International Dai Community

International Dai Community international Dai Community (အပြည်ပြည်ဆိုင်ရာ ဒိုင်ကွန်မြူနီတီ ) ၏ Official Page ဖြစ်ပါသည်။

ဤ Page သည် International Dai Community ( အပြည်ပြည်ဆိုင်ရာ ဒိုင်ကွန်မြူနီတီ ) ၏ Official page ဖြစ်ပါသည်။

04/18/2025

နှလုံးသားနဲ့
ရှေ့ရေးကိုမျှော်တွေးပြီး
မြင်တဲ့အမြင်မျိုးကို
Vision ဟုခေါ်သည်။

သတင်းဦး၊သတင်းထူး၊ သတင်းမှန်ကိုသာအချိန်နဲ့တပြေးညီတင်ပြသွားမည်။
08/02/2024

သတင်းဦး၊သတင်းထူး၊ သတင်းမှန်ကိုသာအချိန်နဲ့တပြေးညီတင်ပြသွားမည်။

VOC မြန်မာသတင်း အစီအစဉ်ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၅ ရက်၊ မြန်မာစံတော်ချိန် ည ၉း၀၀ နာရီတွင် စတင်ထုတ်လွှင့်ပါမည်။
VOC News: Burmese Program will begin on August 5, 2024, at 9:00 PM (Myanmar Time).

ကျနော်နဲ့ဒိုင်ရ်စာပေ(အပိုင်း-၃)———————xx——————1️⃣ဒိုင်ရ်စာပေနှင့်ပါတ်သက်၍—-မေ(၉)၊၂၀၀၉ ခုနှစ်တွင်ကျနော့်အကြံပြုစာကိုအောက်...
07/17/2024

ကျနော်နဲ့ဒိုင်ရ်စာပေ(အပိုင်း-၃)
———————xx——————
1️⃣ဒိုင်ရ်စာပေနှင့်ပါတ်သက်၍—-
မေ(၉)၊၂၀၀၉ ခုနှစ်တွင်ကျနော့်အကြံပြုစာကို
အောက်ပါပုဂ္ဂိုလ်များထံသို့ပေးပို့သည်။
Rev.Mana Thang([email protected])
Rev.Thang Kee Ling([email protected])
Rev.Hung Ling Dai([email protected])
Rev.Naing Hlük([email protected])
Rev. Kok Thang ([email protected])
Saya Wise Thang([email protected])
Rev. Lon Thang ([email protected])
Rev.Shwe Kee ([email protected])
Rev. Bawi Zo([email protected])
Rev. Ar Naing ([email protected])
-ထို့အပြင် အချို့ဆရာတော်များကိုဖုန်းဆက်ပြီး
အကြံပြုခဲ့သည်။
-Rev.Ar Naing မှကျနော့်အကြံပြုစာအစောင်(၅၀)မတ္တူကူးပြီးဖြန့်ဝေပေးရန်သဘောတူကြသည်။ မိတ္တူကူးခအတွက်လည်းပေးပို့ခဲ့သည်။
2️⃣ကျနော့်အကြံပြုချက်ကတော့——
✍️နိုင်ငံတဝန်းတွင်အစိုးရတာဝန်ထမ်းဆောင်သည့် ဒိုင်ရ်ဝန်ထမ်းများ၊အသိပညာရှင်၊အတတ်ပညာရှင်များ၊ဂိုင်းဂဏမချန်အသင်းတော်တိုင်းမှအမှုတော်ဆောင်များ၊ဒိုင်ရ်ကျေးရွာအုပ်ချုပ်ရေးမှူးများအစုံပါဝင်သည့် ဒိုင်ရ်ပြည်သူ့ညီလာခံကျင်းပပြီး—-
✍️ အသင်းတော်တိုင်းမှအသင်းသူ/သားအသုံးပြုနိုင်ရန် ပညာရှင်ကြီး၏လေ့လာပြုစုထားသည့်
ဒိုင်ရ်စာပေကိုအခြေခံပြီး ကျမ်းစာဘာသာပြန်ရန်၊
ဓမ္မသီချင်းစာအုပ်များထုတ်ဝေနိုင်ရေးကိစ္စဆွေးနွေးကြရန်၊
✍️မြို့သစ်စီမံကိန်းကိစ္စဆွေးနွေးရန်နှင့်
✍️ဒိုင်ရ်စာပေစနစ်တကျလေ့လာပြုစုပေးတဲ့စာပေပညာရှင်ကြီးအားဒိုင်ရ်ပြည်သူ့ညီလာခံတွင်
ဖိတ်ခေါ်ပြီးကျေးဇူးတင်စကားပြောကြားရန်။
စသည်တို့ဖြစ်သည်။
-ဒိုင်ပြည်သူ့ညီလာခံကျင်းပနိုင်မည်ဖြစ်ပါက
မြန်ကျပ်ငွေ(၁၀)သိန်းလှူဒါန်းရန်ကျနော်ဂတိပြုခဲ့သည်။
3️⃣ကျနော့်အကြံပြုချက်အပေါ်တုန့်ပြန်စာများ
လက်ခံရရှိခဲ့သည်။
✍️ဆရာတော်တပါး၏နှုတ်ဖြင့်တုန့်ပြန်ချက်မှာ
အလွန်ပြင်းထန်လွန်းသည်။
“ဒိုင်ရ်စာပေလေ့လာပြုစုသူသည် နိုင်ငံခြားသူဖြစ်ပြီး ဒိုင်ရ်နယ်သို့တကြိမ်တခါမျှရောက်ခဲ့ဘူးသူမဟုတ်သည့်အတွက်အထူးဖိတ်ခေါ်ရန်မလိုကြောင်း၊ ဆရာတော်ကိုယ်တိုင်မှ သူ့မျက်နှာကို
တံထွေးနဲ့ထွေးပြီးသူ့နိုင်ငံသို့ပြန်မောင်းထုတ်မည်”
ဟုဆိုကာ ဖုန်းချပြီးပျောက်သွားသည်။
✍️အခြားဆရာတော်တပါးကမူ စာပေ Siminar, Workshop ကျင်းပရန်အစီအစဉ်ရှိကြောင်း၊ ကျနော်လှူဒါန်းရန်ဂတိပြုထားသည့် ကျပ်(၁၀)သိန်းကိုပင်မလိုအပ်ကြောင်း၊ အသင်းတော်မှကုန်ကျငွေစိုက်ထုတ်မည်ဖြစ်ကြောင်း အင်တင်တင်နဲ့ဆိုလာသည်။

✍️ဆရာတော်ရွှေကီး(အင်္ဂလန်)၏တုန့်ပြန်စာ
Dear Mr. L. K. Dai,
Thank you very much for your love for the Dai people. We need more people like you. It is a very good motivated open letter to all the DAI people. I absolutely agree with you. I will stand with you 100% wholeheartedly. Let us pray that God would prepare a way for us to be able to conduct the Dai Conference soon. I am thinking of posting your original open letter to all the DAI people on the Daipeople Yahoogroups when I complete it. Again thank you ever so much. Lets work together from now on.
Best Regards,
Mr. S. Hoipang
✍️Rev. Naing Hlük ၏တုန့်ပြန်စာ
Dear brother
Thanks your mail.You expressed,that is desire also to me.If we are hang together,our plan will succeed.You know,The act of bringing
something to up to date to meet curent needs.I agreed your suggestion
for our future ..../Are you contact with Rev Boi Zaw?
Ok Let
Nai Hluk
✍️Rev. Bawi Zo ၏တုန့်ပြန်စာ
Dear Ling Kee Dai,
Peace be with you.I could'nt communicate you b/c of mail service laking in Mindat.As you have been given some advices to us,we have seriously taken it and making discussion successfully.
We have duly passed one thing that shall we have the Dai people Conference on the last week of April,2010 at Mindat.This seminar will take on three days and we expected at least 100 representatives will participate in this
conference from four townships of Dai region.We made budget Estimate for this conference Ks.2100000/- (twenty one lakhs).you also expected to be donated as you have giving a promise i.e.,1000000/-(ten lakhs).We ever welcome yours letter and a good advices.Please making broadly another
Dai partners so that they may be with us donating some funds.We will send the working committee's resolution at the most of our convenient.

