Tulsa, Oklahoma Myanmar Community, The United States of America

Tulsa, Oklahoma Myanmar Community, The United States of America We Are Better Together

🇺🇸 သူဇာမြို့ (Tulsa, Oklahoma) ရှိ Tokyo Garden (I) Japanese Restaurant မှာ 👨‍🍳 Sushi Chef တစ်ဦးအမြန်အလိုရှိပါတယ်။ 🤑 တစ်...
06/20/2023

🇺🇸 သူဇာမြို့ (Tulsa, Oklahoma) ရှိ
Tokyo Garden (I) Japanese Restaurant မှာ
👨‍🍳 Sushi Chef တစ်ဦးအမြန်အလိုရှိပါတယ်။
🤑 တစ်နာရီ $15-$18
⚠️ (W2)
🚫No Cash

မှတ်ချက်။ ။
💪 သူဇာမြို့မှာတော့ နေစား စရိတ်ငြိမ်းမရှိပဲ ကိုယ့်အိမ်ကနေ ကွကိုပဲ အလုပ်လာကြရပါတယ်။
😇 လုံးဝ Pressure မရှိပါ။
😇 ညနေပိုင်း (5:00pm-10:00pm)အတွင်းပဲ ဆိုင်ဖွင့်တာဖြစ်လို့ မနက်ပိုင်းကိုယ်ရေးကိုယ်တာကိစ္စတွေလုပ်ပြီး ညပိုင်း Sushi အလုပ်ကို သက်သောင့်သက်သာနဲ့ လုပ်လိုတဲ့သူအတွက် အရမ်းကိုအဆင်ပြေပါတယ်။

Tokyo Garden (I)
4020 S Memorial Dr, Tulsa, OK 74145
Phone: (918) 622-2004
⏰Monday - Sunday, 4:00pm-10:00pm
💪Sushi Chef အနေနဲ့ ညနေ 3:00pm ကစပြီး အလုပ်ဝင်လိုက ဝင်လို့ရပြီး နောင်အကျဆုံး 4:30pm ဖြစ်ပါတယ်။
💪တစ်ပတ်တစ်ရက်နား (မနားချင်လဲ ဆက်လုပ်နိုင်)
💪Tulsa မြို့အတွင်း နေထိုင်သူဖြစ်ရပါမယ်။

https://www.facebook.com/TokyoGardenMidtown/

JamesMirror

🇺🇸အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ Immigration မှာ အမေး အဖြေအမေရိကန်နိုင်ငံလေဆိပ်ကအဝင် လဝကဌာနကောင်တာမှာ လဝကအရာရ...
06/19/2023

🇺🇸အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ Immigration မှာ အမေး အဖြေ

အမေရိကန်နိုင်ငံလေဆိပ်ကအဝင် လဝကဌာနကောင်တာမှာ လဝကအရာရှိ (Immigration Officer) က Passport စစ်၊ ဓာတ်ပုံရိုက်၊ လက်ဖွေနှိပ်ပြီး မေးခွန်းမေးတာလေးတွေရှိလို့ လုံးဝ အင်္ဂလိပ်ဘာသာစကားမပြောတတ်/နားမလည်တဲ့သူတွေအနေနဲ့ ဒီလိုလေး စီစဉ်ပေးထားပါတယ်။ အောက်ကရေးပေးထားတဲ့စာတွေကို ဖုန်းထဲမှာပဲဖြစ်ဖြစ်၊ စာရွက်/မှတ်စုစာအုပ်ထဲမှာပဲဖြစ်ဖြစ် ကိုယ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာကို အစားထိုးရေးမှတ်ထားပြီးတော့ လဝကအရာရှိ (Immigration Officer) ကိုပြလိုက်ပါ။
မှတ်ချက်။ ။
လာကြတဲ့သူတွေရဲ့ အခြေအနေချင်းမတူကွဲပြားကြတော့ အလည်လာမယ့်သူတွေအတွက်ကိုပဲ ရည်ညွှန်းပါမယ်။
မေး။ May I see your passport, Please?
ပတ်စပို့ပြလို့ရမလား။
ဖြေ။ Here it is./here you are. ဒီမှာပါ။
(Passport ကိုပေးလိုက်ပါ။)

I am going to take your fingerprints and a photograph.
လက်ဗွေရာယူတာနဲ့ ဓာတ်ပုံရိုက်တာလုပ်ပါမယ်။

✋🤚Can you place your index finger from your left hand on the screen please?
ဘယ်ဘက်လက်ညှိုးကို လက်ဗွေနှိပ်စက်(ကိရိယာ)ပေါ်တင်ထားပေးပါ။

