Texas Alliance for Myanmar - TA4M

Texas Alliance for Myanmar - TA4M A group of Myanmar (Burmese) diaspora based in Texas, USA, working for freedom, justice and democracy for the people of Myanmar (Burma)

Please come and join us on November 15, Saturday!
11/03/2025

Please come and join us on November 15, Saturday!

တော်လှန်​ရေးရံပုံ​ငွေ မြန်မာအစားအစာ​ရောင်းချပွဲ
*********************************************
နွေဦး​တော်လှန်​ရေး ရံပုံ​ငွေရရှိရန်အတွက် လာမယ့်နိုဝင်ဘာလ ၁၅ ရက်​ စ​နေ​နေ့၊ မနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိ မြန်မာအစားအစာ​ရောင်းချပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ အားလုံးလာ​ရောက်အား​ပေးကြဖို့ လှိုက်လှိုက်လှဲလှဲဖိတ်​ခေါ်ပါတယ်။

ကျင်းပမယ့်​နေရာက​တော့ Austin Mennonite Church, 5801 Wesminster Dr, Austin, TX 78723 မှာဖြစ်ပါတယ်။ 👇

https://maps.app.goo.gl/rk6R5oJRuDxry14B6?g_st=ipc

ရောင်းချမယ့်စား​သောက်ဖွယ်ရာများက​တော့👇

ကြက်သားဒံ​ပေါက်
အမဲသားနှပ်
ဆီချက်​ခေါက်ဆွဲ (ကြက်သား)
အသုပ်စုံ
ရှမ်း​ခေါက်ဆွဲ
မုန့်ဟင်းခါး
အုန်းနို့​ခေါက်ဆွဲ
ခေါက်ဆွဲ​ကြော်
သ​ဘောသီး​ထောင်း
ရခိုင်မုန့်တီ
အ​ကြော်စုံ
ခေါက်မုန့်
ဝက်သား​ပေါက်စီ နဲ့ ပဲ​ပေါက်စီ
ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်
ထိုင်းလ္ဘက်ရည်
ကန်စွန်းဥသာကူကြို

Austin ရှိမြန်မာတိုင်းရင်းသားအနုပညာရှင်များကလည်း Live Music ဖြင့်​တတပ်တအားပါဝင်​ဖြေ​ဖျော်သွားမှာဖြစ်ပါတယ်။

There will be a Fundraising Food Fair for People of Myanmar on November 15, Saturday, 11:00am to 2:00pm at Austin Mennonite Church, 5801 Wesminster Dr, Austin, TX 78723. Please see the map below👇

https://maps.app.goo.gl/rk6R5oJRuDxry14B6?g_st=ipc

Please come and join us to enjoy the delicious Burmese cuisine. Please find the menu below.

Chicken Briyani
Beef Curry on Rice
Chicken Garlic Oil Noodle
Burmese Rainbow Salad
Shan Noodle
Burmese Fish Noodle Soup
Coconut Noodle Soup
Fried Noodle
Papaya Salad (Burmese Style)
Rakhine Fish Noodle Soup
Assorted Fritters
Burmese Cripsy Crepe
Steamed Pork Bun & Steamed Sweet Bean Bun
Steamed Burmese Dumplings
Boba Tea/Thai Tea
Coconut Sago with Yum

There will be Live Music by ATX Myanmar Musicians too!

PLEASE SAVE THE DATE!

Virtual Meeting
09/12/2025

Virtual Meeting

Save the date.  It is next Friday at 8 P.M. TA4Mကမြန်မာပြည်အတွက်ဒီနှစ်မှာAdvocacyလုပ်တာဘာ​တွေလုပ်ပြီးသွားပြီလဲ။ဆက်ပြီးဘာ...
09/06/2025

Save the date. It is next Friday at 8 P.M.

TA4Mကမြန်မာပြည်အတွက်ဒီနှစ်မှာAdvocacyလုပ်
တာဘာ​တွေလုပ်ပြီးသွားပြီလဲ။ဆက်ပြီးဘာလုပ်စရာကျန်​သေးသလဲစတာ​တွေကိုရှင်းပြသွားမှာဖြစ်ပါတယ်။ မေးချင်တဲ့​မေးခွန်းများကိုလဲ​မေးနိုင်မှာဖြစ်ပါတယ်။

၂၀၂၅ကမြန်မာပြည်အတွက်အလွန်အ​ရေးကြီးတဲ့အချိန်​ရောက်​နေတာမို့မအားကြတဲ့ကြားထဲကဘဲအချိန်​လေးတနာရီ​လောက်ဖယ်ထား​ပေးပြီး​September 12အစီအစဉ်​လေးကိုဦးစားပေးတက်​ရောက်ကြပါလို့တိုက်တွန်းလိုကိပါတယ်။