Sincerely your's
Rev.K.Bawi Zaw
———
4️⃣ဒိုင်ရ်စာပေအလုပ်ရုံဆွေးနွေပွဲကို
၂၀၀၉ခုနှစ်၊နိုဝင်ဘာလ ၂ ရက်မှ ၁၃ ရက်ထိ
ရန်ကုန်၊BI Office. ရွှေဂုံတိုင်၊ယုဇနတာဝါမှာ
ဆွေးနွေးခဲ့ကြသည်။
Dai Orthography, Primer, and Morphology Workshop
November 2-13, 2009
✅ဦးဆောင်သူစာပေပညာရှင်များမှာ~~
Workshop Leader:
1)Dr.Connie Champeon,
2)Ross Hodsdon,
3)Kristy Montgomery,
4)Debbie King တို့ဖြစ်ကြသည်။
✅ပါဝင်တက်ရောက်သူများမှာ——
1)Rev.Ki Ling ( Methodist-Mindat)
2)Rev.Mana Naing(Methodist-Mindat)
3)Rev.Thang Ki Ling(Brethren-Mindat)
4)Rev. Naing Thing(Brethren-Kanpetlet)
5)Pastor Naing Thang(Baptist-Kanpetlet)
6)Pastor Reng Hu (AOG-Yangon)
7)Rev.Jame K*m Hlui(DECC-Matupi)
8)Rev.Hung Mana ( Baptist-Kanpetlet)
9)Teh Kee Ling (Brethren-Yangon)
10)Ngling Sho ( Brethren-Yangon)
11)Ngling Pääng (Brethren-Yangon)
12)Pastor Mana Naing (Brethren-Yangon)
13)Pastor Brian Pe Kee(Brethren-Yangon)
14)Rev.Bawi Zo ( Presbyterian-Mindat)
15)Re.Daniel Phwe Bu(Paletwah)
16)Tiki (Brethren-Yangon)
➡️Sh အစား s
➡️S အစား c
➡️aw စသည်တို့ပြောင်းလဲအသုံးပြုရန်နှင့်
မျိုးနွယ်စုနာမည် Dai ဟုသုံးနှုန်းရန်ညှိနှိုင်း
သဘောတူခဲ့ကြသည်။
#ထူးခြားချက်မှာဆရာလိန်းဆောပါဝင်နေခြင်းဖြစ်သည်။

5️⃣၂၀၁၀ ဧပြီလ ၂၃ ရက်မှ ၂၆ ရက်ထိ
Interdenominational Dai conference ကို
Mindat Presbyterian Church တွင်ကျင်းပခဲ့ကြရာ
လေးမြို့နယ်မှ အယောက် ၁၀၀ ကျော်ပါဝင်တက်ရောက်သည်။
✅ညီလာခံတွင်——
➡️Sh အစား s
➡️S အစား c
➡️aw စသည်တို့ပြောင်းလဲအသုံးပြုရန်နှင့်
မျိုးနွယ်စုနာမည် Dai ဟုသုံးနှုန်းရန်ထပ်မံ
သဘောတူအတည်ပြုခဲ့ကြသည်။
➡️Double vowel နဲနိုင်သမျှနဲအောင်အသုံးပြုရန်၊
➡️ဒိုင်ရ်စာပေနှင့်ယဉ်ကျေးမှုကော်မီတီများမြို့နယ်အသီးသီးတွင်ဖွဲ့စည်းရန်၊
➡️ဒိုင်စာပေ/ယဉ်ကျေးမှုဗဟိုကော်မီတီကိုဖွဲ့စည်းပြီးရန်ကုန်တွင်ထားရှိရန်။
➡️၄င်းကော်မီတီအသီးသီးမှဒိုင်ရ်စာပေလုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်ရန်၊
➡️Dai Theological Students Union ဖွဲ့စည်းခြင်းနှင့်
➡️ကျမ်းစာဘာသာပြန်ရန်ထောက်ခံချက်ပြုခြင်း
စသည့်သဘောတူညီချက်များရရှိခဲ့ကြသည်။

#ကျနော်ဂတိပြုသည့်အတိုင်းငွေကြေးဖြင့်ပါဝင်နိုင်ခဲ့သည်။

ထိုညီလာခံမှတဆင့်
📚📓ဒိုင်ရ်စာပေလုပ်ငန်းအောက်ပါအတိုင်း
ပြောင်းလဲတိုးတက်လာသည်။

ဒိုင်စာပေ။
ရှေးယခင်က ဒိုင်(Dai) မျိုးနွယ်စုများတွင် စာပေဟူ၍မရှိခဲ့ပေ။ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက် မြို့ နယ်များတွင် ချိုးစာ၊ မတူပီမြို့နယ်တွင် ဟားခါးစာပေနှင့် ပလက်ဝမြို့နယ်တွင်ခူမီးစာပေကိုသာ မူလ တန်းဆင့်တွင်သင်ယူခဲ့ကြသည်။ သို့သော် ခရစ်ယာန်သာသနာပြုများသည် ဒိုင်နယ်သို့ ရောက်ရှိလာ ပြီး ဒိုင်စာပေ နှင့် ဗျည်းအက္ခရာများ တည်ထွင်ပေးခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် မတူပီမြို့နယ်တွင် Siip Dai စာပေကို၄င်း၊ ၁၉၇၅ ခုနှစ်တွင် ဦးချိုင်ဆောမှ ကန်ပက်လက်မြို့နယ်တွင် Yang Dai စာပေ ကို၄င်း၊ Presbyterian သာသနာပြုများမှ မင်းတပ်မြို့နယ်တွင် Dai စာပေကို ၁၉၇၈ခုနှစ်တွင် လည်း ကောင်း၊ ပလက်ဝမြို့နယ်တွင် မရာဧဝံဂေလိအသင်းတော် သာသနာမှ လေးမြို့ Dai စာပေကို၄င်း၊ မက်သဒစ် အသင်းတော်၌ ၁၉၈၄ ခန့်တွင် အသင်းတော်အတွင်း အသုံးပြုရန် Dai စာပေကို၄င်း အသီးသီးကွဲပြားစွာ သုံးစွဲလာခဲ့ကြသည်။
​၂၀၀၉ ခုနှစ်တွင် မြို့နယ်အလိုက် စာပေ(၅)မျိုးခန့်ကွဲပြားနေသည်ကို မျိုးနွယ်စုတစ်စု၊ စာပေတစ်ခု ဖြစ်ဖို့ရည်ရွယ်လျှက် ဒိုင် ဘုံစာပေအတွက် Bible International ဘာသာဗေဒ ပညာရှင်များ၏ အကူအညီဖြင့် Dai Literacy work shop ပြုလုပ်ပြီး တောင်ပိုင်း ၄ မြို့နယ် ခေါင်းဆောင်များ တက်ရောက်၍ ဘုံဗျည်း အက္ခရာများ အတည်ပြုခဲ့ကြသည်။ ၂၀၁၀ ခုနှစ် လေးမြို့နယ် ပထမအကြိမ် ဒိုင်(Dai) ညီလာခံ၊ မင်းတပ်မြို့မှ ၄င်းဘုံဗျည်းအက္ခရာများကို အတော်ကြာ ဆွေးနွေးပြီးနောက် လေးမြို့နယ် ဒိုင်(ချင်း) ဘုံဗျည်း အက္ခရာအဖြစ် ထပ်မံအတည်ပြုခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် ၄င်းဘုံ ဗျည်းအက္ခရာဖြင့် ဒိုင်တိုင်းရင်းစာပေကို ဒိုင်နယ်ရှိ အစိုးရကျောင်းများတွင် သင်ကြားနိုင်ရေးအတွက် အဆိုပြုလွှာ တင်သွင်းခဲ့ကြရာ၊ ဒိုင်(Dai)တိုင်းရင်းစာပေ သင်ကြားခွင့်ကို အစိုးရမှ ၂၀၁၄ ခုနှစ်တွင် အတည်ပြုပေးခဲ့ပြီး၊ Grade 1,2, 3 ကို ၂၀၁၆ ခုနှစ်တွင် အခြေခံပညာရေးဦးစီးဌာနမှ အုပ်ရေ ၃၆၀၀ အခမဲ့ထုတ်ဝေပေးပါသည်။
​၄င်းနောက် ဒိုင်တိုင်းရင်းစာပေအဖွဲ့ မှတ်ပုံတင်နိုင်ရေးအတွက် ဒိုင်စာပေ နှင့်.ယဉ်ကျေးမှု ကော်မီတီ (ဗဟို)မှတဆင့် တောင်း လျှောက်ခဲ့ကြရာ၊ ၂၀၁၈ ခုနှစ်တွင် ဒိုင်(ချင်း) တိုင်းရင်း စာပေ နှင့် ယဉ်ကျေးမှု အသင်း မှတ်ပုံတင်အမှတ်/ ၁ ပြည် တွင်း/၀၇၀၅ ဖြင့်တရားဝင် စာပေနှင့်ယဉ်ကျေးမှုအသင်း မှတ်ပုံ တင်ခဲ့ကြသည်။ ထို့ကြောင့် ဗဟိုဒိုင်စာပေ နှင့် ယဉ်ကျေးမှုအသင်း(လေးမြို့နယ်ကိုယ်စားပြု)အား ၂၀၁၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး၊ ယခုတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ နဝဒေးလမ်းတွင် ရုံးဖွင့်ထားကြပါသည်။ ၄င်းအပြင် မြို့နယ်အဆင့် အသီးသီးတွင် စာပေနှင့်ယဉ်ကျေးမှုအသင်းအား ဖွဲ့စည်းနိုင်ခဲ့ကြပြီး၊ ကျောင်းပြင်ပတွင် Primer အဆင့်ကို ၂၀၁၀ မှ ၂၀၁၄ တွင်၄င်း၊ ၂၀၁၆ မှ ယနေ့ထိ Grade 1,2,3 ကို ကျောင်းချိန်ပြင်ပတွင် သင်ယူနိုင်ခဲ့ကြပါသည်။
🙏🙏
ဒိုင်ရ်မျိုးနွယ်စုနှင့်ဒိုင်ရ်စာပေအဓွန့်ရှည်ပါ။

