Myanmar in USA - အမေရိကားရောက် မြနမာများ

Myanmar in USA - အမေရိကားရောက် မြနမာများ ယူအက်စ်အေ ရောက်/သွားခြင်သော မြန်မာများ အတွက်

🚨 နယူးယောက်လေဆိပ်မှာ Air Canada လေယာဉ်နှင့် မီးသတ်ကား တိုက်မိ! လေယာဉ်မှူးနှစ်ဦးလုံး သေဆုံး ✈️💥🚒"ခရီးသည် ၇၆ ဦး ပါလာတဲ့ လေ...
03/23/2026

🚨 နယူးယောက်လေဆိပ်မှာ Air Canada လေယာဉ်နှင့် မီးသတ်ကား တိုက်မိ! လေယာဉ်မှူးနှစ်ဦးလုံး သေဆုံး ✈️💥🚒

"ခရီးသည် ၇၆ ဦး ပါလာတဲ့ လေယာဉ်ကြီး ဆင်းသက်နေတုန်းမှာ မထင်မှတ်ဘဲ မီးသတ်ကားနဲ့ တိုက်မိခဲ့တာပါ" 😱

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က နယူးယောက်မြို့ရဲ့ LaGuardia လေဆိပ်မှာ တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အဖွဲ့သား စုစုပေါင်း ၇၆ ဦး လိုက်ပါလာတဲ့ Air Canada Express လေယာဉ်ဟာ ပြေးလမ်းပေါ် ဆင်းသက်နေစဉ်မှာပဲ မီးသတ်ကားတစ်စီးနဲ့ အပြင်းအထန် တိုက်မိခဲ့ပါတယ်။

✨ ဝမ်းနည်းစရာ ဆုံးရှုံးမှု
ဒီမတော်တဆမှုအတွင်းမှာ လေယာဉ်ကို မောင်းနှင်လာတဲ့ လေယာဉ်မှူး (Pilot) နဲ့ တွဲဖက်လေယာဉ်မှူး (Co-pilot) နှစ်ဦးလုံးဟာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့ အခြေအနေကိုတော့ အသေးစိတ် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

⚠️ ဘာကြောင့် ဖြစ်ရတာလဲ?

လေယာဉ်ဆင်းသက်နေတဲ့ ပြေးလမ်းပေါ်ကို မီးသတ်ကားက ဘယ်လိုကြောင့် ရောက်နေရသလဲဆိုတာနဲ့ ဘယ်သူ့မှာ အမှားရှိသလဲဆိုတာကို အမေရိကန် လေကြောင်းအာဏာပိုင်တွေက အသည်းအသန် စုံစမ်းစစ်ဆေးနေကြပါတယ်။

🙏 ကောင်းရာသုဂတိလားပါစေ
တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားခဲ့ရတဲ့ လေယာဉ်မှူးနှစ်ဦးအတွက် တကယ့်ကို နှမြောတသဖြစ်ရပါတယ်။ ခရီးသည်တွေအားလုံးလည်း ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ 🕊️✨

ဒီထိတ်လန့်စရာ သတင်းဆိုးကြီးကို မိသားစုနဲ့ သူငယ်ချင်းတွေ သိရအောင် အခုပဲ Share ပေးလိုက်ကြပါဦး!

လေယာဉ်စီးရမှာ ကြောက်တဲ့သူတွေရှိလား?

Comment မှာ ပြောခဲ့ကြဦးနော်! 👇✈️💔

Crd: ST

#အမရိကန်ရောက်မြန်မာများ
#ယူအက်စရောက်မြန်မာများ

#လေယာဉ်မတော်တဆမှု #ဝမ်းနည်းခြင်း #သတင်းထူး

🚨 ဖမ်းမိပြီဟေ့! နယူးယောက် Central Park က နာမည်ကျော် "လက်သွက်လွန်းတဲ့ သူခိုးကြီး" ... ဒါပေမဲ့ လူမဟုတ်ဘူးဖြစ်နေတယ်! 🦝📱😂"ရဲ...
03/22/2026

🚨 ဖမ်းမိပြီဟေ့! နယူးယောက် Central Park က နာမည်ကျော် "လက်သွက်လွန်းတဲ့ သူခိုးကြီး" ... ဒါပေမဲ့ လူမဟုတ်ဘူးဖြစ်နေတယ်! 🦝📱😂

"ရဲတွေတောင် အူကြောင်ကြောင်ဖြစ်သွားရတဲ့ အမှုစစ်ဆေးချက်!" 🧐

နယူးယောက်မြို့ရဲ့ အသည်းနှလုံး Central Park ထဲမှာ လာလည်တဲ့သူတွေ ဖုန်းခဏခဏ ပျောက်နေလို့ ရဲတွေခေါင်းခဲနေရတာ အတော်ကြာပါပြီ။

လက်သွက်လွန်းတဲ့ သူခိုးတစ်စုတော့ ရှိနေပြီဆိုပြီး ပိုက်စိပ်တိုက် လိုက်စုံစမ်းနေတုန်း... မျက်စိရှေ့တင်ပဲ တရားခံက "လက်ပူးလက်ကြပ်" အဖမ်းခံလိုက်ရပါတယ်!

✨ အဖြစ်အပျက်က ဒီလိုဗျ...
ရဲတွေက လူတွေကို စစ်ဆေးမေးမြန်းနေတုန်းမှာပဲ ရက်ကွန်း (Raccoon) တစ်ကောင်က လူအုပ်ကြားထဲကနေ ဝူးခနဲ ပြေးထွက်လာပြီး လူတစ်ယောက်ရဲ့ဖုန်းကို "ဟီးရိုး" စတိုင်နဲ့ လုပြေးသွားပါလေရော! 😮

ရဲတွေလည်း အံ့ဩသွားပြီး အဲဒီကောင်လေးနောက်ကို သစ်ပင်ပေါ်အထိ မလျှော့တမ်း လိုက်ဖမ်းကြတော့မှ... သူဝှက်ထားတဲ့ "လျှို့ဝှက်ဘဏ္ဍာတိုက်" ကို တွေ့လိုက်ရတာပါ။

အဲဒီနေရာမှာ သူခိုးထားတဲ့ ဖုန်းတွေအပုံလိုက်ကြီး ဖြစ်နေတာပေါ့! 😂📱

💡 ဘာလို့ဖုန်းတွေကို လိုက်ခိုးတာလဲ?

