m.CDM Voice and Power to CDM of Myanmar and Myanmar Spring Revolution

နွေဦးပြည်သူ တော်လှန်ပြည်သူများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ mCDMအဖွဲ့သားများမှ နှုတ်ခွန်းဆက်သလိုက်ရပါတယ် ရှင်/ခင်ဗျာ၊

* mCDMသတင်းများ
*ကဗျာ၊ ဆောင်းပါး၊ သီချင်း
*မျက်မှောက်ရေးရာ အဖြာဖြာ
*CDM တို့၏ အသံနဲ့ အားမာန်များ ကို တင်ဆက်သွားပါမယ်။

- မြန်မာပြည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊
- ဒီမိုကရေစီနဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေးနဲ့
- တိုင်းရင်းသားတွေ အားလုံးအတူတကွ ချစ်ခင်စည်းလု

ံးညီညွတ်တဲ့ မိသားစုအဖြစ် ဆက်လက်တည်ဆောက် နေထိုင်ရေးအတွက်

မိမိတို့ စီဒီအမ်အင်အားစုတွေ ပီဒီအက်ဖ်တွေ ထောက်ပို့ပြည်သူတွေ တိုင်းရင်းသားညီအကို မောင်နှမတွေနှင့်အတူ ဆက်လက် လက်တွဲ ရုန်းကန်သွားကြပါမယ် ရှင် /ခင်ဗျာ

We, the members of mCDM, would like to extend our warmest greetings and best wishes to all Spring Revolution citizens and revolutionary people. We will bring you mCDM news,

Poems, essays, and songs,

Current affairs and many perspectives,

And the voices and strength of the CDM community. For the liberation of Myanmar from military dictatorship,
For building a democratic and federal union,
And for continuing to live together as a united, loving family among all ethnic nationalities—

We, the CDM forces, the PDFs, our supporting public, and all our ethnic brothers and sisters,
will continue to stand together, hand in hand, and keep up the struggle.

— Thank you.

06/05/2026

၅ - ၆ - ၂၀၂၆ (m.CDM ပြည်တွင်းသတင်းများ ) - မာရီလင်

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ပေါက်မြို့နယ်တွင် ရေပြာရွာနှင့် ကုက္ကိုလ်စု တော်လှန်ရေးတပ်များ သိမ်းပိုက်

၂။PDF အယောင်ဆောင်ပြီး ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိ

၃။ရွှေကူမြို့နယ် စီသာကျေးရွာ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး ပြည်သူ ၃ ဦး သေဆုံး

၄။အာဏာသိမ်း မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ထိန်းချုပ်ထားတဲ့အခြေအနေကို ပြောင်းလဲနိုင်ဖို့ နည်းလမ်းရှာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော စတဲ့ တခြားအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

06/05/2026

၅ - ၆ - ၂၀၂၆ (m.CDM ပြည်တွင်းသတင်းခေါင်းစဉ်များ)

⁨၁။⁨ပေါက်မြို့နယ်တွင် ရေပြာရွာနှင့် ကုက္ကိုလ်စု တော်လှန်ရေးတပ်များ သိမ်းပိုက်

၂။PDF အယောင်ဆောင်ပြီး ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိ

၃။မကွေးတိုင်းမှာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်သား ၃၀ ကျော်သေပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်သား ၁၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

၄။ဥယျာဉ်ခြံများအတွင်း တန်ဖိုးရှိပစ္စည်းများနှင့် စားနပ်ရိက္ခာများကို “ခိုးယူစားသောက်” နေသော စစ်ကြောင်းကို တိုက်ခိုက်၊ ၄ဦး သေဆုံး

၅။မင်းတပ်မှာ အကြမ်းဖက်စစ်တပ်က ၁၀ တန်းကျောင်းသားနဲ့ သက်ကြီးပိုင်းအမျိုးသားတဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး အိမ် ၁၀ လုံး ကျော် မီးရှို့ဖျက်ဆီး

၆။ရွှေကူမြို့နယ် စီသာကျေးရွာ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး ပြည်သူ ၃ ဦး သေဆုံး

၇။⁨မြိုင်နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေကြောင့် ကျေးရွာ ၇ ရွာထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေရ

