11/28/2025
November 27-2025
ကျောင်းဒကာကြီး ဦးခင်မောင်ဝါ + ကျောင်းဒကာမကြီး မမီးမီး ၊ သမီးကြီး ဖူးပြည့်မောင်၊ သမီးငယ် စုပြည့်မောင် မိသားစုတို့မှ မမီးမီး၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖခင်ကြီး ဦးဇော်ဝင်း ကွယ်လွန်ခြင်း ၂၅-နှစ်ပြည့် နှင့် မိခင်ကြီး ဒေါ်ခင်အေးဝင်း(ခ) ဘေဘီ ကွယ်လွန်ခြင်း ၁၂နှစ်ကျော်ခန့်တို့အား ရည်စူး၍ ကျောင်းမြေကွက် ၁-ကွက်စာ အလှူတော်ငွေ $200 နှင့် ခြုံစောင် ၂-ထည်တို့ကို လှူဒါန်းပေးပါသည်။
အလှူရှင် မိသားစုဝင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝပါစေသော်။ ပြုပြသမျှသော ကုသိုလ်ကောင်းမှုတို့၏ အဖို့ဘာဂကို ကွယ်လွန်သူ ဒကာကြီး ဦးဇော်ဝင်း+ ဒကာမကြီး ဒေါ်ခင်အေးဝင်း(ခ)ဒေါ်ဘေဘီတို့နှင့်တကွ ၃၁-ဘုံ၌ ကျင်လည်ကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့အား အမျှ အမျှ အမျှ ပေးဝေငှပါကုန်၏။ အားလုံး အမျှရ၍ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသော်။
ကျောင်းလှူရကျိုး ( ၇ )မျိုး
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊
သာသနိက၊ ဝိဟာရကျောင်း၊
တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊
ကြီးထူးကဲဝှန်၊ ကျိုးရဟန်ကို၊
ကျမ်းဂန်ထောက်ချင့်၊ နိဒါန်းဖွင့်သော် - - -
၁။ နတ်နှင့် လူနှယ်၊ သန္ဓေတွယ်၍
၂။ စိတ်ဝယ်တောင်းတ၊ ဆောက်အုံရ၏။
၃။ မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊
ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏။
၄။ ခြင်္သေ့သစ်ကျား၊ သားရဲများနှင့်၊
ဖမ်းစားကလူ၊ နှိပ်စက်မူသား၊
တောသူ ဖုတ်ပြိတ်၊ အဆိပ်ထန်ပြင်း၊
မြွေနှင့်ကင်းကာ၊ အဆင်းဖောက်ပြန်၊
ကုမ ္ဘဏ်ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း၊
ဘေးလွတ်ရှောင်း၏။
၅။ မကောင်းအိပ်မက်၊ မမြင်မက်ဘူး။
၆။ ထင်လျက်သတိ၊ ခိုင်မြဲဘိ၍၊
ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊
ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊
ကျိုးဆက်ကောင်း၏။
၇။ နောက်နှောင်းဘဝ၊ ပစ္ဆိမဝယ်၊
ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊
ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊
ဆောက်ဦးလှူကျိုး ခုနစ်တည်း။
(မင်းကွန်းတိပိဋကဆရာတော်)
ရွှေသစ္စာဓမ္မရိပ်သာ
Pyin Nyein Da
315 527 9321
1028 Hope Street, Utica, NY 13502
အောက်ပါ Zelleနံပါတ်နှင့် Kpayနံပါတ်များမှ တစ်ဆင့်လည်း ပေးပို့လှူဒါန်းနိုင်ပါသည်။
Zelle
Pyin Nyein Da
315 527 9321
Kpay
Ashin Pyinnyeinda 09-254064503
ချက်လက်မှတ်အပေါ်တွင် Pyin Nyein Da အမည်ဖြင့် တစ်ဆင့် ပေးပို့လှူဒါန်းနိုင်ပါသည်။