ရက်ကွန်းတွေဟာ သဘာဝအရ လက်အရမ်းသွက်ပြီး ဉာဏ်ကောင်းကြသလို တောက်တောက်ပြောင်ပြောင် အရာဝတ္ထုတွေကို စုဆောင်းဝှက်ထားတတ်တဲ့ အကျင့်ရှိကြပါတယ်။
ဒါကြောင့် လူတွေရဲ့ ဖုန်းမှန်ပြင်ပြောင်ပြောင်လေးတွေကို မြင်ပြီး "ရတနာ" ထင်ကာ လိုက်လုနေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 🤔✨

📢 ရဲစခန်းရဲ့ ကြေညာချက်

အခုတော့ ရဲစခန်းကနေ "ဖုန်းပျောက်တဲ့သူတွေ လာပြန်ယူကြပါ၊ တရားခံကတော့ လူမဟုတ်ဘဲ ရက်ကွန်းဖြစ်နေပါတယ်" ဆိုပြီး ကြေညာပေးခဲ့ရပါတယ်။

တကယ့်ကို "Mission Impossible" ထဲက သူခိုးကြီးလိုပါပဲနော်! 🦝🕵️‍♂️
ကိုယ့်ဘေးနားမှာရော အခုလို လက်သွက်တဲ့ သူငယ်ချင်းတွေရှိလား? Tag ခေါ်ပြီး သတိပေးလိုက်ရအောင်!

😂 ဒီလိုချစ်စရာကောင်းတဲ့ "သူခိုးလေး" အကြောင်း လူတိုင်းသိရအောင် Share ဖို့လည်း မမေ့နဲ့ဦးနော်! 👇❤️

#အမရိကန်ရောက်မြန်မာများ
#ယူအက်စရောက်မြန်မာများ

#ထူးဆန်းထွေလာ #ရက်ကွန်းသူခိုး #ရယ်စရာ

အမေရိကန်တွင် အိမ်ခြံမြေကို အသုံးပြု၍ တရားဝင်နည်းလမ်းဖြင့် အခွန်လုံးဝနီးပါး မဆောင်ဘဲ နေနည်း 🔥🇺🇸အမေရိကန်နိုင်ငံတွင် ချမ်းသ...
02/19/2026

အမေရိကန်တွင် အိမ်ခြံမြေကို အသုံးပြု၍ တရားဝင်နည်းလမ်းဖြင့် အခွန်လုံးဝနီးပါး မဆောင်ဘဲ နေနည်း 🔥🇺🇸

အမေရိကန်နိုင်ငံတွင် ချမ်းသာကြွယ်ဝသူအများစုသည် ဝင်ငွေများစွာရှိသော်လည်း တရားဝင်နည်းလမ်းများဖြင့် အခွန်အနည်းငယ်သာ ဆောင်ကြသည် သို့မဟုတ် လုံးဝမဆောင်ကြပါ။ ၎င်းတို့အသုံးပြုသည့် အဓိကနည်းလမ်းမှာ အိမ်ခြံမြေ (Real Estate) ကို ကျွမ်းကျင်စွာ အသုံးချခြင်းဖြစ်ပါသည်။ ဤနည်းလမ်းသည် ရှုပ်ထွေးနိုင်သော်လည်း အခြေခံသဘောတရားများကို လူတိုင်းနားလည်နိုင်ရန် အဆင့်ဆင့် အသေးစိတ်ရှင်းပြပေးပါမည်။

အဆင့် ၁: "Real Estate Professional" တစ်ယောက်ဖြစ်အောင်လုပ်ပါ
ဤသည်မှာ အခွန်အခွင့်အရေးအားလုံး၏ သော့ချက်ဖြစ်ပါသည်။ IRS (အမေရိကန်အခွန်ဌာန) ၏ သတ်မှတ်ချက်အရ သင်သည် "Real Estate Professional" ဖြစ်ပါက သာမန်လူများမရနိုင်သော အခွန်သက်သာခွင့်ကြီးတစ်ခုကို ရရှိသည်။
👉 ဘယ်သူတွေဖြစ်နိုင်သလဲ။ အိမ်ခြံမြေအကျိုးဆောင်၊ အိမ်ခြံမြေဆောက်လုပ်ရေးသမား၊ သို့မဟုတ် အိမ်ခြံမြေစီမံခန့်ခွဲသူ စသည့် အလုပ်များကို အချိန်ပြည့်လုပ်ကိုင်သူများ ဖြစ်ရန်လိုပါသည်။ IRS ၏ အဓိကလိုအပ်ချက်မှာ တစ်နှစ်အတွင်း သင်၏အလုပ်ချိန် ထက်ဝက်ကျော် (50%+) နှင့် နာရီပေါင်း ၇၅၀ ထက်မနည်းကို အိမ်ခြံမြေလုပ်ငန်းတွင် အသုံးပြုရမည်ဖြစ်သည်။
👉ဘာအခွင့်အရေးရသလဲ။ သင်၏အိမ်ခြံမြေငှားရမ်းခြင်းမှရသော အရှုံး (ဥပမာ- တိုက်ခန်းပြင်ဆင်စရိတ်၊ အဆောက်အဦးတန်ဖိုးလျော့ကျမှု Depreciation) ကို သင်၏ ပုံမှန်ဝင်ငွေ (ဥပမာ- လစာ) မှ နုတ်ပယ်ခွင့်ရှိသည်။ ဥပမာ၊ သင်၏လစာငွေ $80,000 ရှိပြီး အိမ်ခြံမြေအရှုံးက $30,000 ရှိပါက သင်သည် $50,000 အပေါ်မှာသာ အခွန်ဆောင်ရမည်ဖြစ်သည်။ သာမန်လူများ ဤသို့နုတ်ခွင့်မရှိပါ။

အဆင့် ၂: အိမ်ခြံမြေများ ဝယ်ယူပါ
ဤနည်းဗျူဟာ၏ အခြေခံအုတ်မြစ်မှာ ဝင်ငွေထွက်သော (Income-producing) အိမ်ခြံမြေများကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ဤအိမ်ခြံမြေများမှ ငှားရမ်းခများရရှိနိုင်သလို အချိန်ကြာလာသည်နှင့်အမျှ တန်ဖိုးတက်လာမည်ဖြစ်သည်