၈။မင်းတပ်-ကန်ပက်လက် တိုက်ပွဲများနှင့် ပတ်သက်သည့် ကောလာဟလများ မယုံကြည်ကြရန် CPU/CPA တိုက်တွန်း

၉။မွန်သွေးတပ်တော်က တော်လှန်ရေး ရဲဘော်သစ်တွေကို ကြိုဆိုတဲ့အခမ်းအနား ကျင်းပ

၁၀။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ - SCEF နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ကြေညာ

၁၁။⁨⁨SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ ခရီးစဉ််အတွင်း တိုရန်တိုတက္ကသိုလ်တွင် မြန်မာ့အရေးသုတေသန ပြုလုပ်နေသော ပညာရှင်များနှင့် တွေ့ဆုံ

၁၂။PPNM ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနား ကျင်းပပြီးစီးခဲ့

၁၃။အာဏာသိမ်း မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ထိန်းချုပ်ထားတဲ့အခြေအနေကို ပြောင်းလဲနိုင်ဖို့ နည်းလမ်းရှာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

06/05/2026

၅ - ၆ - ၂၀၂၆ (m.CDM ပြည်တွင်းသတင်းများ ခေါင်းစဉ်များ)

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ပေါက်မြို့နယ်တွင် ရေပြာရွာနှင့် ကုက္ကိုလ်စု တော်လှန်ရေးတပ်များ သိမ်းပိုက်

၂။PDF အယောင်ဆောင်ပြီး ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိ

၃။ရွှေကူမြို့နယ် စီသာကျေးရွာ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး ပြည်သူ ၃ ဦး သေဆုံး

၄။အာဏာသိမ်း မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ထိန်းချုပ်ထားတဲ့အခြေအနေကို ပြောင်းလဲနိုင်ဖို့ နည်းလမ်းရှာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော စတဲ့ တခြားအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

06/04/2026

June 5, 2026 — m.CDM Domestic News

Good day. We will now present m.CDM’s domestic news.

Today’s main stories include: revolutionary forces seizing Yay Pyar Village and Kokkolsu in Pauk Township; the arrest of a man accused of posing as a PDF member, attacking a couple, and ra**ng the wife; the bombing of Seitha village hospital in Shwegu Township, killing three civilians; and remarks by the U.S. Secretary of State that Washington is seeking ways to change China’s heavy influence over Myanmar’s military junta.

In Magway Region, revolutionary joint forces reportedly captured the Yay Pyar police station near the border of Pauk and Myaing townships on June 3 and continued clearance operations on June 4. Fighting also continued around villages controlled by pro-junta Pyu Saw Htee militias. At the same time, junta columns have been advancing through Myaing Township, burning homes and forcing residents from at least several villages to flee. Resistance forces also attacked Pyu Saw Htee bases in Pauk Township, and a pro-junta militia leader admitted on Telegram that Kokkolsu village had fallen despite junta reinforcements and air support.

In Natmauk Township, Magway Region, local defense forces said they had arrested Thein Than Soe, who allegedly posed as a PDF member after attacking a couple in Gway Pin Village on June 1. He is accused of slashing the husband’s throat and ra**ng the wife. The husband survived. According to Natmauk Pa Ka Pha, the suspect later posted on TikTok claiming he had killed “dalan” informers and challenged resistance forces. Local defense authorities said he is now in custody and will be prosecuted under the law.

The PDF military headquarters also reported that in battles across Magway Region during May and early June, 31 junta soldiers were killed, 52 wounded, and 18 captured, including Major Aung Phyo Wai and Captain Pyae Sone Aung. The PDF said 43 clashes took place in the region, including ambushes against large junta columns entering Gangaw District and fighting in Thayet and Mindon areas.

In Tanintharyi Region, Kawthaung Township defense forces said they attacked a junta column that had been looting food and valuables from local plantations. Around 200 troops from Kawthaung and Khamaukgyi had entered the Maliwan and Maran areas in three columns. A clash on June 1 reportedly killed four junta soldiers and wounded 14 others, including an officer, while local defense forces reported no casualties.

