Free Burma Action Committee - Sacramento

Free Burma Action Committee - Sacramento We are a committee of Burmese and Burmese Americans in Sacramento, CA dedicated to amplify the voices of Burmese people.

We organize protests and donations to stand together with the people of Myanmar.

လက်မှတ်ဝယ်ပါလို့ ရောင်းတာမဟုတ်ပါဘူး။တယောက် $ ၅၀ နှုန်းလောက် မြန်မာပြည်ကြီးအတွက် အလှူငွေ ထည့်ဝင်ကြပါလို့ပြောချင်ပါတယ် ။ထည...
08/18/2023

လက်မှတ်ဝယ်ပါလို့ ရောင်းတာမဟုတ်ပါဘူး။

တယောက် $ ၅၀ နှုန်းလောက် မြန်မာပြည်ကြီးအတွက် အလှူငွေ ထည့်ဝင်ကြပါလို့ပြောချင်ပါတယ် ။

ထည့်ဝင်ကြတဲ့သူတဦးစီကို နံပါတ်ပါတဲ့ လက်မှတ်လေးတစောင်စီ ထုတ်ပေးပြီး၊ အဲ့ဒီ့နံပါတ်လေးတွေက မဲ နံပါတ်လေးတွေပါ ။
မဲပေါက်တဲ့ ကံထူးရှင်ကို ပြည်သူ့အချစ်တော် မင်းသမီးချော ချစ်သုဝေက အမှတ်တရ လက်ဆောင်လေးတွေ လက်မှတ်ထိုးပြီးပေးမှာပါ ။
ကန့်သန့်ချက် မထားပင်မဲ့ ရုံပြည့်သွားရင်တော့ မဲနံပါတ်ထုတ်ပေးတာကို ရပ်လိုက်မှာပါ ။

ပြီးတော့လဲ အဲ့ဒီ လက်မှတ်လေးကိုပြပြီး ခန်းမကြီးမှာ အောက်ပါအစီအစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆင်နွဲလို့ ရပါတယ် ။

အမြန်ဆုံး ဆက်သွယ်ပြီး အလှူငွေထည့်ဝင်ကြပါ ။

ထည့်ဝင်ကြမယ်ဆိုရင် -
ကိုဇော် 916 367 1435 ၊
ကိုစောထူး (916) 923-8510၊
ကိုမိုးဆန်း (626) 321-2924
ကိုစည်သူနောင် (916) 837-7414

ပွဲကတော့ အောက်ပါ တိုင်းရင်းသား ပွဲတော်ကြီးပါ ။
==============================
Sacramento မှာ တိုင်းရင်းသားအားလုံးပေါင်းပြီး မြန်မာပြည်ကြီးအတွက် စုပေါင်း ရံပုံငွေရှာကြမယ် ။

အဲ့ဒီပွဲမှာ တိုင်းရင်းသားစစ်စစ်တွေက မိမိတို့ယဉ်ကျေးမှုတွေကို ဖော်ထုတ်ပြီး ဖယ်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ ဆိုတဲ့ ပန်းတိုင်ကို ပုံဖော်ကြမယ် ။
တိုင်းရင်းသားတွေ နဲ့ အတူ social influencer ပန်ဆယ်လို၊လူသိများတဲ့ အနုပညာအချစ်တော် game master ကြီး၊ တော်လှန်ရေး hip hop dancer ကိုAh ကျုံးနှင့်အက အဖွဲ့ ၊ DJ Phillip တို့ကပါ အားဖြည့် ပြီး တမူထူးခြားတဲ့ အထူးအစီအစဉ်တွေ နဲ့ ပရိတ်သတ် မငြီးငွေ့အောင် ရံပုံငွေပွဲကိုပြုလုပ်ကြမှာဖြစ်ပါတယ် ။

