Home of Helping Hands Inc

Home of Helping Hands Inc We are here to serve our community with care and respect.

Home of Helping Hands (HHH) is a nonprofit organization dedicated to support Refugees,immigrants and low-income families by providing safe services and help with family needs.

06/22/2026

Citizen ဖောင်တင်ခ စျေးတက်သွားမှာလား? 🤔
*******************************************
၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာန (DHS) သည် USCIS မှ ကောက်ခံနေသော နိုင်ငံသားလျှောက်လွှာ (Form N-400) နှင့် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရမှုအပေါ် ပြန်လည်ကြားနာပေးရန် တောင်းဆိုသည့် (Form N-336) အတွက် အခကြေးငွေများ တိုးမြှင့်ရန် အဆိုပြုချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

✅ အဆိုပြုချက်အရ

📌 စာရွက်ဖြင့် တင်သွင်းသော Form N-400 ၏ လျှောက်လွှာကြေးကို $760 မှ $1,330 အထိ တိုးမြှင့်မည်။

📌 အွန်လိုင်းဖြင့် တင်သွင်းသော Form N-400 ၏ လျှောက်လွှာကြေးကို $710 မှ $1,280 အထိ တိုးမြှင့်မည်။

📌 Form N-336 (နိုင်ငံသားလျှောက်လွှာ ငြင်းပယ်ခံရမှုအပေါ် ပြန်လည်သုံးသပ်ရန် တောင်းဆိုခြင်း) ၏ အခကြေးငွေကို $830 မှ $1,475 အထိ တိုးမြှင့်မည်ဖြစ်ပြီး $645 တိုးလာမည်။

✅ ထို့အပြင် နိုင်ငံသားလျှောက်ထားမှုများအတွက် Fee Waiver (အခကြေးငွေကင်းလွတ်ခွင့်) ကို ဖျက်သိမ်းမည်ဖြစ်ပြီး၊ Federal Poverty Guidelines ၏ 400% အောက် ဝင်ငွေရှိသူများအတွက် လက်ရှိပေးနေသော လျှော့စျေး (Reduced Fee) ကိုလည်း ဖျက်သိမ်းမည်ဖြစ်သည်။

📌 သို့သော် အမေရိကန်စစ်မှုထမ်းများအတွက် နိုင်ငံသားလျှောက်ထားရာတွင် ရရှိနေသော အခကြေးငွေကင်းလွတ်ခွင့်များကို ဆက်လက်ထားရှိမည်ဖြစ်သည်။

✅ DHS ၏ အဆိုအရ ဤပြောင်းလဲမှုများသည် နိုင်ငံသားလျှောက်ထားသူများမှ မိမိတို့၏ လျှောက်လွှာ စစ်ဆေးဆောင်ရွက်မှု ကုန်ကျစရိတ်များကို အပြည့်အဝ ကျခံစေရန် ရည်ရွယ်ပြီး၊ အခြားလူဝင်မှုကြီးကြပ်ရေး လျှောက်လွှာများမှ ထောက်ပံ့ငွေများအပေါ် မမှီခိုစေရန် ဖြစ်သည်။

📌 ဤအဆိုပြုချက်သည် နောက်ဆုံးအတည်ပြုချက် မထုတ်ပြန်မီ ရက်ပေါင်း ၆၀ အများပြည်သူ၏ သဘောထားမှတ်ချက်များကို လက်ခံမည့် ကာလအတွင်း ရှိနေသေးသည်။

📌 လက်ရှိအချိန်တွင် ဤအခကြေးငွေ တိုးမြှင့်မှုများနှင့် Fee Waiver ဖျက်သိမ်းမှုများသည် အတည်မပြုရသေးသဖြင့် အကျိုးသက်ရောက်မှု မရှိသေးပါ။

⚠️ အရေးကြီးသောအချက်
ယခုအချိန်အထိ N-400 နိုင်ငံသားလျှောက်လွှာကြေးမှာ ပြောင်းလဲခြင်းမရှိသေးပါ။ အဆိုပြုချက်သာ ဖြစ်ပြီး နောက်ဆုံးအတည်ပြုချက် ထွက်ပေါ်လာမှသာ အသက်ဝင်မည်ဖြစ်သည်။

