Atlanta Christian Brethren Church

Atlanta Christian Brethren Church Our Mission: In response to God's love and grace in Jesus Christ our Savior, our mission is to share

ဩစတြေးလျနိုင်ငံ (Australia)၊ မဲလ်ဘုန်းမြို့ (Melbourne) ကနေ လာရောက်လည်ပတ်တဲ့ Elder Meng Kang နဲ့ သူ၏ အငယ်ဆုံးသားလေး ဆရာခ...
08/25/2026

ဩစတြေးလျနိုင်ငံ (Australia)၊ မဲလ်ဘုန်းမြို့ (Melbourne) ကနေ လာရောက်လည်ပတ်တဲ့ Elder Meng Kang နဲ့ သူ၏ အငယ်ဆုံးသားလေး ဆရာခိုင်ပူ (Khai Pu) တို့ကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်။

နှစ်အတော်ကြာ ကွဲကွာနေတဲ့ကာလအသီးသီးမှ ပြန်လည်ဆုံစည်းခွင့်ပေးပြီး၊ သခင်ဘုရား၏ အိမ်တော်မှာ တစ်လုံးတစ်ဝတည်း အတူတကွ ကိုးကွယ်ခွင့်ပေးတဲ့ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

နောက်ချေးပုံထဲမှ ကျွန်ုပ်တို့ကို မစချီးမြှောက်တော်မူသော ဘုရားသခင်၏ မဟာကရုဏာတော်နှင့် ကျေးဇူးတော်ကို အထူးပင်ချီးမွမ်းအပ်ပါသည်။ ဆာလံကျမ်း ၁၁၃:၇ (Psalm 113:7)

ထို ဘုရားသခင်နာမတော်သည် သာ၍သာ၍ ဘုန်းကြီး၍ မင်္ဂလာရှိပါစေ 🙏🏻

Date: August 23th 2026

06/21/2026
05/26/2026

🚨 USCIS မူဝါဒအသစ် (PM-602-0199) ကြောင့် Green Card လျှောက်မယ့်သူတွေ အကုန် မိခင်နိုင်ငံပြန်ရတော့မှာလား❓

မကြာသေးခင်က ထွက်ပေါ်လာတဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေး (USCIS) ရဲ့ မူဝါဒအပြောင်းအလဲကြောင့် မိဘပြည်သူတွေကြားထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့ သတင်းအမှားတွေ အတော်လေး ပျံ့နှံ့နေပါတယ်။

တကယ့်အမှန်တရားက ဘာလဲဆိုတာကို ဒီဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း ခွဲခြားပြောပြပေးထားပါတယ်ခင်ဗျာ။

💡 အဓိကသိထားရမယ့်အချက်များ -
ဒုက္ခသည် (Refugees) နဲ့ နိုင်ငံရေးခိုလှုံခွင့်ရသူများ (Asylees) နဲ့ လုံးဝ (လုံးဝ) မသက်ဆိုင်ပါဘူး။ အမိမြေကို ပြန်စရာမလိုဘဲ အမေရိကန်နိုင်ငံထဲမှာတင် Green Card ဆက်လက်လျှောက်ထားနိုင်ပါတယ်။

သတိပြုရန် ⚠️: ဒုက္ခသည် (Refugees) များအနေနဲ့ အမေရိကန်ကို ရောက်ရှိလို့ (၁) နှစ်ပြည့်တာနဲ့ Green Card (Form I-485) ကို အချိန်မဆွဲဘဲ ချက်ချင်း လျှောက်ထားဖို့ မူဝါဒအသစ်အရ ပိုမိုတင်းကျပ်ထားပါတယ်။
ဥပဒေအပြောင်းအလဲကာလမှာ လူထုရဲ့ ကြောက်ရွံ့မှုကို အခွင့်ကောင်းယူမယ့် လိုင်စင်မဲ့ပွဲစားတွေရဲ့ လိမ်လည်မှုကို သတိပြုကြဖို့နဲ့ သတင်းအမှန်ကို သိရှိနိုင်ဖို့ ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာ။

⚖️ တရားဝင် အကိုးအကားရင်းမြစ်များ (Official Sources):
USCIS Policy Memorandum (PM-602-0199) - May 21, 2026
Immigration and Nationality Act (INA) - Section 245(a) & Section 209

💬 မိမိက (၁) နှစ်ပြည့်တော့မယ့် ဒုက္ခသည်ဖြစ်စေ၊ ခိုလှုံခွင့်ရထားသူဖြစ်စေ Green Card လျှောက်ဖို့ အကူအညီလိုရင် အခုပဲ Comment (သို့မဟုတ်) Direct Message (DM) ကနေတစ်ဆင့် ကျွန်တော်တို့ဆီကို ယုံကြည်စိတ်ချစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ဘုရားသခင်အတွက် တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပြီး ဘီလီယံနာဖြစ်လာခဲ့သောသူSamuel Truett Cathy ကို ၁၉၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်တွ...
05/20/2026

