Syracuse Myanmar Community

Syracuse Myanmar Community Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Syracuse Myanmar Community, Nonprofit Organization, Syracuse, NY.

The Syracuse Myanmar Community is a non-profit organization that organize and provide social and community services, support to the Burmese people regardless of race and religion in Syracuse and Central New York.

🩵Syracuse Myanmar Community မှ လှူဒါန်းသော ကျပ် သိန်း၁၅၀ အား ငလျင်ကြောင့် နေအိမ်ပျက်စီးခဲ့သည့် မိသားစု ၁၅၀ ထံ ငွေကျပ် ၁သ...
04/28/2025

🩵Syracuse Myanmar Community မှ လှူဒါန်းသော ကျပ် သိန်း၁၅၀ အား ငလျင်ကြောင့် နေအိမ်ပျက်စီးခဲ့သည့် မိသားစု ၁၅၀ ထံ ငွေကျပ် ၁သိန်းနှင့် Solar MP3 + Torch Light များကို အိမ်တိုင်ရာရောက် Glory Response Team မှ ကျောက်တာရွာ စစ်ကိုင်းတိုင်းသို့ သွားရောက် ပေးဝေနိုင်ခဲ့ကြပါသည်။

❤️Syracuse Myanmar Community လှူဒါန်းသော ကျပ်သိန်း
၁၅၀ ဖြင့် ငလျင်သင့်ပြည်သူများအတွက်
Grace Movement မှတဆင့်တံတားဦးမြို့နယ်တွင်စက်ရေတွင်းနှင့်ရေစင်၊ရေတိုင်ကီများဆောက်လုပ်ပေးကြပါသည်။

ပါဝင်လုပ်ဆောင်ပေးကြသော ပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ပါသည်။

မြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့်လူပေါင်း ၄ ထောင်ကျော်အသက်ရှုံးဆုံးခဲ့ရပြီး ၁ ...
04/23/2025

မြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့်လူပေါင်း ၄ ထောင်ကျော်အသက်ရှုံးဆုံးခဲ့ရပြီး ၁ သောင်းကျော်ဒဏ်ရာရရှိခဲ့ကြရသည်။
အိုးအိမ်ပေါင်း ၅၀၀၀၀ ကျော်ပျက်စီးခဲ့၍ ပြည်သူ ၂ သိန်းခန့် အတိဒုက္ခရောက်ခဲ့ကြရသည်။

ထိုအခက်အခဲအား မိမိတို့ နိုင်သောဝန်ဖြင့်
အမေရိကားရောက် Syracuse, NY နေမြန်မာတိုင်းရင်းသားမိဘပြည်သူများမှ ဖေးကူမေတ္တာ
ပြခြင်းဖြင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကျပ်ငွေ စုစုပေါင်း သိန်း၃၀၀ တိတိအား
Syracuse Myanmar Communityမှကမကထပြုလျက်လှူဒါန်းခဲ့ကြပါသည်။

ယခင်ရေဘေးဒဏ်သင့် မြန်မာပြည်သူများထံသို့လည်း ကျပ်ငွေ သိန်းပေါင်း ၃၀၀ အားပေးလှူခဲ့ကြပြီးဖြစ်သည်။

ပါဝင်လှူဒါန်းကြသော အယောက်စီတိုင်းအားအထူးကျေးဇူးတင်ပါသည်။

ပေးကူခဲ့ကြသော Syracuse ,NY မှ မြန်မာတိုင်းရင်းသားပြည်သူများအား အထူးကျေးဇူးတင်ပါသည်။
04/17/2025

ပေးကူခဲ့ကြသော Syracuse ,NY မှ မြန်မာတိုင်းရင်းသားပြည်သူများအား အထူးကျေးဇူးတင်ပါသည်။

မြန်မာနိုင်ငံ ငလျင် ဘေးဒဏ်သင့် ပြည်သူများအားအကူအညီပေးနိုင်ရေးအတွက် Myanmar Community Of Syracuse မှရန်ပုံငွေရှာဖွေခြင်းစ...
04/16/2025

