Myanmar Community of Minnesota

Call Directions Contact the organization

Myanmar Community of Minnesota Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Community of Minnesota, Nonprofit Organization, Saint Paul, MN.

ရောင်နီ Live in Minnesota ရောင်နီ Tour
12/31/2025

ရောင်နီ Live in Minnesota

ရောင်နီ Tour

မီနီဆိုးတာရောင်နီ ရဲ့ ရရှိ သုံးစွဲ balance update လေးပါဗျ။ ရရှိငွေများကိုလည်း ရည်ရွယ်ရာ ကဏ္ဍ ၄ ရပ်အတိုင်း လိုအပ်ရာနေရာများကို စီစဉ်ပို့ဆောင်နေပြီဖြစ်ပါကြောင်း ပွင့်လင်းမြင်သာစွာ အသိပေးအပ်ပါတယ်။ ဝန်းရံအားပေး စီစဉ်ပေးခဲ့ကြသူများ ဂီတချစ်သူ တော်လှန်ပြည်သူတိုင်းကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 😇😇

#ရောင်နီ

#ရောင်နီ_ustour

🎞️🎬  #သူတောင်းစားရွေးကောက်ပွဲ နှင့်  #ကံ+ကန် ရုပ်ရှင်ပြပွဲနှင့်  #ဆောင်းရာသီရန်ပုံငွေဈေးရောင်းပွဲ 🎬🎞️✊ထိန်းမယ် ၊ သိမ်းမယ...
12/18/2025

🎞️🎬 #သူတောင်းစားရွေးကောက်ပွဲ နှင့် #ကံ+ကန် ရုပ်ရှင်ပြပွဲနှင့် #ဆောင်းရာသီရန်ပုံငွေဈေးရောင်းပွဲ 🎬🎞️

✊ထိန်းမယ် ၊ သိမ်းမယ် ၊ ဘလိန်း ကြမယ် ။ ✊

📍နေရာ - Minnesota ပြည်နယ် St Paul မြို.( Washington Technology Magnet School)

🗓️နေ့ရက် - ဒီဇင်ဘာ ၂၁ ရက် တနဂ်နွေနေ.

⏰အချိန် - 12:00 pm မှ 4:00 pm

🎥 ရုပ်ရှင်ပြပွဲတွင် ကိုစိန်သီးဖန်တီးထားသော ကြော်ငြာထားပြီးဖြစ်သည့် ရုပ်ရှင် ၂ ကားကို အခမဲ့ပြသပေးသွားမည်ဖြစ်ပါသည်။ စုစုပေါင်း အချိန် ၁ နာရီခွဲခန့်။

🤩ရုပ်ရှင်ပြပွဲမှာ ရောင်းချပေးမည့် အစားအစာများ 👇👇

- မမာလာချမ်းမှ ဝက်သားတုပ်ထိုးနှင့် ကြာဇံကြော်၊
ငှက်ပျောသီးရွှေကြည်၊ ပေါက်ဆီ၊အမဲအူပြုတ်။

- သီတာမိုးနှင့်မိသားစုတို့မှ မုန့်ဟင်းခါး၊ ဗယာကြော်၊ လုချင်း၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ အုန်းသီးပေါက်ဆီ၊ ပလာတာ။

- မယာစမင်းစောမိုး၏ ကြက်သားဒန်ပေါက်။

- မနှင်းပွင့်ဖြူမှ ဝက်သားလိပ်ကြော်၊ ကော်ရည်ခေါက်ဆွဲ၊ ဝက်သားကောက်ညှင်းထုပ်၊အုန်းနို့သာကူပြင်။

- စစ်ငြိမ်းအေးနှင့်မနွေးတို့မှ အသုပ်စုံ၊ ရခိုင်မုန့်တီ၊ ကန်စွမ်းဥသာကူပြုတ်၊ ငှက်ပျောသီးကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်၊ လက်ဖက်ရည်။

👌အစားအစာများကို အားပေးချင်သော်လည်း ရာသီဥတုကြောင့်ဖြစ်စေ အချိန်မအားလပ်မှုကြောင့် ဖြစ်စေ ရောက်မလာနိုင်သူများသည် အထက်ဖော်ပြပါစာရင်းတွင် မိမိတို.နှစ်သက်သော အစားအစာများကို မှာယူနိုင်ပါသည်။ ဒေါ်လာ ၅၀ နှင့်အထက် ဝယ်ယူအားပေးသူများကို အိမ်တိုင်ရာရောက်ပို.ဆောင်ပေးသွားမည်ဖြစ်ပါသည်။