ဘုရားသခင်အတွက် တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပြီး ဘီလီယံနာဖြစ်လာခဲ့သောသူ

Samuel Truett Cathy ကို ၁၉၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် (Georgia)၊ အီတွန်တွန် (Eatonton) မြို့ငယ်လေး၌ မွေးဖွားခဲ့ပါသည်။ သူ၏ ငယ်ဘဝသည် ချမ်းသာကြွယ်ဝမှု မရှိခဲ့ဘဲ အမေရိကန်၏ ကမ္ဘာ့စီးပွားပျက်ကပ်ကာလနှင့် တိုက်ဆိုင်နေသဖြင့် မိသားစုမှာ အလွန်ရုန်းကန်ခဲ့ရပါသည်။

အသက် ၈ နှစ်အရွယ်ကတည်းက Truett သည် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ကူညီရန် Coca-Cola ပုလင်းများကို လက်လီဝယ်ယူပြီး အိမ်နီးနားချင်းများကို ပြန်လည်ရောင်းချခြင်း၊ Atlanta Journal သတင်းစာများကို တစ်အိမ်တက်ဆင်း လိုက်လံပို့ဆောင်ခြင်းတို့ဖြင့် လုပ်ကိုင်ခဲ့သောသူ

ဖြစ်ပါသည်။

သူ၏မိခင်သည် အိမ်ငှားခရရန်အတွက် အိမ်ခန်းအချို့ကို၊ ငှားရမ်းလေ့ရှိပြီး

ထိုသူများအတွက် ကြက်ကြော်နှင့် ဟင်းလျာများကို ချက်ပြုတ်ပေးလေ့ရှိသည်။ မိခင်ဖြစ်သူ၏ အစားအသောက်ချက်ပြုတ်မှု နှင့် ဧည့်ဝတ်ကျေပွန်မှုတို့သည် Truett ၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့ပြီး နောင်တစ်ချိန်တွင် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အုတ်မြစ်ဖြစ်လာခဲ့သည်။

သူသည် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကြည်းတပ်၌ တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၄၆ ခုနှစ်၊ မေလ ၂၃ ရက်တွင် သူ၏မောင်နှမဖြစ်သူ Ben Cathy နှင့်အတူ စုဆောင်းထားသော ငွေကြေးအချို့နှင့် ဘဏ်ချေးငွေကို အသုံးပြုကာ ဂျော်ဂျီယာပြည်နယ်၊ ဟက်ပီဗေးလ် (Hapeville) မြို့၌ "The Dwarf Grill" (နောက်ပိုင်းတွင် The Dwarf House ဟု လူသိများလာသည်) ဟုခေါ်သော အလွန်သေးငယ်သည့် ၂၄ နာရီဖွင့် စားသောက်ဆိုင်လေးတစ်ဆိုင်ကို စတင်တည်ထောင်ခဲ့ပါသည်။

နောက်ပိုင်းတွင် သူက အရည်အသွေးအကောင်းဆုံး ကြက်ရင်ပုံသား (Fillet) ကို အမေရိကန်အဆင့်အတန်းသတ်မှတ်ချက် "Grade A" နှင့် နှိုင်းယှဉ်ကာ "Chick-fil-A" ဟု အမည်ပေးခဲ့သည်။

အစပိုင်းတွင် အခြားဆိုင်များသို့ ကြက်သားဘာဂါ သီးသန့် လိုက်လံရောင်းချပေးခဲ့သော်လည်း ၁၉၆၇ ခုနှစ်တွင် အတ္တလန်တာမြို့ရှိ Greenbriar Mall ကုန်တိုက်ကြီးအတွင်း၌ ပထမဦးဆုံးသော Chick-fil-A သီးသန့်ဆိုင်ခွဲကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

Truett Cathy သည် ၁၉၄၆ ခုနှစ် Dwarf Grill ဆိုင်လေး စဖွင့်ကတည်းက "တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ခြင်း" (Closed on Sundays) မူဝါဒကို စတင်ကျင့်သုံးခဲ့ပြီး Chick-fil-A အင်ပါယာကြီးတစ်ခုလုံးကို ချဲ့ထွင်ချိန်အထိ အသက်ထက်ဆုံး သစ္စာရှိစွာကျင့်သုံး လိုက်နာခဲ့သည်။

သူသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး သမ္မာကျမ်းစာထဲက ပညတ်တော်ဆယ်ပါးတွင် ပါဝင်သည့် "ဥပုသ်နေ့ကို သန့်ရှင်းစေလော့" ဆိုသည့်အချက်ကို အလေးအနက် ယုံကြည်သူ ဖြစ်ပါသည်။

သူက""ကျွန်တော်တို့အတွက် စီးပွားရေးထက် ပိုပြီးအရေးကြီးတဲ့ အရာတွေ ရှိပါတယ်။ အဲဒါကတော့ ဘုရားသခင်ကို ဦးထိပ်ထားဖို့နဲ့ မိသားစုကို အချိန်ပေးဖို့ပါပဲ။" ဟု အမြဲပြောဆိုလေ့ရှိပြီး၊ ကျင့်သုံးခဲ့ပါသည်။