မြန်မာနိုင်ငံ ငလျင် ဘေးဒဏ်သင့် ပြည်သူများအား
အကူအညီပေးနိုင်ရေးအတွက်
Myanmar Community Of Syracuse မှရန်ပုံငွေ
ရှာဖွေခြင်းစျေးရောင်းပွဲတော်ကို
April 12,2025(sat) တွင် အောင်မြင်စွာပြုလုပ်
နိုင်ခဲ့ကြပါသည်။
ထိုစျေးရောင်းပွဲမှ စုစုပေါင်း ဒေါ်လာ ၃၂၆၇.၀၀ ရောင်းချခဲ့ပြီး။ အမြတ်ငွေ ဒေါ်လာ၁၆၇၃.၀၀ (မြန်မာကျပ်​ငွေသိန်း ၇၀ ကျော် ခန့်)ရရှိခဲ့
ကြပါသည်။

စျေးရောင်းပွဲတွင် အစစအရာရာလိုလေသေးမရှိ အသုံးပြုခွင့်ပေးသော
Syracuse Myanmar Market မိသားစု
Community မှ ခေါင်းဆောင်များ၊ လုပ်အား
ပေး ကူညီကြသောလူငယ်၊လူကြီးများ၊ဝယ်ယူ
အားပေး လှူဒါန်းကြသော မိဘပြည်သူများနှင့်
ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။
Myanmar Community Of Syracuse

**Emergency Fundraiser for Myanmar Earthquake **"Food Faire for a Cause" – Join Us in Supporting Survivors!**  Myanmar h...
04/10/2025

**Emergency Fundraiser for Myanmar Earthquake
**"Food Faire for a Cause" – Join Us in Supporting Survivors!**

Myanmar has recently been struck by a devastating earthquake, leaving thousands in urgent need of food, shelter, and medical aid.

**🍲 Event Details: Food Faire for Earthquake Relief**
📅 **Date:** April 12 , 2025 (sat)
⏰ **Time:** [9:00am to 2:00pm]
📍 **Location: Syracuse Myanmar Market
Butternut St.Syracuse,NY13208

****How You Can Help:**
1. **Donate & Dine** – Enjoy delicious
2. **Sponsor a Meal** – Contribute funds to feed displaced families.
3. **Volunteer** – Help with cooking, serving, or organizing.
4. **Spread the Word** – Invite friends, family to join.
Thank You!

April 12 ရက်နေ့ထိ လက်ခံပေးနေပါတယ်။
04/07/2025

April 12 ရက်နေ့ထိ လက်ခံပေးနေပါတယ်။

မြန်မာ့ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီပေးရန် အတွက်Myanmar Community Of Syracuse မှ မြန်မာ့ရိုးရာ စားဖွယ်များ ရ...
04/05/2025

မြန်မာ့ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီပေးရန် အတွက်

Myanmar Community Of Syracuse မှ
မြန်မာ့ရိုးရာ စားဖွယ်များ ရောင်းချခြင်းဖြင့်
အရေးပေါ်မြန်မာ့ငလျင်ဘေးကူညီရေး
ရန်ပုံငွေရှာဖွေခြင်းအစီအစဉ် အား

April 12 ရက်(စနေနေ့) Syracuse Myanmar Market . Butternut St ,NY 13208 တွင်

မနက် ၉:၀၀ နာရီ မှ မွန်းလွဲ ၂ :၀၀ ရီအထိ ပြု
လုပ်ကြမည်ဖြစ်ပါသည်။

အားလုံး မြန်မာ့ရိုးရာ အစားအသောက်များ ဝယ်ယူ အားပေးခြင်းဖြင့် အမိမြန်မာနိုင်ငံ
ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီ
ကြဖို့ရန် လေးစားချစ်ခင်စွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Apri 1 ရက်နေ့မှ စတင်ကောက်ခံသည့် အလှူငွေများစုစုပေါင်း $ ၂၆၁၀ လက်ခံရရှိပြီးဖြစ်
သည်။
မိဘပြည်သူများအနေဖြင့် Apri 12 ရက်နေ့ အထိ ဆက်လက်လှူဒါန်းနိုင်ပါသည်။