🎟️ရုပ်ရှင်ပြပွဲတွင် ကံစမ်းမဲဖောက်ခြင်းအစီအစဥ်လည်း ပါရှိပါသည်။

🏵️ကံစမ်းမဲဆုများမှာ

👉 ဆရာမနုယဉ်လက်မှတ်ထိုးပေးအပ်မည့်
'အမေစု' အောင်နိုင်ရေးပန်းချီပုံ
Print* On Art Card Paper
Size : A3

👉 Revolution T Shirt (ပြင်ပတွင်လုံးဝမရောင်းချသော Handmade လက်ရာ ဆရာမ နုယဉ်ကိုယ်တိုင် ပေးအပ်မည့် “ Revolution " စာတန်းပါ အင်္ကျီ)

👉 ကျောက်စိမ်းပုတီးတစ်ဆင်စာ

တို့ဖြစ်ပါသည်။ ဆုမဲပုံများကို အောက်တွင်ဖော်ပြထားပါသည်။ ကံစမ်းမဲများကို တစ်စောင်လျှင် ၁၀ ဒေါ်လာဖြင့်ကံစမ်းနိုင်ပါသည်။

🤩နောက်ထပ်အထူးအစီအစဉ်🤩

👏Minnesota ပြည်နယ်တွင်းသာမက အခြားသောပြည်နယ်များမှ တော်လှန်မိသားစုဝင်များအားလုံးအတွက်
ဆရာမ နုယဉ်​၏ “ Revolution " စာတန်းပါ အင်္ကျီနောက်တထည် (ပြင်ပတွင်လုံးဝမရောင်းချသော Handmade လက်ရာ)ကို ကံစမ်းရင်းရယူနိုင်မည့် အခွင့်အရေး ဖြစ်ပါတယ် ။
✌️“Revolution “ Tshirt လေး လိုချင်နေသူများအတွက် အခွင့်အရေးကောင်းတခုပါ

📝 မြေပြင်သို့တိုက်ရိုက်အလှူပါဝင်နိုင်ရန် အတွက် အလှူငွေ $100ထည့်ဝင်ပေးသူတိုင်း ကံစမ်းမဲတစ်စောင်နှုန်း ပါဝင်ကံစမ်းခွင့်ရှိပြီး အလှူရှင်များ​၏ အမည်များကို မဲလိပ်များလုပ်၍ သီးသန့်မဲနှိုက်ပေးသွားပါမည်။

အင်္ကျီမဲမပေါက်သော အလှူရှင်များ​၏ မဲလိပ်များကို ဒုတိယအကြိမ်ကံစမ်းခွင့်အနေဖြင့် ဆရာမနုယဉ်
လက်မှတ်ထိုးပေးအပ်မည့် #အမေစုအောင်နိုင်ရေးပန်းချီပုံ(Print* On Art Card Paper
Size : A3) raffle ticket မဲနှိုက်ရာတွင် ထပ်မံထည့်သွင်းမဲနှိုက်ပေးသွားမှာဖြစ်ပါတယ်။

အလှူငွေကို SDB, NUG Pay and Zelle တို့မှတဆင့် ထည့်
ဝင်လှူဒါန်းနှိုင်ပါတယ်။ အချိန် 3 ရက်သာလိုတော့သည်
ဖြစ်တဲ့အတွက် အလှူငွေထည့်ဝင်ပြီး ကံစမ်းလိုပါက
ဒီpage ​၏ chat box မှဖြစ်စေ သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

📲 651 366 1908 (ကိုဇာလီဦး)
📲651 399 1981 (မစစ်ငြိမ်းအေး)

🎤🎼 အဆိုကျော် အဆိုတော်များအတွက် တော်လှန်သီချင်းတွေဟစ်ကြွေးနိုင်ဖို့ free karaoke အစီအစဉ်လည်း ပါရှိပါတယ် ဈေးရောင်းစချိန် 12:00 pm မှ 2:00 pm ရုပ်ရှင်မပြခင်အချိန်အထိ သီဆိုနိုင်ပါတယ်။🎤🎼