ဒါတင်မက နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုတံဆိပ်တွေ အများအပြားဆွတ်ခူးရရှိခဲ့တဲ့ ဒါရိုက်တာ ကိုလင်းလင်းရိုက်ကူး ခဲ့တဲ့ The Way ဂီတရုပ်ရှင် ကိုပြသမှာ ဖြစ်ပြီး ၊ ခေါင်းဆောင်မင်းသမီးတွေဖြစ်တဲ့ ချစ်သုဝေ ၊ မြတ်နိုးအေး တို့က ပရိတ်သတ်နဲ့ အတူ zoom ကနေ အတူရှိနေမှာ ဖြစ်ပြီး ရုပ်ရှင်ပြသပြီးချိန်မှာ ဒါရိုက်တာ ၊ မင်းသမီးတွေနဲ့ zoom က နေ ပရိသတ်တို့ တိုက်ရိုက်စကားပြောတဲ့ အစီအစဉ်ကိုလဲ ထည့်သွင်းထားပါတဉယ်။
ရံပုံငွေအတွက် အစားအသောက်များ နဲ့ အတူ ချစ်သူဝေ ရဲ့ ကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရာများကိုလဲ ရရာင်းချသွားပေးမှာ ဖြစ်ပါတယ်။
ပွဲဝင်ခ တဦးကို $ ၅၀ ထည့်ဝင်ပြီး မြန်မာပြည်ကြီးအတွက် လှူဒါန်းကြမှာ ဖြစ်ပါတယ် ။
( ပွဲဝင်ခ အဖြစ်တော့ ၁၈ နှစ်အောက်တွေ ပေးဖို့ မလိုပင်မဲ့၊ အလှူငွေ အဖြစ်ထည့်ဝင်နိုင်ပါတယ်)

နေရာ။ ။ Folsom Community Center
52 Natoma St , Folsom CA 95630
နေ့ရက်။ ဩဂုတ်လ ၂၆ ရက် စနေနေ့
အချိန်။ ညနေ ၃ နာရိ မှ ၈ နာရီ

Photos: credit to owner(s)

08/18/2023

ဒီလမ်းဟာ ငါတို့ ညီအကို မောင်နှမ ဗမာအပါအဝင်တိုင်းရင်းသားတွေ ရွေးခဲ့တဲ့ လမ်း “ THE WAY”

ဒီလမ်း The Way ကိုဆက်လျှောက်ဖို့ သွေးသစ်လောင်းဖို့ ငါတို့အားလုံး ဒီနေရာ ဒီအချိန်မှာ ဆုံကြမယ် ။

နေရာ။ ။ Folsom Community Center
52 Natoma St , Folsom CA 95630
နေ့ရက်။ ဩဂုတ်လ ၂၆ ရက် စနေနေ့
အချိန်။ ညနေ ၃ နာရိ မှ ၈ နာရီ