အဆင့် ၃: 1031 Exchange ကိုသာ အသုံးပြု၍ အဆင့်မြှင့်ပါ
သင်၏ အိမ်ခြံမြေတစ်ခုကို ရောင်း၍ အမြတ်အစွန်းရသည့်အခါ ထိုအမြတ်အပေါ်တွင် အခွန် (Capital Gains Tax) ပေးဆောင်ရလေ့ရှိသည်။ သို့သော် "1031 Exchange" ကို အသုံးပြု၍ ဤအခွန်ကို ရှောင်လွှဲနိုင်သည်။
👉1031 Exchange ဆိုတာဘာလဲ။ ၎င်းသည် သင်၏လက်ရှိအိမ်ခြံမြေကိုရောင်းပြီး ရလာသောငွေအားလုံး (အမြတ်အပါအဝင်) ကို အချိန်တိုအတွင်း အခြားတန်ဖိုးတူ သို့မဟုတ် ပိုကြီးသော အိမ်ခြံမြေအသစ်တစ်ခုထဲသို့ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။
👉 ဥပမာ: သင်က အိမ်တစ်လုံးကို $200,000 ဖြင့်ဝယ်ပြီး $500,000 ဖြင့်ရောင်းလိုက်သည်။ အမြတ် $300,000 အပေါ် အခွန်ဆောင်ရမည့်အစား၊ ထို $500,000 လုံးကို အခြားအိမ်ခြံမြေအသစ်ဝယ်ရန် အသုံးပြုလိုက်သည်။ ထိုအခါ အမြတ်ခွန်ပေးဆောင်ရခြင်းကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားနိုင်မည်ဖြစ်သည်။ သင်သည် အိမ်ခြံမြေများကို ဆက်တိုက်လဲလှယ်သွားနေသ၍ အမြတ်ခွန်ပေးဆောင်ရန်မလိုပါ။
အဆင့် ၄: ပိုင်ဆိုင်မှုကို မရောင်းဘဲ ငွေချေးယူသုံးစွဲပါ
သင်၏ အိမ်ခြံမြေတန်ဖိုးများ တက်လာပြီး နေထိုင်စရိတ်အတွက် ငွေသားလိုအပ်လာသည့်အခါ အိမ်ကိုမရောင်းပါနှင့်။ ရောင်းလိုက်ပါက အခွန်ဆောင်ရပါမည်။
👉 ဘာလုပ်ရမလဲ။ တန်ဖိုးတက်လာသော သင်၏အိမ်ခြံမြေကို ဘဏ်တွင်အပေါင်ထားပြီး ငွေချေးယူပါ (Cash-out Refinance or Home Equity Loan)။
👉 ဘာကြောင့် အခွန်လွတ်သလဲ။ IRS သည် ချေးငွေ (Loan) ကို ဝင်ငွေ (Income) ဟုမသတ်မှတ်ပါ။ ထို့ကြောင့် သင်ရရှိလာသော ငွေသားသည် အခွန်လုံးဝကင်းလွတ်ပြီး သင်၏အိမ်ခြံမြေပိုင်ဆိုင်မှုမှာလည်း ဆက်လက်ရှိနေမည်ဖြစ်သည်။ ဤသည်မှာ "Buy, Borrow, Die" ဟုခေါ်သော နည်းဗျူဟာ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။
အဆင့် ၅: သေတမ်းစာ (Will) ဖြင့်သာ အမွေလွှဲပြောင်းပါ
ဤသည်မှာ အခွန်အားလုံးကို အပြီးတိုင် ပယ်ဖျက်ပေးမည့် နောက်ဆုံးအဆင့်ဖြစ်ပြီး "Step-up in Basis" ဟုခေါ်သည်။
👉 Cost Basis ဆိုတာဘာလဲ။ သင်ပထမဆုံး အိမ်ဝယ်ခဲ့သည့် မူလတန်ဖိုးဖြစ်သည်။
👉Step-up in Basis ဆိုတာဘာလဲ။ သင်ကွယ်လွန်သည့်အခါ သင်၏အမွေဆက်ခံသူများ (ဥပမာ- သားသမီးများ) သည် ထိုအိမ်ခြံမြေကို သင်ဝယ်ခဲ့သည့် မူလဈေးဖြင့်မဟုတ်ဘဲ၊ သင်ကွယ်လွန်ချိန်တွင်ရှိသော လက်ရှိပေါက်ဈေး (Market Value) ဖြင့် အရင်း (Basis) အသစ် ပြန်လည်သတ်မှတ်ခွင့်ရခြင်းဖြစ်သည်။
👉 ဥပမာ: သင်က အိမ်တစ်လုံးကို $100,000 ဖြင့်ဝယ်ခဲ့သည်။ သင်ကွယ်လွန်ချိန်တွင် ထိုအိမ်၏တန်ဖိုးမှာ $1,000,000 ဖြစ်နေသည်။
👉သင်၏သားသမီးများက ထိုအိမ်ကို အမွေရသည့်အခါ သူတို့၏ အရင်း (Basis) သည် $1,000,000 ဖြစ်သွားသည်။
👉သူတို့က ထိုအိမ်ကို $1,000,000 ဖြင့် ချက်ချင်းပြန်ရောင်းလိုက်လျှင် အမြတ်မှာ $0 ဖြစ်သောကြောင့် အခွန်တစ်ပြားမှ ပေးဆောင်ရန်မလိုပါ။ သင်၏ဘဝတစ်လျှောက်လုံး စုဆောင်းခဲ့သော တန်ဖိုးတက်မှုအားလုံးသည် အခွန်ကင်းလွတ်သွားမည်ဖြစ်သည်။
ဤနည်းလမ်းများကို မှန်ကန်စွာအသုံးချနိုင်ပါက သင်၏ကြွယ်ဝမှုကို အခွန်ဒဏ်မှကာကွယ်ပြီး နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပါသည်။

Crd…

အမေရိကန်မှာ ကျောင်းတက်ချင်ရင် မိခင်နိုင်ငံမှာပဲ ဗီဇာအင်တာဗျူး ဖြေရတော့မယ်ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ...
09/19/2025

အမေရိကန်မှာ ကျောင်းတက်ချင်ရင် မိခင်နိုင်ငံမှာပဲ ဗီဇာအင်တာဗျူး ဖြေရတော့မယ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အသစ်မှာ ကျောင်းသား ဗီဇာလျှောက်ထားလိုသူ အားလုံး ကိုယ့်ရဲ့နိုင်ငံသားအဖြစ် နေထိုင်တဲ့ နိုင်ငံမှာပဲ ဗီဇာအင်တာဗျူး ဖြေဆိုဖို့ ပါလာပါတယ်၊ ဆိုရရင် ကိုယ့်နိုင်ငံမှာပဲ ကျောင်းသား ဗီဇာလျှောက်ရမယ်ပေါ့ဗျာ၊ ဒီပုံ အတိုင်းဆိုရင် ပြည်တွင်းမှာ ဗီဇာ ရဖို့ ခက်လို့ ထိုင်းတို့ ကမ္ဘောဒီးယားတို့ ဖိလစ်ပိုင်တို့ ဗီယက်နမ်တို့ကို သွားပြီး အဲဒီနိုင်ငံတွေက အမေရိကန်သံရုံးတွေမှာ ဗီဇာလျှောက်ထားတာ တွေကို ခွင့်မပြုတော့ဘူးလို့ အဓိပ္ပါယ် ရပါတယ်။
ပြည်တွင်းမှာက အားလုံးသိကြတဲ့အတိုင်း ဗီဇာအင်တာဗျူး ဝင်ဖို့ ဆိုတာ သူတို့ ခေါ်တဲ့အချိန်ကိုပဲ စောင့်ရတာမို့ အရမ်း ကြာပါတယ်၊ မစောင့်နိုင်တဲ့သူတွေကတော့ အိမ်နီးချင်းနိုင်ငံတွေက အမေရိကန် သံရုံးတွေကိုသွားပြီး ဗီဇာလျှောက်ကြတာ အများကြီးပါ၊ ဒီအပြောင်းအလဲက အဲဒီလို တခြားနိုင်ငံတွေမှာ ဗီဇာလျှောက်ထားမှုကို ခွင့်မပြုတော့ပါဘူး၊ အကျိုးဆက်က ကျောင်းသား ဗီဇာ လျှောက်ထားမှုတွေ ယခင်ကထက် ပိုမို ကြန့်ကြာလာနိုင်တာမို့ အမေရိကားမှာ ကျောင်းတက်မယ် ဆိုရင် အနည်းဆုံး တစ်နှစ်လောက် ကြိုတင်ဗီဇာလျှောက်ထားဖို့ လိုလာပါပြီ၊ စက်တင်ဘာ ၆ ရက်နေ့မှာ စတင်အသက်ဝင်ပါတယ်