သူက ဝန်ထမ်းများသည် ငွေရှာရုံသက်သက်မဟုတ်ဘဲ "မိသားစုများနှင့် အချိန်ပေးရန်၊ ဘုရားကျောင်းတက်ရန်နှင့် အနားယူရန်" အခွင့်အရေး ရှိသင့်သည်ဟု ၊ယူဆခဲ့သူလည်း ဖြစ်ပါသည်။

၁၉၆၇ ခုနှစ်တွင် Chick-fil-A အမှတ်တံဆိပ်ကို စတင်တည်ထောင်ပြီး ကုန်တိုက်ကြီးများအတွင်း ဆိုင်ခွဲများ ဖွင့်လှစ်သည့်အခါ ကုန်တိုက်ပိုင်ရှင်များက "တနင်္ဂနွေနေ့သည် လူအစည်ဆုံးနေ့ဖြစ်သဖြင့် ဆိုင်ဖွင့်ရမည်" ဟု အကျပ်ကိုင်ခဲ့သော်လည်း Cathy က "တနင်္ဂနွေနေ့ မပိတ်ရရင် ဆိုင်မဖွင့်ဘူး" ဟုအပြတ်ငြင်းပယ်ကာ ၎င်း၏ ဆုံးဖြတ်ချက်အပေါ် သစ္စာရှိခဲ့ပါသည်။

Chick-fil-A သည် တစ်ပတ်လျှင် ၆ ရက်သာ ဖွင့်သော်လည်း၊ တစ်ဆိုင်ချင်းစီ၏ ပျမ်းမျှရောင်းအားတွင် ၇ ရက်ပတ်လုံးဖွင့်သော အကြီးမားဆုံးပြိုင်ဘက် McDonald's ထက် နှစ်ဆကျော် ပိုမိုများပြားခဲ့သည်။

"တနင်္ဂနွေနေ့တိုင်း သေချာပေါက် အနားရမည်" ဟူသော ယုံကြည်ခြင်းကြောင့် အမေရိကရှိ အရည်အချင်းအရှိဆုံးနှင့် စရိုက်လက္ခဏာ အကောင်းဆုံးသော လူငယ်လူရွယ်များက Chick-fil-A တွင် ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရန် တိုးဝှေ့လျှောက်ထားခဲ့ကြသဖြင့် လုပ်ငန်း၏ ဝန်ဆောင်မှု အဆင့်အတန်းမှာ ကမ္ဘာကျော်ခဲ့ပါသည်။

စားသုံးသူများက သူ၏ ကတိသစ္စာ၊ယုံကြည်ချက်၊ ရိုးသားမှုကို လေးစားသဖြင့် စနေနေ့တွင် ကြိုတင်ဝယ်ယူခြင်းနှင့် တနင်္လာနေ့ ရောက်သည်နှင့် တဖွဲဖွဲ လာရောက်အားပေးခြင်းများကြောင့် ဆိုင်များတွင် အမြဲတမ်း လူပြည့်လျှံနေခဲ့ပါသည်။

သူသည် အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ရှိခဲ့သော်လည်း၊ သူသည် စည်းစိမ်နောက်သို့ လိုက်မသွားခဲ့ပါ။

သူသည် စီးပွားရေး ဘီလီယံနာကြီး ဖြစ်နေသည့်တိုင် ဘဝနှောင်းပိုင်းအထိ နှစ်ပေါင်း ၅၀ ကျော်တိုင်တိုင် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတွင် ကလေးငယ်များကို သမ္မာကျမ်းစာ သင်ကြားပေးသည့် ဆရာအဖြစ် နှိမ့်ချစွာ အမှုတော်ဆောင်ခဲ့သည်။ ထို့ပြင် WinShape ဖောင်ဒေးရှင်းကို တည်ထောင်ကာ မိဘမဲ့ကလေးငယ်များ၊ လမ်းမှားရောက်နေသော လူငယ်များအား ပြုစုပျိုးထောင်ရန် ဒေါ်လာသန်းပေါင်းများစွာကို ရက်ရက်ရောရော လှူဒါန်းခဲ့သည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်ချိန်အထိ သူသည် ဘုရားသခင်အပေါ် သစ္စာရှိသော ယုံကြည်သူတစ်ဦးအနေဖြင့် စံပြနေထိုင်ခဲ့သူဖြစ်ပါသည်။

Credit MYINT TUN

05/08/2026

🛑 V**e ဆိုတာ အပျော်အပါးမဟုတ်ဘူး... သင့်ဘဝကို ဖျက်ဆီးမယ့် ထောင်ချောက်ပါ 🚨

Address

5140 Memorial Drive
Stone Mountain, GA
30083

Opening Hours

Saturday 7pm - 10pm
Sunday 3pm - 6pm

Telephone

+17705594978

Alerts

Be the first to know and let us send you an email when Atlanta Christian Brethren Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Atlanta Christian Brethren Church:

Shortcuts

Share