Topic: Update on TA4M's Advocacy Efforts
Time: Sep 12, 2025 08:00 PM Central Time (US and Canada)
Join Zoom Meeting

Speakers: Dean Kyne and Dr. Kyaw Lwin Aung

https://us02web.zoom.us/j/82695781268?pwd=oqJx4r1X88B5kltc5ktvDKVQzwb9dl.1

Meeting ID: 826 9578 1268
Passcode: 326812

---

One tap mobile
+13462487799,,82695781268 #,,,,*326812 # US (Houston)
+16694449171,,82695781268 #,,,,*326812 # US

Join instructions
https://us02web.zoom.us/meetings/82695781268/invitations?signature=xAdFzfvxsqq8sl9A5VsGs4USqQgZWtcGrRSF8Rlg-1g

Zoom is the leader in modern enterprise cloud communications.

ရောင်နီ Live in Texas ကျေးဇူးတင်လွှာ************************************ဇူလိုင်လ (၁၉) ရက် အာဇာနည်​နေ့တွင် Texas Alliance...
08/14/2025

ရောင်နီ Live in Texas ကျေးဇူးတင်လွှာ
************************************
ဇူလိုင်လ (၁၉) ရက် အာဇာနည်​နေ့တွင် Texas Alliance for Myanmar (TA4M) မှဦးဆောင်ပြီးကျင်းပခဲ့သော ရောင်နီ Live in Texas Music Concert မှ နွေဦးတော်လှန်ရေးအတွက် အသားတင်
ရံပုံငွေ အ​မေရိကန်​ဒေါ်လာ USD $62884 ရရှိခဲ့ပါတယ်။ ဒီပွဲကိုအောင်မြင်စွာကျင်းပနိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားပေးခဲ့ကြတဲ့ ကိုလင်းလင်း၊ မချစ်သူ့ဝေမိသားစု၊ ကိုဖရက်ဒီ၊ ကိုဝီ နဲ့ ရောင်နီ US Tour မိသားစု၊ စေတနာဖြင့်ပါဝင်တီးခတ်ပေးကြသော ကိုဒီး၊ ကိုဒီမွန်၊ ကိုအိုလီဗာ၊ ကိုအယ်ဗင်၊ ကိုဆယ်ထူး၊ မအယ်မလီ၊ အသံပိုင်းအင်ဂျင်နီယာ ကိုအင်ဒရူးနဲ့ က်ိုဖရင့်စစ်၊ ဓါတ်ပုံများရိုက်ကူး​ပေး​သော ကိုရဲဟိန်းနဲ့ကို​အောင်စိုး၊ မှတ်တမ်းတင်ဗီဒီယိုရိုက်ကူး​ပေး​သော Ning Production LLC မှ Ngai Ning၊ အစားအ​သောက်များနှင့်ဟင်းသီးဟင်းရွက်များကို ရောင်းချ​ပေး​သော စေတနာရှင်များနှင့် H-Town Myanmar (Houston)၊ Progressive Myanmar Community (DFW)၊ Austin Myanmar Community မှ Volunteer များအားလုံး၊ Houston၊ DFW၊ Austin၊ San Antonio နှင့်အနီးအနားတဝိုက်မှလာ​ရောက်အား​ပေးကူညီဝိုင်းဝန်း​ပေးကြသူများအားလုံး၊ မလာ​ရောက်နိုင်​သော်လဲ အလှူ​ငွေပို့​ပေးကြ​သော အလှူရှင်များ၊ ရက်​ရောစွာ Auction ဆွဲ​ပေးကြ​သော မိသားစုများအားလုံးကို TA4M မိသားစုမှလှိုက်လှိုက်လှဲလှဲ​ကျေးဇူးတင်ရှိပါတယ်။ ပွဲမှတ်တမ်း ဗီဒီယိုကို​အောက်ပါ လင့်မှတဆင့်ဝင်​ရောက်ကြည့်ရှုနိုင်ကြပါတယ်။

https://drive.google.com/file/d/1RnZDHb2WSHy8jgySeYWgJQ4t82MkIF0w/view?usp=drivesdk

စည်းလုံးခြင်းသည်အင်အား။ အ​ရေး​တော်ပုံ​အောင်ရမည်။

TA4M မိသားစု

ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့ မှာ ကျင်းပခဲ့တဲ့ ရောင်နီ Live in Texas မှ on stage၊ back stage ပုံရိပ် တချို့ကို တင်ပေးလိုက်ပ...
07/22/2025

ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့ မှာ ကျင်းပခဲ့တဲ့ ရောင်နီ Live in Texas မှ on stage၊ back stage ပုံရိပ် တချို့ကို တင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကိုရိုက်ကူးဝေမျှပေးတဲ့ ကိုရဲဟိန်းကိုကျေးဇူးအထူးတင်ရှိပါတယ်။