07/15/2024

————About Dai————
By: Rev. Lalchamdama
( Matu Village, Matupi Township)

The people who are living around the junction of the four townships i.e Mindat, Matupi, Paletwa and Kanpetlet are identified as Dais.
But no one knows the reason why they are
called Dais. However, there are some
hypotheses which we shall concisely
discuss here.

Regarding their identity they call themselves or they are given different names.
1️⃣Some of Dais who live around River Lemro are called Lemro Chins by outsiders.
2️⃣Some of them who are close to Matupi are called Tuivang by their surrounding people though they never call themselves Tuivang.
Tuivang in a matter of fact is not the name of a tribe, it means overseas or beyond the river. Because they are living beyond the river for some people like Doems and Ngalas so they call them Tuivang. The people who are thus called Tuivang are in fact Dais.
3️⃣Some of Dai people who are in Mindat
Township are called M’kang.
M’kang in the Dai dialect just means high
mountain where no big trees are grown, only
small trees and grass are mostly grown.
So this type of high mountain is call M’kang in
Dai dialect. So M’kang is not the name of a
tribe, rather it is the name of a particular
place. They dubbed their name after the name
of their living place. Thus the people who are
called M’kang are also actually Dais.
4️⃣There are some people who are called Zos in Mindat Township are also Dais.
5️⃣Dai people who live in Kanpetlet Township
on the eastern side of Hmaw River call
themselves Yindu or simply Daar. Vumson
mentioned that Yindu in literature probably
referred to Dai. Lehman also stated that what was said of category Yindu in linguistic survey seemed to apply to the Dai.
6️⃣Dai people living on the western side of
Hmaw River in Kanpetlet Township call themselves Yang. The Yindu Dai call themselves Dai Ktu, some of the Dai people in Mindat township call themselves Nghilo. Why do they have different names? Are they not really Dais? By no means. They all are Dais. They are recognized as Dais by the Government of Myanmar and in the universe as well.
✍️As Dai people are scattered in different places their traditions and culture are also little bit different. The traditional folksongs of the Dais for instance may also be disparate according to the people nearby them. Their use of traditional folksongs may be perplexing for some people thinking that they are not Dais and make them a mind of separatism. The Dai people who are close to Matus or in some places might use “Hlo Hlai” or “Song La,” some Dai people might use “Ng’äi.”
Albeit their practices of folksongs are different according to their geographical regions they all are ethnically Dais.

✍️The question arises now is “Why are they called Dais?” The Dai people in fact never called themselves Dai. Originally they dubbed themselves Cho or Kho or Zo.
But now they are recognized as Dais and they identify themselves Dai as well. There are presuppositions the reason why they are identified as Dai. Is the term “Dai” given by nearby people?
Mr. Sui Mnai said,
🔺"We never call ourselves Dai, but our neighboring people namely Muans or Muuns call us Dai.
✍️We call ourselves Cho. We simply call the people who are in the North, the people of the north; the people in the south, the people of the south and so on.
✍️The Burmese called us Yindu. Thus it has seemed that “Dai” has been given as the name of the tribe by their neighboring
people.
✍️The question arises again here is “
"Why is the surrounding people call them Dais?”
🔺There is no any other evidence or vestige the reason why they are called Dais. Nevertheless, there are two suppositions.
➡️Firstly, in the land where the Dais are living, most of the forest is infested with bamboo. In the Sho dialects the forest of bamboo is called dai. As one of the Sho clans the Dais also call the bamboo forest and the bamboo itself dai. Therefore, the inhabitants are also called Dais.
➡️Secondly, there was one village called Dai Tui in the south-west of Dai Area. There was one powerful chief in that village about a century ago. His name was Thang Cing and popularly known as Dai Tui Thang Cing after Dai Tui village. It was said that his kingdom was called Dailand and the inhabitants were also continually called Dais.

✍️But furthermore, there are some hypotheses with regard to the identity of the Dai people.
Did they have their name from the outset before they have settled in the region where they are living now?
Does their origin signify their identity as well?Theoretically the Dai people who are in Kanpetlet Township are those who came via Pokpa Taung (Pu pa m’cung in Dai dialect); who are living in Mindat Township, some Dais in Matupi Township and Paletwa Township are those who came by way of Mawpi; and some of them in Matupi Township and Paletwa Township are those who came through Bungtla. So this hints that they had the term
Dai from China or Tibet and they inherit it and now live in a region in Southern Chin State.

✍️In conclusion, Dais are obviously one of the Chin Tribes who are spread in the four townships in Southern Chin State. The origin of the term Dai is obscured. There are two presuppositions of the origin of Dai, but these are theoretical and conjectural. There are Dai people in China too, but we do not know whether there is a connection with
them. We need to investigate with evidence and discover logically the origin of the term Dai.

