Kaman Ethnic Group

Kaman Ethnic Group ကမန်တိုင်းရင်းသားတွေမှာ
ခန့်နားတဲ?

ကချင်မျိုးနွယ်စု ညီအကို မောင်နှမများနဲ့အတူ ကမန်မျိုးနွယ်စုများ ထပ်တူဝမ်းနည်းရပါသည်။
10/25/2022

ကချင်မျိုးနွယ်စု ညီအကို မောင်နှမများနဲ့အတူ ကမန်မျိုးနွယ်စုများ ထပ်တူဝမ်းနည်းရပါသည်။

🍂ကမန်ဂုဏ်ကိုဆောင်ခဲ့ကြသော မော်ကွန်းဝင် ကမန်ဘွဲ့ဂုဏ်ထူးအမည်နာမများ --------------------------ကမန်ရဲသူဘွဲ့ကမန်ကျော်ထင်ဘွဲ့...
05/15/2021

🍂ကမန်ဂုဏ်ကိုဆောင်ခဲ့ကြသော မော်ကွန်းဝင် ကမန်ဘွဲ့ဂုဏ်ထူးအမည်နာမများ
--------------------------
ကမန်ရဲသူဘွဲ့
ကမန်ကျော်ထင်ဘွဲ့
ကမန်သူရကျော်ဘွဲ့
ကမန်စက္ကရတ်ဘွဲ့
ကမန်သူဘွဲ့
ကမန်သာဂတူဘွဲ့
ကမန်သီဟဘွဲ့
ကမန်ရာဇာဘွဲ့
ကမန်သူရဘွဲ့
ကမန်ရာကျော်ဘွဲ့
ကမန်ကျော်သူဘွဲ့
ကမန်စက္ကသူဘွဲ့
ကမန်ရဲကျော်ဘွဲ့
ကမန်ရာဇကျော်ဘွဲ့
ကမန်သီရိကျော်ဘွဲ့
ဇေယျကမန်ဘွဲ့
ရာဇကမန်ကျော်ထင်ဘွဲ့
_______________________
ရမ္မာဝတီသားသျှေ
(စက်မှုတက္ကသိုလ်)

🍂 ကျောက်နီမော်ရွာရဲ့ သမိုင်းမှတ်တမ်း{ သို့ }              တန်းချောင်းဗလီနားမှ ကျွန်တော့်အဖွားဒေါ်အောင်မရဲ့  အဘိုး ဦးထွန...
04/28/2021

🍂 ကျောက်နီမော်ရွာရဲ့ သမိုင်းမှတ်တမ်း{ သို့ }
တန်းချောင်းဗလီနားမှ
ကျွန်တော့်အဖွားဒေါ်အောင်မရဲ့ အဘိုး ဦးထွန်းလှခိုင်အုတ်ဂူ. . . .
- - - - - - - - - - - -
ကျောက်နီမော်ရွာကြီးသည် မြန်မာနိုင်ငံ
အနောက်ဘက် ရခိုင်ကမ်းရိုးတန်း
သံစစ်မြစ်ခြားလျက် ဘင်္ဂလားပင်လယ်အော်အစပ် ၊
ရမ်းဗြဲကျွန်း တောင်ဘက်စွန်းတွင် တည်ရှိသည် ။

မြောက်ဘက်စွန်းတွင် ကျောက်ဖြူ ခရိုင်မြို့နယ်နှင့် ကျွန်းလယ်တွင် ရမ်းဗြဲမြို့နယ်များ တည်ရှိသည် ။

ကျောက်နီမော်ရွာသည် ချိန်တောင်၊ သချိင်္ုင်းတောင်၊
အလယ်တောင် ၊ မူရင်းတောင်နှင့် သံစစ်မြစ်ကမ်းနား ကျဉ်းမြောင်းသော နေရာတွင်တည်ရှိသည် ။

ယခုအခါ ကျောက်ထရံရွာနှင့် တစ်ဆက်တည်း
ဖြစ်လျက်ရှိသည် ။

ကျောက်နီမော် ၊ ကျောက်ထရံရွာ ( ၂ ) ရွာတွင်
အစ္စလာမ်ဘာသာကိုးကွယ်သည့် မူစလင်များ
အများစုနေထိုင်ကြပါသည် ။

ကျောက်နီမော်အစ ကျောက်ထရံရွာက ဆိုသည့်
ဆိုရိုးရှိသည့် အတိုင်း . . .