03/27/2023

(၇၈)နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့ထုတ်ပြန်ကြေညာချက်

ရက်စွဲ ။ ။ (၂၀၂၃)ခုနှစ် မတ်လ(၂၅)ရက် စနေနေ့ Northern California

မကြာမီ ကျရောက်တော့မည့် မတ်လ(၂၇)ရက်နေ့သည် ကျွန်ုပ်တို့မြန်မာနိုင်ငံတော်နှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ ဖက်စစ်စနစ်ကို စတင်တော်လှန်ခဲ့သောနေ့ဖြစ်၍ မြန်မာနိုင်ငံ၏သမိုင်းတွင် ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ မတရားမှုမှန်သမျှကို ရဲ့ဝင့်ပြောင်မြောက်စွာ တော်လှန်ခဲ့ကြသော လူမျိုးစုံ တိုင်းရင်းသားပြည်သူတရပ်လုံး၏ တော်လှန်ရေး စိတ်ဓါတ်ကိုထူးခြားပြောင်မြောက်စွာ သမိုင်းမှတ်တမ်းတင်စေခဲ့သည့် (၇၈) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်သည်။
မြန်မာ့သမိုင်းတွင် ပြည်သူများသည် သမိုင်း၏ပဲ့ကိုင်ရှင်များ ဖြစ်၍ ပြည်သူသာအမိပြည်သူသာအဖ အဖြစ် အနှစ်သာရရှိစွာ ဂုဏ်ပြုမှတ်တမ်းတင်ထားပါသော်လည်း ယုတ်မာရက်စက်အကြံပက်စက်သော စစ်အာဏာရှင်တစုတို့သည် ထိုဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု တရားမဝင် ပြောင်းလဲသုံးနှုံးကာ တပ်မတော်သာအမိတပ်မတော်သာအဖ ဆိုသောစစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွေးအခေါ်ကိုသွတ်သွင်းခဲ့ကြသည်။
စစ်အာဏာရှင်အဆက်ဆက်တို့သည် မိမိတို့ရပ်တည်မှုတရားဝင်ရေးနှင့် တိုင်းရင်းသား ပြည်သူတရပ်လုံး စစ်ဖိနပ်သံခွါအောက်တွင် ငြိမ်ဝပ်ပြားနေစေရန် ရည်ရွယ်လျက် အတုအယောင် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဉပဒေကို ရေးဆွဲခဲ့ကြပြီး စစ်အာဏာရှင်သက်တမ်းကိုသက်ဆိုးရှည်စေခဲ့သည်။ အမှန်တရားနှင့်ပြည်သူ့ဆန္ဒကိုလစ်လျူရှုလျက် သမိုင်းကိုပြောင်းပြန်လှန်နေကြခြင်းကြောင့် အကျိုးဆက်အဖြစ် အမှားကြာအမှန်ဖြစ်ကာ စစ်အာဏာရှင်တို့၏ စစ်ကျွန်သွတ်သွင်းမှုကိုပြည်သူတရပ်လုံး ခါးစည်းခံရမည့်အရေးမှ ကာကွယ်တိုက်ဖျက်ကြရန်မှာ ကျွန်ုပ်တို့အားလုံး၏သမိုင်းပေးတာဝန်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဖက်စစ်တော်လှန်ရေးနေ့အစား တပ်မတော်နေ့ဟုရည်ရွယ်ချက်ရှိရှိ အမှားတရားသွတ်သွင်းခြင်းကို၊ ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူတရပ်လုံးကအသိဉာဏ်ဆင်ခြင်တုံတရားတို့နှင့် ဆန့်ကျင်ကြရမည်ဖြစ်သလို စစ်အာဏာရှင်စနစ်ကို ဤနွေဉီးတော်လှန်ရေးဖြင့် အပြီးတိုင်အမြစ်ဖြတ်ချေမှုန်း၍ လွပ်လပ်ခြင်း၊ချစ်ကြည်ခြင်း၊ညီမျှခြင်းစသည့် ဒီမိုကရေစီအခြေခံသဘောတရားများကို အုတ်မြစ်ချကာ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေး ဆိုသည့်ဖက်ဒရယ်သဘောတရား အပြည့်အဝပါသည့် အဆောက်အဦးကြီးကို ခိုင်မာစွာတည်ဆောက်ရေးအတွက်၊ကျွန်ုပ်တို့အနေနှင့်ပြည်တွင်းပြည်ပတိုင်းရင်းသား ပြည်သူတရပ်လုံးနှင့် လက်တွဲကာနည်းလမ်းပေါင်းစုံသုံး၍အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ပြည်သူနဲ့အတူချီတက်ကြ၊ ပြည်သူနဲ့အတူတိုက်ပွဲဝင်ကြ၊ အရေးတော်ပုံအောင်ရမည်။