Credited to Rev. Lalchamdama ( Matu Village, Matu Township)

06/11/2024

မြန်မာအသတ်လား ပါဠိအသတ်လား
**********************************
By: Dr. Ling Kee Htang
19.9.2018
မြန်မာစာအရေးအသားမှာ အသတ် ၁၀ မျိုးသာ(က၊င၊စ၊ည၊ဥ၊တ၊ပ၊န၊မ၊ယ) ရှိပါတယ်။ ကျန်တဲ့အသတ်တွေက ပါဠိတို့၊သက္ကတ တို့ဆီက ယူထားတဲ့ ပါဠိမွေးစားစကားလုံးတွေသာဖြစ်ပါတယ်။ ဒီလိုမျိုးအသတ်တွေကို သုံးချင်သလို သုံးလို့မရပါဘူး။ ဥပမာ မုခ် ဦးဖွင့်ပွဲ က မုခ် ဆိုတာ မုခဆိုတဲ့ ပါဠိစကားလုံးက "ခ" ကိုအသတ်ထည့်လိုက်တာပါ။ မုခ် ဆိုတာ တံခါးဝ၊ အဝင်ဝ လို့ အဓိပ္ပာယ်ရပါတယ်။ ဘဝဂ်၊ မိုဃ်း၊ ပုဒ်၊ သက္ကရာဇ်၊ မြင်းမိုရ်၊ ညဏ် စတာတွေက ပါဠိစကားလုံးအဆုံးသတ်ဗျည်းတွေကို အသတ်ထည့် လိုက်ခြင်းသာ ဖြစ်ပါတယ်။

ဗမာလူမျိုးမဟုတ်တဲ့ အမည်နာမတွေကို ရေးသားရာမှာ အသတ်တွေအသုံးပြုကြတာကိုတွေ့ရပါတယ်။ နာမည်တွေရဲ့ အင်္ဂလိပ်အက္ခရာ အဆုံးသတ်ကို ယူပြီးရေးသားကြတာဖြစ်ပြီး အသတ်က အသံ ကိုသာ ကိုးစားပြုပါတယ်။ ဥပမာ ဆုန်သင်းပါရ်၊ ကြွန်ဘိခ်၊ ရ် က par က r ကို ကိုယ်စားပြုပြီး ခ် က Bik က k ကို ကိုယ်စားပြုတယ်လို့ယူဆပါတယ်။

ကျွန်တော်တို့လူမျိုးနာမည်ကို phonetic နဲ့ရေးရင် /daij/ လို့ အနီးစပ်ဆုံးရေးကြပါတယ်။ ဒေသအလိုက် လေသံ ကွဲမကွဲ ကျွန်တော် မသိပါ။ /daij/ ကို အနီးစပ်ဆုံး transliteration လုပ်ရင်တော့ /ai/ က အိုင်သံထွက်ပြီး /j/ ကို ရ် လို့ယူပြီး ဒိုင်ရ် လို့ရေးသင့်တယ်လို ယူဆကြခြင်းဖြစ်ပါတယ်။ ဒီအရေးအသားမှာ အသုံးပြုတဲ့ ရ် အသတ်က မြန်မာအသတ်လည်း မဟုတ်သလို ပါဠိအသတ်လည်း မဟုတ်ပါဘူး။

မြန်မာစာတွေမှာ တွေ့ရတတ်တဲ့ အသတ်တွေအကြောင်းကို မျှဝေပေးခြင်းသာဖြစ်ပါတယ်။ ဒိုင်လူမျိုး ဒါမှမဟုတ် ဒိုင်ရ်လူမျိုး လို့သုံးဖို့မသုံးဖို့ကတော့ စာပေကော်မတီက ဆုံးဖြတ်ဖို့သာဖြစ်ပါတယ်။ ဒိုင်လူမျိုးရော ဒိုင်ရ်လူမျိုးကိုပါ ချစ်ပါတယ် (လာဆဲနေမှာ စိုးလို့ကြိုဖားတာ :D)

(အထူးသဖြင့် ကျောင်းဆရာ/မတွေဖတ်ဖို့ပါ)

၁၉.၉.၂၀၁၈
Ling Kee Htang

06/11/2024

မြန်မာအသတ်လား ပါဠိအသတ်လား
**********************************
By: Ling Kee Htang
19.9.2018
မြန်မာစာအရေးအသားမှာ အသတ် ၁၀ မျိုးသာ(က၊င၊စ၊ည၊ဥ၊တ၊ပ၊န၊မ၊ယ) ရှိပါတယ်။ ကျန်တဲ့အသတ်တွေက ပါဠိတို့၊သက္ကတ တို့ဆီက ယူထားတဲ့ ပါဠိမွေးစားစကားလုံးတွေသာဖြစ်ပါတယ်။ ဒီလိုမျိုးအသတ်တွေကို သုံးချင်သလို သုံးလို့မရပါဘူး။ ဥပမာ မုခ် ဦးဖွင့်ပွဲ က မုခ် ဆိုတာ မုခဆိုတဲ့ ပါဠိစကားလုံးက "ခ" ကိုအသတ်ထည့်လိုက်တာပါ။ မုခ် ဆိုတာ တံခါးဝ၊ အဝင်ဝ လို့ အဓိပ္ပာယ်ရပါတယ်။ ဘဝဂ်၊ မိုဃ်း၊ ပုဒ်၊ သက္ကရာဇ်၊ မြင်းမိုရ်၊ ညဏ် စတာတွေက ပါဠိစကားလုံးအဆုံးသတ်ဗျည်းတွေကို အသတ်ထည့် လိုက်ခြင်းသာ ဖြစ်ပါတယ်။

ဗမာလူမျိုးမဟုတ်တဲ့ အမည်နာမတွေကို ရေးသားရာမှာ အသတ်တွေအသုံးပြုကြတာကိုတွေ့ရပါတယ်။ နာမည်တွေရဲ့ အင်္ဂလိပ်အက္ခရာ အဆုံးသတ်ကို ယူပြီးရေးသားကြတာဖြစ်ပြီး အသတ်က အသံ ကိုသာ ကိုးစားပြုပါတယ်။ ဥပမာ ဆုန်သင်းပါရ်၊ ကြွန်ဘိခ်၊ ရ် က par က r ကို ကိုယ်စားပြုပြီး ခ် က Bik က k ကို ကိုယ်စားပြုတယ်လို့ယူဆပါတယ်။

ကျွန်တော်တို့လူမျိုးနာမည်ကို phonetic နဲ့ရေးရင် /daij/ လို့ အနီးစပ်ဆုံးရေးကြပါတယ်။ ဒေသအလိုက် လေသံ ကွဲမကွဲ ကျွန်တော် မသိပါ။ /daij/ ကို အနီးစပ်ဆုံး transliteration လုပ်ရင်တော့ /ai/ က အိုင်သံထွက်ပြီး /j/ ကို ရ် လို့ယူပြီး ဒိုင်ရ် လို့ရေးသင့်တယ်လို ယူဆကြခြင်းဖြစ်ပါတယ်။ ဒီအရေးအသားမှာ အသုံးပြုတဲ့ ရ် အသတ်က မြန်မာအသတ်လည်း မဟုတ်သလို ပါဠိအသတ်လည်း မဟုတ်ပါဘူး။

မြန်မာစာတွေမှာ တွေ့ရတတ်တဲ့ အသတ်တွေအကြောင်းကို မျှဝေပေးခြင်းသာဖြစ်ပါတယ်။ ဒိုင်လူမျိုး ဒါမှမဟုတ် ဒိုင်ရ်လူမျိုး လို့သုံးဖို့မသုံးဖို့ကတော့ စာပေကော်မတီက ဆုံးဖြတ်ဖို့သာဖြစ်ပါတယ်။ ဒိုင်လူမျိုးရော ဒိုင်ရ်လူမျိုးကိုပါ ချစ်ပါတယ် (လာဆဲနေမှာ စိုးလို့ကြိုဖားတာ :D)