မှတ်ချက်: ဤသည်မှာ DHS ၏ အဆိုပြုချက်သာ ဖြစ်ပြီး လက်ရှိ USCIS အခကြေးငွေများ ပြောင်းလဲသွားခြင်း မရှိသေးပါ။ N-400 တင်ရန် စီစဉ်ထားသူများအနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်များကို စောင့်ကြည့်သင့်ပါသည်။

အကယ်၍ ဤအဆိုပြုတောင်းဆိုမှုသာ အောင်မြင်ရင် citizen လျှောက်ခ အရမ်းစျေးတက်တော့မယ် ထင်တယ် ။🤔🤔🤔
06/22/2026

အကယ်၍ ဤအဆိုပြုတောင်းဆိုမှုသာ အောင်မြင်ရင် citizen လျှောက်ခ အရမ်းစျေးတက်တော့မယ် ထင်တယ် ။🤔🤔🤔

Gwinnett County မှာနေသူတွေ မီးခ လျှောက်လ်ု့ရသေးတယ်နော်။
06/22/2026

Gwinnett County မှာနေသူတွေ မီးခ လျှောက်လ်ု့ရသေးတယ်နော်။

06/17/2026

Google form မှ လူဦးရေ စာရင်းကောက်ခြင်းကို သောကြာနေ့ 06/19/2026 ထိလက်ခံပါမယ်။ Form ဖြည့်ပြီးသူများအားလုံးကို ကျမတို့ဖက်မှ ဖုန်းခေါ်ဆက်သွယ်ပါမယ်။

ဟယ်လို မင်္ဂလာပါရှင်။ 👋✨နိုင်ငံသားဖြစ်သင်တန်းကို စိတ်ဝင်စား​သော သူများသင်တန်းတက်ရောက်ဖို့အတွက် နာမည်စာရင်း​ပေးသွင်းလို့ရ...
06/16/2026

ဟယ်လို မင်္ဂလာပါရှင်။ 👋✨
နိုင်ငံသားဖြစ်သင်တန်းကို စိတ်ဝင်စား​သော သူများ
သင်တန်းတက်ရောက်ဖို့အတွက် နာမည်စာရင်း​ပေးသွင်းလို့ရပါပြီ။ Comment မှာ Google Form လင့်ခ်(link) ရှိပါတယ်။
အမည်၊ ဖုန်းနံပါတ်၊အီးမေးလ် (Email) နဲ့ နေထိုင်တဲ့ ပြည်နယ် (State) တို့ကို ဖြည့်စွက်ပေးပါရှင်။
ကျေးဇူးတင်ပါတယ်ရှင်။

06/16/2026

Home of Helping Hands Inc page ကို Follow သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်😇( Follow မလုပ်သေး​ေသာသူများလည်းပါ 😊)

06/15/2026

English vocabulary လေ့ကျင့်ရင်း ကစားကြတယ် 😄😄
သူတို့တွေ မြန်မှမြန်ဘဲ 😂 အဆုံးထိကြည့်ပါရှင်😍

ဒို့မြန်မာပြည်သားတွေလည်း သတိထားကြရအောင်။ ဘာလုပ်လုပ် သင့်တော်သလောက်သာလုပ်ကြမယ်။အလွန်အကျွံဆို ဒုက္ခပြသနာများတယ်။ Photos cr...
06/11/2026

ဒို့မြန်မာပြည်သားတွေလည်း သတိထားကြရအောင်။ ဘာလုပ်လုပ် သင့်တော်သလောက်သာလုပ်ကြမယ်။အလွန်အကျွံဆို ဒုက္ခပြသနာများတယ်။
Photos credit:Facebook

06/08/2026

ဒီရုံး ၃ခု နာမည်သုံးပြီး ဖုန်းခေါ်လာ၊ ငွေတောင်းလာရင် scammers ဖြစ်ပါတယ်။ ဒီရုံးတွေသည် အထူးသဖြင့် Mail box ကနေစာပို့ပြီး အသိ​ေပးလေ့ရှိပါတယ်။

Address

5468 Memorial Drive Suite A
Norcross, GA
30083

Opening Hours

Monday 10am - 5pm
Tuesday 10:05am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm

Telephone

+14044535545

Alerts

Be the first to know and let us send you an email when Home of Helping Hands Inc posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Home of Helping Hands Inc:

Share