US Visa Policy Changes for International Students

Based on the news that came out recently, the new guidance from the US State Department states that all student visa applicants must have their visa interviews in their country of citizenship. This essentially means you must apply for your student visa in your home country. This implies that applying for a visa at a US embassy in other countries like Thailand, Cambodia, Philippine or Vietnam, which was a common practice for those who found it difficult to get a visa in our country, will no longer be allowed.
As everyone knows, getting a visa interview in our country can take a very long time as you have to wait for the date they provide. Many people who couldn't wait would travel to neighboring countries to apply at the US embassies there. This change effectively bans such applications in other countries.
As a result, student visa applications will likely face longer delays than before, meaning that if you plan to study in the US, you will need to apply for your visa at least a year in advance. This announcement, which became effective on September 6, is a nightmare for anyone planning to go to the US for their studies.

Ref: Internet

“အမေရိကန်သံရုံး (ရန်ကုန်) မှ Immigrant Visa များထုတ်ပေးနေ”Travel Ban လို့ တကမ္ဘာလုံးမှာသိကြတဲ့ သမ္မတထရမ့်ပ်ရဲ့ “Presiden...
09/08/2025

“အမေရိကန်သံရုံး (ရန်ကုန်) မှ Immigrant Visa များထုတ်ပေးနေ”

Travel Ban လို့ တကမ္ဘာလုံးမှာသိကြတဲ့ သမ္မတထရမ့်ပ်ရဲ့ “Presidential Proclamation” (PP) ထဲမှာ ချွင်းချက်တချို့ သတ်မှတ်ပေးထားပြီး အမေရိကန်နိုင်ငံသားတွေကနေ Immigrant Visa နဲ့ မိသားစုခေါ်ယူတာတချို့ကို တရားဝင်ခွင့်ပြုပေးထားပါတယ်။ Travel Ban မှာအကျုံးဝင်တဲ့နိုင်ငံတွေက မိသားစုခေါ်ယူတဲ့ Immigrant Visa အမျိုးအစားအားလုံးကို သိမ်းကြုံးပြီးပိတ်ပင်ထားတာတော့မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ဆက်လက်ထုတ်ပေးဖို့ ခွင့်ပြုထားတဲ့ Immigrant Visa အမျိုးအစားတချို့ကို အမေရိကန်သံရုံးတွေကနေ ဆက်လက်ထုတ်ပေးနေပါတယ်။

"အမေရိကန်သံရုံးမှထုတ်ပေးနေသော Immigrant Visa များ"

Travel Ban မှာ ချွင်းချက်အဖြစ် ခွင့်ပြုပေးထားတဲ့ Immigrant Visa တွေကတော့ အောက်ဖေါ်ပြပါ Immigrant Visa အမျိုးအစားတွေ ဖြစ်ပါတယ်။

(၁) အမေရိကန်နိုင်ငံသားတွေရဲ့ လိင်တူ/လိင်ကွဲ အိမ်ထောင်ဘက် (ဇနီး/ခင်ပွန်း) များအတွက် (IR1/CR1) Immigrant Visa များ

(၂) အမေရိကန်နိုင်ငံသားတွေရဲ့ အသက် (၂၁) အောက် (အိမ်ထောင်မရှိ) သားရင်း/သမီးရင်း၊ လင်ပါ/မယားပါ သား/သမီးတွေနဲ့ အသက် (၁၆) မပြည့်ခင် အမေရိကန်နိုင်ငံသားတွေက မွေးစားထားတဲ့ မွေးစားသား/သမီးများအတွက် (IR2/CR2) Immigrant Visa များ

(၃) အမေရိကန်နိုင်ငံသားတွေရဲ့ မိဘများကိုခေါ်ယူတဲ့ (IR5) Immigrant Visa များ

“Follow-to-join Visas for the Families of Refugees & Asylees”

(၂၀၂၅) မတ်လ (၁၄) ရက်နေ့ Update အရ အောက်ပါ (I-730) Follow-to-join ဗီဇာအမျိုးအစားများကိုတော့ ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ DOS Website မှာဆိုထားပါတယ်။ ဗီဇာထုတ်ပေးတာနဲ့ပတ်သက်တဲ့အသေးစိတ်ကတော့ သက်ဆိုင်ရာအမေရိကန်သံရုံးတွေကိုဆက်သွယ်စုံစမ်းကြည့်နိုင်ကြပါတယ်။

(၁) တတိယနိုင်ငံကနေ အမေရိကန်နိုင်ငံကိုရောက်တာ (၂) နှစ်မပြည့်သေးတဲ့ Refugee တွေရဲ့ အိမ်ထောင်ဘက် (ဇနီး/ခင်ပွန်း) များအတွက် Follow-to-join (RE7) Immigrant Visa

(၂) တတိယနိုင်ငံကနေ အမေရိကန်နိုင်ငံကိုရောက်တာ (၂) နှစ်မပြည့်သေးတဲ့ Refugee တွေရဲ့ အသက် (၂၁) အောက် သားသမီးများအတွက် Follow-to-join (RE8) Immigrant Visa

(၃) အမေရိကန်နိုင်ငံတွင်း ခိုလှုံခွင့်အောင်ထားတာ (၂) နှစ်မပြည့်သေးတဲ့ Asylee တွေရဲ့ အိမ်ထောင်ဘက် (ဇနီး/ခင်ပွန်း) များ အတွက် Follow-to-join (AS7) Immigrant Visa

(၄) အမေရိကန်နိုင်ငံတွင်း ခိုလှုံခွင့်အောင်ထားတာ (၂) နှစ်မပြည့်သေးတဲ့ Asylee တွေရဲ့ အသက် (၂၁) အောက် သားသမီးများအတွက် Follow-to-join (AS8) Immigrant Visa