📸 Look directly into the camera.
ကင်မရာကို တည့်တည့်မတ်မတ်ကြည့်ပေးပါ။
(လက်ဗွေရာနှိပ်ဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ပြောတဲ့အခါ လက်ဗွေနှိပ်တဲ့စက်နဲ့ Camera ရှေ့မှာ အရာရှိရဲ့ ညွှန်ကြားတဲ့အတိုင်း ဂရုစိုက်ပြီး လိုက်လုပ်ပါ။)

မေး။ Why are you visiting the United States?/What's your purpose for traveling?/What’s the purpose of your Visit?
ဘာကိစ္စနဲ့ အမေရိကန်နိုင်ငံကို လာသလဲ။
ဖြေ။ I'm here for visiting to my son/daughter/children.
သားသမီးတွေဆီလာလည်တာပါ။
I'm here on vacation. I'm going to Hollywood.
အပန်းဖြေခရီးအတွက်လာတာပါ။ Hollywood ကိုသွားလည်ပါမယ်။

မေး။ How long will you be staying in the U.S.? /How long do you intend to stay?
အမေရိကန်နိုင်ငံမှာ ဘယ်လောက်ကြာကြာနေမလဲ။
ဖြေ။ 2 Weeks/3 Weeks/A month

မေး။ Are you bringing anything into the country you want to declare?
အမေရိကန်နိုင်ငံကို ဘာတွေထူးထူးခြားခြားယူလာတာရှိတဲ့အကြောင်း အသိပေးထားစရာတွေ ရှိသလား။
ဖြေ။ No. I don't.
မရှိပါဘူး။
Yes. I am. I bring my pet.
ဟုတ်ကဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပါလာပါတယ်။

မေး။ What do you do in your country? မြန်မာပြည်မှာ ဘာအလုပ်အကိုင်လုပ်လဲ။
ဖြေ။ I am a teacher.
ကျောင်းဆရာ/ဆရာမပါ။ (တခုခုလုပ်ကိုင်တဲ့အကြောင်းကို ဖြေပါ။)
(မေးမှဖြေပါ။)

မေး။ Are you traveling with someone else?/Are you traveling alone? Who you travel with?
ဒီကိုတစ်ယောက်တည်းလာတာလား။ ဒါမှမဟုတ် အဖော်ပါသေးလား? ဘယ်သူနဲ့လာသလဲ။
ဖြေ။ I am alone. တစ်ယောက်တည်းပါ။
I am traveling with my family. မိသားစုနဲ့ပါ။
with my wife/husband. ဇနီးနဲ့ပါ။ ခင်ပွန်းနဲ့ပါ။
with my son/daughter. သားနဲ့ပါ။ သမီးနဲ့ပါ။
with my girlfriend/boyfriend. ချစ်သူနဲ့ပါ။
(နာမည်တွေ ထည့်ပြောစရာမလိုပါ။)

မေး။ Do you have family here?
အမေရိကန်နိုင်ငံမှာ မိသားစုဝင်တွေရှိလား။
ဖြေ။ No. I don't. မရှိပါဘူး။
Yes. I do. I have my wife/husband/son/daughter/brother/sister/uncle/aunt/nephew/niece.
ဟုတ်ကဲ့ ဇနီး/ခင်ပွန်း/သား/သမီး/ညီအစ်ကို/မောင်နှမ/ဦးလေး/ဒေါ်လေး/တူ/တူမရှိပါတယ်။
(ကိုယ်ဦးတည်ပြီးသွားမယ့်သူနဲ့ ပတ်သက်တာတစ်ခုတည်းဖြေပါ။)

မေး။ Where will you be staying?/Who will you be visiting?
ဘယ်မှာတည်းမလဲ။ ဘယ်သူ့စီလည်မလဲ။
ဖြေ။ I'm staying at Hilton Hotel in New York.
(ကိုယ်တည်းမယ့် Hotel နာမည်နဲ့ မြို့/ပြည်နယ်ကိုပြောပါ။)

I'm staying at my friend house in LA/California.
သူငယ်ချင်းအိမ်မှာ တည်းပါမယ်။
(ကိုယ်တည်းမယ့် ကိုယ်နဲ့သက်ဆိုင်ရာတစ်ခုခုကိုအစားထိုးပြောပါ။)

မေး။ Do you know that address, please?
အဲဒီလိပ်စာကိုသိသလား။
ဖြေ။ Yes. I do. Here it is.
ဟုတ်ကဲ့ သိပါတယ်။ ဒီမှာပါ။
(လိပ်စာမေးခဲ့ရင် Hotel ဆိုရင် Hotel အခန်းငှားထားတဲ့ စာရွက်ကိုပြပါ။ ကိုယ်တည်းမယ့် ကိုယ်နဲ့သက်ဆိုင်ရာလိပ်စာတစ်ခုခုကိုအစားထိုးပြပါ။)