(အထူးသဖြင့် ကျောင်းဆရာ/မတွေဖတ်ဖို့ပါ)

၁၉.၉.၂၀၁၈
Ling Kee Htang

သုတေသနစာတမ်းငယ်တစောင်ရေးချင်တယ်။~~~~~~~~~~~~~~~xx~~~~~~~~~~~~~~~By: Dr. Ling Kee Htang“ချင်းပြည်နယ်တောင်ပိုင်း လေးမြို့န...
06/11/2024

သုတေသနစာတမ်းငယ်တစောင်ရေးချင်တယ်။
~~~~~~~~~~~~~~~xx~~~~~~~~~~~~~~~
By: Dr. Ling Kee Htang
“ချင်းပြည်နယ်တောင်ပိုင်း လေးမြို့နယ်မှာ အများဆုံးနေထိုင်ကြတဲ့ လူမျိုးနွယ်စု တခုဖြစ်တဲ့ Dai or Daai အသုံးအနှုန်း ဘာကြောင့်ကွဲပြားတာလဲ။
ဒီလိုကွဲပြားမှုရဲ့ အကျိုးဆက်ကဘာလဲ။
ဘာလို့ ဘုံသဘောတူညီမှုမရနိုင်ကြတာလဲ။
ဒါကိုဘယ်လို‌ဖြေရှင်းနိုင်မလဲ။”

#သုတေသနစာတမ်းငယ်တစောင်ရေးချင်တယ်။
———-
အထင်ကရပုဂ္ဂိုလ်များရဲ့ကော်မင့်များကစိတ်ဝင်စားစရာကောင်းပါတယ်။ အဆုံးထိဖတ်ပေးကြပါ။ 🙏

✍️Eden Thang Awm
သူတို့ မိသားစုထဲမှာတောင် ဒိုင်ရ်စကား မသုံးနိုင်ဘဲ စာပေအကြောင်း အော်သူတွေကြောင့်ပါ😝
✍️John Ki Ling
လိုရင်းတိုရှင်း ရေးပါ။
ဘာသာရေးဆရာတွေ စောက်သုံးမကျကြလို့ဆိုပြီး။
✍️Harmony Rivers
ခေါ်စရာမရှိလို့ ခေါ်လို့ရအောင်"ဒိုင်"Dai"လို့ရေးခဲ့ကြတာ အတည်ယူလို့မရဘူး။
phonemeအရ longဖြစ်သင့်လား
Shortဖြစ်သင့်လားဆိုတဲ့အပေါ်မှာ identityပြန်ယူရပါတယ်။
မြန်မာမှုအရေးအသားကျတော့
"အသတ်သင်္ကေတ"ရေးထုံးပေါ်အခြေခံပြီး
Identity Symbolအဖြစ်ယူသုံးရမျိုးလိုပါတယ်။
✍️Dr. Ling Kee Htang မှပြန်လှနိဆွေးနွေး။
Harmony Rivers ဒိုင် လို့ပဲရေးရေး ဒိုင်ရ် လို့ပဲရေးရေး မြန်မာမှုပြုရတာဖြစ်တဲ့အတွက် ဒီလိုရေးတာကမှ အမှန်ဆိုတာမရှိပါဘူး။ ဘာလို့ ဒိုင်ရ်လို့ရေးကြသလဲဆိုတာ သိဖို့အတွက် Transliteration သဘောကို နားလည်ရပါမယ်။ အသတ်သ‌င်္ကေတ က မြန်မာစာရေးထုံးနဲ့မဆိုင်ပါ။ မြန်မာအသတ်မှာ ရ် မရှိပါ။
မြန်မာစာအပါအဝင် တခြားသော ကရင် ရှမ်း ချင်း Cho ca Dai ca/Daai sa တွေက Tonal language တွေဖြစ်ပါတယ်။ Vowel length ကွာခြားမှုရှိမရှိ အယူအဆမှာပြဿနာရှိနေတာကို ဖြေရှင်းကြဖို့လိုနေတာပါ။
✍️Mar Ling
၁။လူမျိုးစု နောက်ခံ
၂။စာပေတွေရဲ့နောက်ခံ
၃။ ဘာသာရေးနောက်ခံ
၄။personal case နောက်ခံ
စသည်ဖြင့်အမျိုးမျိုးကိန်းအောင်းနေတယ်ဆိုတော့ လွယ်တော့မလွယ်လှဘူးလေ။
✍️PK Suante
Linguistic သမားတွေက အသံ (phonology/tone) တွေ ဦးစားပေးတယ်။ အဲလို ကွဲနေကြတာ linguistic အမြင်က စာပေ(literature)နယ်ပယ်ထဲ ဝင်နေလို့။ စာပေကိစ္စက တကယ်တော့ စာပေအမြင်နဲ့ပဲ literature သမားတွေရဲ့ အဆုံးအဖြတ်ကို လက်ခံနိုင်ဖို့လိုတယ်။ Dai vs Daai တင်မကဘူး၊ ငါတို့ဖက်မှာလည်း Zo vs Zou ကအစ (တချို့က Zoo ပါလိုက်လုပ် လိုက်သေး)။ ပြီး simplification, modernization နှင့် standardization အတွက် ခိုင်မာတဲ့ institution လိုတယ်။ institutionalization လည်း လိုတာပေါ့။
🤝Dr. Ling Kee Htang မှပြန်လှန်ဆွေးနွေး။
PK Suante Khoi Lam Thang ရဲ့စာတမ်းမှာ တီးတိန်စကား tone လည်း ကွာသလို vowel length လည်းကွာတယ်ပြောထားတယ်။ အဲ့လိုကွာတာကို သိသာအောင် ဘယ်လိုရေးကြလဲ။ Dai or Daai ကိစ္စမှာက long vowel မှန်းသိသာအောင် (aa) doubling လုပ်ထားတာလို့ Dr Helga ကပြောထားတယ်။
🤝PK Suante မှပြန်လှန်ဆွေးနွေး။
Ling Kee Htang တီးတိန်မှာ “tang” ဆိုတဲ့ စာလုံးပေါင်းတစ်ခုလေးက သူ့ context, phrase, sentence ပေါ် မူတည်ပြီး အသံထွက် ၉ မျိုးလောက် နှင့် အဓိပ္ပာယ် ၁၂ မျိုးလောက် ဖြစ်နိုင်တယ်။ phonology/tone ဦးစားပေရင် ဘယ်တော့မှ စာပေအဆင့်ရောက်ကြမှာမဟုတ်ဘူး။ ဥပမာ။ Data ဆိုတဲ့ စာဟာ Aussie တွေက “ဒါတာ” လို့ အသံထွက်၊ ကျန်တွေက “ဒေတာ” လို့ အသံထွက်ပေမယ့် အရေးအသား မပြောင်းဘူး။ ဆိုလိုတာက စာပေက အားလုံးကို အသံထွက်အတိုင်း အတိအကျဖြစ်အောင် လိုက်လုပ်နေလို့ မရဘူး။ English မှာ “Wr” နဲ့ စတဲ့ စာတွေမှာ “W” အသံ မရှိသလောက်ပါပဲ။ တကယ်က စာပေတွေက code တစ်မျိုးပဲ (literature မှာတော့ စာဆိုတာ “sign” အဖြစ် သုံးကြတယ်)။ စာပေကို သွားမည်ဆိုရင် Dai ရဲ့ code/definition ဘာလဲ၊ (သို့) Daai ရဲ့ code/definition ဘာလဲ ဆိုတဲ့ သတ်မှတ်ချက်နဲ့ပဲ သွားရမှာ။ သူ့ context, sentence structure, phrases, etc နဲ့ အသုံးပြုတဲ့ နေရာ အလိုက် သူ့ အဓိပ္ပယ်တွေ ကွဲနိုင်ကြောင်း၊ အသံထွက်ပါ ကွဲနိုင်ကြောင်း လည်း သတ်မှတ် ပြဌာန်းပြီး institutionalize လုပ်နိုင်ဖို့လိုတယ်။ English မှာလည်း စာလုံးတူ ပေမယ့် noun နှင့် verb အသံမတူတာကအစ ရှိတယ် (ဥပမာ။ live)။ အဲတော့ အသံရှည်/တို ဆိုတာထက် ယင်းစာလုံးပေါင်းတွေရဲ့ code/definition ကို စနစ်တကျ သတ်မှတ်နိုင်၊ institutionalize လုပ်ထားနိုင်ဖို့ပဲ လိုတယ် ထင်တယ်။