In southern Chin State, junta troops advancing toward Mindat reportedly arrested and killed a 10th-grade student and a man in his 60s in Htin Chaung Village, while also burning more than 10 homes. Fighting has intensified about 10 miles from Mindat town, and local groups say the number of displaced people has risen to around 17,000.

In Kachin State, a hospital in Seitha Village, Shwegu Township, was bombed by a junta fighter jet on the morning of June 4. Local sources said the aircraft circled and bombed the area at least three or four times, hitting hospital and administrative buildings. At least two people were initially reported dead, while other sources said the death toll may have reached three. Several hospital buildings and motorcycles were destroyed.

In Myaing Township, at least seven villages have been forced to flee due to advancing junta columns. Troops from Myaing Industrial Zone No. 2 reportedly entered Wet Poke Village on June 4, burned at least four homes, and fired 60mm mortar rounds at nearby villages. Local groups also reported that troops seized or burned peanut seeds during the planting season, worsening the hardship for farmers.

The Chin People’s Union/Chin People’s Army urged the public not to believe rumors about fighting in Mindat and Kanpetlet. The group said junta forces have launched offensives with around 2,000 troops since mid-May, supported by fighter jets and Y-12 aircraft, while CPA-led allied forces continue resisting. It urged people to rely only on official statements.

The Mon Blood Army held a ceremony on June 3 to welcome new revolutionary recruits. Its leaders explained the group’s political stance and objectives, including youth leadership in politics and military affairs, stronger cooperation with revolutionary allies, and building trust between the army and the people.

APHR, the ASEAN Parliamentarians for Human Rights, announced that it will continue cooperating with the Steering Council for the Emergence of a Federal Democratic Union, or SCEF. In a message to the Union Parliament meeting held on June 1, APHR said SCEF represents an important step toward an inclusive, people-centered federal democracy in Myanmar. It also expressed deep concern over the humanitarian crisis, noting that more than 22 million people need assistance.

During a visit to Canada, an SCEF delegation met scholars working on Myanmar affairs at the University of Toronto. The delegation included NUG Foreign Minister Daw Zin Mar Aung and representatives from Karenni and Karen organizations. They also met Bob Rae, Canada’s former special envoy to Myanmar, and discussed federalism, humanitarian aid, and international relations.

The Political Prisoners Network Myanmar marked its third anniversary online on June 1, with participation from local and international partners, interim government representatives, ethnic organizations, and invited guests. Speakers reviewed the network’s three years of work and discussed ways to strengthen future activities.

Finally, U.S. Secretary of State Marco Rubio said the United States is looking for ways to change the situation in which China holds strong influence over Myanmar’s junta. Speaking at a U.S. Senate budget hearing on June 2, Rubio responded to Senator Mitch McConnell’s questions on U.S. policy toward Myanmar and implementation of the Burma Act. Rubio said U.S. policy is not neutral and that Washington prefers to engage with a democratically elected government, but acknowledged that China’s influence over Myanmar is very strong and difficult to counter. He added that the U.S. is seeking ways to create meaningful change.

These reports were submitted by Ko Thit and Khar Shell.

06/04/2026

"စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်ရဲ့ သက်ရောက်မှုက ဘာတွေဖြစ်နိုင်လဲ" (မြန်မာနွေဦးခရိုနီကယ် - ဇွန် ၃ ရက် မြင်ကွင်း၊ မိုးမခ) - (ဖတ်) နွေဦးနိုင်

https://youtu.be/nl-SnZA9lWE


#မိုးမခမီဒီယာ

06/04/2026

"အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ဖြတ် ကိုကင်းသယ်ဆောင်တဲ့ ဥမင်လှိုဏ်ခေါင်းကို အမေရိကန်ရဲတပ်ဖွဲ့ ဖော်ထုတ်" (ဖတ်) - နွေဦးမိုင်

