Freedom Justice Equality for Myanmar

Freedom Justice Equality for Myanmar F.J.E.M. is a group formed in order to help people due to the Military coup that took place on Feb 1s

HAPPY BIRTHDAY ပါအမေပထမမွေးသမိ့ခင်ပြီးရင် ကမ္ဘာပေါ်မှာ နောက်ထပ်အမေလို့သတ်မှတ်ထားတဲ့သူဟာ အမေ ဒေါ်အောင်ဆန်းစုကြည်ပါပဲအမေ  ...
06/19/2022

HAPPY BIRTHDAY ပါအမေ
ပထမမွေးသမိ့ခင်ပြီးရင် ကမ္ဘာပေါ်မှာ နောက်ထပ်အမေလို့
သတ်မှတ်ထားတဲ့သူဟာ အမေ ဒေါ်အောင်ဆန်းစုကြည်ပါပဲ

အမေ မတရားဖမ်းဆီးခံရခြင်းမှ
အမြန်ဆုံးလွတ်မြောက်ပါစေ🙏🙏🙏

အမေ့စကားတွေနားထောင်ရင်း နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်လောက်ပဲဖြစ်နေပါစေ တစ်ထောင့်တစ်နေရာကနေ အစွမ်းကုန်ပါဝင်ပြီး ကြိုးစားသွားပါ့မယ်လို့ ကတိ့ပြုရင်း~~~

77th မွေးနေ့မှသည် အမေအသက်ရာကျော်ရှည်ပါစေလို့
ဆုတောင်းလိုက်ပါတယ် ချစ်သော အမေ🙏🙏🙏

FJEM
19,6,2022

Please join us on Friday and Saturday.
10/27/2021

Please join us on Friday and Saturday.

10/15/2021

I came to US when I was 6. I apologize for my Burmese being child-like.

ဒုတိယမြောက်ခြေလှမ်း
09/28/2021

ဒုတိယမြောက်ခြေလှမ်း

August လမှာစတင်ခဲ့တဲ့ ယုံကြည်ရာခြေတစ်လှမ်းရဲ့ နောက်ဆက်တွဲခြေလှမ်းအဖြစ် မကြာခင် အောင်မြင်တော့မယ့် ပြည်သူ့တော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ရင်သွေးများကို လစဥ်ထောက်ပံ့စောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး OFP Fundriaiser Network မှ Fundraising Campaign တခု မကြာမီစတင်မှာ ဖြစ်ပါသဖြင့် နိုင်ငံတကာမှ မိသားစုဝင်အလှူရှင်များအား ယခင် ကဲ့သို့ အင်တိုက်အားတိုက် ပါဝင်လှူဒါန်းနိုင်ကြပါရန် အသိပေးနှိုးဆော်လိုက်ရပါတယ်။



မိန့်ခွန်းကြေငြာသွားလို့ စိတ်လှုပ်ရှားနေကြမယ့်အစား ဖတ်စရာရှိတာဖတ် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ပါ ‼️အပိုင်း (1) https:...
09/07/2021

မိန့်ခွန်းကြေငြာသွားလို့ စိတ်လှုပ်ရှားနေကြမယ့်အစား ဖတ်စရာရှိတာဖတ် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ပါ ‼️

အပိုင်း (1)
https://m.facebook.com/story.php?story_fbid=160623262874089&id=100188938917522

အပိုင်း (2)
https://www.facebook.com/100188938917522/posts/160626366207112/

အပိုင်း (3)
https://www.facebook.com/100188938917522/posts/161999992736416/

အပိုင်း (4)
https://www.facebook.com/100188938917522/posts/162721162664299/

အပိုင်း (5)
https://www.facebook.com/100188938917522/posts/163716175898131/

___________________

ပြည်သူ့ဆေးတပ်ဖွဲ့မှ ပြည်သူလူထုထံဖြန့်ဝေထားသော အရေးပေါ်ရှေးဦးပြုစုနည်းများ စုစည်းထားမှု

အရေးပေါ်ဆေးအိတ်ပြင်ဆင်နည်း
https://www.facebook.com/103698571904310/posts/127412612866239/

အပိုင်း ၁ - အရေးပေါ်ရှေးဦးပြုစုခြင်းအကြောင်းနှင့်ရှေးဦးပြုစုသူတယောက်လိုက်နာရမည့်အချက်များ
https://www.facebook.com/103698571904310/posts/126582886282545/

အပိုင်း ၂ - လူနာဆန်းစစ်ခြင်း
https://www.facebook.com/103698571904310/posts/126892886251545/