✍️Ngthang Mnai Kheng
မိမိတို့လူမျိုးစုနာမည်ရဲ့ အသံထွက်ကို မြန်မာအက္ခရာနဲ့ မှန်အောင်ရေးဖို့ခက်ခဲပါတယ်၊ (တခြားဝေါဟာရတွေလည်း အလားတူပဲ၊) ဒိုင်လို့ရေးရေး၊ ဒိုင်ရ်လို့ရေးရေး ရာနှုန်းပြည့်မမှန်နိုင်ပါ၊ ဒိုင်လို့ရေးချင်တဲ့သူတွေက အရင်က ရေးခဲ့ဖူးတာရှိလို့ဖြစ်တယ် (တကယ်တော့ အစိုးရစာရင်းမှာတော့ ဒိုင်တစ်လုံးထဲတော့မဟုတ်ပါ)။ ပြီးရင် ဒိုင်ရ်လို့ရေးတာကတော့ လူမျိုးနာမည်ဖြစ်လို့ တခြားနာမည်တူတွေနဲ့ မရောနှောလွန်းတာမျိုး ဖြစ်စေချင်တာက အဓိက ဖြစ်ပါတယ်၊ တအာင်း ၊ ပအို့ဝ်တွေ ဟာမြန်မာစာရေးနည်းကျတာမကျတာထက် ဒီစကားလုံးတွေကို မြင်လိုက်တာနဲ့ချက်ချင်း ဘယ်သူတွေလဲ၊ ဘယ်မှာနေကြလဲဆိုတာကို မျက်စိထဲမှာ ချက်ချင်းမြင်ယောင်နိုင်မျိုးဖြစ်စေချင်တာမျိုးပါ။ Dai လည်း ဒိုင်အတိုင်းပါ၊ အရင်ကသုံးလို့ သုံးချင်ကြတာဖြစ်တယ်၊ Daai ကျတော့ ဘာသာစကားအသံဖွဲ့စည်းပုံအရ orthography ကိုလိုက်ပြီး ရေးတာဖြစ်ပါတယ်၊ ချင်းမျိုးနွယ်စုတော်တော်များများမှာ orthography ရှိလာပြီးနောက် အနောက်တိုင်းတွေ/သာသနာပြုတွေရေးပေးတာတွေကို ပြန်ပြင်သုံးတာမျိုးဖြစ်ပါတယ်။ ဘယ်တစ်ခုပဲသုံးသုံး ပိုပြီး အကျိုးအမြတ်ရတယ်ဆိုတာမျိုးကိုတော့ မတွေ့မိဘူး၊ သူများတွေ/နိုင်ငံခြားသားတွေအတွက် ဒီဝေါဟာရတစ်လုံးနှစ်လုံးက အရေးမကြီးပါ။ သူတို့က နိုင်ငံကြီးသားပီပီ ဘယ်လိုပဲရေးရေး လက်ခံပြီးသားဖြစ်တယ်၊ သူတို့အတွက် ဘာမှ ပြဿနာမရှိပါဘူး။ ရွေးချယ်ပိုင်ခွင့်က ကာယကံရှင်တွေမှာပဲ ရှိပါတယ်။
🤝Dr. Ling Kee Htang မှပြန်လှန်ဆွေးနွေး။
Ngthang Mnaai Kheng ဆရာပြောတဲ့အချက်တွေမှာ လက်မခံနိုင်စရာမရှိပါဘူး။ Identity ကိစ္စမှာ ကာယကံရှင်တွေရဲ့ ရွေးချယ်မှုကသာ အဓိကကျပါတယ်။ ပြဿနာက အဲ့ဒီကာယကံရှင်တွေရဲ့ လက်ခံမှုအပိုင်းမှာကွာခြားနေတာပါ။ ဒါကလည်းဖြေရှင်းလို့မရတဲ့ပြဿနာတော့မဟုတ်ဘူးလို့ယူဆတယ်။ ဒါပေမဲ့ ခုက နိုင်ငံရေးပြဿနာနဲ့ပါဆက်စပ်လာလို့ ပိုဆိုးလာမှာစိုးရိမ်မိတယ်။
✍️U Ka Hung Kee
ကျွန်တော်ကတော့ပြသနာလို့တောင်မမြင်ဘူး၊ လေယူလေတိမ်းအနိမ့်အမြင့်ကြောင့်နှင့် နောက်တခုကရေးထုံးပေါ်အခြေခံတဲ့အကြောင်းအရာလို့ဘဲပေါ့ပေါ့ပါးပါးတွေးလို့မရနိုင်ဘူးလား။
✍️U Htang Ling
စာပေဗေဒအရကတော့ Word နှစ်ခုယှဉ်လာခဲ့ရင်တော့စာလုံးရေနည်းတဲ့ word ကိုရွေးရမယ်လို့လေ့လာသိရတယ်။
တရားဝင်တဲ့ Dai စာပေသတ်မှတ်ပြဌာန်းမယ်ဆိုရင်
စာပေမူကြမ်းပြုစုတဲ့ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းများကDai နယ်မြေကလူထုကိုကွင်းဆင်းရှင်းပြီးမှမဲဆန္ဒပေးစေပြီးအဆုံးအဖြတ်ရယူရမယ်။ဆန္ဒမဲအများဆုံးရတဲ့စာပေမူကြမ်းကိုပြည်နယ်လွှတ်တော်ရဲ့သဘောဆန္ဒအရပြည်နယ်အစိုးရကအတည်ပြုပြန်တမ်းထုတ်ပြန်ရမယ့်။ပြီးရင်ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုအစိုးရကအတည်ပြုရမယ်။ဒါကဒီမိုကရေစီနှင့်ဖက်ဒရယ်ကျင့်သုံးနေတဲ့နည်းလမ်းဖြစ်တယ်။မိမိလေ့လာသိရှိသလောက်ပါ။
✍️Salai Thang Ling Kee
PK Suante ကျနော်တီးတိန်မဟုတ်တဲ့သူက Dr. Kam Khaw Thang ဘာသာပြန်တဲ့ ကျမ်းစာအုပ်ကိုကောင်းစွာဖတ်တတ်ပါတယ်။
တီးတိန်စကားမှာလည်း Dai လိုပဲသံတိုသံရှည်ရှိပါတယ်။ အသံအနိမ့်အမြင့်လည်းရှိတယ်။ အသံပေါ်မူတည်ပြီးအဓိပ္ပါယ်ကွဲတာလည်းရှိတယ်။
ဥပမာ—-
Dr. Kam Khaw Thang ဘာသာပြန်တဲ့ကျမ်းစာမှာ exodus 16:10 Meii မိုးတိမ်မှာတော့ ii ထည့်ထားတာတွေ့ရတယ်။ သည့်အပြင် သံတိုသံရှည်ခွဲပြီးမရေးဘူး။ ဖတ်ရင်နားလည်းရပါတယ်။ ဘာမှအခက်အခဲမရှိပါဘူး။
Meii မိုးတိမ်