ဒီဆိုင်ကို ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်နိုင်ငံက သာမန်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်လိ့ပဲ ထင်ရပါတယ်။ ဒါပေမဲ့ ဆိုင်ရဲ့ အနောက်ဘက်မှာ ကြမ်းခင်းကြွေပြားတွေရဲ့ အောက်မှာ ဝင်ပေါက်တခုကို အမေရိကန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။
အဲဒီကနေ ဆင်းသွားရင် မြေအောက် ၁၇ မီတာအနက်မှာ စနစ်တကျဆောက်လုပ်ထားတဲ့ ဥမင်လှိုဏ်ခေါင်းတစ်ခုကို ရဲတပ်ဖွဲ့ဝင် တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီဥမင်မှာ အဆင်းလှေကားတွေ၊ လေဝင်လေထွက်စနစ်တွေနဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်တောင် ပါရှိပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ သံလမ်းပေါ်မှာ ပြေးဆွဲနိုင်တဲ့ လျှပ်စစ်ယာဉ်ငယ်တစ်စီးကိုလည်း အသုံးပြုခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဆန်ဒီယေဂို (San Diego) မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ ဒီဥမင်လှိုဏ်ခေါင်းဟာ နယ်စပ်တစ်ဖက်က မက္ကဆီကိုနိုင်ငံ တီဟွာနာ (Tijuana) မြို့အထိ ဆက်သွယ်ထားပြီး အကွာအဝေး မီတာ ၆၀၀ နီးပါး ရှိပါတယ်။
ဒီတွေ့ရှိမှုဟာ ရဲတပ်ဖွဲ့ဝင်တွေက ကာလရှည် စုံစမ်းစစ်ဆေးမှုအပြီးမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
အမေရိကန်ရဲတပ်ဖွဲ့က ဒီလျှပ်စစ်ပစ္စည်းဆိုင်ကို ခြောက်လကြာ အနီးကပ်စောင့်ကြည့်ခဲ့ကြပါတယ်။
တစ်နေ့မှာတော့ ကုန်ပစ္စည်းအမြောက်အမြားကို ဗင်ကားအဖြူတစ်စီးပေါ် တင်ဆောင်နေတာကို တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အဲဒီယာဉ်ကို နောက်ယောင်ခံလိုက်ခဲ့ရာ ကီလိုမီတာ ၂၀ ခန့် ခရီးနှင်ပြီးနောက် အထုပ်တွေကို အခြား ပစ်ကပ်ကားတွေပေါ် ပြောင်းတင်တာ တွေ့ခဲ့ကြပါတယ်။ အဲ့ဒီနောက် ရဲတပ်ဖွဲ့က ယာဉ်သုံးစီးစလုံးထဲမှာ မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့ပါတယ်။
မက္ကဆီကိုဘက်ကနေ ဥမင်လှိုဏ်ခေါင်းကို အသုံးပြုပြီး သယ်ဆောင်လာတဲ့ ကိုကင်း (co***ne) စုစုပေါင်း တစ်တန်ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
“ရှင်းရှင်းလင်းလင်းပြောရရင် အခုအချိန်မှာ ကိုကင်းဟာ မူးယစ်ဂိုဏ်းတွေရဲ့ အသက်သွေးကြော ဖြစ်နေပါတယ်။ ဒီနေ့ ခင်ဗျားတို့ မြင်တွေ့ရတာကတော့ သူတို့ရဲ့ စနစ်တစ်ခုလုံးကို နှလုံးရပ်သွားစေမယ့် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။”လို့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ အစိုးရရှေ့နေတဦးက ပြောဆိုပါတယ်။
ဒေသခံအာဏာပိုင်တွေက ဒီတပတ် တနင်္လာနေ့မှာ အသက် ၁၈ နှစ်မှ ၃၂ နှစ်ကြားရှိ အမျိုးသား ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အစိုးရရှေ့နေတွေရဲ့ အဆိုအရ သူတို့ဟာ အင်အားကြီး၊ အန္တရာယ်ကြီးတဲ့ ဟာလစ်စကို မျိုးဆက်သစ် မူးယစ်ရာဇာဂိုဏ်း (Jalisco New Generation Cartel) အတွက် အလုပ်လုပ်ပေးနေသူတွေလို့ သံသယရှိကြပါတယ်။

ကိုနိုင်(မိုးမခ)နဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်

#မိုးမခမီဒီယာ

06/04/2026

"ယူကရိန်းက ရုရှားသမတပူတင်ရဲ့ ဇာတိမြို့ဖြစ်တဲ့ စိန့်ပီတာစ်ဘတ်မြို့ကို တာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်" (ဖတ်) - နွေဦးမိုင်