ထိုကျောက်ထရံရွာသည် မြန်မာပြည်သို့
အစောဆုံး ရခိုင်ကမ်းရိုးတန်းသို့
အစ္စလာမ်စတင်ဝင်ရောက်ခဲ့သည့်

အာရဗ် သင်္ဘောပျက်အုပ်စု အခြေချနေထိုင်ခဲ့သည့် လေးတောင်နယ်မှ ရေကြည်ရာ မြက်နုရာ
ကမ်းခြေဗဟိုပြု ရွေ့ပြောင်းအခြေချနေထိုင်ခဲ့သော ရွာစဉ်ကြီးဖြစ်ပါသည် ။

ထို ကျောက်ထရံမထည်ထောင်ခင် ကမန်အင်ပါရာ ရွာဆိုပြီး တစ်ခုရှိပါသည် ။ နောက်ပိုင်းတွင် ကမန်အင်ပါရာအား ကမန်ပါရာဟု ခေါ်တွင်လာကြသည် . .

ထိုကမန်ပါရာရွာတွင် အခြေချနေထိုင်ခဲ့
သူများထဲတွင် ဒေါ်အောင်မဦး ဖခင် ဦးမောင်သိန်း
တို့သည်လည်း ကမန်သည်ရွာ
အဆက်များဖြစ်ကြသည် ။

ထိုထဲတွင် ဦးထွန်းလှခိုင်သည်လည်း
တစ်ဦးအပါအဝင်ဖြစ်ပါသည် ။

ဦးထွန်းလှခိုင်၏ အဖအမည်မှာ ( ဦးမောင်ခိုင် )
ဖြစ်ပြီး ဆွေးမျိုးများမှာ ရမ်းဗြဲ တိမ်ပြင်
ဇာတိများဖြစ်ကြသည် ။

ဦးထွန်းလှခိုင်သည် AD 1952 ခုနှစ် အသက် 86 နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပါသည် ။

ဇနီးမည်မှာ ဒေါ်မငယ် ဖြစ်ပြီး
ဒေါ်ဖာတေ ၊ ဒေါ်ဇော်ဗေဒါ ၊ ဒေါ်မေဖြူ ၊
ဒေါ်မလှဦး ဆိုပြီး သမီး ၄ ဦး ထွန်းကားခဲ့သည် ။

လယ်ပိုင်ရှင် ၊ မြေပိုင်ရှင်များဖြစ်ပြီး
ကျွမ်းစိန် လှည့်လည် ကုန်ကူး ကုန်ဝယ် စီးပွား
လုပ်ကိုင်ကြသည် ။

{ ကျွမ်းစိန် ဆိုသည်မှာ အနယ်နယ် အရပ်ရပ်သို့
လှေသမ္ဗာန် ဖြင့် တစ်နယ်ဝင် တစ်နယ်ထွက်
ကုန်းပစ္စည်းများကို ရောင်းဝယ်
ဖောက်ကားခြင်းဖြစ်သည် }

ကျောက်နီမော် ချောင်းဝ ၊ ချောင်းဖျား ၊
ကညင်ပိန်နယ်များတွင် ( လယ်ဧက ၁၅၀ ခန့် )
ကမန်တာလှေ များပိုင်ဆိုင်ကြသော
လယ်ပိုင်ရှင်များဖြစ်ကြသည် ။

သမီးဖြစ်သူ ဒေါ်ဇော်ဗေဒါ လက်ထက်တိုင်
ကညင်ပိန်မှ အိုးဖောက်ဖ ဆိုသည့် အမျိုးသမီးမှ
နှစ်စဉ် လယ်သီးစားခ များကို
လာရောက်ပေးခဲ့ကြသည် ။