ယေဘူယျအားဖြင့် ကျွန်တော်တို့သည် ရန်ပုံငွေပွဲများကို ဒီဇင်ဘာလတွင် ပြုလုပ်လေ့မရှိကြပါ။ သို့သော် အရမ်းခက်ခဲကြပ်တည်းနေသော အညာဒေသ၊ ကရင်နီဒေသ၊ တောင်ပိုင်းတိုင်းများအတွကိ ကူညီပေးနိုင်ရန် ဆိုးရွားအေးချမ်းလွန်းသော ဒီဇင်ဘာဆောင်းတွင်းကို ရင်ဆိုင်အံတုပြီး မိမိတို့အချိန်၊ ငွေ၊ ကာယ ဥာဏလုပ်အားများဖြင့် အားထုတ်ပြီး ပြုလုပ်ပါသောကြောင့် လာရောက်အားပေးကြမည်ကို မျှော်လင့်မိပါသ

မင်္ဂလာပါ မင်နီဆိုးတားပြည်နယ်မှ မိတ်ဆွေတို့ရေ..ပြီးခဲ့တဲ့ နိုဝင်ဘာလက ရောင်နီပွဲလေးနဲ့အတူ အားလုံးရင်ထဲမှာ တော်လှန်စိတ်လေး...
12/06/2025

မင်္ဂလာပါ မင်နီဆိုးတားပြည်နယ်မှ မိတ်ဆွေတို့ရေ..

ပြီးခဲ့တဲ့ နိုဝင်ဘာလက ရောင်နီပွဲလေးနဲ့အတူ အားလုံးရင်ထဲမှာ တော်လှန်စိတ်လေးတွေ အရင်ထက်တဖန်ပိုပြီးအားသန်ခဲ့မယ်လို့ ယုံကြည်ပါတယ်နော်..

အဲ့လိုစိတ်လေးတွေမပျောက်ပျက်သွားဘဲ စကမက ပြုလုပ်သွားမယ့် ရွေးကောက်ပွဲကို မထောက်ခံမအားပေးကြောင်း အားလုံးနဲ့အတူတူရှိနေကြောင်းကိုအင်းအားပြသဖို့ရန်အတွက် ကိုစိန်သီးတို့ ရိုက်ကူးတင်ဆက်ထားတဲ့ "သူတောင်းစား ရွေးကောက်ပွဲ" နှင့် “ကံ+ကန်" ဆိုတဲ့ ရုပ်ရှင်တိုဇာတ်လမ်းနှစ်ကားကို မင်နီဆိုးတားပြည်နယ်မှာ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အခမဲ့ပြသပေးသွားပါမယ်..

ဒီနှစ်အတွက် နောက်ဆုံးဆောင်းရာသီindoor ရန်ပုံငွေဈေးရောင်းပွဲပါတချိန်ထဲတနေရာထဲမှာ ကျင်းပသွားမှာဖြစ်တဲ့အတွက် မိတ်ဆွေသူငယ်ချင်းတွေအတူတူ စားသောက်တွေ့ဆုံရင်း ရုပ်ရှင်လည်းကြည့်ရင်း လာရောက်အားဖြည့်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်

ရန်ပုံငွေဈေးရောင်းပွဲမှာ အတူတူဈေးလာရောင်းပြီးရန်ပုံငွေအတူတူရှာပေးမယ့် မိတ်ဆွေတွေကိုလည်းနွေးထွေးစွာဖိတ်ခေါ်ပါရစေ..

အတူတူရုန်းမှရွေ့မယ့် ဒီပွဲ .. လာပါအတူတူရုန်းကြမယ်နော်..

ဈေးရောင်းပွဲအချိန်- 12 pm to 4:00 pm

ရုပ်ရှင်စတင်ပြသမည့်အချိန်- 2:00 pm

နေရာ- Washington Magnet School

နေ့ရက် - 12/21/2025 ( Sunday)

အတူတူ “ ထိန်းမယ်" "သိမ်းမယ်" "ဘလိန်းကြမယ်" ကွယ်

ရောင်နီ Live in Minnesota ပွဲလေးအောင်မြင်စွာပြီးဆုံး...အားလုံးရဲ့အားတွေနဲ့ပြီးသွားတဲ့ ပွဲတစ်ခုအတွက် ပါဝင်ခဲ့ကြသူ တစ်ဦးတစ...
11/04/2025

ရောင်နီ Live in Minnesota ပွဲလေးအောင်မြင်စွာပြီးဆုံး...