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဇာတိမြို့ဖြစ်တဲ့ စိန့်ပီတာစဘတ်မြို့ကို ယူကရိန်းက ဗုဒ္ဓဟူးနေ့မှာ တာဝေးဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ ပါတယ်။ မြို့ရဲ့ ရေနံဆိပ်ကမ်း အပါအဝင် စွမ်းအင်နဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
"ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၁,၁၀၀ လောက်မှာရှိတဲ့ စစ်ပွဲမှာ ရုရှားအတွက် အထောက်အကူပြုနေတဲ့ ရေနံလုပ်ငန်း အဆောက်အအုံတွေဖြစ်ပါတယ်။ ခရွန်ရှတတ် (Kronstadt) စစ်အခြေစိုက်စခန်းနဲ့ ရုရှားလက်နက်တွေ ထုတ်လုပ်နေတဲ့ တန်ဘော့ဗ် (Tambov) ဒေသက စက်ရုံတစ်ခုကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်”လို့ ယူကရိန်းသမတက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် မစတင်မီ နာရီပိုင်းအလိုမှာပဲ ဖြစ်ပွားခဲ့တာပါ။ ရုရှားပုံစံ ဒါးဗို့စ် (Davos) လို့ တင်စားကြတဲ့ ဒီစီးပွားရေးဖိုရမ်ဟာ သမ္မတပူတင်အတွက် အလွန်အရေးပါပြီး သူကိုယ်တိုင် သောကြာနေ့မှာ မိန့်ခွန်းပြောကြားဖို့လည်း ရှိနေပါတယ်။ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် စိန့်ပီတာစဘတ်မြို့လေဆိပ်ကိုလည်း နာရီအတန်ကြာ ပိတ်ထားခဲ့ရပါတယ်။ ကရင်မလင်နန်းတော်ကတော့ ဒါအတွက် ပြန်လက်တုံ့ပြန်မယ်လို့ ကြေညာပါတယ်။
"ကျွန်တော်တို့ စနစ်တကျ လက်တုန့်ပြန်မှာဖြစ်ပြီး၊ နောင်ကို ဒီတိုက်ခိုက်မှုမျိုးတွေ ထပ်မဖြစ်အောင် အထူးစစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေပါတယ်" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အရင်တရက်က ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံတစ်ဝှမ်း လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ယူကရိန်းက အခုလို တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ လက်ရှိမှာ ယူကရိန်းဟာ အမေရိကန်လုပ် ပက်ထရီးယော့ (Patriot) လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေ ပြတ်လပ်နေပါတယ်။ အီရန်စစ်ပွဲကြောင့် အရန်လက်နက် ပြတ်လပ်နေတဲ့အတွက် ယူကရိန်းဟာ ရုရှားပဲ့ထိန်းဒုံးကျည်တွေရန်ကနေ မကာကွယ်နိုင်ဖြစ်နေပါတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးက ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ထပ်ပို့ပေးဖို့ ဝါရှင်တန်ကို တိုက်တွန်းနေသလို၊ ယူကရိန်းအစိုးရအတွင်း ဘဏ္ဍာရေး၊ ဥပဒေပိုင်းနဲ့ နည်းပညာပိုင်း ကြန့်ကြာမှုတွေကြောင့် လက်နက်ဝယ်ယူရေး သဘောတူညီချက်တွေ အကောင်အထည်မဖော်နိုင် ဖြစ်နေတာအတွက် စိတ်ပျက်လက်ပျက် ပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ နေတိုးအကြီးအကဲ မာ့ခ်ရူတေး (Mark Rutte) ဟာ ကိယက်ဗ်မြို့ကို ရောက်ရှိလာပါတယ်။ သမ္မတ ဇလန်းစကီးနဲ့အတူ စစ်ပွဲအတွင်း ကျဆုံးလေပြီးတဲ့ ယူကရိန်းစစ်သည်တွေကို အလေးပြုခဲ့ပြီးနောက် ယူကရိန်းသမတနဲ့ လေကြောင်းရန်ကာကွယ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကိုနိုင်(မိုးမခ)နဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်