{ ကမန်တာလှေ ဆိုသည်မှာ တိုင်းတာပြီး
လယ် ၆ ဧက၊နွားတရှဉ့်ကို ၁ တာ ဟုခေါ်ဆိုသည်}

ဦးထွန်းလှခိုင်သည် တရားကျင့်ကြံ အားထုတ်ကာ ထွက်ရပ်ရပြီး မိစ္ဆာအမှောင့် ပယောဂများကို
မန်းမှုတ်ခြင်းဖြင့် ဝလီ သူတော်စင်ဟု
လူသိများကျော်ကြားခဲ့ပါသည်။ ထိုကဲ့သို့ဝလီသူတော်စင်ကို ကမန် လို " #ဖောက်ကျီ "ဟုခေါ်ဆိုသည် ။

မာန်အောင်မြို့ရှိ မြေနီတောင်တွင်လည်း
တရားကျင့်ကြံခဲ့သည်ဟုသိရပါသည် ။
သမီးဒေါ်မေဖြူ မှ ကျွန်တော်၏ချစ်လှစွာသော ဘွားဘွားဒေါ်အောင်မ နှင့် မောင်နှမ ၄ဦးမွေးဖွားခဲ့သည်. . .ဘွားဘွားဒေါ်အောင်မ မှ ကျွန်တော့်အဖေ ဦးဖေခင် နှင့် မောင်နှမ ၈ဦး . . . ဦးဖေခင်မှကျွန်တော်ဇော်နိုင်ဖေ နှင့် မောင်နှမ ခုနှစ်ဦးမွေးဖွားခဲ့သည်. . .
_____________________
Engr Zaw Naing Phay
( ရမ္မာဝတီသားချေ )

🍂ရခိုင်မင်းသမီး ဧချင်းRakhine Princess Lyric{ Line (33) and (34) }------------------🍀ဘစောမင်းဖြူ      Ba Saw Min Phyu🍀သူ...
04/24/2021

🍂ရခိုင်မင်းသမီး ဧချင်း
Rakhine Princess Lyric
{ Line (33) and (34) }
------------------
🍀ဘစောမင်းဖြူ
Ba Saw Min Phyu
🍀သူတော်ဇာတိ တုမရှိအောင်
Make his homeland unrivaled
🍀သားလည်း အူလည်း
He loved the country that his heart like a son
🍀ဆင်ပြောင်တနှုန်း
As strong as elephant
🍀ထက်ဘုန်းအားသာ
Great glory and power
🍀 စွမ်းသာန်ရဲမက်
They are strong and skilled in the military police
🍀မောင်းလက်ကြံ့တော်
Physically fit and strong
🍀ကြီးမြင့်မော်လျက်
Great enough to be proud
🍀ကျော်လည်းကမန်
Famous in archery " Kaman"
Kaman was a reliable unique in defeating enemies.
🍀ကျင်လည် ဟန်လည်း
Professional style
🍀ပစ်မှန်လေရာ
Able to hit the target correctly
___________
အဒူမင်းညို
Abdul Min Nyo
{ English Translated by Engr Zaw Naing Phay }

🍂Battle of Badr      ဗဒရ်နေ့ ယောင်မွလ်ဖုရ်ကာန်နေ့ ---------------ရမသွာန်လရဲ့၁၇ ရက်မြောက်နေ့. . . . .        🍁ဓမ္မ နဲ့ အဓ...
04/23/2021