အားလုံးရဲ့အားတွေနဲ့ပြီးသွားတဲ့ ပွဲတစ်ခုအတွက် ပါဝင်ခဲ့ကြသူ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်..🙏🙏🙏

11/01/2025

Minnesota မှာလင်းလက်နေတဲ့ရောင်နီ...❤️

ရောင်နီ 𝓛𝓘𝓥𝓔 𝓘𝓝 𝓜𝓘𝓝𝓝𝓔𝓢𝓞𝓣𝓐🌅ရောင်နီရဲ့ Live in Minnesota ဂီတဖျော်ဖြေပွဲကို ခမ်းနားထည်ဝါအောင်မြင်စွာကျင်းပနိုင်စေဖို့ ရွှေပ...
10/31/2025

ရောင်နီ 𝓛𝓘𝓥𝓔 𝓘𝓝 𝓜𝓘𝓝𝓝𝓔𝓢𝓞𝓣𝓐🌅

ရောင်နီရဲ့ Live in Minnesota ဂီတဖျော်ဖြေပွဲကို ခမ်းနားထည်ဝါအောင်မြင်စွာကျင်းပနိုင်စေဖို့ ရွှေပွဲလာ ရင်ဘတ်တူ ဂီတချစ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဒီဆောင်ရန်၊ရှောင်ရန် သတ်မှတ်ထားတာလေးတွေကို အတူပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။

🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

📍Do's 📍
------------

📍အစားအသောက်များကို စားသောက်ခန်းမအတွင်းမှာ လွတ်လပ်စွာသုံးဆောင်ဝယ်ယူနိုင်သလို microwave oven လည်း ထားရှိပေးထားမှာဖြစ်ပါတယ်

📍အစားအသောက် နှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန် Cash ဖြင့်သာလက်ခံမှာ ဖြစ်ပါတယ်။

📍ပွဲသို့လာရောက်အားပေးသော ပရိတ်သတ်မိသားစုများအတွက် ပွဲနှင့်ပတ်သက်သော လိုအပ်သည့်ဝန်ဆောင်မှုများအတွက် Volunteer များ အသင့်ရှိပါမယ်။

📍 လက်မှတ်မဝယ်ယူထားသူများအနေဖြင့် ပွဲခန်းမအတွင်း မဝင်ရောက်မီ လက်မှတ်များ ဝယ်ယူနိုင်ရန် စီစဉ်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🚫 Don'ts 🚫
--------------

🚫 Stage ပေါ်သို့ မည်သူမျှ တက်ရောက်ခွင့်မပြုပါ။

🚫 ပွဲခန်းမအတွင်း (Auditorium) သို့ Professional/Commercial Camera များ (လုံးဝ)ယူဆောင်ခွင့်မပြုပါ။

🚫 ပွဲကျင်းပနေစဥ်အတွင်း မည်သူမျှ Social Media Live Streaming (i.e. Instagram/Facebook Live လွှင့်ခြင်း ) နှင့် Video ရိုက်ကူးခြင်းများ ခွင့်မပြုပါ။

🚫 ပွဲကျင်းပနေချိန်ခန်းမအတွင်း သတင်းMediaများအနေဖြင့် သတင်းမှတ်တမ်းရယူရိုက်ကူးခြင်း ခွင့်မပြုပါ။ ပွဲနှင့်ပတ်သက်သော လိုအပ်သည့်သတင်းအချက်အလက်များအတွက် Media Spokesperson မှလွဲ၍ အခြားသူများဖြေကြားသော သတင်းအချက်အလက်များသည် ပွဲကျင်းပသည့် Organizer Team မှ တာဝန်ခံမည် မဟုတ်ပါ။

🚫 ဖျော်ဖြေပွဲကျင်းပနေချိန်တွင် လက်ဆောင်ပန်းစီး၊ ပန်းခြင်းများ ရောင်းချမည်မဟုတ်ပါ။ ( သီဆိုဖျော်ဖြေမှုအနှောက်အယှက်မဖြစ်နိုင်စေရန်အတွက် မိမိကိုယ်ပိုင်ယူဆောင်လာသော ပန်းစီး၊ ပန်းခြင်းများ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကိုလည်း မပြုလုပ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။)

🚫 ပွဲကျင်းပရာနေရာသို့ အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ ယူဆောင်လာခြင်း၊ အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများ (လုံးဝ) ခွင့်မပြုပါ။

