03/27/2014
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်လိုသူ နိုင်ငံခြားသားများကို ဗီဇာအ မျိုးအစားခြောက်မျိုးဖြင့် တရားဝင် သတ်မှတ် ထားသည့် ငွေကြေးအတိုင်းကောက်ခံ၍ ဝင်ခွင့် ပြုနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ ဒုတိယဝန်ကြီး ဦကျော်ကျော်ဝင်း က ပြောသည်။
ကမ္ဘာလှည့်ဗီဇာအတွက် ဒေါ်လာ ၂ဝ ကောက်ခံပြီး နေထိုင်ခွင့် ၂၈ ရက် ခွင့်ပြုပေး ကြောင်း၊ လုပ်ငန်းဗီဇာအတွက် ၃၆ ဒေါ်လာဖြင့် နေထိုင်ခွင့်ရက် ၇ဝ၊ ပြည်ဝင်ဗီဇာကို ၃၆ ဒေါ် လာဖြင့် ၂၈ ရက်ခွင့်ပြုပေးကြောင်း သိရသည်။
အဆိုပါ ပြည်ဝင်ခွင့်ဗီဇာတွင် အစည်းအ ဝေးနှင့်အလုပ်ရုံဆွေးနွေးပွဲအတွက် ၃၆ ဒေါ်လာ ဖြင့် ၂၈ ရက်၊ သာသနာရေးဆိုင်ရာ ဗီဇာအ တွက် ၃၆ ဒေါ်လာဖြင့် ရက် ၉ဝ၊ ဖြတ်သန်းခွင့် ဗီဇာကို ၁၈ ဒေါ်လာဖြင့် ၂၄ နာရီ သတ်မှတ် ထားသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ ရှိ မြန်မာသံရုံးများတွင် ဗီဇာယူရန် အခက်အခဲ ရှိသူများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ နိုင်ငံခြားသားများကို ဗီဇာအမျိုးအစားသုံးမျိုးဖြင့် ကောက်ခံ၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးကြောင်း ယင်းကဆိုသည်။
လုပ်ငန်းဗီဇာအတွက် ဒေါ်လာ ၅ဝ ဖြင့် နေထိုင်ခွင့် ရက် ၇ဝ၊ ပြည်ဝင်ဗီဇာကို ဒေါ်လာ ၄ဝ ဖြင့် ၂၈ ရက်၊ ဖြတ်သန်းခွင့်ဗီဇာကို ဒေါ်လာ ၂ဝ ဖြင့် ၂၄ နာရီ သတ်မှတ်ထားကြောင်း သိ ရသည်။