ပုံမှန်အားဖြင့် Immigrant Visa ရရှိသူတွေကို အမေရိကန်သံရုံးကနေ စာအိတ်တအိတ်စီပေးလေ့ရှိပြီး အဲဒီစာအိတ်တွေထဲမှာ ဗီဇာနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေပါပါတယ်။ အမေရိကန်နိုင်ငံကိုသွားတဲ့ ပထမဆုံးခရီးစဥ်မှာ အဲဒီစာအိတ်ကို မိမိနဲ့တပါတည်းသယ်သွားရပြီး အမေရိကန်နိုင်ငံကို စရောက်ရောက်ခြင်း လေဆိပ် Port of Entry က မိမိဝင်ရတဲ့ကောင်တာက CBP Officer ကို ပတ်စ်ပို့နဲ့ အဲဒီစာအိတ်ကို တခါတည်းပေးရပါတယ်။ တကယ်လို့အမေရိကန်သံရုံးကနေ ဗီဇာသွားထုတ်တဲ့အခါ ဗီဇာစာအိတ်မရဘူးဆိုရင်တော့ အရမ်းတော့စိတ်ပူဖို့မလိုပါဘူး။ မိမိရဲ့ဗီဇာပေါ်မှာ အဲဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ Database ထဲမှာ စာရွက်စာတမ်းများရှိတယ်ဆိုတဲ့ မှတ်ချက်တခုပါပါလိမ့်မယ်။ CBP Officer က စာအိတ်မတွေ့လို့မေးလာရင်တော့ ဗီဇာပေါ်က အဲဒီမှတ်ချက်ကိုသာ လက်ညှိုးထိုးပြလိုက်ပါ။

"လတ်တလောဆိုင်းငံ့ထားတဲ့ Immigrant Visa များ"

Travel Ban မှာအကျုံးဝင်နေပြီး အမေရိကန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေကိုခေါ်ယူတဲ့ အောက်ပါ Immigrant Visa တွေကိုတော့ အမေရိကန်သံရုံးတွေကထုတ်မပေးပဲ လတ်တလောဆိုင်းငံ့ထားပါတယ်။
(၁) အမေရိကန်နိုင်ငံသားတွေရဲ့ အသက် (၂၁) အထက် (အိမ်ထောင်မရှိသူ) သား/သမီး တွေအတွက် (F1) Immigrant Visa

(၂) အမေရိကန်နိုင်ငံသားတွေရဲ့ အသက် (၂၁) အထက် (အိမ်ထောင်ရှိသူ) သား/သမီး တွေအတွက် (F3) Immigrant Visa

(၃) အမေရိကန်နိုင်ငံသားတွေရဲ့ ညီအကိုမောင်နှမတွေကို သီးခြားခေါ်ယူနိုင်တဲ့ (F4) Immigrant Visa

(၄) ဂရင်းကဒ်ကိုင်ထားတဲ့ Permanent Resident တွေရဲ့ အိမ်ထောင်ဘက် (ဇနီး/ခင်ပွန်း)တွေနဲ့ အသက် (၂၁) အောက် (အိမ်ထောင်မရှိသူ) သား/သမီးတွေအတွက် (F2A) Immigrant Visa

(၅) ဂရင်းကဒ်ကိုင်ထားတဲ့ Permanent Resident တွေရဲ့ အသက် (၂၁) အထက် (အိမ်ထောင်မရှိသူ) သား/သမီးတွေအတွက် (F2B) Immigrant Visa

"Permanent Resident တွေလုပ်နိုင်တဲ့အနေအထား"

ဂရင်းကဒ်ကိုင်ထားတဲ့ Permanent Resident တွေရဲ့ အိမ်ထောင်ဘက်များ၊ အသက် (၂၁) အောက် သားသမီးများနဲ့ မိဘတွေကတော့ Travel Ban နဲ့ အကျုံးဝင်နေတဲ့အတွက် လောလောဆယ်မှာ ခေါ်လို့မရသေးပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံသားလျှောက်ထားလို့ရနေပြီဖြစ်တဲ့ Permanent Resident တွေရယ်၊ နောက်လာမယ့် (၁) နှစ်အတွင်း အမေရိကန်နိုင်ငံသားလျှောက်လို့ ရခါနီးအနေအထားဖြစ်တဲ့ Permanent Resident တွေရယ် အနေနဲ့တော့ လဝက Family Petition တင်ထားနိုင်ကြပါတယ်။ တင်ထားတဲ့ အဲဒီ Family Petition ကို လဝက Approval မရသေးခင်ကာလနဲ့ လဝက Approval ရပြီးတော့ NVC ကို Case ရောက်သွားတဲ့အချိန်တွေမှာတော့ Case တွေကိုပြန်ပြောင်းပေးနိုင်ကြပါတယ်။

အရင်က Permanent Resident အဖြစ်နဲ့ အိမ်ထောင်ဘက်များ၊ အသက် (၂၁) အောက် သားသမီးများနဲ့ မိဘတွေကိုခေါ်တဲ့ Petition တင်ထားသူတွေက မိမိတို့အမေရိကန်နိုင်ငံသား ဖြစ်သွားတဲ့အခါ အမေရိကန်နိုင်ငံသားလက်မှတ်ကို အသုံးပြုပြီး Permanent Resident ခေါ်ယူသူအနေအထားကနေ U.S Citizen ခေါ်ယူသူအနေနဲ့ Case အမျိုးအစားတွေကို ပြန်ပြောင်းနိုင်ပါတယ်။ အဲဒီအခါဆိုရင်တော့ Travel Ban မှာချွင်းချက်အနေနဲ့ Immigrant Visa ထုတ်ပေးခွင့်ပြုထားတဲ့ အမေရိကန်နိုင်ငံသားများရဲ့ အိမ်ထောင်ဘက်၊ မိဘများနဲ့ အသက် (၂၁) အောက်သားသမီးတွေအနေနဲ့ Immigrant Visa ရရှိလာနိုင်ကြမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ ရှေ့တလှမ်းကြိုလှမ်းပြီး လုပ်ရတဲ့သဘောပါပဲ။ ကျနော့် Client တွေထဲမှာလည်း အလားတူပဲ Permanent Resident အနေနဲ့ မိသားစု‌ခေါ်ပေးထားပြီးတော့ U.S Citizen ဖြစ်လာတဲ့အခါ Case ကို ပြန်ပြောင်းပေးထားပြီးသူတွေ ရှိပါတယ်။