🚫 ပွဲခန်းမအတွင်း ဝင်ရောက်ချိန်တိုင်း လုံခြုံရေးအရ
ရှာဖွေစစ်ဆေးခြင်းကို ကြည်ဖြူစွာ စစ်ဆေးခံပေးပါရန် မေတ္တာရပ်ခံပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပွဲနှင့်ပတ်သတ်သော သတင်းအချက်အလက်များအတွက် စုံစမ်းမေးမြန်းလိုပါက Myanmar Community of Minnesota page သို့ မေးနိုင်ပါသည်။

#ရောင်နီLiveInMinnesot
#ရောင်နီ_ustour
#ရောင်နီ

လက်မှတ်မဝယ်ရသေးရင် ဒီမှာ (မနက်ဖြန်လည်း walk-in လက်မှတ်လေးတွေရောင်းပေးပါမယ်ရှင်) ဝယ်လို့ရ 👉👉🎫 လက်မှတ် ဝယ်ယူရရှိနိင်သော နေ...
10/31/2025

လက်မှတ်မဝယ်ရသေးရင် ဒီမှာ (မနက်ဖြန်လည်း walk-in လက်မှတ်လေးတွေရောင်းပေးပါမယ်ရှင်) ဝယ်လို့ရ 👉👉

🎫 လက်မှတ် ဝယ်ယူရရှိနိင်သော နေရာများ

📍Golden Palace Asian Market & Deli
( 1020 Rice Street Saint Paul MN 55117)

📍Kyaw Karen Market
( 945D Rice Street Saint Paul MN 55117)

📍Highlight Grocery
(1703 Rice Street, Roseville, MN 55113)

အောက်ပါဖုန်းနံပါတ်များထံလည်းဆက်သွယ် ဝယ်ယူနိင်ပါသည်

☎️Ko Zarli Oo (651-366-1908)
☎️Ko Saw Kennedy (206-946-0729)
☎️Ko Zaw Win Htut (952-456-2052)
☎️Ko Nay Htoo (651-529-5066)

Ticket Price - $100 | $50

Show Time - 5:00 PM to 9:30 PM

Date - Nov 1, 2025

Venue- Washington Technology Magnet School, 1495 Rice Street Saint Paul MN 55117

💛🧡❤️🩷💚🩵💙💜🤎🤍
မနက်ဖြန်အတွက် ရင်တွေခုန်နေပြီနော့် ❣️❣️
ရောင်နီ Live in Minnesota
ကိုတူးတူး မမနုယဉ် ကိုလင်းလင်းရဲ့ သီချင်းလေးတွေ
ကိုလင်းပုံဂစ်တာအပါအဝင် လေလံပွဲလေး
ဆရာမနုယဉ်ရဲ့ ပုံတူဆွဲပေးမယ့် ကံစမ်းမဲ
မြန်မာအလွမ်းပြေစားစရာလေးတွေ …

အိုမို … အိုမို .. အားလုံးအစုံ တနေရာထဲမှာနော့် 🥰🥰

📌ဆရာမနုယဉ်ရဲ့ အလှူငွေ ၂၀၀$ အထက်ထည့်ဝင်သူတွေကို မဲနှိုက်ပြီး ပုံတူပန်းချီလေးဆွဲပေးမယ့်အကြောင်း 👉👉 https://www.facebook.com/share/p/17Vbp6R6Vy/

📌ကိုလင်းပုံတူပန်းချီလေးပါတဲ့ ရောင်နီ theme နဲ့ ဂစ်တာလေလံလေးအကြောင်း 👉👉
https://www.facebook.com/share/v/17RRBBk6dh/?mibextid=wwXIfr

#ရောင်နီ
#ရောင်နီ_minnesota
#ရောင်နီ_ustour

ရောင်နီ 𝓛𝓘𝓥𝓔 𝓘𝓝 𝓜𝓘𝓝𝓝𝓔𝓢𝓞𝓣𝓐ရောင်နီရဲ့ ပွဲ့နေ့လေးရောက်ဖို့ 2 ရက်သာလိုပါတော့တယ်နော်..လက်မှတ်တွေဝယ်ထားပြီးကြပြီလား... မဝယ်ရသေ...
10/30/2025

ရောင်နီ 𝓛𝓘𝓥𝓔 𝓘𝓝 𝓜𝓘𝓝𝓝𝓔𝓢𝓞𝓣𝓐

ရောင်နီရဲ့ ပွဲ့နေ့လေးရောက်ဖို့ 2 ရက်သာလိုပါတော့တယ်နော်..

