေဝက်သေ သေကြရတယ်။

07/25/2024

စစ်ရှုံးရင် အရပ်သားကို မဲပြီး ဗုံးကြဲသူတွေ- မကြာမှီ သူတို့ကို လူထုက ဝိုင်းပြီး ရိုတ်သတ်လိမ့်မယ်၊

06/25/2024

ခေတ်ပျက်မှာ အချင်းချင်း ကူညီရမယ့် အစား၊ လုပ်စား လိမ်စားတွေက ပိုများနေသလိုပဲ။

06/23/2024

ငါ မှန်တယ်၊ ငါ့ကိုပဲ ဆရာတင်- စိတ်ဓါတ်ခံ ရှိသူတွေက ဘာကိုမဆို ပြေးငြင်းတော့မှာပဲ။ အဲ့လို လူပေါများတဲ့ အရပ်ဒေသများ ပျက်စီးသွားမှာပဲ။

06/22/2024

ဗီယက်နာမ် စစ်ပွဲ - US နဲ့ မဟာမိတ် ၆ သောင်းကျော်သေ။ လက်ပါးစေဘက်က ၄ သိန်း ခွဲသေ။ တော်လှန်ရေးဘက်က ၃ သန်းကျော်အသေခံပြီး အောင်ပွဲယူတယ်။

06/22/2024

Feb 24, 1826 မှာ အာသံ၊ မဏီပူ၊ ရခိုင်ကို ဗမာသိမ်းပိုက်မှု အဆုံးသတ်ခဲ့။ Jan 4,1948 မှာ ရောမွှေလွတ်လပ်ရေးကြောင့် ရခိုင်ပြန်ပါသွား။

06/15/2024

မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင် မဆို- ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်သူက ၉၀% ကျော် ပါတယ်၊ နိုင်ငံရေးသမားတွေ မရှုပ်ခဲ့ရင်ပေါ့။

06/13/2024

Universal Truth ကိုပဲ ပြောဆိုတာတောင် - ငါ့ကို စောင်းပြောသလားလို့ ထင်မှတ်နေတာကိုက- ငါကိုယ်တိုင် မဖြူစင်သေးလို့ပါပဲ။

06/12/2024

မိမိ ဘာလုပ်မယ် ဆိုတာကို Plan ချ လုပ်တတ်အောင် ကြိုးစားပါ။

Address

Utica, NY
13501

Alerts

Be the first to know and let us send you an email when Civil Rights Movement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share