Mei မီး
Mei အမှီး
ကလေးမြို့ကျနော်အိမ်ဘေးရှိ Zomi literature book room မှာ စာအုပ် ၁၀ အုပ်လောက်တယ်။
အဲဒီစာအုပ်များအကုန်ဖတ်တယ်။
အချို့ကသံတိုသံရှည်ခွဲရေးတယ်။
အချို့ကခွဲမရေးပါဘူး။ ဘယ်လိုပဲရေးရေး ရှေ့နောက်ကစကားလုံးတွေကြောင့်အခက်အခဲမရှိနားလည်နိုင်ပါတယ်။
တီးတိန်သံတိုသံရှည်အချို့မှာ
Zang = ယောကျ်ားတန်ဆာ
Zaang = ပြန့်။ မြေပြန့်( zang ဟုရေးလေ့ရှိကြ။ အခု zaang ဟုရေးသူရှိလား။ ဥပမာ Lam zaang, Sai zaang, Ton zaang
Zang = ဖြောင့်
Zang = အသုံးပြုသည်။
———
Kap = ငိုသည်။
Kaap = ပစ်သည်။ kap ဟုလည်းရေးကြသည်။
Lam = လမ်း
Laam = ကသည်။ lam ဟုဟာရေးခဲ့ကြသည်။ laam ဟုလည်းရေးလာကြသည်။
———-
Lei ( v ) = ဝယ်သည်။
Lei ( n ) = တံတား
Lei ( n ) = မြေကြီး
Lei ( n ) = လျှာ
Lei ba = အကြွေး ဟူ၍ အသံတူပြီးအဓိပ္ပါယ်ကွဲတဲ့စကားလုံးတွေ၊ အသံအနိမ့်ကြောင့်အဓိပ္ပါယ်ကွဲတဲ့စကားလုံးတွေ ရှိတယ်။ ရေးတဲ့အခါခွဲမရေးပေမဲ့ ဖတ်ဘို့အဆငိပြေပါတယ်။
✅ဆရာ ခွဲလမ့်ထန်ကလည်း
သုံတိုသံရှည်ခွဲရေးရန်လိုအပ်ကြောင်းပြောသည်။
✅Dr. khenet Van Bik ကမူ double vowel နဲနိုင်သမျှနဲ့အောင်ရေးရမည်ဟုဆိုသည်။
🤝PK Suante မှ ပြန်လှန်ဆွေးနွေး။
Salai Thang Ling Kee ကျနော်တို့ အဲလို double vowel လိုက်လုပ်နေရင် တနည်း (၁) phoneticကို လိုက်နေရင် ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူးထင်တယ်။ ဥပမာ။ ။ ဖိလစ်ပီးတွေက fish ကို pish လို့ အသံထွက်တာကြောင့် Philippine English မှာ pish=ငါး လို့ လိုက်ပြီး ပြောင်းရေးခိုင်း၊ ဖိလသ်ပီးနိုးတွေရဲ့ ပုံနှိပ်/အဘိဓာန်တွေမှာ အဲလိုလုပ်ပေး လိုက်လုပ်နေရမည်ဆိုရင် စာပေပါ တိမ်ကောသွားနိုင်ပါတယ်။ (၂) တချို့အရာတွေမှာ double vowel တင်မက၊ double consonant သုံးတာ ရှိပါတယ် (ဥပမာ။ ။ inn=အိမ်)။ အများသုံးပြီးသား (သို့) ဒီစကားလုံးက ဘာဆိုလိုတယ်ဆိုတဲ့ သူ့ code/definition ခိုင်မာပြီးသားတွေဟာ ပြောင်းမနေတာတော့ ကောင်းပါတယ်။ (၃) အသံလိုက်ပြီး ပြောင်းရေးနေမည်၊ double consonant/vowel တွေ လိုက်ထည့်နေမည်ဆိုရင် printing ကိစ္စ၊ space/pages, words/characters limits တွေနဲ့ ကြုံတဲ့အခါ သိပ်လည်း အဓိပ္ပာယ်ပြောင်းတာ မဟုတ် မလိုအပ်ဘဲ space/pages, words/characters တွေ ပိုထည့်နေရုံပဲ ရှိမည် (ဥပမာ။ ။ ဒီတိုင်း ပုံမှန် စာမျက်နှာ ၂၀၀ လောက်သာ ရှိမည့် စာက double vowel/consonant တွေကြောင့် စာမျက်နှာ ၂၂၀ ရှိလာရင် printing costs, workload, space occupancy…. ကအစ မလိုအပ်ဘဲ ထပ်ကုန်ရုံပဲ အဖတ်တင်သွားမည်ထင်တယ်)။

အပြည်ပြည်ဆိုင်ရာ ဒိုင်ကွန်မြူနီတီ၏ သဘောထားထုတ်ပြန်ချက်-
06/10/2024

အပြည်ပြည်ဆိုင်ရာ ဒိုင်ကွန်မြူနီတီ၏ သဘောထားထုတ်ပြန်ချက်-

မကြာသေးခင်က ဒိုင်ရ်ညီလာခံထုတ်ပြန်ချက်အပေါ်တုန့်ပြန်သည့်ထုတ်ပြန်ချက်ဖြစ်သည်။ ဒိုင်မျိုးနွယ်စုအားလုံးနဲ့ဆိုင်သည့်ညီလာခံအဖြ...
06/02/2024

မကြာသေးခင်က ဒိုင်ရ်ညီလာခံထုတ်ပြန်ချက်အပေါ်တုန့်ပြန်သည့်ထုတ်ပြန်ချက်ဖြစ်သည်။
ဒိုင်မျိုးနွယ်စုအားလုံးနဲ့ဆိုင်သည့်ညီလာခံအဖြစ်လက်ခံရန်အတော်လေးခက်ခဲမည်။

လေးမြို့နယ်ရှိဒိုင်ပေါင်းစည်းရေး၊ ဒိုင်ဒေသအုပ်ချုပ်ရေးဖွဲ့စည်းရေတို့ဟာငါတို့တတွေရဲ့မဟာရည်မှန်းချက်ဖြစ်သည်။ သို့သော် အငြင...
06/02/2024

လေးမြို့နယ်ရှိဒိုင်ပေါင်းစည်းရေး၊ ဒိုင်ဒေသအုပ်ချုပ်ရေးဖွဲ့စည်းရေတို့ဟာငါတို့တတွေရဲ့မဟာရည်မှန်းချက်ဖြစ်သည်။ သို့သော် အငြင်းဘွားဘွယ်ရာ Daai သုံးနှုန်းခြင်းသည်ဒိုင်အားလုံးပါဝင်ရန်အဟန့်အတားတခုဖြစ်နေသေးသည်။ ဤကိစ္စကိုဦးဆောင်ဖြေရှင်းရန်မှာ ဒိုင်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်ဖြစ်သည်။

ပထမဆုံးသော Daiလူမျိုး MTC ကျောင်းအုပ်ဖြစ်လာသူ Rev. Van Hung. Congratulations ပါ။🙏
05/13/2024

ပထမဆုံးသော Daiလူမျိုး MTC ကျောင်းအုပ်ဖြစ်လာသူ Rev. Van Hung. Congratulations ပါ။🙏

03/17/2024

လမ်းခရီး
Rev. Bawi Zo