လက်မှတ်တွေဝယ်ထားပြီးကြပြီလား... မဝယ်ရသေးဘူးဆိုရင် အခုဘဲလာဝယ်လိုက်တော့နော်.. 😊

ပြီးတော့ နောက်ထပ် ယူတို့ကို ပြောပြချင်တာလေးရှိသေးတယ်သိလား..

အဲ့ဒါက ယူတို့အကြိုက် အစားအစာတွေလည်း စုံနေအောင် အဲ့နေ့မှာရောင်းချပေးသွားဦးမှာနော်..

Menu လေးကိုသာတချက် show.. 👇👇👇

🤩ကြက်သားဒန်ပေါက်

🤩ဝက်သားတုတ်ထိုးနှင့်ကြာဇံကြော်

🤩မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ

🤩တို့ဟူးသုပ်၊ နန်းကြီးသုပ်

🤩အမဲသားခြေထောက်စွပ်ပြုတ်၊

🤩မုန့်လုံးကြီး၊ ပေါက်ဆီ၊ ငှက်ပျောသီး ဆနွင်းမကင်း

🤩ရွှေကြည်ဆနွင်းမကင်း

🤩စမူဆာ၊ ဘယာကြော်

🤩ငှက်ပျောကောက်ညှင်းထုပ်

🤩အုန်းသီး ကောက်ညှင်းဖင်ချွန်ထုပ်

🤩ကောက်ညှင်းကျည်တောက် ( ဖြူ/မဲ)

🤩ကောက်ညှင်းပြောင်းဖူးပြုပ်

🤩လက်ဘက်ရည်

🤩ဖာလူဒါ

🤩လိပ်သည်းမန်ကျည်းဖျော်ရည်

အိုး..အများကြီးဘဲနော်..

👌အစားအစာတွေကို မည်သူမဆိုလာရောက်ဝယ်ယူအားပေးလို့ရပါတယ်နော်..

ပွဲမကြည့်အားလို့ ပွဲလက်မှတ်မဝယ်ထားရလို့ ပူစရာမလို..အစားအသောက်တွေ.. လာဝယ်စားပြီး အားဖြည့်လို့ရပါကြောင်း လက်တို့လိုက်ပြီနော်..

⏰အစားအစာများကို နေ့လည် 12 နာရီမှ ညနေ 4 နာရီ ပွဲမစခင်အချိန်ထိ ရောင်းချပေးသွားမှာဖြစ်ပါတယ်

အဲ့တော့နေ့လည်စာရော ညနေစာပါ ပူစရာမလိုတော့ဘူးနော်

ဈေးရောင်းပွဲကိုသာအမီလာပြီးအားပေးလိုက်ကြတော့.. 😉

နောက်ပြီး ရောင်နီရဲ့အမှတ်တရ T shirt and Hoodie တွေလည်း ပွဲမှာ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် pre order မတင်လိုက်ရလို့ မသိလိုက်လို့ဆိုတဲ့ မိတ်ဆွေများ ပွဲမှာ စိတ်တိုင်းကျဝယ်ယူအားပေးလို့ရပါတယ်နော်..

အခြားသော Revo merchandise လေးတွေလည်း ရောင်းချပေးဖို့ရှိသေးတယ်တိုတော့ .. အချိန်ရရင် စောစောလာခဲ့ကြနော် ဈေးတန်းလေးပတ်ရင်း မိတ်ဆွေတွေအချင်းချင်း ဆုံကြ စားကြရတာပေါ့နော် ..🫶

နောက်ထပ် ရောင်နီ Minnesota ရဲ့ အထူးအစီစဉ်လေးဖြစ်တဲ့ အလှူလည်းပါ ကံလည်းစမ်းရင်း ဆရာမနုယဉ်ရဲ့ ပန်းချီလက်ရာ ကို ရရှိမယ့် အခွင့်အရေးလေးလည်း မသိသေးရင် အောက်က link မှာ ဝင်ဖတ်သွားပါဦးနော်..

https://www.facebook.com/share/p/1FmVgfcAPx/?mibextid=wwXIfr

https://www.facebook.com/share/v/17HNcDhW4J/?mibextid=wwXIfr

Address

Saint Paul, MN

Telephone

+16125847277

Website

Alerts

Be the first to know and let us send you an email when Myanmar Community of Minnesota posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Community of Minnesota:

Shortcuts

Share