🍂Battle of Badr
ဗဒရ်နေ့
ယောင်မွလ်ဖုရ်ကာန်နေ့
---------------
ရမသွာန်လရဲ့၁၇ ရက်မြောက်နေ့. . . . .
🍁ဓမ္မ နဲ့ အဓ္ဓမ အားပြိုင်တဲ့ပွဲ
🍁လု့အခွင့်အရေး ဖူးပွင့်စေလိုသူနဲ့ ခြေလွင့်ပစ်ချင်သူတွေရဲ့ အကြား အားပြိုင်တဲ့ပွဲ
🍁ငြိမ်းချမ်းရေးမြတ်နိုးသူတွေနဲ့ ငြိမ်းချမ်းရေး အလိုမရှိသူတွေရဲ့အကြားအားပြိုင်တဲ့ပွဲ
ယုံကြည်သူ ၃၀၃ယောက်က လက်နက်အပြည့်အစုံရှိသူ ၁၀၀၀ကျော်ကို ခုခံအနိုင်ရခဲ့တဲ့နေ့ ယောင်မွလ်ဖုရ်ကာန်နေ့ . . . .
_______________
ရမ္မာဝတီသားသျှေ
စက်မှုတက္ကသိုလ်

  (ကမန်)- - - - - - - - 🍂ပါရှန်မဟာအမျိုးအနွယ် နဲ့     ရခိတ ရခိုင်မျိုးနွယ်      ပေါင်းဖက်လို့ ပေါ်ထွန်းခဲ့သည်.     🍂လခြမ...
04/23/2021

(ကမန်)
- - - - - - - -
🍂ပါရှန်မဟာအမျိုးအနွယ် နဲ့
ရခိတ ရခိုင်မျိုးနွယ်
ပေါင်းဖက်လို့ ပေါ်ထွန်းခဲ့သည်.
🍂လခြမ်းမြေ ရခိုင်ပြည် ကို
ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်
ကာကွယ်ခဲ့သည်
🍂အာဇာနည် ဇာမရီ
ကမန်စစ်သည် ဘာမထီ. . .
ရဲရင့်တဲ့ မျိုးစစ်သည်. . .
ကမန်တိုင်းရင်းသား
ဆင်းသက်ခဲ့သည်. . .
🍀🍀🍀🍀🇲🇲🍀🍀🍀🍀
🏹 ရမ္မာဝတီသားသျှေ
{ စက်မှုတက္ကသိုလ် }

အုတ်ကြွပ်ကုန်း ရခိုင်စု ရပ်ကွက်  ( ယခုရခိုင်ဗလီပတ်ဝန်းကျင် ပိန္နဲကုန်း)သည် ကမန်မျိုးရိုးများဖြစ်ကြသည်-------------------...
04/22/2021

အုတ်ကြွပ်ကုန်း ရခိုင်စု ရပ်ကွက်
( ယခုရခိုင်ဗလီပတ်ဝန်းကျင် ပိန္နဲကုန်း)
သည် ကမန်မျိုးရိုးများဖြစ်ကြသည်
----------------------
အင်္ဂလိပ်-မြန်မာစစ်ပွဲ (1852)တွင် တောင်ငူမြို့စား ဦးရွှေမှိုင်း၏သား ဗိုလ်မောင်ကလေး (ဗိုလ်ကရင်)က ပုဂံမင်း၏သိမ်ကြီးတပ်မှူးအနေဖြင့် နယ်ချဲ့တပ်များအား ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ရှုံး၍ လှည်းကူးမြို့နယ် ကျွန်းကလေးတွင် တိမ်းရှောင်နေခဲ့ရလေသည် ။ စစ်ပြေငြိမ်းပြီးနောက် သိမ်ကြီးတပ်သားများသည် အရှေ့ပိန္နဲကုန်း ခေါ် အုတ်ကြွကုန်း ရခိုင်စုရပ်ကွက်တွင် လာရောက်အခြေချနေထိုင်ခဲ့ကြသည်။ ပိန္နဲကုန်းသည် ကမန်စုရပ် ဖြစ်လာခဲ့သည်။
________________
ရမ္မာဝတီသားသျှေ
(စက်မှုတက္ကသိုလ်)

Address

Seattle, WA
98168

Website

Alerts

Be the first to know and let us send you an email when Kaman Ethnic Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kaman Ethnic Group:

Share