အပိုင်း ၃ - ဒဏ်ရာအမျိုးမျိုးနှင့်ပြုစုနည်းများ (ပထမပိုင်း)
https://www.facebook.com/103698571904310/posts/128664519407715/

အပိုင်း ၄ - ဒဏ်ရာအမျိုးမျိုးနှင့်ပြုစုနည်းများ (ဒုတိယပိုင်း)
https://www.facebook.com/103698571904310/posts/128666739407493/

အပိုင်း ၅ - သွေးယိုစီးခြင်း
https://www.facebook.com/103698571904310/posts/129529512654549/

အပိုင်း ၆ - အရေးပေါ်ရှေးဦးပြုစုမှုပေးသောစခန်း
https://www.facebook.com/103698571904310/posts/129882442619256/

အပိုင်း ၇ - ဝမ်းဗိုက်ပွင့် အူကလီစာထွက်လူနာပြုစုနည်း
https://www.facebook.com/103698571904310/posts/159549002985933/

အပိုင်း ၈ - သွေးဆုတ်သွေးလန့်(Shock)လူနာပြုစုနည်း
https://www.facebook.com/103698571904310/posts/160382456235921/

အပိုင်း ၉ - ဦးစားပေးလူနာရွေးချယ်ခြင်း(Triage)
https://www.facebook.com/103698571904310/posts/161710519436448/

Crd -

Congratulations to all the Winners! လက်မှတ်ကိုအားတက်တရော အင်တိုက်အားတိုက် ဖြင့် 5 Million ပြည့်အောင် ဖြည့်စီးပေးသူတစ်ယော...
09/05/2021

Congratulations to all the Winners!
လက်မှတ်ကိုအားတက်တရော အင်တိုက်အားတိုက် ဖြင့် 5 Million ပြည့်အောင် ဖြည့်စီးပေးသူတစ်ယောက်ခြင်းကိုလည်း ကျေးဇူးအများကြီးသင်ပါတယ်။ #အရေးတော်ပုံအောင်ရမည်

ယခု Live ထုတ်လွှင့်ပြသွားတဲ့ ကံစမ်းမဲ​ဖောက်ပွဲမှာ ဆုရရှိသွားတဲ့ လက်မှတ်နံပါတ်များအားလုံးကို ​https://ofp.crphmyanmar.org တွင် ဝင်​ရောက်ကြည့်ရှုနိုင်​ကြောင်း အသိ​ပေး​အပ်ပါတယ်။
ကံထူးသူ အလှူရှင်များအားလုံးကိုယ်စား အထူးဝမ်း​မြောက်ဂုဏ်ယူ​ပါကြောင်း ​ပြောကြားပါရ​စေ။




Stay Tuned 🤩
09/03/2021

Stay Tuned 🤩

"ယုံကြည်ရာခြေလှမ်းများအတွက် ဆုလက်ဆောင်"

စစ်အာဏာရှင်ပြုတ်ကျ​ရေးအတွက်ဦးတည်ပြီး တွင် အင်တိုက်အားတိုက်ပါဝင်ခဲ့လှူဒါန်းခဲ့ကြတဲ့ ပြည်တွင်းပြည်ပကအလှူရှင်များအတွက် ​မေတ္တာတုံ့ပြန် လက်​ဆောင်​ပေးအပ်မယ့် ကံစမ်းမဲ​ဖောက်ပွဲကို မကြာမီကျင်းပမယ့်အ​​ကြောင်း​လေး သတင်း​ကောင်းပါးပါရ​စေ..

OFP page တွင် ယခင်ကြေညာထားတဲ့ ဆရာကြီး ဦးဝင်း​ဖေ၊ ကိုမင်းကိုနိုင်နဲ့ အဆို​တော်ကျား​ပေါက်တို့ရဲ့ အနုပညာလက်ရာ ပန်းချီကားများ အပြင်၊ ကမ္ဘာတဝှမ်းမှာရှိကြတဲ့ မြန်မာ​တွေရဲ့ အမြတ်တနိုးထားရှိတဲ့ပစ္စည်း​လေး​တွေကို ရက်ရက်​ရော​ရော ​လှူဒါန်းဖို့ လာ​ရောက်ကမ်းလှမ်းထားသူ​တွေ အများကြီးရှိပါတယ်။ ဒီထဲကမှ အလျဥ်းသင့်သလို ​ထပ်မံရွေးချယ်ထားတဲ့ လက်​ဆောင်ပစ္စည်း​လေး​တွေက​​တော့

