Save Myanmar San Francisco

Save Myanmar San Francisco San Francisco Myanmar activists group to save Myanmar

06/06/2026

Art of Revolution #256 (June 5, 2026)

1. (သီချင်း/Video) “အရေးကြီးပြီ”။ (တေးရေး၊ ထူးအိမ်သင်။ မူရင်းတေးဆို၊ မွန်းအောင်)
2. ဦးကိုကိုလေး - ဒေါ်အောင်ဆန်းစုကြည် အသက် (၈၁) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်။
3. (သီချင်း/Video) ချိုချိုအေး - “ချမ်းမြေ့ပါစေ”။ (တေးရေး၊ စန္ဒရားတင်ဝင်းလှိုင်)
4. (သီချင်း/Video) “ဘဝအမောတွေပြေပါစေမေမေ”။ (သံစဉ်၊စာသား၊ ထက်အောင်ရှိုင်း။ တေးဆို၊ အေးသဇင်မောင်)
5. (ကဗျာ) ကဗျာဆရာ တက္ကသိုလ်ဘုန်းကြွယ်။ (1)ကြွေတလက်ကြက်တခုန်၊ (2)မျက့်စေ့ကမ်းလမ်းမမြင်၊(3)ငရဲမင်းနဲ့မအလတွေ့စုံခြင်း၊
6. (သီချင်း) သမိုင်းသစ် - “ခွန်အားဖြညိ့မိငယ်” (တေးရေး၊ ကိုနေဝင်း။ မူရင်းတေးဆို၊ ခင်မောင်တိုး)
7. (သီချင်း) သန့်ဇင်မင်းသွင် - “နေကောင်းပါစေမေမေ”။ (ကိုယ်တိုင်ရေး)။

==== END ====

05/31/2026

မြန်မာ့နိုင်ငံရေး၊ စစ်ရေး၊ သံတမာန်ရေး နှင့် အုပ်ချုပ်ရေးအတွေ့အကြုံများ ဆွေးနွေးပွဲ။
ဆလိုင်းယောအောင်
ဦးယဥ်အေး
ဦးကိုကိုလေး

05/08/2026

ဆလိုင်းယောအောင်၊ ဦးယဥ်အေး၊ ဦးကိုကိုလေး

12/15/2025

This week, Myanmar’s military junta bombed a hospital killing over 30 people — continuing a pattern of attacking its own people.

Last week, I led my colleagues in calling on Secretary Rubio to use our influence to help end the violence & ensure accountability for these atrocities.

We must act.

သူတို့ကနေတဆင့်မင်းတို့ဆီရောက်တာလေ၊မင်းတို့တဆင့်ခံထညးတဲ့သူတွေကိုမင်းတို့ချကြွေးတော့မှာလား၊ ထိပ်ပိုင်း ကဗိုလ်ချုပ်တွေအကောင...
12/14/2025

သူတို့ကနေတဆင့်မင်းတို့ဆီရောက်တာလေ၊
မင်းတို့တဆင့်ခံထညးတဲ့သူတွေ
ကိုမင်းတို့ချကြွေးတော့မှာလား၊
ထိပ်ပိုင်း ကဗိုလ်ချုပ်တွေအကောင့်ထဲတိုက်ရိုက်ဘယ်သွားမလဲ၊
မင်းတို့မွေးထားတဲ့
ရာဇဝတ်သားလေးတွေလေ၊
မင်းတို့ကိုဆပ်ကြေးပေးနေတဲ့
သူတွေလေ၊
မင်းတို့က ရာဇဝတ်မျိုးပေါင်းစုံရဲ့
ဂိုဏ်းချုပ်လေ၊
မင်းတို့ရဲ့ အကျင့် တကမ္ဘာလုံးသိတယ်။
အလုပ်သမားထင်ကျော် ကပိုသိတယ်။
မဲရံုသာမဲပါ၊ မပြာပါနဲ့ ဇော်ပြာလုံးရေ၊

ကျားဖြန့်နှိမ်နင်းရေးမှာ မပါဝင်တဲ့ BGF တွေရှိပြီး မကောင်းတဲ့သွေးဆို ဖောက်ထုတ်ပစ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

ဒီဇင်ဘာ ၁၄ - ၂၀၂၅
SN (VOM)

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း လိမ်လည်မှု နှိမ်နင်းရေးမှာ ပါဝင်ခြင်း မရှိတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ဝင်တချို့ ရှိနေပြီး မကောင်းတဲ့သွေးဆို ဖောက်ထုတ်ပစ်မယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေး ပြောကြားလိုက်ပါတယ်။

အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်၊ မနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

“အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့သူရှိတယ်၊ မကောင်းတဲ့သူ ရှိတယ်။ မကောင်းတဲ့သွေး ဆိုရင်တော့ ဖောက်ထုတ်ပစ်ရမှာပဲ ဖြစ်တယ်။ အဖွဲ့အစည်း အားလုံးသည် မကောင်းတာမဟုတ်ဘူး။ အခုဆိုရင် ရွှေကုက္ကိုလ်မှာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အထဲမှာ BGF အဖွဲ့ဝင်တွေ ပူးပေါင်းပါဝင် ဆောင်ရွက်နေတာ ရှိတယ်။ တချို့လည်း ပူးပေါင်းမပါဝင်တဲ့ BGF အဖွဲ့ဝင်တွေ ရှိတယ်။ ကျွန်တော်ကတော့ ခွဲခွဲခြားခြား လုပ်ပစ်ရမှာဖြစ်တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီ အွန်လိုင်း လိမ်လည်မှုတွေထဲမှာ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ၊ တချို့သော လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပြီး ဒီလို ပါဝင်နေတာဟာ အဖွဲ့အစည်းအနေနဲ့ ပါဝင်ခြင်း ဆိုတာထက် အဖွဲ့အစည်းထဲမှာရှိတဲ့ ပုဂ္ဂိုလ် တဦးချင်းသော်လည်းကောင်း၊ အဲဒီနောက်မှာလိုက်နေတဲ့ အဖွဲ့ငယ်လေးတွေအလိုက်သော် လည်းကောင်း ဆောင်ရွက်နေတာ ရှိတယ်လို့ သူက ပြောပါတယ်။

“EAO တွေ၊ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကျွန်တော်တို့အစိုးရရဲ့ မျက်နှာကို မကြည့်ချင်နေ။ နိုင်ငံတော်ရဲ့မျက်နှာ၊ ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ပါလို့ပဲ ကျွန်တော် ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကိုလည်း မြန်မာအစိုးရအနေနဲ့ လူများစုအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ Zero Tolerance Policy ကို ကျင့်သုံးကာ နည်းနည်း လိမ်လည်တာဖြစ်စေ၊ များများ လိမ်လည်တာဖြစ်စေ ခွင့်လွှတ်မှု မရှိစေရေး၊ ရေဆုံးရေဖျားအထိ Aggressive Crackdowns Method နဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်းမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါအပြင် အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေကိုလည်း ဖြိုချ ဖျက်ဆီးလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ KK Park နယ်မြေအတွင်းက တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၄၁၃ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ပတ်ဝန်းကျင် ဒေသတဝိုက်ရှိ အဆောက်အအုံတွေမှာ တရားမဝင် ပြည်ပနိုင်ငံသားတွေ ဝင်ရောက် နေထိုင်ခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း တာဝန်ရှိသူတွေ အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ဒီဇင်ဘာ ၈ ရက်မှ စတင်ကာ ရှာဖွေရှင်းလင်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် မင်းလက်ပံဖြစ်စဥ်နဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီအကြောင်းအရာဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ ကျူးလွန်ပြီး ၎င်းတို့နဲ့ ပတ်သက်မှု မရှိကြောင်းကို ပြသလိုတဲ့ လုပ်ကွက်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ နိုင်ငံတော် အစိုးရရဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေကို အမြစ်ပြတ်အောင် ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့တွေဟာ တချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတဲ့ အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် ပြည်ပနိုင်ငံ သံရုံးတခုမှလည်း မင်းလက်ပံဖြစ်စဥ်မှာ ၎င်းတို့ရဲ့ နိုင်ငံသားတွေ သေဆုံးမှု ရှိခဲ့တယ်ဆိုတဲ့ သတင်းကို လက်ခံရရှိထားတဲ့အတွက် မိမိတို့အနေနဲ့ စုံစမ်း ဖော်ထုတ်မှုတွေ ပြုလုပ်လျက်ရှိပြီး ဖော်ထုတ် ပြီးစီးပါက လုပ်ငန်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ KNU အနေနဲ့ မြန်မာ - ထိုင်း နယ်စပ်မှာ မိမိတို့ ဆောင်ရွက်နေတဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေကို အမြစ်ပြတ် ချေမှုန်းနေခြင်းကို နှောင့်ယှက်ဖို့ တိုက်ပွဲဖြစ်စဥ်တွေ ဖော်ဆောင်နေသလို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ဆက်ဆံမှု ပျက်ပြားစေဖို့ အတွက်လည်း ထိုင်းနိုင်ငံအတွင်း ဗုံးသီးတွေ ပစ်သွင်းခြင်း၊ ကျည်ပစ်သွင်းခြင်းတွေ ရှိနေတာကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်သလို နှစ်နိုင်ငံ နယ်ခြားဒေသတွေနဲ့ ပတ်သက်ပြီးလည်း အခြေခံအဆင့်အထိ ကော်မတီတွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် KNU ရဲ့ မြန်မာ - ထိုင်း နှစ်နိုင်ငံ ပြဿနာဖြစ်စေဖို့ ရည်ရွယ် လုပ်ဆောင်နေမှုတွေကို သက်ဆိုင်ရာ ကော်မတီတွေကတဆင့် ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Photo - CJ

VOM Telegram Channel: https://t.me/VOMNEWS2023/17766

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.

#ဗိုလ်ချုပ်ဇော်မင်းထွန်း #ကျားဖြန့်နှိမ်နင်းရေး

Address

San Francisco, CA

Website

Alerts

Be the first to know and let us send you an email when Save Myanmar San Francisco posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Save Myanmar San Francisco:

Share