Zelle ဖြင့်လှူဒါန်းလိုပါက

315-8837432 နှင့် 209 5682273

**မေတ္တာရေစက်တစ်ပေါက်ဖြင့် ပူဆွေးကြေကွဲသူ တို့အား ဖေးကူ အားပေးကြပါစို့***

"အားလုံးတူတူ ကူကြစို့"အတိဒုက္ခပေါင်းမျိုးစုံကြုံတွေ့နေကြရတဲ့ မြန်မာပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့ ချွေးနည်းစာထဲက မေတ္တာ...
04/03/2025

"အားလုံးတူတူ ကူကြစို့"

အတိဒုက္ခပေါင်းမျိုးစုံကြုံတွေ့နေကြရတဲ့ မြန်မာပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့
ချွေးနည်းစာထဲက မေတ္တာ ရေတစ်ပေါက်လောက်စီ ပါဝင်အားကူကြရအောင်လို့ဖိတ်ခေါ်
ပါရစေ။

April 1 ရက်နေ့မှ April 12 ရက်နေ့ထိ အလှူငွေများကို လက်ခံနေပါသည်။ ရရှိလာသော အလှူငွေများအားလုံး အမှန်တကယ်လိုအပ်သောနေရာသို့ တိုက်ရိုက်ဆက်သွယ် ကူညီပေးသွား
ကြမည်ဖြစ်ပါသည်။

သင့်ရဲ့ $1 က သူတို့အတွက် တစ်နေ့ ဝမ်းစာဖူလုံစေပါတယ်။

Zelle: 315 8837432 & 209 5682273

April 3 ရက်နေ့အထိ လက်ခံရရှိသော အကူငွေများ

မြန်မာ့ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် Syracuse, NY မှ စေတနာတရားထက်သန်စွာဖြင့် ပထမ ရက်တွင်ပါဝင်ပေးလှူကြသော မိဘပြည်သူများ...
04/01/2025

မြန်မာ့ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် Syracuse, NY မှ စေတနာတရားထက်သန်စွာဖြင့် ပထမ ရက်တွင်ပါဝင်ပေးလှူကြသော မိဘပြည်သူများ အား အထူးကျေးဇူးတင်ပါသည်။

ဆက်လက်၍ ပါဝင်လှူဒါန်းကြပါရန် မိဘပြည်သူများအား ဖိတ်ခေါ်ပါသည်။

စစ်အာဏာရှင်ရဲ့ ဖျက်ဆီးမှုကြားက ရှိသမျှအားနဲ့အမိနိုင်ငံတော်ကြီး အတွက် ပြည်သူတွေရုန်းကန်နေကြရတဲ့အချိန်မှာသဘာဝဘေးဒဏ်ဆိုးကြီ...
03/31/2025

စစ်အာဏာရှင်ရဲ့ ဖျက်ဆီးမှုကြားက ရှိသမျှအားနဲ့အမိနိုင်ငံတော်ကြီး အတွက် ပြည်သူတွေရုန်းကန်နေကြရတဲ့အချိန်မှာ

သဘာဝဘေးဒဏ်ဆိုးကြီးဖြစ်တဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် စစ်ကိုင်းနဲ့ မန္တလေး မှာ အိုးအိမ်များပြိုကြပျက်စီးမှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူအသေအပျောက် လက်ရှိခန့်မှန်း ထောင်ချီသေဆုံးခဲ့ရကြောင်း စိတ်မကောင်းစွာကြားသိပါသည်။

ထို့ကြောင့် Myanmar Community of Syracuse
အနေဖြင့် အမေရိကားရောက် မြန်မာပြည်
သူများစုပေါင်းအားနဲ့အမိမြန်မာပြည် ငလျင်
ဘေးဒဏ်သင့် ပြည်သူများအားဖေးမကူညီပေးကြရန်အထူးမေတ္တာရပ်ခံ တိုက်တွန်းအပ်
ပါသည်။
တစ်ဦးတစ်ယောက်ဖြစ်စေ အသင်းအဖွဲ့လိုက်ဖြစ်စေအကူငွေများ လှူဒါန်းနိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