TA4M မိသားစု

ဒီနေ့ ရောင်နီ Texas Live Show မှာ ဘာပစ္စည်းတွေလေလံတင်မှာလဲ တမေးတည်းမေးနေကြသူတွေအတွက် လေလံတင်မယ့်ပစ္စည်းစာရင်းနဲ့ ကြမ်းခင...
07/19/2025

ဒီနေ့ ရောင်နီ Texas Live Show မှာ ဘာပစ္စည်းတွေလေလံတင်မှာလဲ တမေးတည်းမေးနေကြသူတွေအတွက် လေလံတင်မယ့်ပစ္စည်းစာရင်းနဲ့ ကြမ်းခင်းစျေးတွေကို ကြိုတင်ကြေညာပေးလိုက်ပါတယ်။

၁) မချစ်သူ့​ဝေနဲ့ ကိုလင်းလင်းတို့ရဲ့ လက်မှတ်​တွေပါတဲ့ AOU ရွှေသားစစ်စစ် hand chain- ကြမ်းခင်းစျေး USD $5000 (မူလ​ရွှေသားတန်ဖိုး သက်သက် USD $4000 တန်ဖိုးရှိပြီး၊ recepit ပါပါတယ်)
၂) ကိုလင်းလင်းပွဲမှာ တီးခတ်တဲ့ Yamaha ဂစ်တာ - ကြမ်းခင်းစျေး USD $1000
၃) မချစ်သူ့ဝေနဲ့ ကိုလင်းလင်း လက်မှတ်ထိုးထားတဲ့ ‘Resistance for the people by the people’ Digital Art Poster by Black- ကြမ်းခင်းစျေး USD $500

တော်လှန်​ရေးအတွက် သွေးမ​အေး​ကြေး​နော်။

အရေးတော်ပုံအောင်ရမည်။

အနုပညာကိုဖိနှိပ်၍မရ၊ အကျဉ်းချ၍မရ*************************************အခုလာမဲ့ စနေနေ့၊ ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့မှာ ကျင်...
07/18/2025

အနုပညာကိုဖိနှိပ်၍မရ၊ အကျဉ်းချ၍မရ
*************************************
အခုလာမဲ့ စနေနေ့၊ ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့မှာ ကျင်းပမဲ့ ရောင်နီ Live in Texas တော်လှန်ရန်ပုံငွေရှာပွဲမှာ မချစ်သူ့ဝေ ဒီဇိုင်းလုပ်ထားတဲ့ ပို့စ်ကဒ် လေးနဲ့ ဘောပင်စုံတွဲကို US ဒေါ်လာ ၁၀ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

ရည်ရွယ်ချက်က​တော့ ကဒ်လေးတွေပေါ် မှာမြေပြင်ရဲဘော်တွေကိုပဲဖြစ်စေ၊ ကိုလင်းလင်းနဲ့မချစ်သူ့ဝေတို့အတွက်ဖြစ်စေ အမှတ်တရပြောချင်တဲ့စကားလေးတွေကို ဝယ်သူကရေးပြီးရင်၊ သူတို့ဆီရောက်အောင် ပို့ပေးဖို့ဖြစ်ပါတယ်။ အစုံ ၅၀ ပဲကန့်သတ်ပြီးရောင်းမှာမို့ ပွဲကိုရောက်ရောက်ချင်း ဝယ်ထားမှ ကိုယ်ပြောချင်တာလေးတွေကို ပို့စ်ကဒ်လေးတွေဆီကတဆင့် ပြောခွင့်ရပါမယ်လို့။ ဝယ်ယူအားပေးကြပါဦးနော်။ ကျေးဇူးပါ။

ရောင်နီ Live in Texas အသေးစိတ်အစီအစဉ်ကြေငြာခြင်း************************************************ပွဲနေ့ရက်။  ။ ဇူလိုင်လ (...
07/17/2025

ရောင်နီ Live in Texas အသေးစိတ်အစီအစဉ်ကြေငြာခြင်း
************************************************
ပွဲနေ့ရက်။ ။ ဇူလိုင်လ (၁၉) ရက်၊ အာဇာနည်နေ့၊ စနေနေ့

ပွဲ​နေရာ။ ။Jerry Fay Wilhelm Center for the Performing Arts, 1401 Cedar St, Bastrop, TX 78602

https://maps.app.goo.gl/jL366xoeGt4SuchE7?g_st=ipc

ပွဲအစီအစဉ်။ ။

3:00pm - 5:30pm - မြန်မာရိုးရာအစားအ​သောက်​ရောင်းချခြင်း၊ T-shirt နှင့် အခြား merchandise items များ​ရောင်းချခြင်း