Dictatorship Resistance Day Declaration အာဏာရှင်ဆန့်ကျင်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်
March 27, 2023 (၂၀၂၃)ခုနှစ် မတ်လ(၂၇)ရက်
Two years after the unlawful military coup in Myanmar (Burma), while the people of Burma (Myanmar) are suffering from the war conducted on the civilians by their own military, the military junta will be celebrating the Armed Forces Day with a grand parade to display its might and a lavish dinner for the military brass and diplomats from the few nations which are still engaging with them sans official recognition.
The Armed Forces Day originated as Anti-Fascist Resistance Day to celebrate, March 27, 1945, when the Burmese army’s founding commander Maj. Gen. Aung San delivered an anti-Fascist speech to the Burma Defense Army (BDA) in the parade ground at the foot of Shwe Dagon Pagoda, and joined the Allied Forces in the fight against Japan’s Fascist forces in Burma. The military leadership misappropriated this Anti-Fascist Resistance Day as the Armed Forces Day during Gen. Ne Win’s one-party military dictatorship half-century ago, after airbrushing the contributions and roles of other historical actors such as Burmese Communists, Socialists and western liberals who forged a broad-based resistance against the common enemy of Japanese Fascist occupier.
Now the people of Burma are lamenting the degeneration of Gen Aung San’s patriotic army into an opportunistic, criminal organization which serves only the interests of the leaders and terrorizes the people to submit to their high-jacking the country.
Fittingly, many Burmese reclaimed March 27 as Anti-Fascist Resistance Day, and mock the military parade in Naypyidaw as the Funeral of Myanmar’s defense force which was considered honorable in the past.
So, on the Armed Forces Day of Burma, March 27, 2023, the Burmese American Diaspora Community reclaim the day as the “Dictatorship Resistance Day” and vow to resist the Military Junta of Myanmar until the Fascist Military dictatorship system is eradicated from our political arena.
We also demand redress for the following crimes committed against the People of Burma by the Military of Burma, starting from1962, when the military usurped the power of the people with a coup.
These crimes are continuing at present and escalating.
Repression of the will of the people -The people’s will for self-determination in government is repressed by terrorizing the entire populace. All dissent has been crushed through indiscriminate use of arms. Murders, arbitrary detention, enforced disappearances, r**e, other sexual and gender-based violence, torture and severe deprivation of liberty has been committed to terrorize and subjugate the people.
Exploitation of the natural resources of the country for personal benefit – The majority of the proceeds from the exploitation of the considerable natural resources of the country has been misappropriated by the military leadership and their cronies. Meanwhile, the development and upkeep of the country’s essential services, public health and education has been drastically underfunded.
Destroying the public education system – Ignorance is used as a tool to suppress dissent. The country’s education system was systematically destroyed to keep the population uninformed and divided. Literacy in English was especially suppressed so that the flow of ideas and information into and out of the country can be controlled. This resulted in the suppression of the development of human potential, reducing the productivity of nation and kept the majority of the population in poverty.
Destroying the economy – The economy of the country was systemically destroyed to keep the majority in poor and desperate. Employment and advancement are based on loyalty only. The value of education, experience and intelligence are reduced to point of irrelevance. People were driven to be corrupt by desperation and were forced by circumstance and ignorance to inform on each other. Trust and unity among the people were destroyed systemically so that the military dictatorship could retain their power.