- ပန်းချီချစ်မြတ်နိုးသူ အလှူရှင်တစ်ဦးမှ လှူဒါန်းထားသော နိုင်ငံကျော် ဝါရင့်မင်းသား၊ နာရေးကူညီမှုအသင်း-ရန်ကုန် ၏ ဥက္ကဌ ဦးကျော်သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကား
- နွေဦးတော်လှန်ရေးအမှတ်တရလက်ရာများကို တီထွင်ရောင်းချပေးနေသော FCOUP မှ လှူဒါန်းသော Symbol of Revolution necklace နှင့် bracelet များ
- ပြည်သူ့ဂုဏ်ရည် အသင်း (နယူးဇီလန် ဌာနခွဲ) မှအလှူရှင်တစ်ဦး လှုဒါန်းသော စိန်လက်စွပ်
- Myanmar Nationalities' Support Organization - JP ရဲ့ အဖွဲ့ဝင်တစ်ဦးမှလှူဒါန်းသော မြန်မာနိုင်ငံမြေပုံ ရွှေလော့ကတ်
- Australia မှ အလှူရှင်တစ်ဦး လှူဒါန်းသော Save Myanmar Handmade နာရီ

အစရှိတဲ့ တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ တုံ့ပြန်လက်ဆောင် အမှတ်တရ ပစ္စည်းလေးတွေ ဖြစ်ပါတယ်။

ဒီကံစမ်းမဲဖောက်ပွဲကို ရုပ်ရှင်သရုပ်ဆောင် DAUNG - ဒေါင်း နဲ့ သရုပ်ဆောင် Myat Noe Aye - မြတ်နိုးအေး တို့က Facebook Live အစီအစဥ်အဖြစ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် Ministry of Defence - National Unity Government of Myanmar ဝန်ကြီး ဦးရည်မွန်၊ ကို Min Ko Naing တို့နဲ့အတူ 5 Million Challenge မှာ အားသွန်ခွန်စိုက် ဝိုင်းဝန်းလုပ်ကိုင်ခဲ့ကြတဲ့ ရံပုံငွေရှာဖွေရေးအဖွဲ့ဝင်အချို့လဲ တက်ရောက်မှာဖြစ်ပြီး၊ ကံစမ်းမဲလက်မှတ်များ နှိုက်ထုတ်ရွေးချယ်ပေးဖို့ နိုင်ငံ​ကျော်အဆို​တော် Kyar Pauk အား အထူးဧည့်သည်​တော်အ​နေနဲ့ ဖိတ်ကြားထားပါတယ်။

ဒီအစီအစဥ်ကို စက်တင်ဘာလ ၅ ရက်နေ့ (5-9-2021) တနင်္ဂနွေနေ့ ည ၇နာရီ (မြန်မာနိုင်ငံစံတော်ချိန်) မှာ CRPH-OFP Page မှနေ၍ Live ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တဲ့အတွက် အလှူရှင်​တွေ​အ​နေနဲ့ မိမိတို့ဝယ်ယူလှူဒါန်းထားတဲ့လက်မှတ်​လေး​တွေ ကံထူးမယ့်စာရင်းထဲပါမှာလားဆိုတာ ရင်ခုန်စွာ​စောင့်စားကြည့်ရှုကြပါလို့...





မိမိတိုင်းပြည်၊ ပြည်သူလူထု နဲ့ ကို့ကိုယ်ကိုကာကွယ်မလား။စစ်အာဏာ တွေကိုကာကွယ်မလား။ 📍Choose Wisely📍
09/03/2021

မိမိတိုင်းပြည်၊ ပြည်သူလူထု နဲ့ ကို့ကိုယ်ကိုကာကွယ်မလား။

စစ်အာဏာ တွေကိုကာကွယ်မလား။

📍Choose Wisely📍

August 21st တွင်ကျင်းပခဲ့သော NUG CUP Soccer Tournament တွင်ရရှိခဲ့သော အလှုငွေစာရင်းဖြစ်ပါတယ်။ ဘော်လုံးပွဲတွင် ဝင်ရောက်ယှ...
09/03/2021

August 21st တွင်ကျင်းပခဲ့သော NUG CUP Soccer Tournament တွင်ရရှိခဲ့သော အလှုငွေစာရင်းဖြစ်ပါတယ်။ ဘော်လုံးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော ဘော်လုံးအသင်းများ၊ စျေးရောင်းပွဲတော်တွင် လာရောက်လှုဒါန်းရောင်းချခဲ့သော အလှုရှင်များနှင့် ပွဲဖြစ်မြောက်ရေးအတွက်ကူညီပေးခဲ့သော ညီအကိုမောင်နှမလူကြီးမင်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Address

North Bethesda, MD

Website

Alerts

Be the first to know and let us send you an email when Freedom Justice Equality for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Freedom Justice Equality for Myanmar:

Share