လမ်းကြမ်းတယ်။ ကတ္တရာမခင်းဘူး။ ဖြေးဖြေးမောင်းပါ။ဆ္ဒန္ဒစောလွန်းရင် accident ဖြစ်နိုင်တယ်။ ကုမရတဲ့ဒဏ်ရာ ဖြစ်ရင် ဘ၀မှာပြင်မရတဲ့နောင်တတွေရမယ်။ ‌လမ်းကြောကို သေချာကြည့်ပါ။ အကွေ့တွေ့ရင် ဖြေးဖြေးကွေ့ပါ။ လမ်းဖြောင့်မောင်းရင်မှန်မှန်မောင်းပါ။ ထင်ရာစိုင်းပြီး မမောင်းပါနဲ့။ လမ်းမသိရင် သိတဲ့သူတွေကိုမေးပါ။ မိုးချုပ်ရင် အေးဆေးအနားယူပြီးအိပ်လိုက်ပါ။ နောက်နေ့ သာယာတဲ့နေ့သစ်မှာ ခရီးဆက်ပါ။ ဖြတ်လမ်းကိုမလိုက်နဲ့။ တိုပေမဲ့ အန္တရာယ်ရှိတယ်။ နှေးတာအရေးမကြီးဘူး။ ရပ်မနေဖို့က အဓိက။ ကျယ်သောလမ်းဘဲဆိုပြီးလည်းမလိုက်ပါနဲ့။ ကျမ်းစာက ကျဉ်းသောလမ်းဘဲလိုက်ခိုင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရောက်တဲ့ပန်းတိုင်ဟာ ဘုံနန်းဖြစ်နေလို့ပါ။

သွားမည့်လမ်း
ဘ၀ခရီးမှာ မတွေးခေါ်ဘဲ လျှောက်မလိုက်ပါနဲ့။ အမှားနဲ့အမှန်ဆိုတာ တွေးခေါ်ပါ။ ဆင်ခြင်ပါ။ ပြီးရင်သုံးသပ်ပါ။ သူပြောတာဘဲ ယုံပြီးလိုက်ရင် သူ့တပည့်၊ သူ့နောက်လိုက်။ သူကမင်းကို မကြိုက်တဲ့နေ့ပြန်ချမှာဘဲ။ ကိုယ်ခင်းတဲ့လမ်းကိုဘဲ လိုက်ပါ။ ဒုက္ခတွေ့ရင်လဲ ဘယ်သူ့ကိုမှ အပြစ်မမြင်နဲ့။ ကိုယ်တိုင် ရုန်းကန်ဖြတ်သန်းပါ။ ပန်းတိုင်ရောက်တဲ့တစ်နေ့ ကြီးမားတဲ့အကျိုးရလဒ်တွေရိတ်သိမ်းရမယ်။

# # # Think on Way of Life # # #

01/21/2024

#လူ့အဖွဲ့အစည်း
တိရိစ္ဆာန်တောင်မှသူ့အဖွဲ့နဲ့သူ။သူ့အစုနဲ့သူနေကြတယ်။ သူတို့မှာလည်းခေါင်းဆောင်ရှိတယ်ဗျ။ ဥပမာ-ပုရွက်ဆိတ်၊မြောက် စသဖြင့်ပေါ့ကွာ။
ဘာသာစကား၊ရိုးရာယဉ်ကျေးမှုတူတဲ့လူ့အဖွဲ့အစည်းတိုင်းမှာလည်းခေါင်းဆောင်ရှိတယ်။ငါတို့ ဒိုင်ရ်မှာလည်း
အဖွဲ့အစည်းနဲ့နေတယ်။ ခေါင်းဆောင်ရှိတယ်။
✍️ရန်ကုန်ဒိုရ်ကွန်မြူနီတီရှိတယ်။ ခေါင်းဆောင်ရှိတယ်။အလုပ်လုပ်နေကြတယ်။
✍️မလေးရှားမှာလည်းဒိုင်ကွန်မြူနီရှိတယ်။ခေါင်းဆောင်ရှိတယ်။အလုပ်လုပ်နေကြတယ်။
✍️မြောက်အမေရိကမှာလည်း ဒိုင်ကွန်မြူနီတီရှိတယ်။ ခေါင်းဆောင်ရှိတယ်။ လှုပ်ရှားနေကြတယ်။ အလုပ်လုပ်နေကြတယ်။
✍️အိန္ဒိယ၊နယူးဒေလီမှာလည်း ဒိုင်ကွန်မြူးနီတီရှိတယ်။ ခေါင်းဆောင်ရှိတယ်။ အလုပ်လုပ်နေကြတယ်။
✍️ဒိုင်ရ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မီတီရှိတယ်။ ခေါင်းဆောင်ရှိတယ်။ အလုပ်ခဲ့ကြတယ်။ အခြေအနေကြည့်ပြီးအလုပ်လုပ်နေကြတယ်။
✍️မြို့နယ်အဆင့်ဒိုင်ရ်စာပေနှင့်ယဉ်ကျေးမှုကော်မီတီ မြို့နယ်တိုင်းမှာရှိတယ်။ ခေါင်းဆောင်ရှိတယ်။ အလကားနေနေကြတာမဟုတ်ဘူး။ အခြေအနေစောင့်ကြည့်နေကြတယ်။ တနေ့သူတို့စကားပြောလာကြလိမ့်မယ်။အလုပ်ပြန်လုပ်လာကြလိမ့်မယ်။
✍️ဒိုင်ရ်စာပေပညာရှင်ရှိတယ်။ ကြိုးစားပြီးအလုပ်လုပ်နေပါတယ်။
✅CDF Daai ရှိတယ်။ ခေါင်းဆောင်ရှိတယ်။ အလုပ်လုပ်နေကြတယ်။ ချင်းလျန်းကောင်စီမှာအဖွဲ့ဝင်နေကြတယ်။ CJDC မှာလည်းအဖွဲ့ဝင်ခဲ့ကြတယ်။ ဒိုင်ရ်အရေးမမှေးမှိန်အောင်အလုပ်လုပ်နေကြတယ်။
သည့်ပြင်—-
ဒိုင်ရ်နယ်မြေမှာ-ဘာသာရေးအဖွဲ့အစည်းများစွာရှိတယ်။ ကျနော်မသိသေးတဲ့လူမှုရေးအဖွဲ့အစည်းများစွာလည်းရှိမယ်။

ကိုယ့်ကိုကိုယ်မေးကြရအောင်။ ငါဘာလုပ်နေသလဲ? ဘာဖြစ်ချင်သလဲ? ဘယ်အဖွဲ့အစည်းမှာငါပါဝင်နေသလဲပေါ့နော်။

ကျနော်ကတော့—-
ဒိုင်ရ်တယောက်ဖြစ်တဲ့အတွက်-ဒိုင်ရ်ခေါင်းဆောင်များရဲ့အလုပ်ကိုတတ်နိုင်သလောက်ပံ့ပိုးနေပါတယ်။
လက်ရှိချိန်ထိ ၁၂ နှစ်လုံးလုံးချင်းအမျိုးသားတပ်ဦးမှာ ဗဟိုကော်မီတီအနေနဲ့ပါဝင်နေပါတယ်။
မည်သူ့ကိုမျှကိုယ်စားမပြုပါ။
မိမိသားစုအခြေအနေအရအဝေးကနေပါဝင်နေရတာကိုယ့်ကိုကိုယ်အားမရဘူး။ ဌာနချုပ်မနေနိုင်ဘူးဆိုတော့အနားယူရတော့မှာပါ။ ပါတီဝင်အနေနဲ့နောက်လိုက်ကောင်းဖြစ်ဖို့ဆက်ကြိုးစားပါ့မယ်။ ချင်းအမျိုးသားတပ်မတော်အင်အားတောင့်တင်းခိုင်မာရေးကိုလိုလားတယ်။ ချင်းအမျိုးသားသွေးစည်းညီညွတ်ရေးကိုလိုလားတယ်။
စစ်ရေးမှာဆိုရင် တသွေး၊တသံ၊တမိန့်အောက်မှာအားလုံးနေစေချင်တယ်။

Address

North America
New York, NY

Website

Alerts

Be the first to know and let us send you an email when International Dai Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to International Dai Community:

Share

Zo damdawi dah khawmna

natna chi hrang2 atan damdawi lam dah khawm na,