Destroying the rule of law – All the laws were written to protect the military dictatorship only. The constitution was written to protect power of the military. The military could commit crimes against humanity including murder, arbitrary detention, r**e, torture, looting and destruction of property with impunity.
Destroying the healthcare system – The military has been destroying, burning and closing hospitals and medical clinics since the coup of 2021. They have been arresting doctors and nurses who are suspected of supporting the resistance and also with the evil intent of creating a humanitarian crisis.
Destroying the unity among the different ethnic groups - The military wants to promote itself as the unifier of the country but in order to promote itself as such, it adopted divide and rule policies and fostered divisions for the last sixty years so that the people will not be able to resist cohesively. We implore our own ethnic groups to be more mindful of that and unite for cohesive action. Be mindful of acting in the best interest of all your own people. It is now or never.
We implore the international community to help to resolve the Myanmar situation with political pressure on the military, assistance of any shape or form to the resistance fighters even if it is non-lethal, and humanitarian aid to the refugees, displaced persons and the political prisoners. Assistance to the public employees who have participated in the “Civil disobedience Movement” has been forgotten and is desperately needed to keep the movement alive.
We had received very little effective assistance in the two years since the coup during which time, the people have been resisting with extreme courage against overwhelming odds.
At the very least, the UN Human Rights commissioner’s recommendations for Human Rights Council members to do their utmost to deliver humanitarian support directly to Myanmar’s people, including by channeling operations through grassroots organizations and all UN Member States to promote dialogue and sustainable solutions that are representative of the will of the Myanmar people, in order “to bring an end to this brutal crisis” should be accomplished.
The crisis in Myanmar is not just internal strife in a small south East Asian country. It is an affront to democracy and rule of law which could spill over and destabilize the entire region.
In Solidarity
On behalf of the people of Myanmar
Burmese Community Democracy Activist Groups and Organizations –
1. Action Against Myanmar Military Coup (AAMMC)
2. Anti-Dictatorship in Burma - DC Metro Area, USA
3. Austin Myanmar Community
4. Alliance for Democracy in Myanmar
5. Bay Area Chin Community
6. Bay Area Kachin community
7. Blood Money Campaign
8. Boston Free Burma (Boston, Massachusetts)
9. Burmese American Democratic Alliance (BADA)
10. Burmese American Women’s Alliance (BAWA)
11. Burmese Canadian Network
12. Burmese Chin Community of Atlanta
13. Burmese Student Association San Jose City college (BURSA SJCC)
14. Cal Poly Burmese Association
15. Chin Community of USA-DC Area
16. DFW Myanmar Ethnic Community
17. Free Burma Action Committee (FBAC) Central Valley
18. Free Burma Action Committee (FBAC) Chico
19. Free Burma Action Committee (FBAC) Sacramento
20. Free Burma Action Committee (FBAC) San Francisco and Bay Area
21. Free Myanmar Campaign USA (Indianapolis, Indiana)
22. Free Myanmar Inc.
23. Global Movement for Myanmar Democracy (GM4MD)
24. Global Myanmar Spring Revolution (GMSR)
25. Help Myanmar (San Francisco Bay Area)
26. Helping Hands for Burma (H2B) New York
27. Japan Myanmar Help Network
28. Kachin Alliance, Washington D.C.,
29. USA Kachin Cultural and Literature Association
30. Light of Youth (MD)
31. Los Angeles Myanmar Movement (LA2M)
32. Myanmar Campaign Network
33. Myanmar Diaspora for Democracy (MD4D)
34. Myanmar Emergency Fund-Canada
35. New York City Burmese Community (NYCBC)
36. One dollar for people of Burma
37. Save Myanmar (San Francisco Bay Area)
38. Save Myanmar USA
39. Students for Free Burma
40. Support Group for Democracy in Myanmar ( NL )
41. United Hands for Myanmar
42. United Myanmar Alliance (UMA) of Florida
43. University of California, Burmese Students Association (UCLA BURSA)
44. University of Southern California, Burmese Students Association (USC BURSA)
45. U.S. Advocacy Coalition for Myanmar (USACM)
46. Women Activists Myanmar