#မိုးမခမီဒီယာ

06/04/2026

"ကင်ညာကျောင်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကျောင်းသူ ၉ ဦးကို ထိန်းသိမ်း" (ဖတ်) - နွေဦးမိုင်

ပြီးခဲ့တဲ့လက ကင်ညာနိုင်ငံက ကျောင်းသူဘော်ဒါဆောင်တစ်ခုမှာ ကျောင်းသူ ၁၆ ဦး သေဆုံးခဲ့ရတဲ့ မီးရှို့မှုကို စီစဉ်ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ မိန်းကလေး ၉ ဦးကို ၂၁ ရက်ကြာ ထိန်းသိမ်းထားဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
နေဗာရှားမြို့တရားရုံးက စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်နိုင်ဖို့နဲ့ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်နိုင်ဖို့အတွက် ဒီမိန်းကလေးတွေကို ကလေးသူငယ်ဂေဟာတစ်ခုမှာ ထိန်းသိမ်းထားဖို့ ဗုဒ္ဓဟူးနေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။
သေဆုံးသူမိသားစုတွေရဲ့ ရှေ့နေက “တရားရုံးရဲ့ နောက်ထပ်ဆုံးဖြတ်ချက်တွေအတွက် ဇွန်လ ၂၄ ရက်နေ့မှာ ရုံးပြန်ချိန်းမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအချိန်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးသွားမယ်လို့ တရားရုံးရော၊ တစ်နိုင်ငံလုံးနဲ့ ကျန်ရစ်သူမိသားစုတွေကပါ မျှော်လင့်နေကြပါတယ်။ ကျွန်တော်တို့ သေဆုံးသူတွေအတွက် တရားမျှတမှု ရရှိဖို့လည်း ရှေ့ဆက်ဆောင်ရွက်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ကျောင်းသူ ကျောင်းသားတွေကို မေးမြန်းမှုနဲ့ CCTV မှတ်တမ်းတွေကို စစ်ဆေးပြီးနောက် ဆယ်ကျော်သက်အရွယ် မိန်းကလေး ၉ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဆောင်ထွက်ပေါက်မှာရှိတဲ့ မွေ့ရာကို မီးခြစ်နဲ့ ရေနံဆီသုံးပြီး ရှို့ခဲ့တာကြောင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
ကျောင်းသူ ၉ ဦးဘက်က ရှေ့နေကတော့ “ဒီကလေးတွေကို ချုပ်နှောင်ထားဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူးလို့ တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးကတော့ တခြားအမြင်နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကာယကံရှင်တွေကို အကျိုးအကြောင်း ရှင်းပြထားပြီးပါပြီ” လို့ ပြောပါတယ်။
မီးရှို့ရတဲ့ အကြောင်းရင်းကိုတော့ အခုထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ မီးလောင်ကျွမ်းမှုကြောင့် ဘယ်သူဘယ်ဝါမှန်း ခွဲခြားလို့မရတဲ့ ရုပ်အလောင်းအချို့ရဲ့ DNA စစ်ဆေးထားတဲ့ ရလဒ်တွေကိုလည်း ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။

နွေဦးလေပြေနဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်

#မိုးမခမီဒီယာ

06/04/2026

"လက်ဘနွန်-အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိ” (ဖတ်) - နွေဦးမိုင်