ယခင် ၂၀၂၄ ခုနှစ် မြန်မာ့ရေဘေးသင့် ပြည်သူ
များသို့ Myanmar Community Of Syracuse နှင့်အတူ အသင်းတော်များ ၊ လူပုဂ္ဂိုလ်များစုပေါင်းလျက် မြန်မာကျပ်ငွေ သိန်း ၃၀၀ ကျပ်တိတိအားပေးကူလှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ထိုနည်းတူ ယခု မြန်မာ့စစ်ကိုင်းငလျင်ဘေးသင့်ပြည်သူများအားကူညီထောက်ပံ့ရေးအတွက် မိဘပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သလောက် ဖေးကူပါဝင်လှူဒါန်းပေးကြပါရန် အလေးအနက် တိုက်တွန်းပါသည်။

Cash ဖြင့်လှူဒါန်းလိုပါက Syracuse Myanmar Market သို့လှူဒါန်းနိုင်ပါသည်။
Zelle ဖြင့်လှူဒါန်းလိုပါက

315 8837432
&
209 568 2273 သို့လှူဒါန်းနိုင်ပါသည်။

Myanmar Community Of Syracuse

နယူးယောက်ပြည်နယ်Syracuse Up state မြို့မှ မိဘပြည်သူများ ​၏ အလှူငွေဖြင့် မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများအားဖေးမကူညီ...
09/22/2024

နယူးယောက်ပြည်နယ်
Syracuse Up state မြို့မှ မိဘပြည်သူများ ​၏ အလှူငွေဖြင့် မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများအားဖေးမကူညီကြမည်ဖြစ်ပါ၍ အလှူငွေများထည့်ကူပေးကြသည့် အသင်းတော်များ၊ မိသားစုများအားအထူးမှတ်တမ်းတင် ဂုဏ်ပြုပါသည်။

စက်တင်ဘာလ ၃၀ ရက်နေ့အထိ အလှူငွေများအား လက်ခံလျက်ရှိပြီး ရရှိသော အလှူငွေများအား အမှန်တစ်ကယ်လိုအပ်နေသော နေရာဒေသများသို့ အမြန်ဆုံးဆက်သွယ်လှူဒါန်းသွားကြပါမည်။

ကျေးဇူးအထူးတင်လျက်

Myanmar Community Of Syracuse

အမေရိကန်နိုင်ငံ  နယူယောက်ပြည်နယ် Syracuse မြို့ရှိ မြန်မာတိုင်းရင်သားပြည်သူများအားလုံး ရေဘေးဒုက္ခကြုံတွေနေကြရသော အမိမြန်...
09/17/2024

အမေရိကန်နိုင်ငံ နယူယောက်ပြည်နယ် Syracuse မြို့ရှိ မြန်မာတိုင်းရင်သားပြည်သူများအားလုံး ရေဘေးဒုက္ခကြုံတွေနေကြရသော အမိမြန်မာနိုင်ငံရှိ ပြည်သူများ အတွက် မိမိ တတ်နိုင်သမျှ ဝိုင်းဝန်းဖေးကူ ပါဝင်ကြပါရန် ဖိတ်ခေါ်လိုပါသည်။

$၁ ဒေါ်ပင်လျှင်လူတစ်ဦးအတွက် တစ်နပ်စာ ဖူလုံစေမည်ဖြစ်သည့် အတွက် အယောက်စီတိုင်း ဖေးကူလှူဒါန်းနိုင်ပါသည်။

စက်တင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထားလျက်
အောက်ဖေါ်ပြပါ မြန်မာကုန်ပစ္စည်းစတိုးဆိုင့်နှင့် ပုဂ္ဂိုလ် တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

လေးစားချစ်ခင်စွာဖြင့်
Myanmar Community of Syracuse

Address

Syracuse, NY
13208

Website

Alerts

Be the first to know and let us send you an email when Syracuse Myanmar Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share