မြန်မာပြည်တွင်း မှာ ဖြစ်ပျက်နေသည့် အကြောင်းအရာ များ အမှန်အတိုင်း နိုင်ငံတကာသို့ အချိန်နှင့် တပြေးညီ ချပြနိုုင်ရန် သံအမတ်...
08/30/2022

မြန်မာပြည်တွင်း မှာ ဖြစ်ပျက်နေသည့် အကြောင်းအရာ များ အမှန်အတိုင်း နိုင်ငံတကာသို့ အချိန်နှင့် တပြေးညီ ချပြနိုုင်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း UN တွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးသည် အလွန်အရေးကြီးနေပါသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း နောင်တနှစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ခွင့် မရရှိတော့ပါက ၊ အစားထိုးဝင်ရောင်လာမည့် စကစ ကိုယ်စားလှယ်သည် နိုင်ငံတကာကို လိမ်လည်လှည့်ဖျားတင်ပြလျှင် ၊ နွေဦးတော်လှန်ရေး အားနည်းသွားပြီး ပြည်သု့အောင်ပွဲ အလှမ်းဝေးသွားနိုင်ရုံမျှမက နွေဦးတော်လှန်ရေး သံတမန်ရေးရာတိုက်ပွဲလည်း အားအင်ချိနဲ့သွားနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဦးကျော်မိုးထွန်း နောက်ထပ် တနှစ်သက်တမ်းဆက်လက်ထမ်းဆောင်နိုင်ရေး တောင်းဆိုဆန္ဒပြကြဖို့ နိုးဆော်အပ်ပါသည်။

(Free Burma Action Committee- Sacramento )

You are cordially invited to joinBurma's Human Rights Day and World Peace Solidarity Rally- Northern California Democrat...
03/09/2022

You are cordially invited to join

Burma's Human Rights Day and World Peace Solidarity Rally- Northern California Democratic Communities

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး- မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် စုပေါင်း လူထုဆန္ဒပြပွဲ

Date: 03/12/22 (Saturday) Time: 1-4pm
Place: In Front of SF City Hall

The Rally is
- to raise awareness about Burma's Human Rights Issues,
- to ask for support and solidarity from the US government and international community,
- to show solidarity for Ukraine and
- to promote global alliances for global peace.

https://youtu.be/G_AvTz9qGBUမြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ- ကယ်လီဖိုးနီးယားမြောက်ပိုင်း  ( FBAC- NorCal) မ...
01/05/2022

https://youtu.be/G_AvTz9qGBU

မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ- ကယ်လီဖိုးနီးယားမြောက်ပိုင်း ( FBAC- NorCal) မှ ဦးစီး၍ NUG ဝန်ကြီးချုပ်ဖလား ရန်ပုံငွေ ဘောလုံးပွဲစဉ်များ ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် Sacramento နှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် San Francisco များတွင် ကျင်းပ မည်ဖြစ်ပြီး ၊ ဇန်နဝါရီလ ၂၃ ရက်နေ့ တွင် Newark Pavilion ခန်းမကြီးတွင် ဆုပေးပွဲအခန်းအနားကို ဂီတဖြေဖျော် ပွဲများ ၊အစားအစာ ရောင်းပွဲများဖြင့် စည်ကား သိုက်မြှိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါ၍ လာရောက်အားပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။
စပွန်ဆာငွေများ၊ အလှူငွေများကို အောက်ပါ လုပ်အားပေး ပုဂ္ဂိုလ်များထံ လှူဒါန်းပေးအပ်နိုင်ပါသည်။
ကစားကွင်းငှားခ နှင့် ဘောလုံးသမားများ ဆန်ဖရန်စ္စကိုအသွားအပြန် ခရီးစရိတ်နှုတ်ပြီး ကျန်ငွေများအားလုံး မြန်မာပြည် ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးကိစ္စများအတွက် လှူဒါန်းသွားပါမည်။
San Francisco
၁။ ကိုကျော်ကျော်စိုး +1 (415) 377-7966

Central Valley
၁။ ကိုဂျိမ်းစ်မြတ် +1 (415) 240-5641

Sacramento
၁။ ကိုစောလားကပေါ် 1 (916) 695-5722
၂။ Dr မိုးဆန်း (626) 321-2924
၃။ ကိုစည်သူနောင် +1 (916) 837-7414

PayPal အကောင့် [email protected] သို့လည်းပေးပို့လှူဒါန်းနိုင်ပါသည်။ ဘယ်သူက ဘယ်လောက်လှူလိုက်လဲဆိုတာ အဲ့ဒီ့ email ကို အကြောင်းကြားပေးပါ။

NUG Prime Minister Cup Soccer Tournament Promo with Adrian ZawMore Details on Facebook: https://www.facebook.com/FBACSF/photos/a.345069443302213/591484688660...