အဓိကအချက်ကတော့ Travel Ban လို့သိကြတဲ့ Presidential Proclamation (PP) မှာ ချွင်းချက်အနေနဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ မိသားစုခေါ်ယူဖို့ တရားဝင်ခွင့်ပြုပေးထားတဲ့ Immigrant Visa တချို့ရှိနေတဲ့အတွက် လဝက Family Petition တွေကို ပုံမှန်အတိုင်းလျှောက်ထားနိုင်ကြပြီး၊ NVC ကနေ Immigrant Visa လျှောက်ထားတာတွေကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ပြီး၊ ဗီဇာအင်တာဗျူးမဝင်ခင်မှာ အမေရိကန်သံရုံးက ညွှန်ကြားလာတဲ့အတိုင်း ဆေးသွားစစ်ပြီး သံရုံးအင်တာဗျူးတွေကိုလည်း ပုံမှန်အတိုင်း ဝင်နိုင်ကြပါတယ်။ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ပြဿနာမရှိဘူးဆိုရင်တော့ Travel Ban မှာ ချွင်းချက်အနေနဲ့ခွင့်ပြုထားတဲ့ Immigrant Visa အမျိုးအစားတွေကို ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ပုံမှန်အတိုင်းထုတ်ပေးနေပါတယ်။

"လဝက Petition များ"

Travel Ban မှာပိတ်ထားတာက အမေရိကန်သံရုံးဘက်က ထုတ်ပေးတဲ့ ဗီဇာတွေကိုသာဖြစ်ပြီး အမေရိကန်လဝကကိုလျှောက်ရတဲ့ Petition တွေကိုတော့ ပိတ်ထားခြင်းမရှိပါ။ အဲဒီအတွက် နိုင်ငံသားတွေအပြင် အချိန်ကာလ (၁) နှစ်ခန့်အတွင်း အမေရိကန်နိုင်ငံသားလျှောက်ထားကြမယ့် (ရာဇဝတ်မှတ်တမ်းမရှိပဲ) Green Card ကိုင်ထားတဲ့ Permanent Resident တွေအနေနဲ့လည်း မိသားစုတွေခေါ်ယူဖို့အတွက် ပုံမှန်အတိုင်းလျှောက်ထားနိုင်ကြတယ် ဆိုတာကို မိသားစုခေါ်ချင်ကြတဲ့ မြန်မာနွယ်ဖွားတွေနဲ့ မြန်မာပြည်သူပြည်သားတွေကို အသိပေးအပ်ပါတယ်။

Crd…

Crd …

US Scholarship ===========U.S မှာရှိတဲ့ Seattle University ကနေ full scholarship ကို Bachelor Degree အတွက်ပေးနေပါတယ်။  ပည...
09/11/2024

US Scholarship
===========
U.S မှာရှိတဲ့ Seattle University ကနေ full scholarship ကို Bachelor Degree အတွက်ပေးနေပါတယ်။ ပညာသင်နှစ် ၄ နှစ်စာအတွက် USD 48,000 ပေးမှာဖြစ်ပါတယ်။ လျှောက်ရမဲ့ အဆင့်ဆင့်ကိုလည်း အောက်မှာပြောပြထားပေးပါတယ်။
တစ်ကမ္ဘာလုံမှာရှိတဲ့ သူတွေကို ပေးထားတာမို့ လျောက်လို့ရပါတယ်။

Level of Study: Undergraduate
Institution(s): Seattle University
Study in: USA
Required English Proficiency: IELTS or PTE or TOFEL or Duolingo

ပြီးတော့ လျောက်လို့ရတဲ့ မေဂျာက ၅၀ ကျော်ရှိပါတယ်။ တစ်ချို့တွေကို အောက်မှာဖော်ပြထားပေးပါတယ်။
• Accounting
• Business Analytics
• Business Economics
• Business and Law
• Computer Science
• Communication and Media
• Creative Writing
• Digital Design
• Electrical and Computer Engineering
• Environmental Studies
• International Business
• International Studies
• Mechanical Engineering
• Nursing
• Social Work
• And more courses

လျောက်ရမဲ့ ပုံစံအဆင့်ဆင့်ကို အောက်မှာဖော်ပြထားပါတယ်။

1. Create a new account on the Common app here.
Link: https://apply.commonapp.org/createaccount?ma=240&tref=3003

2. Fill out your application with information (general, academic, contacts, family, and activities).

3. Once all required components are completed, you will see the option to Review and Submit your application on this screen.

For more information: https://www.seattleu.edu/international/scholarships/ .en.297644

Admission: https://www.seattleu.edu/admissions-aid/international-admissions/international-undergraduate/

Discover limitless opportunities with our top-tier bachelor's degree programs.

တက္ကသိုလ်ဆက်မတက်ပဲ အောင်မြင်ကျော်ကြားသူများ ၁၄ ယောက်SAT အမှတ်ကိုကြည့်ခြင်းအားဖြင့်ဒီလူတွေဟာ အကောင်းဆုံးတက္ကသိုလ်တွေကိုဝင...
08/26/2024

တက္ကသိုလ်ဆက်မတက်ပဲ အောင်မြင်ကျော်ကြားသူများ ၁၄ ယောက်

SAT အမှတ်ကိုကြည့်ခြင်းအားဖြင့်ဒီလူတွေဟာ အကောင်းဆုံးတက္ကသိုလ်တွေကိုဝင်ခဲ့ပြီး ကျောင်းတက်စရာမလိုအောင် တော်နေတာကိုတွေ့ရမှာပါ