လက်ဘနွန်နဲ့ အစ္စရေးနိုင်ငံတို့ဟာ ဝါရှင်တန်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအပြီး အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ ဗုဒ္ဓဟူးနေ့မှာ သဘောတူညီခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲတွေဟာ အီရန်နဲ့ပတ်သက်တဲ့ ဒေသတွင်းတင်းမာမှုတွေကြောင့် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြီးအကဲ ဒန်နီယယ်ဟော်လာက “အမေရိကန်ဦးဆောင်တဲ့ ဆွေးနွေးမှုရလဒ်ကတော့ အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအပစ်ရပ်စဲရေးဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ပစ်ခတ်မှုတွေ လုံးဝရပ်တန့်သွားဖို့နဲ့ တောင်ပိုင်းဒေသကနေ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေ အားလုံး ဆုတ်ခွာသွားဖို့အပေါ်မှာ မူတည်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ လမ်းညွှန်မှုအောက်မှာ နှစ်ဖက်စလုံးဟာ စမ်းသပ်ဇုန်တွေ သတ်မှတ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။ အဲဒီဇုန်တွေမှာ လက်ဘနွန်စစ်တပ်က အပြည့်အဝ ထိန်းချုပ်မှာဖြစ်ပြီး အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ ဧပြီလမှာ ရခဲ့တဲ့ အပစ်ရပ်စဲရေးအပေါ်မှာ အခြေခံတာ ဖြစ်ပြီး မေလမှာ အပစ်ရပ်သက်တမ်းတိုးခဲ့ပေမယ့် တိုက်ခိုက်မှုတွေကတော့ ဆက်ဖြစ်ပွား‌နေပါတယ်။
လက်ဘနွန်သတင်းရင်းမြစ်တွေအရ ဗုဒ္ဓဟူးနေ့က လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ ဟစ်ဇ်ဘိုလာဘက်က လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအပတ်အစောပိုင်းက အမေရိကန်က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ တခြားသဘောတူညီချက်တစ်ခုကြောင့် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေအပေါ် တိုက်ခိုက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ခေတ္တရပ်တန့်သွားခဲ့ပါတယ်။
ပင်လယ်ကွေ့စစ်မှာ အီရန်ကို ထောက်ခံတဲ့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က နယ်စပ်ကို ဖြတ်ကျော်ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးက မတ်လမှာ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အီရန်ကတော့ အမေရိကန်နဲ့လုပ်တဲ့ ဘယ်လိုငြိမ်းချမ်းရေး သဘောတူညီချက်မှာမဆို လက်ဘနွန်အတွက် အပစ်အခတ်ရပ်စဲရေးလည်း ပါဝင်ရမယ်လို့ အခိုင်အမာ ပြောပါတယ်။ အခုလို အပစ်အခတ်ရပ်စဲလိုက်တာက ဒေသတွင်းပဋိပက္ခကို အဆုံးသတ်ဖို့ မျှော်လင့်ချက်တွေ မြင့်တက်လာစေတာကြောင့် ကြာသပတေးနေ့မနက် အာရှဈေးကွက်မှာ ရေနံဈေးနှုန်းတွေ အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၀၀ အောက်မှာ ရှိနေပြီး ၁ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

နွေဦးလေပြေနဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်

#မိုးမခမီဒီယာ

PPNM ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနား ကျင်းပပြီးစီးခဲ့==========၄ ဇွန် m.CDMမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်င...
06/04/2026

PPNM ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနား ကျင်းပပြီးစီးခဲ့
==========
၄ ဇွန် m.CDM

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနားကို ဇွန်လ ၁ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ကြောင်း PPNM က ထုတ်ပြန်ထားသည်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့အစည်း၏ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဖြတ်သန်းခဲ့သည့် အခြေအနေများကို တင်ပြခဲ့ကြောင်း ဖော်ပြထားသည်။

အခမ်းအနားတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များကလည်း ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ကြပြီး ထိုသို့ ပြောကြားသူများတွင် Burma Campaign UK မှ တာဝန်ရှိသူ Karin Valtersson၊ Payap University, International College ၏ Head of the M.A. Program in Peace Studies ဖြစ်သူ ဆရာမ မွန်မွန်မြတ်၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ကိုခွန်ဘီထူးနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ (IMFUG) မှ ဒုတိယဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အဖွဲ့ဝင်များ၏ အမှတ်တရစကား ပြောကြားခြင်း၊ အဖွဲ့ဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်သည့် ဂိမ်းများနှင့် ဉာဏ်စမ်းအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

PPNM ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အနာဂတ်တွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်သူများက အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ဦးဆောင်ကော်မတီဝင် မနှင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု ဆိုသည်။

သုံးနှစ်ပြည့် အခမ်းအနားသို့ ဦးဆောင်ကော်မတီဝင်များ၊ အဖွဲ့ဝင်များ၊ ကြားကာလအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်ဟု ‌အသိပေးထားသည်။

(သတင်း-ခါးရှဲလ်)



TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/

Address

Sheldon Drive
Richmond, CA
94803

Website

Alerts

Be the first to know and let us send you an email when m.CDM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share