12/18/2021

Postcard တွေပို့ပေးနေတာ
တချို့တွေရောက်ကုန်ကြပါပြီ ✊✊✊

မရောက်သေးတဲ့ လူတွေလည်းစိတ်မပူကြပါနဲ့
ရောက်လာမှာပါ 🤝

ဒီပဲယင်း။
12/09/2021

ဒီပဲယင်း။

San Francisco မြို့ Lowell High School တွင် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပမည့် မြန်မာ ပြည်ငြိမ်းချမ်းရေး ဂီတပွဲတော် ..- အမှ...
11/23/2021

San Francisco မြို့ Lowell High School တွင် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပမည့် မြန်မာ ပြည်ငြိမ်းချမ်းရေး ဂီတပွဲတော် ..- အမှတ်စဉ် ၁ အတွက် ၊ လက်မှတ်များကို Sacramento အတွက် ကိုဇော်သိန်းဦး၊ ကိုစည်သူနောင်တို့ထံ တွင် ဝယ်ယူနိုင်ပါပြီ။
Sacramento မှ ကိုယ်ပိုင်ကား ၄-၅ စီး ဖြင့် စုပေါင်းသွားရောက်ပါမည်။ အသေးစိပ်ထပ်မံကြေငြာပေးပါမည်။

10/02/2021

Free Burma - Sacramento မြန်မာပြည် ဖယ်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး အတွက် ပန်ဆယ်လို နှင့်အတူ အလှူငွေ ကောက်ခံခြင်း။

ရငွေ
၁။ အလှူခံ ဌာန မှ ကောက်ခံရရှိငွေ = ၁၆၇၂၅ ဒေါ်လာ
၂။ ပေါက်မဲ လေလံတင် ရရှိငွေ = ၂၅၅၀ ဒေါ်လာ
၃။ ဆုမဲရောင်းရငွေ = ၁၄၂၀၀ ဒေါ်လာ
------------------------------------------------
စုစုပေါင်း = ၃၃၄၇၅ ဒေါ်လာ

သုံးငွေ
၁။ အခမ်းအနား အတွက် ကုန်ကျငွေ= ၉၀၀ ဒေါ်လာ
၂ ။ မဲပြား ပုံနှိပ် ခ = ၆၂ ဒေါ်လာ
၃။ FBAC- Sacramento အစားအလှူ= ၂၀၀ ဒေါ်လာ
------------------------------------------------
စုစုပေါင်း = ၁၁၆၂ ဒေါ်လာ

အသားတင် လှူဒါန်းနိုင်မည့်ငွေ= ၃၂၃၁၃ ဒေါ်လာ
==================================
ယင်းငွေ အနက်-
၁။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး လုပ်ငန်းတွင် သုံးရန် ၆၂ %
၂။ စစ်ဘေးဒဏ်ခံ ပြည်သူများအား အရေးပေါ်ကယ်တင်ရေး လုပ်ငန်းသုံးရန် ၃၁%
၃။ ယနေ့တိုင် တောင့်ခံထားသော CDM ဝန်ထမ်းများ အတွက် -၇%
တို့ကို ပေးလှူသွားမည်ဖြစ်ပါကြောင်း။

08/14/2021

Address

Sacramento, CA

Website

Alerts

Be the first to know and let us send you an email when Free Burma Action Committee - Sacramento posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Free Burma Action Committee - Sacramento:

Share