နောက်ဆုံးတစ်ယောက်ကတော့ ကျောင်းပြီးအောင်တက်ခဲ့ပြီး ခု ကမ္ဘာ့မှာ ချမ်းသားဆုံး ၂ ပါ

၁၊
နာမည် - ဘီးလ်ဂိတ်

SAT score - ၁၅၉၀

အောင်မြင့်မူ - Microsoft,ကမ္ဘာ့အချမ်းသာဆုံး ၇

ချမ်းသာမူ - ၁၃၃.၆ ဘီလံ

တက္ကသိုလ် - Harvard

ကျောင်းထွက် - Y

၂၊
နာမည် - မတ် ဇူးကာဘတ်

SAT score - ၁၆၀၀ အမှတ်ပြည့်

အောင်မြင့်မူ- Facebook၊WhatsApp,Instragram၊ကမ္ဘာ့အချမ်းသာဆုံး ၄

ချမ်းသာမူ - ၁၈၅.၃ ဘီလံ

တက္ကသိုလ် - Harvard

ကျောင်းထွက် - Y

၃၊
နာမည် - စတီးဖ်ဂျော့

SAT - ၁၄၂၀

အောင်မြင့်မူ - Apple

ချမ်းသာမူ - ၁၀.၂ ဘီလံ

တက္ကသိုလ် - Reed College

ကျောင်းထွက် - Y

၄၊
နာမည် - ပေါအဲလင်

SAT score - ၁၆၀၀ အမှတ်ပြည့်

အောင်မြင့်မူ - Microsoft

ချမ်းသာမူ - ၂၀.၃ ဘီလံ

တက္ကသိုလ် - Washington State

ကျောင်းထွက် - Y

၅၊
နာမည် - မိုက်ကယ်ဒယ်လ်

SAT score - NA

အောင်မြင့်မူ - DELL

ချမ်းသာမူ - ၉၆.၇ ဘီလံ

တက္ကသိုလ်-UniOfTexas

ကျောင်းထွက် - Y

၆၊
နာမည် - Dick Cheney

SAT score - NA

အောင်မြင့်မူ-USဒုသမတ္တ

ချမ်းသာမူ- ၁၉ ~ ၈၆မီလံ

တက္ကသိုလ် - Yale

ကျောင်းထွက် - Y & N

၇၊
နာမည် - Tiger Woods

SAT score - NA

အောင်မြင့်မူ- one of the greatest golfers of all time

ချမ်းသာမူ- ၁.၃ ဘီလံ

တက္ကသိုလ် - Stanford
ကျောင်းထွက် - Y

၈၊
နာမည် - Brad Pitt

SAT score - NA

အောင်မြင့်မူ- Oscar winning Actor

ချမ်းသာမူ- ၄၀၀ မီလံ

တက္ကသိုလ် - Missouri

ကျောင်းထွက် - Y

၉၊
နာမည် - လေဒီဂါးဂါး

SAT score - ၁၄၃၀

အောင်မြင့်မူ- Grammy & Oscar winning

ချမ်းသာမူ- ၃၀၀ မီလံ

တက္ကသိုလ် - New York

ကျောင်းထွက် - Y

၁၀၊
နာမည်-StephenWozniak

SAT score - na

အောင်မြင့်မူ- Apple

ချမ်းသာမူ- ၁၄၀ မီလံ

တက္ကသိုလ် -Uni of California, Berkeley

ကျောင်းထွက် - Y

၁၁၊
နာမည်-Ellen DeGeneres

SAT score - ၁၄၈၀

အောင်မြင့်မူ- stand-up comedy, sitcoms, TV talk shows

ချမ်းသာမူ- ၃၇၀ မီလံ

တက္ကသိုလ် - New Orleans
ကျောင်းထွက် - Y

၁၂၊
နာမည်-မက်ဒေါ်နား

SAT score - NA

အောင်မြင့်မူ- Queen of Pop

ချမ်းသာမူ- ၈၅၀ မီလံ

တက္ကသိုလ် - Michigan

ကျောင်းထွက် - Y

၁၃၊
နာမည်- Vin Diesel

SAT score - NA

အောင်မြင့်မူ- actor and film producer

ချမ်းသာမူ- ၂၂၄ မီလံ

တက္ကသိုလ် - New York campus

ကျောင်းထွက် - Y

၁၄၊
နာမည်- Elon Musk

SAT score - ၁၄၀၀

အောင်မြင့်မူ- TSLA, X(Twitter), SPACE X,

ချမ်းသာမူ- ၂၄၁.၈ ဘီလံ၊ကမ္ဘာ့အချမ်းသာဆုံး၂

တက္ကသိုလ် - University of Pennsylvania,
ကျောင်းထွက် - N

California ကနေ Texas ကိုပြောင်းသွားတဲ့ကုမ္ပဏီတွေလွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းသောင်းချီတဲ့ ကုမ္ပဏီတွေ California ပြည်နယ်ကနေထွက...
08/05/2024

California ကနေ Texas ကိုပြောင်းသွားတဲ့ကုမ္ပဏီတွေ

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းသောင်းချီတဲ့ ကုမ္ပဏီတွေ California ပြည်နယ်ကနေထွက်သွားကြပါတယ်။ ထွက်သွားတဲ့ ကုမ္ပဏီတွေ အများစု က Texas ပြည်နယ်ကိုပြောင်းလာကြပါတယ်။

California ကနေကုမ္ပဏီတွေပြောင်းသွားရတဲ့ အဓိကအကြောင်းအရာတွေကတော့ ဒီအချက် ၃ ချက်ကြောင့်လို့ သိရပါတယ်။
* Corporate tax (ကုမ္ပဏီအခွန်) များလို့
* Regulation များလွန်းလို့
* Housing အိမ်ဈေးကြီးလို့

Corporate Tax: California မှာက Corporate tax (ကုမ္ပဏီခွန်) ကို 8.84% ပေးရတယ်။ အဲဒီအပြင် ပြည်သူတွေက ပြည်နယ်ခွန်ကို ဝင်ငွေအပေါ်မတည်ပြီး 13.3% အထိပေးရပါတယ်။ Texas ပြည်နယ်မှာကျတော့ corporate tax တစ်ပြားမှပေးစရာမလိုဘူး။ ဒါပေမဲ့ franchise tax ဆိုတာတော့ရှိတယ်။ Franchise tax ဆိုတာကလည်း တစ်နှစ်ဝင်မငွေ $1.23 million ပဲဝင်ငွေရှိတဲ့ ကုမ္ပဏီအသေးဆိုရင် တစ်ပြားမှ အခွန်ဆောင်စရာမလိုပါဘူး။ $1.23 million အထက်ကျော်သွားရင်တောင် Retail business ဆိုရင် .37% ပေးရတယ်။ ကျန်တဲ့ လုပ်ငန်းတွေက .75% ပေးရတယ်။ ၁% တောင်မပေးရဘူးဆိုတော့ ကုမ္ပဏီတွေအရမ်းပေးပျော်ပါတယ်။ ပြီးတော့ ပြည်သူတွေက ပြည်နယ်ခွန်တစ်ပြားမှ ပေးစရာမလိုဘူး။ ဒါကြောင့် ကုမ္ပဏီတွေပြောင်းလာတော့ ဝန်ထမ်းတွေလည်းလိုက်ပြောင်းလာကြတယ်။

Regulations: California ပြည်နယ်က ကုမ္ပဏီတွေကို မလိုအပ်ပဲအဟန့်အတားဖြစ်စေတဲ့ စည်းမျဉ်းစည်းကမ်းတွေအရမ်းများလွန်းတယ်တဲ့။ ဘာပဲလုပ်လုပ် permit လိုတယ်။ Permit တင်လိုက်ရင်လည်း permit ကျဖို့အရမ်းကြာတယ်တဲ့။ အဆိုးဆုံးက စည်းကမ်းအပေါ်စည်းကမ်းတွေထပ်နေတာမျိုးရှိတယ်လို့ ပြောကြတယ်။ ဥပမာ... ကုမ္ပဏီတစ်ခုအနေနဲ့ လူတစ်ယောက်ကိုအလုပ်ခန့်တော့မယ်ဆိုရင် အမေရိကမှာ တရားဝင်နေထိုင်ခွင့်ရှိသူ (e.g. green card holder) မဟုတ်ရင် အလုပ်ပေးလို့မရဘူး။ ဒီဥပဒေရှိလျှက်နဲ့ ဘာစာရွက်စာတမ်းမှ မရှိသေးတဲ့ နယ်စပ်က asylum process လုပ်နေသူကို အလုပ်မခန့်ရင် ဒဏ်ခတ်မယ် ဆိုတာမျိုးဥပဒေကထက်ထွက်လာပြန်တယ်တဲ့။ ကုမ္ပဏီမှာ ဘယ်လူမျိုးက ဘယ်လောက်ရှိရမယ်၊ အမျိုးသမီးကဘယ်လောက်ရှိရမယ် စသည်ဖြင့် ခွဲတမ်းစနစ်ကျင့်သုံးခိုင်းတာမျိုး။ အဲဒီတော့ ကုမ္ပဏီအနေနဲ့ ဘယ်စည်းကမ်းကိုလိုက်နာရမလဲ ခက်နေတာမျိုးတွေရှိတယ်လို့ ပြောပါတယ်။ စီးပွားရေးတာ မလွတ်လပ်ဘူးပေါ့။