5:30pm - 5:55pm - ကိုလင်းလင်းနဲ့အဖွဲ့မှ မြေပြင် projects များအ​ကြောင်း ရှင်းပြခြင်း

5:55pm - 6:00pm - မြန်မာ့ဒီမိုက​ရေစီ​ရေးအတွက်အသက်​ပေးသွားကြ​သော အာဇာနည်များအားအမှတ်ရ ဂုဏ်ပြုခြင်း

6:00pm - 7:30pm - ရောင်နီ Live Show ပထမပိုင်း

7:30pm - 8:15pm - လေလံပွဲ

8:15pm - 9:00pm - ရောင်နီ Live Show ဒုတိယပိုင်း

ဆောင်ရန်​ရှောင်ရန် သတိ​ပေးချက်။ ။

၁) ပရိသတ်များ စင်​ပေါ်သို့တက်ခြင်း လုံးဝခွင့်ပြုမည်မဟုတ်ပါ။
၂) ရောင်နီ show အား ပရိသတ်များမှ Live လွှင့်ခြင်း လုံးဝခွင့်မပြုပါ။
၃) ပွဲကျင်းပရာ​နေရာတွင် အရက်​သေစာ သောက်စားခြင်း လုံးဝ ခွင့်မပြုပါ။
၄) ပွဲကျင်းပရာ ခန်းမထဲသို့ ရေ မှ အပ အခြားအစားအ​သောက်များယူ​ဆောင်ခွင့်မရှိပါ။
၅) အားလုံးဂီတရသ ခံစားနိုင်ရန် စည်းမဲ့ကမ်းမဲ့ အော်ဟစ်ခြင်းများမပြုလုပ်ကြရန် အထူး​မေတ္တာရပ်ခံလိုပါသည်။

ဇူလိုင် (၁၉) ရက်၊ စ​နေ​နေ့၊ ည​နေ ၃ နာရီမှာ အားလုံးဆုံကြပါမယ်။

အ​ရေး​တော်ပုံ​အောင်ရမည်။

မေတ္တာဖြင့်

TA4M မိသားစု

07/14/2025

ရောင်နီအတွက် အကောင်းဆုံးတွေကိုပဲ ပေးချင်တဲ့ ကိုလင်းလင်း ….
ဇူလိုင် ၁၉ အတွက် တက်ကြွနေကြတဲ့ ရောင်နီပရိသတ်….
ဆုံကြမယ့် TEXAS ‼️‼️

❤️ $၂၀၀ တန်း လက်မှတ်များအားလုံး ရောင်းကုန်သွားပါပြီ ❤️ $200 Tickets SOLD OUT ‼️

❗️ $၁၅၀တန်း နဲ့ $၁၀၀တန်း လက်မှတ်တွေ မကုန်ခင် မြန်မြန်လေး ဝယ်လိုက်ကြပါဦး။ ❗️

ကျင်းပမည့်နေရာ - Jerry Fay Wilhelm Center for the Performing Arts
လိပ်စာ - 1401 Cedar Street, Bastrop, TX 78602
ကျင်းပမည့်နေ့ - ဇူလိုင်လ ၁၉ ရက် (စနေနေ့)
အစားအသောက်ရောင်းချချိန် - နေ့လည် ၃ နာရီမှ ညနေ၆နာရီ
ပွဲချိန် - ညနေ ၆ နာရီ မှ ည ၉နာရီ
Organizer - Texas Alliance for Myanmar (TA4M)

* Houston *
https://www.facebook.com/profile.php?id=61560961555754
တင်တင်ဝင်း ၉၁၆-၇၁၇-၁၉၇၆
အေး: ၈၃၂-၂၆၄-၅၇၈၀

* Dallas - Fort Worth *
https://www.facebook.com/pmctexas
ကျော့ကျော့ ၃၄၇-၅၈၄-၉၆၁၃
အိအိခိုင် ၈၁၇-၈၄၀-၈၇၁၁
မောင်မွန်း ၈၁၇-၄၁၂-၁၀၈၈

* Austin *
https://www.facebook.com/profile.php?id=100088372714476
ကျော်လွင်အောင် ၅၁၂-၂၉၃-၅၂၉၈
မကြည် ၉၁၀-၉၂၀-၇၂၉၃
ဥမ္မာ ၃၆၀-၃၂၆-၈၈၁၇
မြင့် ၄၇၉-၈၇၁-၉၇၆၄
ဆလိုင်း သော်မတ် ၅၁၂-၉၅၅-၆၉၃၆

Address

PMB 330, 16107 Kensington Drive
Sugar Land, TX
TX77479

Alerts

Be the first to know and let us send you an email when Texas Alliance for Myanmar - TA4M posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Texas Alliance for Myanmar - TA4M:

Share