မေး။ How much money do you have available for this trip? Who is paying for your trip?
ဒီခရီးစဉ်အတွက် ငွေကြေးဘယ်လောက်ပါသလဲ။
ဖြေ။ I bring ten thousand dollars.
ဒေါ်လာတစ်သောင်းပါလာပါတယ်။
(မေးမှဖြေပါ။)

မေး။ Have you visited the United States before, and if so, how long did you stay?/Have you ever been to the country?/Have you ever been here before?
အရင်တုန်းကရော ဒီအမေရိကန်နိုင်ငံကို လာဘူးသလား။
ဖြေ။ No. It us my first time here.
မလာဘူးပါဘူး။ ဒီဟာ ပထမဆုံးအကြိမ်ပါပဲ။
Yes. In 2020./Last year.
ဟုတ်ကဲ့ 2020 တုန်းက လာဘူးပါတယ်။/ ပြီးခဲ့တဲ့နှစ်က လာဘူးပါတယ်။

မေး။ What you were doing?
ဘာကိစ်စနဲ့လာခဲ့ဘူးလဲ။
ဖြေ။ I was on vacation.
အပန်းဖြေခရီးနဲ့ လာခဲ့ဘူးပါတယ်။
(မေးခဲ့မှပဲ ဖြေပါ။)

မေး။ Have you been vaccinated against COVID-19 and can you prove it?
ကိုဗစ်ကာကွယ်ဆေးထိုးထားသလား။ ထောက်ခံစာရှိရင်ပြနိုင်မလား။

ဖြေ။ Yes. Here you are.
ဟုတ်ကဲ့ ဒီမှာပါ။
(မေးမှပြပါ။)

James Mirror
Google

 #အမေရိကန်နိုင်ငံ Tulsa မြို့မှာလျောက်ထားနိုင်တဲ့အလုပ်၁။ AAON INC. ဗုဒ္ဓဟူးနေ့တိုင်းwalk in interviews ရှိပါတယ် manufact...
06/16/2023

#အမေရိကန်နိုင်ငံ Tulsa မြို့မှာလျောက်ထားနိုင်တဲ့အလုပ်

၁။ AAON INC. ဗုဒ္ဓဟူးနေ့တိုင်းwalk in interviews ရှိပါတယ် manufacturing workers $15/hr နဲ့စပြီးposition ပေါ်မူတည်ပြီး$25/hr ထိရှိပါတယ်online ကလဲ aaon.com/careerကနေလျောက်ထာရနိုင်ပါတယ်
၂။ Greenheck Group Fan company $18.87-$23.91 /hr နဲ့စပါတယ်interview ပေါ်မူတည်ပြီးရကြပါတယ် online ကနေ careers.Greenheck.com ကနေလျောက်လို့ရပါတယ်
၃။ Whirlpool corporation
$18 နဲ့စပါတယ်online ကနေ job.whirlpool.conမှာလျောက်ထားနိုင်ပါတယ်
၄။ Amazon warehouse
$16နဲ့စာပါတယ်

၅။ Delivery driver $25/hrနဲ့စပါတယ်http://xn--onlineamazon-9d6b.com/careers မှာလျောက်လို့ရပါတယ်
ဆက်လက်တင်ပြပါဦးမယ်

၆။ Macy’s warehouse $18 နဲ့စပါတယ် jobs.Macy’s.com ကနေလျောက်ထားလို့ရပါတယ်
၇။ Bus plants ကျောင်းကားတွေထုတ်လုပ်တဲ့စက်ရုံပါ
$18 ကစပါတယ်
၈။ BAMA Breaks factory
$16 ကစပါတယ် OT ဆင်းချင်သူတွေအတွက်အကန့်သက်မရှိဆင်းနိုင်ပါတယ်
၈။ Oil states
ရေနံတူးဖေါ်ရေးအတွက်အသေးစားပစ္စည်ူတွေထုတ်တဲ့စက်ရုံပါAgencies ကတဆင့်အချိနမရွေးအလုပ်ဝင်လို့ရပါတယ်$13.50ကစပါတယ်
၉။ Milo inc.
Sweet tea factory ပါ $18 နဲ့စပါတယ်
ဆက်လက်ဖေါ်ပြပါမည်

ပန်းဧရာ မောင်

04/26/2023

Wecome to the Community of Love, Care, and Sharing our fellow Myanmese. We are better together.

Address

Tulsa, OK
74103

Website

Alerts

Be the first to know and let us send you an email when Tulsa, Oklahoma Myanmar Community, The United States of America posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share