Housing price: ပြည်သူတွေအတွက် California ရဲ့အကြီးဆုံးပြသနာတစ်ခုက အိမ်ဈေးကြီးအရမ်းကြီးလွန်းတာပါပဲ။ California ပြည်နယ်ရဲ့ ပျမ်းမျှအိမ်ဈေးက $786,000 ရှိပါတယ်။ အောက်ခြေအလုပ်ဝင်ငွေနဲ့ အိမ်ဝယ်နိုင်ဖို့ဆိုတာ အင်မတန်မလွယ်တဲ့ပြည်နယ်ပါ။ အမေရိက တစ်နိုင်ငံလုံးရဲ့ အိမ်ဈေးအကြီးဆုံးပြည်နယ်တစ်ခုဖြစ်ပါတယ်။ Texas ပြည်နယ်ရဲ့ ပျမ်းမျှအိမ်ဈေးက $308,000 ပဲရှိပါတယ်။ ၃ ဆလောက်သက်သာပါတယ်။ အဲဒီအပြင် California ရဲ့ living cost ဟာ တစ်နိုင်ငံလုံးပျမ်းမျှရဲဲ့ ၅၀% ကျော်ပိုဈေးကြီးတယ်။ Texas ရဲ့ living costs ကျတော့တစ်နိုင်ငံလုံး ပျမ်းမျှရဲ့ ၆% အောက်ပိုနည်းနေပါတယ်။ အဲဒီတော့ ဝန်ထမ်းတွေလည်း အဆင်ပြေကြတာပေါ့။ ဒါတွေကြောင့် ကုမ္ပဏီတွေအဓိက Texas ကိုရွေ့ပြောင်းကြတယ်လို့သိရပါတယ်။

၂၀၂၀ ကနေ ၂၀၂၄ ကြား ၄နှစ်လောက်အတွင်းမှာတောင် California ကနေ Texas ကိုပြောင်းသွားတဲ့ ကုမ္ပဏီ ၁၀၀ ကျော်ရှိတယ်။ အဲဒီကုမ္ပဏီ၁၀၀ ကျော်ထဲက ဝန်ထမ်း၁၀၀ နဲ့ အထက်ရှိတဲ့ ကုမ္ပဏီတွေကို တင်ပေးလိုက်ပါတယ်။

1. Chevron
2. Space X
3. X (Twitter)
4. Tesla
5. Oracle
6. HP (Hewlett Packard Enterprise)
7. Aecom
8. McAfee
9. Charles Schwa
10. MD7
11. First Foundation Bank
12. FreshRealm
13. Thermomix
14. TaskUs Inc
15. Maddox Defense
16. Ruiz Foods
17. Cacique Foods
18. Inbenta
19. Landsea Homes
20. Boingo
21. Home Franchise Concepts
22. Obagi Cosmeceuticals
23. Anything Liquid Manufacturing
24. Aviatrix
25. HBCU HUB
26. Review Wave
27. Hall Technologies
28. Flexible Funding
29. NinjaOne
30. Wiley X
31. F45 Training
32. Wedgewood LLC
33. GemCap
34. Greendot Corporation
35. Digital Realty
36. Lion Real Estate Group
37. Regroup Mass Notification
38. SmartDraw Software
39. CBRE Group
40. Pabst Brewing
41. O.W. Lee
42. Incora
43. DZS (Dasan Zhone Solutions)
44. Sonim Technologies
45. QuestionPro

Sources: PODS, Uhaul, buildremote, Zillow, Bankrate, & Forbes

Credit - Peter Lin

Donald Trump ကတော့ crypto industry ထဲမှာ အရှိန်အဝါတဖြည်းဖြည်း ကြီးလာနေပါပြီ။ မနက်ဖြန်မှာ စတင်ကျင်းပတော့မယ့် Bitcoin Conf...
07/26/2024

Donald Trump ကတော့ crypto industry ထဲမှာ အရှိန်အဝါတဖြည်းဖြည်း ကြီးလာနေပါပြီ။ မနက်ဖြန်မှာ စတင်ကျင်းပတော့မယ့် Bitcoin Conference 2024 မှာ ရန်ပုံငွေရှာပွဲအဖြစ် Trump နဲ့ တယောက်ချင်း ဓာတ်ပုံတွဲရိုက်ရင် $60,000၊ စုံတွဲပုံကို Trump နဲ့အတူ တွဲရိုက်မယ်ဆိုရင် $100,000 အထိ ပေးရမှာပါ။
ဒါ့အပြင် Trump နဲ့ စားပွဲဝိုင်းဆွေးနွေးပွဲအတွက်ကိုလည်း $844,600 နှုန်းနဲ့ ကြိုတင်ရက်ချိန်းယူလို့ရနေပါပြီ။ Trump ဟာ လုပ်ကြံခံရမှုအပြီးမှာမှ အတော်လေးကို ရဲတင်းလာတာဖြစ်သလို ဒီလိုတယောက်ချင်း ဓာတ်ပုံရိုက်တာတွေ၊ စားပွဲဝိုင်းဆွေးနွေးတာတွေမှာလည်း လုံခြုံရေးအပြည့်ယူထားမှ နောက်တကြိမ် လုပ်ကြံခံရမယ့်ဘေးကနေ ဝေးမှာဖြစ်ပါတယ်။
မနက်ဖြန်မှာ ကျင်းပသွားမယ့် Bitcoin Conference မှာ Donald Trump၊ Michael Saylor၊ Edward Snowden နဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်း Robert F. Kennedy Jr. တို့ ပါဝင်ဆွေးနွေးသွားကြမှာဖြစ်လို့ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတခုလည်းဖြစ်လာမှာပါ။
Reference Link: https://protos.com/donald-trump-wants-close-to-1-bitcoin-a-photo-at-bitcoin-2024/
Credit - original uploader

07/20/2024

စိုင်းဆိုင်မော်ဝ် အမှတ်တရ

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Myanmar in USA - အမေရိကားရောက် မြနမာများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share